Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာ ဒူးရင်းသီးဈေးကွက်

  ပြည်သီသစ်ဝလံဈေးကွက်တွင် အသီးမျိုးစုံရောင်းချလျက်ရှိရာ ဒူးရင်းသီး၊ နာနတ်သီး၊ မင်းကွတ်သီးများကို ဈေးကွက်အတွင်း ရောင်းချမှုများပြားကြသကဲ့သို့ ဝယ်ယူစားသုံးသူများကလည်း ရာသီစာသီးနှံများကို ဝယ်ယူစားသုံးမှုများကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ယိုးဒယားဒူးရင်းသီးသီးထက် ဈေးသင့်သောဗမာသီးများမှာ ပိုမိုရောင်းချရပါသည်။ ဗမာသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှစတင်၍ (၅၀၀၀) ကျပ်၊ (၇၀၀၀) ကျပ်၊ (၈၀၀၀) ကျပ်တို့အထိ အရွယ်အစားလိုက်၍ ဈေးကွာခြားခဲ့သော်လည်း ဝယ်ယူစားသုံးသူများအနေဖြင့် ဈေးသင့်သောဗမာသီးများကို ပိုမိုစားသုံးကြကြောင်းသိရပါသည်။ ဒူးရင်းသီးအပြင် ဒူးရင်းယိုကိုမူ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်မှ (၃၃၀၀၀) ကျပ်ဈေးနှုးတို့ဖြင့်ရောင်းချကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်ရှိ မေလနှင့် ဇွန်လတို့၏ ဈေးကွက်အခြေအနေနှိုင်းယှဉ်ချက်

 ပြည်ကုန်စည်ဒိုင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ကုလားပဲတို့၏ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် အရောင်းအဝယ်ဖြစ်မှုတို့ကိုလေ့လာသိရှိရပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၀၀၀၀-၇၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် မတ်ပဲဈေးတက်လာပြီး (၇၂၀၀၀-၇၃၀၀၀-၇၃၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၅၀/၂၀၀) ခန့် အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် (၇၂၀၀၀-၇၃၀၀၀) ကျပ်တို့ဖြင့်ဈေးအေးနေခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့်ဈေးမြင့်လာခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် မတ်ပဲတစ်တင်းလျှင် (၇၆၅၀၀-၇၇၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၈၀၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် မတ်ပဲဈေးနှုန်းပြန်ကျခဲ့ပြီး ပဲတစ်တင်းလျှင် (၇၇၅၀၀-၇၈၀၀၀) ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် မတ်ပဲဈေးမှာ (၇၄၀၀၀) ကျပ်အထိဈေးကျလာပြီး ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

          မေလ၊ ပထမအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၆၀၀၀-၇၆၅၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားများ အဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၆၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၇၇၅၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၇၉၀၀၀-၈၀၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၀၀၀၀-၈၀၅၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းခွဲစက်သမားနှင့် တစ်ခါတစ်ရံတွင် ရန်ကုန်အဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ကုလားပဲဟော်လန်တစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၁၀၀၀-၉၂၀၀၀) ကျပ်တို့ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်၊ တတိယအပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းလျှင် (၉၂၀၀၀-၉၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ စတုတ္ထအပတ်တွင် ကုလားပဲ (HL) နှင့် မြကြေးမှုံတစ်တင်းလျှင် (၈၉၀၀၀-၉၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းနှင့် နယ်စုံသို့ တင်ပို့မှုရှိပြီး တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မေလနှင့် ဇွန်လတို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့် ကုလားပဲသီးနှံဈေးနှုန်းဈေးကွက်များမှာ ဇွန်လတွင် ဈေးနှုန်းပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ဇွန်လတွင် ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

                            

ပြည်သရက်သီးဈေးကွက်တွင် စိန်တလုံးသရက်သီးနှင့် ဒေသထွက် မန္တလေးရင်ကွဲသရက်သီးမှည့်များအရောင်းအဝယ်ဖြစ်နေ

