မကွေးမြို့၏ ရုံးပတီသီးဈေးနှုန်းအခြေအနေ

မကွေးတိုင်ဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ရုံးပတီသီး လက်ကားဈေး တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ လက်လီဈေး ကျပ်(၂၈၀၀)ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ယခင်(ပထမပတ်)တွင် လက်ကားဈေး ကျပ်(၂၅၀၀)၊ လက်လီဈေး ကျပ်(၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀)ဈေးနှုူန်းကျဆင်း လာကြောင်း သိရသည်။ ယခုအချိန်တွင် မကွေး၊ တောင်တွင်း၊ မင်းဘူးမြို့နှင့် နီးစပ်ရာကျေးရွာတို့မှ ရုံးပတီသီးအထွက်နှုန်းများလာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
DOCA(မကွေး)








