Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်တို့၏ဈေးနှုန်းများ

      ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ပခုက္ကူမြို့၊ အနီးနားဝန်းကျင်ရှိနယ်များဖြစ်သော ကမ္မ၊ မြစ်ခြေ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ၊ လေးလံကျွန်း၊ မြင်းကျွန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်များမှ ကုန်စိမ်းသီးနှံများကို လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      အရောင်းအဝယ်ဖြစ်နေသောသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ခဝဲသီး၊ ကြက်ဟင်းခါးသီး၊ ကင်းပုံသီးနှင့် အခြားသီးနှံများလည်းအရောင်းအဝယ်ဖြစ်နေပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ ဆန်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိူးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်များအရောင်းအဝယ်ဖြစ်နေပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ရောင်းချလျက်ရှိသောဈေးနှုန်းများမှာ မနောသုခတစ်ပြည်လျှင် (၃၆၀၀) ကျပ်၊ ဇီယာဆန်တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်းရှယ်တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ စားသုံးဆီများဖြစ်သော မြေပဲဆုံဆီ (၁)ပိဿာလျှင် (၁၄၅၀၀-၁၅၀၀၀)ကျပ်၊ စက်ပဲဆီရိုးရိုး (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီ (၁) ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုး အစားအလိုက်  (၁)ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀-၁၈၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၅၀၀-၂၃၀၀-၂၂၀၀)ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင် (၁၃၀၀၀-၁၂၀၀၀-၁၀၀၀၀)ကျပ်၊ ခရမ်သီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ ခဝဲသီး (၁) ပိဿာလျှင် (၅၀၀-၆၀၀)ကျပ်၊ ရုံးပတီသီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း (၁) ပိဿာလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ ရှောက်သီးတစ်လုံးလျှင် (၁၀၀-၁၅၀)ကျပ်၊ သံပရာသီးတစ်လုံး လျှင် (၅၀ -၇၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀-၃၀၀-၃၅၀) ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် (၁၄၀၀-၁၅၀၀)ကျပ်၊ တိုင်ထောင်ပဲသီး (၁)ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ ဘိုစားပဲသီး (၁)ပိဿာ လျှင် (၂၀၀၀ -၂၅၀၀)ကျပ်၊ နံနံပင် (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊  နံနံတစ်စည်းချင်းလျှင် (၈၀) ကျပ်၊ ဒညင်းသီးတစ်လုံးလျှင် (၈၀)ကျပ်၊ ဒညင်းသီး (၁)ပိဿာလျှင် (၅၀၀၀-၆၀၀၀)ကျပ်၊  မုန်လာဥနီ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆူးပုပ်ကြီး(ခေါ်) လဟော်ကြီးတစ်စည်းလျှင် (၂၅၀ -၃၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၃၅-၄၅-၅၀) ကျပ်၊ ချင်ပေါင်ရွက်တစ်စည်းလျှင် (၅၀) ကျပ်၊ မွေးမြူရေးကြက်(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  ဝက်သား (၁)ပိဿာလျှင် (၂၃၀၀၀-၂၄၀၀၀) ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၂၀၀၀-၂၄၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၇၃၀၀-၇၅၀၀)ကျပ်၊ ငါးကြင်းဖြူ (၁)ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးခုံးမ(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ ပုစွန်စိတ် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ တီလားဗီးယားငါး (၁)ပိဿာလျှင် (၆၅၀၀-၇၀၀၀)ကျပ်၊ ဗမာကြက် (၁)ပိဿာလျှင် (၁၈၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ဧရာအနောက်မြို့တော်၏ ဒေသထွက်ကုန် အုန်းမန်ကူအကြောင်း တစ်စေ့တစ်စောင်း

     ပခုက္ကူမြို့မှထွက်ရှိသော ဒေသထွက်ကုန်များမှာ မုန့်ဩဇာ၊ မုန့်ပေါက်ခေါင်း၊ မန်ကျည်း ဖျော်ရည်၊ ဆီးဖျော်ရည်၊ မုန့်ကြက်ဥ၊ အုန်းဖြင့်ပြုလုပ်သော အုန်မန်ကူ၊ ပုန်းရည်ကြီး၊ ထန်းလျက် စသည့်အစားအစာများထွက်ရှိပါသည်။ ဒေသထွက်ကုန်များထဲမှ အုန်းမန်ကူမုန့်မှာ အလွန်ထင်ရှားလှပါသည်။ အုန်းမန်ကူမုန့်ကို အမှတ်(၉)နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အများဆုံးပြုလုပ်ကြပါသည်။