   ပြည်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံဈေးကွက်တွင် ပြည်ဒေသထွက် မန္တလေးရင်ကွဲသရက်သီးနှင့် စိန်တလုံးသရက်သီးများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ရောင်းချမှုရှိခဲ့ကြပါသည်။ မေလနှင့် ဇွန်လများအတွင်း စိန်တလုံးနှင့် မြကျောက်သရက်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်၍ ရောင်းချခဲ့ကြသော်လည်း ယခုရာသီအချိန်တွင်မူ မြကျောက်သရက်သီးများတုန်းသွားသဖြင့် စိန်တလုံးနှင့် မန္တလေးရင်ကွဲသရက်သီးလက်ကျန်လေးများဖြင့် ရောင်းချနေခဲ့ကြရာ မန္တလေးရင်ကွဲသရက်သီးမှာ တစ်လုံးလျှင် (၁၀၀) ကျပ် မှ (၁၅၀/၂၀၀) ကျပ်အထိ အရွယ်အစားလိုက်၍ ရောင်းချမှုရှိသကဲ့သို့ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၃၀၀) ကျပ်မှ (၄၀၀/၅၀၀) ကျပ်အထိရောင်းချမှုရှိခဲ့ကြပါသည်။ စိန်တလုံးသရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၈၀၀/၉၀၀) ကျပ်အထိဈေးကောင်းရရှိခဲ့ပြီး မြကျောက်သရက်သီးမှာ ပေါ်စရာသီအချိန်တွင် တစ်လုံးလျှင် (၇၀၀/၈၀၀) ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

                  

ပြည်ကုန်စည်ဒိုင်တွင် ယခင်လနှင့် ယခုလတို့၏ ပဲဈေးနှုန်းပြောင်းလဲမှုအခြေအနေ

    ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစင်းငုံ၊ ပဲကြီးနှင့် ဘိုကိတ်ပဲဈေးနှုန်းပြောင်းလဲမှုများကို အာက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-

ပဲစင်းငုံ

  ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၇၀၀၀-၇၇၅၀၀) ကျပ်၊ ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၉၀၀၀-၇၉၅၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/ ၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ မေလ၊ တတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၈၃၅၀၀-၈၄၀၀၀) ကျပ်ထိဈေးမြင့်လာခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၀၀၀၀-၉၁၀၀၀) ကျပ်တို့ဖြင့် တစ်ရက်လျှင် ရန်ကုန်တင်ပို့မှုမှာ အိတ် (၂၀၀) ခန့်ရှိခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၁၀၅၀၀၀-၁၀၆၀၀၀) ကျပ်၊ ဒုတိယအပတ်တွင် (၁၀၄၀၀၀-၁၀၅၀၀၀) ကျပ်တို့ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၀၀/၂၅၀) ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲစင်းငုံဈေးနှုန်းကျဆင်းလာပြီး ပဲတစ်တင်းလျှင် (၁၀၁၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၉၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။

ပဲကြီး

    မေလ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀) ကျပ်၊ မေလ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိပါသည်။ မေလ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် တစ်တင်းလျှင် (၉၃၀၀၀-၉၄၀၀၀) ကျပ်ဖြင့်ဈေးမြင့်လာခဲ့ပြီး မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် (၉၄၀၀၀-၉၅၀၀၀) ကျပ်၊ ဇွန်လ၊ စတုတ္ထအပတ်တွင် ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင်  (၉၆၀၀၀-၉၇၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ် (၃၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

