Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ဩဂုတ်လ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၆၅၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀) ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။

  ငါးဈေးနှုန်းများအား ဇူလိုင်လစတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက    ဆလားဗီးယားအကောင်သေး တစ်ပိဿာလျှင်(၈၀၀)ကျပ်၊ ဆလားဗီးယားအကောင်လတ် တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုး”

    ဆူးပုတ်ကြီးပင် (သို့) ဆူးရစ်ပင်ကို ရုက္ခဗေဒနာမည်အားဖြင့် အကေးရှားအင်နာတာ (Acacia Pennata) ဟုခေါ်သည့် မျိုးရင်းမှာ “လီဂူမီနိုးစီအီး” Leguminsae Jussieu ဖြစ်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရပြီး မြန်မာအမည်မှာ ဆူးပုတ်ကြီး၊ အင်္ဂလိပ်အမည်မှာ SUE POKE ဖြစ်သည်။

ဆူးပုတ်ရွက်နှင့် ကျန်းမာရေး

    ဆူးပုတ်ပင်၏အနုအညွန့်များမှာ စားသုံးနိုင်ပြီး အရွက်များနူးညံ့ကာ ကြွပ်ကြွပ်လေးနှင့် အရသာအနေဖြင့် နည်းနည်းသက်ပြီး အရွက်အနံ့မှာ နည်းနည်းပြင်းပါသည်။ ဆူးပုတ်ရွက်၏ ကျန်းမာရေးကောင်းကျိုးများမှာ အရွက်တင်သာမက ပင်စည်၊ အခေါက်များကအစ ဆေးဖက်ဝင်ပါသည်။ ဆူပုတ်ရွက်တွင် ဗီတာမင် A၊ ကယ်လီဆီယမ်၊ ဖော့စဖရိတ်၊ ဗီတာမင် B၊ ဗီတာမင် C၊ အမျှင်ဓာတ်နှင့် သံဓာတ်နှင့် ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေခြင်း၊ သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားကောင်းစေခြင်း၊ ကယ်လ်ဆီယမ်ပါဝင်ခြင်းကြောင့် သွားများကိုကြံ့ခိုင်စေပြီး သွားဖုံးများကိုပါကျန်းမာစေခြင်း၊ အရိုးသန်မာခြင်း၊ ပန်းနာရင်ကြပ်ရောဂါများကိုသက်သာစေခြင်း၊ အစာခြေစနစ်ကျန်းမာစေသဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်သည့် အရွက်တစ်မျိုးဖြစ်ပါသည်။

     ဆူးပုတ်ရွက်သည် ကျန်းမာရေးအတွက် အကျိုးများသော်လည်း အလွန်အကျွံစာသုံးမည်ဆိုလျှင် အော့အန်ခြင်း၊ မအီမသာနှင့် စိတ်ခံစားမှုမကောင်းခြင်းများကိုခံစားရနိုင်ပြီး ဆူးပုတ်ရွက်ကို ဆီချိုရောဂါရှိသူ၊ သွေးတိုးရောဂါ၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ရှောင်ကျဉ်သင့်ပါသည်။

ရေမြေရာသီဥတု

    ဆူးပုတ်ကြီးသည် မြန်မာပြည်အနှံ့အပြား၌ ရာသီဥတုမရွေးဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်ပြီး ရေဝပ်သည့်စိမ်စွဲမြေမျိုးကိုနှစ်သက်ပြီး ရေနုတ်အားကောင်းသောမြေမျိုးတွင် ကောင်းမွန်စွာဖြစ်ထွန်းပါသည်။ ဆူးပုတ်ပင်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပါသည်။

ဆူးပုတ်မျိုးများ

    ဆူးပုတ်ကလေးမျိုးနှင့် ဆူပုတ်ကြီးမျိုးဟူ၍ နှစ်မျိုးရှိပြီး ဆူးပုတ်ကြီးမျိုးမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃) မျိုးရှိပါသည်။

စိုက်ခင်းမြေပြုပြင်ခြင်း

   ဆူးပုတ်ကြီးစိုက်ခင်းပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီအချိန်တွင် သစ်ပင်၊ သစ်ပုတ်များကို ပြောင်အောင်ရှင်းလင်းရမည်ဖြစ်ပြီး မိုးကျလျှင် ထယ်တစ်လွှာထိုး၍ ထွန်မွှေပြီး မြေညက်အောင် ညှိထားရပါသည်။ စိုက်မြောင်းများကို (၄ပေ/ ၅ပေ) ခြားဆွဲရပါသည်။

