အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၅-၇-၂၀၂၃) ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၀၀၀၀)မှ ကျပ်(၂၉၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၁၁-၇-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၇၀၀၀၀)မှ ကျပ်(၂၉၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ (၇၈၀၀)အိတ်အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်၌ ပဲစဉ်းငုံ(နီ)မှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၀၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၉၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးလျော့လာခဲ့ကြောင်း၊ မတ်ပဲမှာ ယခင်အပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ်(၈၇၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၆၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)မှ ကျပ်(၉၉၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၅၀၀၀)မှ ကျပ်(၉၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ)(၁၀၀၀)အိတ်၊ မတ်ပဲ(၉၅၀)အိတ်၊ ကုလားပဲ(H-L)(၈၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၁၁၅၀)အိတ်နှင့် ပဲကြီး(၁၂၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၈၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်လာခဲ့ပြီး (၃၀)ပိဿာဝင်အိတ်များဖြင့် (၂၂၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
DOCA(မကွေး)