    မေလ၊ ပထမအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် တစ်ရက် အိတ် (၄၀/၅၀) ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မေလ၊ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၇၀၀၀) ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ မေလ၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၄၈၀၀၀-၅၀၀၀၀) ကျပ်တို့ဖြင့် ဈေးတက်လာခဲ့ပြီး မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဒုတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၄၀၀၀-၅၅၀၀၀) ကျပ်အထိဈေးတက်လာခဲ့ပါသည်။ ဇွန်လ၊ တတိယအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၈၀၀၀-၆၀၀၀၀) ကျပ်၊ စတုတ္ထအပတ်တွင် ဘိုကိတ်တစ်တင်းလျှင် (၅၉၀၀၀-၆၀၀၀၀) ကျပ်တို့ဖြင့် မြို့တွင်းအဝယ်တစ်ရက် အိတ် (၅၀/၁၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် ယခင်မေလနှင့် ဇွန်လတွင် ပဲအရောင်းအဝယ်ဖြစ်မှုမှာ ပိုမိုကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ပိုမိုကောင်းမွန်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဆင်မြီးဆွဲဒေသထွက် မိုးရာသီစာမုန့်ကြာခွက်

    ယခုအချိန်သည် မိုးစပါးများစိုက်ပျိုးပြီးချိန်ဖြစ်သဖြင့် ဆင်မြီးဆွဲဒေသဘက်မှ မိုးရာသီတွင်ထုတ်လုပ်သော မုန့်ကြာခွက်များကို ခေါင်းရွက်သည်၊ အထမ်းသည်များက ပြည်မြို့ရှိ ရပ်ကွက်များသို့လှည့်လည်ကာ ရောင်းချနေကြကြောင်းသိရှိရပါသည်။ ဆင်မြီးဆွဲဒေသထွက် မုန့်ကြာခွက်ကို ဆန်မှုန့်၊ ထန်းညှက်၊ နှမ်းစေ့တို့ဖြင့်ပြုလုပ်ပြီး ပုံသွင်း၍ ဆီဖြင့်ကြော်ရကြောင်းသိရပါသည်။ ဆင်မြီးဆွဲမြို့တွင် မုန့်ကြာခွက်ပြုလုပ်သူ (၅) ဦးခန့်ရှိပြီး အလုပ်ခွင်တစ်ခွင်လျှင် လူဦးရေ (၄) ဦးဖြင့်ပြုလုပ်ရကြောင်းသိရှိရပါသည်။ မုန့်ဖိုတစ်ဖိုလျှင် မုန့်ကြာခွက်အခုရေ (၁၀၀၀၀) ကျော်ထွက်ရှိပြီး ထွက်ရှိလာသောမုန့်ကြာခွက်များကို ဆင်မြီးဆွဲဒေသတွင်း၌ ဝယ်ယူစားသုံးကြပြီး အရွက်သည်များက ပြည်မြို့သို့သွားရောက်၍လည်း လှည့်လည်ရောင်းချကြကြောင်းသိရပါသည်။ ပြည်မြို့အပြင် ရွှေတောင်မြို့နှင့် လက်ပံတန်းမြို့များသို့လည်း တင်ပို့ရောင်းချကြပါသည်။ မုန့်ကြာခွက်ကို မိုးရာသီတွင်ပြုလုပ်ရခြင်းမှာ တောင်သူများ မိုးစပါးစိုက်ပျိုးပြီး အလုပ်အားနေချိန်တွင် မိသားစုတစ်နိုင်တစ်ပိုင် နေ့စဉ် ဝင်ငွေများရရှိအောင်လုပ်ကိုင်ကြခြင်းဖြစ်ပြီး မိုးစပါးရိတ်သိမ်းခါနီးတွင် ထိုလုပ်ငန်းကို လတ်စသက်ကာ မိုးစပါးများကို ရိတ်သိမ်းကြကြောင်းသိရပါသည်။ မြို့များ၊ ရပ်ကွက်များသို့လှည့်လည်ရောင်းချသော မုန့်ကြာခွက်ဈေးနှုန်းများမှာ မုန့် (၃) ခုပါ တစ်ထုပ်လျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ လှည့်လည်ရောင်းချသူများအနေဖြင့်လည်း ဝင်ငွေများရရှိသကဲ့သို့ ထိုလုပ်ငန်းကို လုပ်ကိုင်သူများအနေဖြင့်လည်း ယခုမိုးစပါးများစိုက်ပျိုးပြီးချိန်တွင် အပိုဝင်ငွေများရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နှမ်းမှာ ဈေးနှုန်းအမြင့်ဖြင့်ငြိမ်နေ