    အုန်းမန်ကူမုန့်ကို အုန်းသီးနှင့် သကြားတို့ကို အချိုးအစားညီမျှစွာထည့်၍ ပြုလုပ်ရပါသည်။  အုန်းမန်ကူမုန့်ပြုလုပ်ရာတွင် ပခုက္ကူဒေသမှအုန်းမှာ အနည်းငယ်သာထွက်ရှိသောကြောင့် မြန်မာပြည်အောက်ပိုင်းဒေသများမှထွက်ရှိသော အုန်းများကို အများဆုံးအသုံးပြုရကြောင်း၊  အုန်းသီးတစ်လုံးလျှင်  (၁၂၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရပြီး တစ်လလျှင် အလုံးရေ ၅၀၀ခန့် ပြုလုပ်ရကြောင်း၊  တစ်နေ့လျှင် အလုံး(၂၀)ခန့်ပြုလုပ်ရကြောင်း၊ မိုးအေးလျှင် ပြုလုပ်၍မရကြောင်း၊ ရာသီဥတုအပေါ်မူတည်၍ မုန့်ကိုပြုလုပ်ရကြောင်း အုန်းမန်ကူလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

     အုန်းမန်ကူမုန့်ပြုလုပ်ရာတွင်  အုန်းသီးအပေါ်ယံအခွံမာများကို ပထမဦးစွာခွာရကာ ရရှိလာသောအုန်းသီးမှ အပေါ်ယံအမဲခွံများကို ပြောင်းစင်အောင်ခွာပြီး လေးစိတ်ချမ်း၍ ရေဖြင့် ဖွေးနေအောင် ဆေးကြောသန့်စင်ရပါသည်။ ရရှိလာသောအုန်းသီးစိတ်များကို စက်ဖြင့်ခြစ်ရကြောင်း၊ ရရှိလာသောအုန်းဆံမျှင်ကလေးများကို  ကျိုထားသောသကြားရေပွက်ပွက်ထဲသို့ထည့်ကာ အခြာက်ခံရပြီး အုန်းမန်ကူမုန့်အခုလေးများရရှိလာပါသည်။ အုန်းမန်ကူမုန့်များကို တစ်ဘူးလျှင် (၄)ခုစီထည့်ပြီး  (၈၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ အုန်းမန်ကူမုန့်များကို အဓိကဖြန့်ဖြူးသောနေရာဒေသများမှာ  ပခုက္ကူ၊ မြင်းခြံ၊ ပုဂံညောင်ဦးဒေသများသို့ ဖြန့်ဖြူးရောင်းချနေရကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)         

ညောင်လေးပင်မြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ဩဂုတ်လ ပထမ အပတ်အတွင်း ညောင်လေးပင်မြို့၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်ကျပ် ၄၅၀၀မှ ၅၅၀၀အတွင်းဇီယာ ဆန်တစ်ပြည်ကျပ် ၃၃၀၀နှင့် ဆင်းသုခ တစ်ပြည်ကျပ် ၃၀၀၀ ဖြစ်ပြီး စားသုံးဆီဈေးနှုန်းမှာ ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

        ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂၄၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင်ကျပ် ၈၈၀၀ မှ ၁၀၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၇၆၀၀ မှ ၈၀၀၀ အတွင်း၊ ချင်း တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အာလူး တစ်ပိဿာလျှင် ကျပ် ၂၀၀ မှ ၃၄၀၀ အတွင်းနှင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

        ကြက်ဥတစ်လုံးလျှင် ကျပ် ၂၀ မှ ၂၀ အတွင်း၊ ဘဲဥတစ်လုံးလျှင် ကျပ် ၂၈၀ မှ ၃၂၀ အတွင်းရှိသည်။ ညောင်လေးပင်မြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၂၀၀၀ အတွင်း၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀ မှ ၂၂၀၀၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၅၀၀၀ အတွင်း၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အတွင်း၊ ငါးကြင်း တစ်ပိဿာလျှင်ကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်း၊ ငါးမြင်း တစ်ပိဿာလျှင်ကျပ် ၄၀၀၀ မှ ၅၀၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဝါဆိုလ လှိုင်လှိုင်ပေါ်နေပြီဖြစ်သော သစ္စာပန်း

