တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၁၀.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ပဲခူးတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား စိုက်ပျိုးမွေးမြူ ထုတ်လုပ်သော တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးအပြင် ဘဲမွေးမြူရေးလုပ်ငန်းများ အများအပြားမွေးမြူထုတ်လုပ်သော မြို့နယ်တစ်ခုဖြစ်ပါသဖြင့် သနပ်ပင်မြို့နယ်၊ ဘဲမွေးမြူရေးလုပ်ငန်းရှင် ဦးမြင့်ဇော်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဘဲအကောင်ရေ (၁၀၀၀) မွေးမြူမည်ဆိုပါက စတင်မွေးမြူပြီး ၄လ နောက်ပိုင်း ဘဲဥတစ်ရက်လျှင် အလုံး(၈၅၀) ခန့် ထွက်ရှိနိုင်ပါကြောင်း၊ (၂) နှစ်အထိ မွေးမြူနိုင်ပါကြောင်း၊ ဘဲအကောင်ရေ (၁၀၀၀) မွေးမြူပါက ဘဲသားပေါက် တစ်ကောင်လျှင် (၁၂၀၀) ကျပ်ဖြင့် စတင်ဝယ်ယူ၍ (၂)လအတွင်း ဘဲသားလေးစပ် အစာကျွေးမွေးရပြီး ကျွေးမွေးစရိတ် (၁၅)သိန်းခန့် ကုန်ကျပါကြောင်း၊ (၂) လကျော်ပါက ကျန်သည့် (၂၂)လအတွက် အားဖြည့်အစာများကို တစ်လ လျှင် ဆန်ကွဲ (၇၅)အိတ် ကာလတန်ဖိုး (၃၅၂၅၀၀၀/-)ကျပ် ပွိုင့် (၄၀) အိတ် ကာလတန်ဖိုး (၉၂၀၀၀၀/-) ကျပ်ခန့် ၊ ပုဇွန်ဖွဲ (၁၈)အိတ် ကာလတန်ဖိုး (၉၉၀၀၀၀/-) ကျပ်ခန့် ၊ စုစုပေါင်း တစ်လ ကျွေးမွေး စရိတ်အားဖြင့် (၅၄၃၅၀၀၀/-) ကျပ်ခန့် ကုန်ကျမည်ဖြစ်ပြီး မွေးမြူရေးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-
ရင်းနှီးကုန်ကျငွေ စုစုပေါင်း = ၁၂၈၂၇၀၀၀၀
သို့ဖြစ်ပါ၍ စားသုံးသူပြည်သူအများ အိမ်တိုင်းအိမ်တိုင်းတွင် ဝယ်ယူစားသုံးလျက်ရှိသော ဘဲဥကို တစ်နိုင်တစ်ပိုင်မွေးမြူမည်ဆိုပါက ဘဲအကောင်ရေ (၁၀၀၀)ကို (၂၄)အထိ မွေးမြူနိုင်ပြီး (၂၄) လကျော်ပါက ဘဲတစ်ကောင်လျှင် (၃၅၀၀-၄၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချနိုင်မည်ဖြစ်ပြီး ဘဲခြံဆောက်လုပ်ရေးစရိတ် ပြန်လည်ရရှိနိုင်မည်ဖြစ်သည့်အတွက် ဘဲအစာသွင်းအားစု ကုန်ကျစရိတ် နှင့် ဈေးကွက်ရရှိမှုတို့မှာ အချိန်ကာလပေါက်ဈေးပေါ်မူတည်၍ ဘဲဥတစ်လုံးလျှင် အကျိုးအမြတ်ရရှိမှု ၂၈.၄၉ ကျပ်ခန့်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)
၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၃၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၃၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်း အဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၁၀၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင်(၇၀၀၀/၈၀၀၀)ကျပ် ဖြစ် နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစားအလိုက် တစ်ပိသာ(၂၈၀၀/၃၃၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ငရုတ်သီးစိမ်း တစ်ပိသာ (၂၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀/၂၂၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်နေပါသည်။ ခရမ်းသီး တစ်ပိသာ (၁၈၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့် (၂၅၀၀/၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၈၀၀/၂၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်ပြီး လျှက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကုန်ဈေးနှုန်းများ လောလောဆယ် တည်ငြိမ်လျက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။
ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံ (၂၈၀/၃၀၀)ကျပ်ရှိသည် ။ ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင် ဇူလိုင်လ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေး တစ်ပိသာ (၄၈၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၆၅၀၀) ကျပ်၊ အကြီး တစ်ပိသာ (၇၅၀၀) ငါးဈေးများမှာ ယခင်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၉၀၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၈၈၀၀၀)ကျပ် ယခင် အပတ်ထက် တစ်ပိသာ(၃၀၀၀)ကျပ်ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။
ငါးဈေးနှုန်းများအား ဇူလိုင်လစတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဆလားဗီးယားအကောင်သေး တစ်ပိဿာလျှင်(၈၀၀)ကျပ်၊ ဆလားဗီးယားအကောင်လတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
၂၀၂၃ခုနှစ်၊ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ယိုးဒယားအကြွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ မာလကာသီး (၁)လုံး လျှင် (၂၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ထိ၊ ခွန်စိမ်းရိုးရိုး (၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ဖရဲသီး အသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ကြက်မောက်သီး (၁)တွဲလျှင် (၁၅၀၀)ကျပ် ၊ရင်ကွဲသရက်သီး (၁)လုံးလျှင် (၂၀၀မှ ၂၅၀)ကျပ်ထိ၊ နာနတ်သီး (အ သေး) (၁)လုံးလျှင် (၁၅၀၀)ကျပ်၊ နာနတ်သီး (အကြီး) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၈၀၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။
ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၁၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၂၆၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၀၇၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၀၇၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀ အိတ် စုစုပေါင်းအိတ်ရေ ၄၀၀၀ အိတ်၊ တန်အားဖြင့် (၂၀၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ် ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပါသည်။ ရှေးယခင်ကတည်းက သီးနှံစိုက်ပျိုးရာတွင် သဘာဝမြေဩဇာတစ်မျိုးဖြစ်သည့် နွားချေးကို အသုံးပြုစိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။
ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်း များမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၁၅၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၁၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၁၇၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၁၈၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၀၅၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၃၀၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၀၅၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၁၅၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
၂၀၂၃-ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၉၆၀၀၀)ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၉၃၀၀)ကျပ် ရှိကြောင်း သိရသည်။
စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံးအကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာ (၃၂၀၀ မှ ၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ(၃၂၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပြည်(၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၄၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၃၅၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။
အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဇူလိုင်လ နောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီများဖြစ်သည့် မြေပဲဆီနှင့် နှမ်းဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်၊ စားအုန်းဆီဈေးနှုန်းမှာ ကျပ် (၃၀၀)ခန့် မြင့်တက်လာပြီး စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီဈေးနှုန်းများမှာ (၂၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရှိရသည်။
DOCA(စစ်ကိုင်း)