     ပြည်ခရိုင်တွင် ယခုအချိန်သည်  နှမ်းသီးနှံများဖြစ်သောမိုးနှမ်းများကို စိုက်ပျိုးနေချိန်ဖြစ်ပါသည်။ ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လကုန်အထိ မိုးနှမ်းစိုက်ပျိုးဧကမှာ (၈၇၃၉)ဧကရှိပြီး ပေါက်ခေါင်းမြို့ တွင် (၅၁၁၈)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၂၀၄၃)ဧက၊ ပြည်မြို့နယ်တွင် (၁၂၁၄)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၃၆၄)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်သဖြင့် အဝင်အနည်းငယ်သာရှိပြီး အရောင်းအဝယ်လည်း အနည်းငယ်သာဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်အနည်းငယ်ဖြစ်သော်လည်း ဈေးနှုန်းမှာ ယခင်ဇွန်လ၊ လကုန်အပတ်အတိုင်း ငြိမ်နေပါသည်။ မိုးနှမ်းများကို ယခုအချိန်တွင်စိုက်ပျိုးပြီး လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် နှမ်းသီးနှံများလှိုင်လှိုင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ထိုသို့ နှမ်းသီးနှံများထွက်ပေါ်လာချိန်တွင် ရာသီဥတုဖျက်ဆီးမှုမရှိဘဲ အထွက်နှုန်းကောင်းမွန်ပါက နှမ်းစိုက်တောင်သူများအတွက် ပင်ပန်းရကျိုးနပ်မည်ဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းကိုသာ ပထမဦးစားပေးစိုက်ပျိုးပြီး ဆောင်းနှမ်းကို ဒုတိယဦးစားပေး၍စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးသည့်နှမ်းအမျိုးအစားမှာ နှမ်းနက်မျိုးဖြစ်ပြီး နှမ်းနီကိုအနည်းငယ်သာစိုက်ပျိုးကြောင်း သိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းလျှင် (၂၆၅၀၀၀)ကျပ်၊ နှမ်းနက်(၃)တင်းဝင် တစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် (၃၃၀၀၀၀)ကျပ်တို့ဖြင့် ပြည်ဈေးကွက်တွင် ဈေးနှုန်းအမြင့်ဖြင့် တည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများစတင်ထွက်ရှိ

    ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးကို မတ်လတွင် စတင်စိုက်ပျိုးပြီး ၂၀၂၃ခုနှစ်၌ စိုက်ပျိုးဧကမှာ (၁၁၄၂၄) ဧကစိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် (၁၁၁၁၄) ဧကစိုက်ပျိုးခဲ့သဖြင့် ယခုနှစ်တွင် စိုက်ဧကများပိုမိုကြောင်း၊ နွေစပါးများကို ဇွန်လ၊ တတိယအပတ်တွင် စတင်ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း (၁၂၀) မှ (၁၄၀) တင်းအထိထွက်ရှိကြောင်း၊ စိုက်ပျိုးသည့်စပါးမျိုးများမှာ GW(11) စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးတို့ကိုအများဆုံးစိုက်ပျိုးကြောင်း၊ စပါးဈေးများအနေဖြင့် GW(11) စပါး ပေါင် (၅၀) တစ်တင်းလျှင် (၁၂၅၀၀) ကျပ်နှင့် ရတနာတိုးစပါး ပေါင် (၅၀) တစ်တင်းလျှင် (၁၄၅၀၀) ကျပ်ဖြစ်၍ ယခင်နှစ်ဈေးမှာ ပေါင် (၅၀) တစ်တင်းလျှင် (၇၀၀၀) ကျပ်ဈေးဖြစ်ခဲ့သဖြင့် ယခင်နှစ်ထက် ဈေးပိုရကြောင်းနှင့် နွေစပါးအထွက်နှုန်းမှာ မိုးစပါးအထွက်နှုန်းထက် ပိုမိုထွက်ရှိသောကြောင့် နွေစပါးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ကြံနှစ်ကောင်(နီ)ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျနေပြီး အခြားအိမ်ဆောက်ပစ္စည်းများဈေးတက်

