Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီနှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုထားရှိမှုကို လေ့လာဖတ်ရှုနိုင်ပါသည် -

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၈.၂၀၂၃ )

၁၁.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

(၁၁-၈-၂၀၂၃) ရက်နေ့အတွက်တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

(၁၁-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု ထားရှိမှုကို လေ့လာဖတ်ရှုနိုင်ပါသည် -

(၁၁-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

(၁၁-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားရှိမှုကို လေ့လာဖတ်ရှုနိုင်ပါသည် -

တောင်ငူမြို့၏ သစ်သီးဈေးနှုန်းများ

    တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ပန်းသီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းသစ်တော်သီးမှာ အကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့်  ဈေးနှုန်းတည်ငြိမ်နေပါသည်။

    စပျစ်သီးမှာ ယခင်လလယ်ပိုင်းတွင် ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင် ၂၅ကျပ်သားလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

    လိမ္မော်သီးမှာ ယခင်လလယ်ပိုင်းတွင် အသေး/ အကြီးပေါ်မူတည်၍  တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုလဆန်းတွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းမြင့်တက်လာပါသည်။

    နာနတ်သီးမှာ တစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊  သခွားမွှေးသီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်ရှိကြောင်း တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)

 

                                     

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်တချို့ဈေးတက်နေ

  တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ  ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၇၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်၍တက်နေပါသည်။

     ကြက်သွန်နီမှာ အသေး/ အလတ်ရောတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၅၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် အသေး/ အလတ်ရောတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အကြီး ၂၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၆၀၀ကျပ်အထိဖြင့် ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းများမှာ အကြီးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြအကြီးမှာ ယခင်အပတ်တွင် ၈၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၀၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် ကြက်သွန်ဖြူအကြီးတစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၅၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများအနည်းငယ်တက်လာခဲ့ပါသည်။

     အာလူးဈေးနှုန်းများမှာ အသေးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်နှင့် တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများတည်ငြိမ်နေပါသည်။

      ငရုတ်သီးခြောက်အပုဈေးနှုန်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ စသည်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး ငရုပ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများတည်ငြိမ်နေပါသည်။

  မြေပဲဆံ (အနီ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြင့်ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး မြေပဲဆံ (အဖြူ) မှာ တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ကုလားပဲခြမ်းမှာ ယခင်လတွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိနေကြောင်းတို့ကိုသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိနေ

   တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

    ခရမ်းသီး (အဖြူ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ခရမ်းသီး (အညို) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင်  ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ပါသည်။

      ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်‌အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

      ခရမ်းချဉ်သီး (ရှမ်းပြည်သီး) မှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်တက်နေပြီး ခရမ်းချဉ်သီး (ဒေသသီး) မှာ တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိတို့ရှိပါသည်။

   နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိ၊ မုန်ညင်းဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာခဲ့ပြီး မုံလာဥဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိ၊ မုံလာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိတို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။

    ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၂၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်နှင့် ၁၀စည်းယူလျှင် ၁၂၀၀ကျပ်တို့ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသော ကုန်ဈေးနှုန်းအခြေအနေ

         ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၅၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၂၆၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ပဲနီလေး (မြန်မာ) တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံ တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ် (၃၀၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ် (၄၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၂၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ပဲတောင့်ရှည်တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ ဇူလိုင်လနောက်ဆုံးအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်အနည်းငယ်မြင့် တက်လာခဲ့ကြောင်း ဈေးဆိုင်များထံမှသိရှိရပါသည်။

DOCA (မွန်)

တောင်ငူမြို့တွင် ဆန်ဈေးနှုန်းများမြင့်တက်နေ

   တောင်ငူမြို့၌  ရွှေဘိုပေါ်ဆန်းမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၁၅၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ ဧည့်မထ (မိုးဆန်) မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၇၉၀၀၀ကျပ်၊ ဧည့်မထ (နွေဆန်) မှာ ယခင်အပတ်တွင် ၅၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၆၁၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။   

     မိုးစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၂၂၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး နွေစပါးမှာ ယခင်အပတ်တွင် တင်း၁၀၀လျှင် ၁၇၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တင်း၁၀၀လျှင် ၁၆၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    မတ်ပဲ ၃၀ပိဿာဝင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၃၀ပိဿာဝင် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ပဲတီစိမ်းမှာ ယခုအပတ်တွင်လည်း အရောင်းအဝယ်မရှိကြောင်းကို တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှသိရပါသည်။

DOCA(ပဲခူး)

                            

တောင်ငူမြို့တွင် ဒီဇယ်နှင့်ပရီမီယံဆီဈေးတက်

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဩဂုတ်လ၊ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၂၂၄၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၃၃၅ကျပ်တို့ရှိပါသည်။

     ယခုအပတ်တွင် တောင်ငူမြို့၊ “ဖြိုးဝေကျော်” စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၂၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၆၀ကျပ်တို့ရှိပါသည်။

     အုတ်တွင်းမြို့ရှိ Petro-K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၂၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၆၀ကျပ်တို့ရှိပါသည်။

    ရေတာရှည်မြို့ရှိ “အောင်မေတ္တာ” စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၂၅၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၅ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၆၅ကျပ်တို့ရှိပါသည်။

   သို့ဖြစ်၍ ယခုအပတ်တွင် 92 RON နှင့် 95 RON တို့မှာ တစ်လီတာလျှင်  ၁၀ကျပ်ခန့်စီနှင့် ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ  တစ်လီတာလျှင် ၂၂၅ကျပ်ခန့်စီ စသည့်ဖြင့် ဈေးနှုန်းများတက်သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း