     မိုးရာသီသည် သီးနှံလှိုင်လှိုင်ပေါ်သော ကာလတစ်ခုဖြစ်သည့်အပြင် ၊ ပန်းများပေါများ လှသောကာလတစ်ခု ဖြစ်ပါသည်။ ပန်းဆိုလျှင် ဘုရားလှူရာတွင်သာမက အလှပန်းအိုးများ၊ အမျိုးသမီးများ အလှပန်ရာတွင်လည်း အသုံးပြုကြသည်။

   မိုးရာသီတွင် လှိုင်လှိုင်ပေါ်သော ပန်းများအနက် သစ္စာပန်းသည်မေ့ထား၍ မရသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းများစွာထဲတွင် သစ္စာပန်းသည် ထူးခြားသော ပန်းတစ်မျိုးဖြစ်ပါသည့်အပြင် မြန်မာလူမျိုးတို့ ဝါဆိုလတစ်လလုံး အထွတ်အမြတ်ထား၍ ဗုဒ္ဓဘုရားရှင်အား လှုဒါန်းသော ပန်းတစ်မျိုးလဲဖြစ်ပါသည်။

    သစ္စာပန်းသည် သမာဓိ၊ ခွန်အား၊ စွမ်းအားနှင့် စိတ်အားထက်သန်မှု၊ လေးစားမှု ၊ အမှတ်တရများ၊ ချစ်မြတ်နိုးမှု၊ ဉာဏ်ထက်မြက်ခြင်းနှင့် စိတ်ဓာတ်ခိုင်မာမှုကို  ကိုယ်စားပြုသော ပန်းလဲဖြစ်ပါသည်။

  သစ္စာပန်းသည် ဥမှ အပင်ပေါက်၍ အပွင့်ပွင့်သော ပန်းမျိုးစိတ်ဖြစ်ပါသည်။ သစ္စာပန်းဉကို မြေကွက်လပ်တွင် မြေချစိုက်ပါက ၄လက်မ(သို့) ၈လက်မ တူး၍ ပန်းဉကို မြေမြုပ်စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီးနောက် အပင်အတက်များ ထွက်လာလျှင် မြေဆွပေးရပါသည်။ အရွက်လေးရွက် ထွက်‌ရှိလာသည့်အချိန်တွင် တဖန်ထပ်၍ မြေဆွပေးရပါသည်။ နောက်တစ်ကြိမ် ငါးရွက်၊ ခြောက်ရွက် ထွက်လာချိန်၌လည်း မြေကိုထပ်ဆွပေးရပါသည်။ အရွက်၇ ရွက် ထွက်သည့်အခါ အဖူးတံပါ တစ်ပါတည်း ထွက်လာမည်ဖြစ်၍ မြေထပ်ဆွရန် မလိုအပ်တော့ပါ။ ပန်းဥပျိုးနေစဉ်ရေကို ပုံမှန်လောင်းပေးရန်လည်း လိုအပ်ပါသည်။ အဖူးတံရှိအောက်ဆုံးအဖူး၏ ပွင့်ဖတ်များမှစ၍ ပွင့်ချပ်အဖူးအငုံများထွက်လာသည်နှင့် တစ်ပြိုင်နက် ပန်းများကို ခူးဖြတ်ပေးရပါသည်။ ပန်းခူးလျှင်မြေကြီးမှ လေးလက်မ ခန့်ခွာ ၍ဖြတ်ပေးရပါသည်။ သစ္စာပန်းသည် ဥတစ်ဥလျှင် တစ်ခိုင်သာ ရနိုင်ပါသည်။ သစ္စာပန်းသည် ဈေးကွက် အခိုင်အမာရရှိပြီး စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ရရှိသောစိုက်ပျိုးရေး လုပ်ငန်း တစ်ခုဖြစ်ပါသည်။ ထိုသို့စိုက်ပျိုးပုံစိုက်ပျိုးနည်း အဆင့်ဆင့်နှင့်တကွ ခူးယူပုံများကို သစ္စာပန်းစိုက် တောင်သူတစ်ဦးထံမှ အသေးစိတ်သိရှိရပါသည်။