စိုက်ပျိုးခြင်း

     မြောင်းဆွဲထားသော စိုက်မြောင်းပေါ်တွင် အတက် (၈) လက်မနှင့် အကျယ် (၄) လက်မခန့်ကျင်းများတူးရပြီး မြေထုပ်စည်းကို ကျင်းထဲတွင် (၄) လက်မမြှုပ်၍စိုက်ရသည်။ မြေပြင်ဖုံးရပြီး အပင်ခြေရင်းတွင် ရေမဝပ်စေရန်အလို့ငှာ မြေမာအောင်ပြုလုပ်ရပါသည်။ စိုက်ပျိုးရာတွင် ပျိုးပင်များစိုက်ပျိုးခြင်းနှင့် ကိုင်းခုတ်စိုက်ပျိုးခြင်းများရှိပြီး ပျိုးပင်စိုက်ပျိုးခြင်းကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။

မြေသြဇာကျွေးခြင်း

    စိုက်ပျိုးပြီး (၁) ရက်အကြာတွင် နွားချေးနှင့် မြေသြဇာတို့ကိုထည့်ပြီး ရေဝအောင်လောင်းပေးရပါသည်။ ရေသွင်းခြင်းကို တစ်ပတ်လျှင် (၁) ကြိမ်သွင်းပေးရသည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် နွားချေးနှင့် မြေသြဇာကျွေးခြင်း၊ ရေသွင်းခြင်းများပြုလုပ်ပြီး ကိုင်းများကိုဖြတ်ပေးရပါသည်။

အပင်ပြုစုခြင်း

  ဆူးပုတ်ကြီးစိုက်ခင်းတွင် ပျိုးပင်စိုက်ပြီး (၆) လခန့်အကြာတွင် ထိပ်ညွန့်များကိုဖြတ်ပေးရသည်။ ခူးလျှင် အောက်ရွက်တစ်လက်ချန်၍ခူးမှသာ အညွန့်သစ်ထပ်မံလိုက်မည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး (၁) နှစ်ခန့်ရှိမှသာ စတင်ခူးရပါသည်။

မျိုးပွားနည်း

    ကိုင်းဖြတ်စိုက်ပျိုးခြင်းတွင် မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်ပြုလုပ်ပြီး နောက်တစ်လခန့်အကြာမှသာ မြေထုပ်စည်းကိုင်းကိုဖြတ်၍ စိုက်ကြရပါသည်။

မိတ္ထီလာမြို့နယ်၏ ဆူးပုတ်စိုက်ပျိုးခြင်း

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးကျေးရွာ၊ ရွှေစစ်သည် - အုံတုံကျေးရွာများလမ်းအနီး၊ တောမကျေးရွာများတွင် ဆူးပုတ်ကြီးကို တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေရလုပ်ငန်းအဖြစ် စိုက်ပျိုးကြပါသည်။ အဆိုပါ ကျေးရွာများတွင် အပင်ရေ (၅၀၀) မှ အပင်ရေ (၁၀၀၀) ခန့်အထိရှိသည့် ခြံပေါင်း (၈၀ - ၁၀၀) နီးပါးရှိပြီး ဒေသမျိုးဖြစ်သော ဗမာဆူးပုတ်ကြီးမျိုးပျိုးပင်များကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဆူးပုတ်ကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပျိုးပင် (၈၀၀) ခန့်စိုက်ပျိုးနိုင်ပြီး (၄-၅) ပေတန်းခြား၍စိုက်ပျိုးကြပါသည်။ ပျိုးပင်များကို ပျိုးခြံမှတစ်ပင်လျှင် (၂၀၀-၃၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူရပြီး မြေပြုပြင်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်း၊ လုပ်သားခများအပါ ခူးဆွတ်ချိန်ထိ တစ်ဧကကုန်ကျစရိတ်မှာ စုစုပေါင်း (၆) သိန်းခန့်ကုန်ကျပါသည်။