   တောင်ငူမြို့တွင် ကြံနှစ်ကောင်(နီ)အမှတ်တံဆိပ် ဘိလပ်မြေမှာ ၂၀၂၃ခုနှစ်၊ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၈၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အခြားဘိလပ်မြေဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။

   ကြံ့နှစ်ကောင်(စိမ်း)မှာ ယခင်လဆန်းတွင် တစ်အိတ်လျှင် ၈၀၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၆၀၀ကျပ်၊ ထိုင်းဆင်အမှတ်တံဆိပ် ဘိလပ်မြေမှာ တစ်အိတ်လျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၅၀၀ကျပ်၊ Alpha အမှတ်တံဆိပ် ဘိလပ်မြေမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၆၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၃၀၀ကျပ်၊ Apache အမှတ်တံဆိပ် ဘိလပ်မြေမှာ ယခင်လဆန်းတွင် တစ်အိတ်လျှင် ၇၈၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၄၀၀ကျပ်၊ Rhino အမှတ်တံဆိပ်ဘိလပ်မြေမှာ ယခင်လဆန်းတွင် တစ်အိတ်လျှင် ၇၈၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၄၀၀ကျပ်၊ Max အမှတ်တံဆိပ် ဘိလပ်မြေမှာ ယခင်လဆန်းတွင် တစ်အိတ်လျှင် ၇၀၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင်  ၈၁၀၀ကျပ်ဖြစ်၍ ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

   ငါးမူလုံးသံချောင်းမှာ ယခင်လဆန်းတွင် တစ်တန်လျှင် ၁၅၄၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းတွင် တစ်တန်လျှင် ၂၄၂၀၀၀၀ကျပ်ဖြစ်၍ ဈေးတက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဩဘာယူရီးယားလုံးသေးနှင့် ကွန်ပေါင်းဓာတ်မြေဩဇာတချို့ ဈေးတက်နေပြီး အခြားဓာတ်မြေဩဇာမဈေးနှုန်းများကျဆင်း

   တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ုခုနှစ်၊ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၈၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းပြီး ဩဘာအမှတ်တံဆိပ် ယူရီးယားလုံးသေးဓာတ်မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၅၅၀၀ကျပ်မှ ယခုလဆန်းတွင် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်နေပါသည်။

    တရုတ်ဓာတ်မြေဩဇာဖြစ်သော တီစူပါ(သံကွင်း)မှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၁၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဩဘာကုမ္ပဏီထုတ် ရွှေကောမတ်ဓာတ်မြေဩဇာ၊ ဂျာမနီနိုင်ငံထုတ် ပိုတက်ဓာတ်မြေဩဇာ၊ အာမိုအမှတ်တံဆိပ် ကွန်ပေါင်းမြေဩဇာနှင့် ဩဘာကုမ္ပဏီထုတ် ကွန်ပေါင်းမြေဩဇာများမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၈၉၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်း ဆက်လက်ကျဆင်းလာခဲ့ပါသည်။

    ကော့မတ် ကွန်ပေါင်း ၁၅:၁၅:၁၅ဓာတ်မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၉၉၀၀၀ကျပ်၊ တရုတ်အာမို ၁၆:၁၆:၈မြေဩဇာမှာ ဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇူလိုင်လဆန်းတွင် တစ်အိတ်လျှင် ၁၁၆၄၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ပြန်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း