     ဈေးကွက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်သို့ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့များမှ သစ္စာပန်းများ ဝင်ရောက်လျက်ရှိရာ  ညောင်လေးပင်မြို့မဈေးတွင် သစ္စာပန်းခိုင် (၅)ခိုင်ပါတစ်စီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ် ဒေသတွင် မြေအောက်ရေတင်စနစ်ဖြင့် ဘုံလုံသီး စိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်အနေဖြင့လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ဘုံလုံသီးကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၂)လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရပါသည်။

    ဘုံလုံသီးကို တပိုတွဲလတွင် စိုက်ပျိုးကာ တန်ခူးလကျော်လျှင် အသီးများသီးကာ စတင်ခူးဆွတ် ရောင်းချရပါသည်။ ဘုံလုံသီးကို တစ်ကျင်းလျှင် (၂)ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ (၁၀)ခန့် စိုက်ပျိုးထား ပါသည်။ ဘုံလုံသီးကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ ဘုံလုံသီးပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀)ကျော် ကျပ်(၆၀၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင်(၄/၅)လကြာအောင် ခူးဆွတ်ရောင်းချရပါသည်။ တစ်ခါ ခူးဆွတ်လျှင် အတောင့် (၄၀/၅၀)အထိ ပုံမှန်ခူးဆွတ်ရပြီး နေ့စဉ်နေ့တိုင်း ခူးဆွတ်ရပါသည်။

    ထို့ကြောင့် ဘုံလုံသီးပင်သည် ရာသီအလိုက် စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် ဘုံလုံသီးတစ်တောင့်လျှင် (၅၀၀)ဈေးရောင်းရကာ ခူးဆွတ်ချိန်ကာလကြာမြင့်စွာ ခူးဆွတ်ရသည့်အတွက် စိုက်ပျိုးသင့်ကြောင်းနှင့် ဘုံလုံသီးများကို မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုံလုံသီး စိုက်တောင်သူ မနီနီအောင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၅၅၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၂၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ဩဂုတ်လ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၅၀၀) ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် (၄၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၁၁၀၀) ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သောဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၁၅၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၁၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၁၇၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၀၅၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၃၀၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၀၅၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၁၅၀၀)ကျပ် ဖြင့် ယခင်ပတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တက်စျေးမျှော်နေသော ကြက်သွန်နီလှောင်လက်

ဒေသတွင်း စိုက်ပျိုးမှုမရှိသေးသော်လည်း လက်ကျန်များသော ကြက်သွန်နီမှာ စျေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီကို မိုးစိုက်အနေနှင့် မလှိုင်မြို့နယ်နှင့် ဆောင်းစိုက်ကို ခရိုင်အတွင်း မြို့နယ်အားလုံးတွင် စိုက်ပျိုးလေ့ရှိပါသည်။ ယခုအခါ မိရိုးဖလာအနေနှင့်သာမက ဒေသတွင်း စီးပွားဖြစ်ထွန်းရန် သွင်းအားစုများ ပိုမိုရင်းနှီးမြှပ်နှ့ကာ စိုက်ပျိုးလာကြပါသည်။ သီးနှံပေါ်စက တစ်ပိဿာ (၈၀၀-၁၀၀၀) ကျပ်စျေးရခဲ့ပြီး၊ ယခုအခါတစ်ပိဿာ (၂၃၀၀-၂၅၀၀) ကျပ်ထိ စျေးခေါ်ရောင်းချနေကြပါသည်။ ‌ဒေသတွင်း လှောင်ကုန်ကျန်ရှိမှဒများနေသော်လည်း အခြားစားသောက်ကုန် စျေးများမြင့်တက်လာခြင်းအပေါ် အမှီပြုကာ စျေးမြင့်ခေါ်ယူရောင်းချနေခြင်း ဖြစ်ပါသည်။ ကြက်သွန်နီ၏ သိုလှောင်ကာလမှာ နှစ်ပေါက်အထားခံသော်လည်း ဒေသမျိုးမမှန်သော ကြက်သွန်နီများမှာ အခွံပုပ်ကာ အထားမခံသည့် အနေအထားဖြစ်နေကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း