     ခြံဟောင်းများမှာ မိုးရာသီကာလတွင် ဆူးပုတ်ရွက်လှိုင်လှိုင်ခူးရပြီး  (၃) ရက်ခြားလျှင် တစ်ကြိတ်ခူးရပြီး တစ်ကြိမ်ခူးလျှင် (၁၅) ပိဿာမှ (၂၀) ပိဿာအထိရရှိပါသည်။ တစ်နှစ်လျှင် (၈) လခန့်ခူးရပြီး ဒီဇင်ဘာလမှ မတ်လအထိခူးဆွတ်မှုနားရပြီး ကိုင်းဖြတ်ခြင်း၊ အစာကျွေးခြင်း၊ ရေသွင်းခြင်းတို့ပြုလုပ်ရပါသည်။     ၎င်းကျေးရွာများရှိ  ဆူးပုတ်ခြံများမှာ (၈) နှစ်၊  (၁၀) နှစ်သက်တမ်းရှိသည့်ခြံများပင် ယခုအချိန်ထိခူးနိုင်ကြောင်း၊ ဆူးပုတ်ကြီးပင်သက်တမ်းမှာ အနည်းဆုံး (၁၅) နှစ်ခန့်ရှိကြောင်းသိရှိရပါသည်။ ဆူးပုတ်ကြီးကို သီးသန့်ခြံအဖြစ်စိုက်ပျိုးခြင်းများအပြင် အိမ်ခြံဝန်းအတွင်းရှိ မြေလွတ်များ၊ အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးသူများမှာ အိမ်အလုပ်မပြတ်ဘဲ "အိမ်နောက်ဘေး စျေးဆိုင်တည်" ဆိုသည့်စကားပုံအတိုင်း မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း၊ နှစ်ရှည်စားပင်ဖြစ်သဖြင့် နှစ်စဉ် ဝင်ငွေရရှိ၍ စိုက်ပျိုးသူများမှာ တွက်ချေကိုက်မှုရှိကြောင်း၊ ဆူးပုတ်ကြီးရွက်စျေးကွက်အနေဖြင့် မိတ္ထီလာမြို့တွင် အဓိကရောင်းချကြပြီး ကုန်စိမ်းရောင်းချသူများက ခြံ (သို့) အိမ်အရောက်လာရောက်ဝယ်ယူကြကြောင်း၊  ဆူးပုတ်ကြီးလှိုင်လှိုင်ထွက်ချိန်တွင် တစ်ပိဿာလျှင် (၂၀၀၀ - ၂၅၀၀) ကျပ်ခန့်စျေးရရှိပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် (၃၀၀၀ - ၄၀၀၀) ကျပ်စျေးအထိရရှိကြောင်း၊  တစ်နှစ်လျှင် ဆူပုတ်ကြီးတစ်ဧကမှာ (၂၅) သိန်းခန့်အကျိုးအမြတ်ရရှိသဖြင့် တစ်နိုင်တစ်ပိုင်ဆူးပုတ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများတိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၆၆၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၅၀၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲခန့်မှ လေးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခုနှစ်သောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၃၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၇၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ခြောက်ထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၄၇၅ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၅၀၀၊ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင်  တစ်ပိဿာလျှင် ကျပ် ၇၃၅၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၆၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ဩဂုတ်လ၊ ပထမပတ်တွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အတက်အကျမရှိဘဲ ဈေးငြိမ်နေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဩဂုတ်လ၊ ပထမပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၀၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၁၅၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၆၅၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၈၂၀၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင်(၇၁၀၀ဝိ/-)ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Literတစ်ဗူးလျှင် (၁၅၅၀ဝိ/-)၊ ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၁၂၅၀ဝိ/-)၊ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250ccတစ်ဗူးလျှင်(၂၈၅၀ဝိ/-)၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဗူးလျှင်(၂၉၅၀ဝိ/-)၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500gတစ်ဗူးလျှင် (၉၀၀ဝိ/-)ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း အတက်၊ အကျမရှိဘဲဈေးငြိမ်နေပြီး အရောင်းအဝယ် ဖြစ်မှုအနေဖြင့် ရွှေဘိုခရိုင်တွင် မိုးစပါးများပျိုးထောင်ပြီး၍ စိုက်ပျိုးချိန်နီးလာသည်နှင့်အမျှ တောင်သူများမှ ဓါတ်မြေဩဇာများ ကြိုတင်ဝယ်ယူထားကြသဖြင့် ယခင်အပတ်ထက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

      ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး (ယိုးဒယားအကြွပ်) (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ စပျစ်သီး (အလုံးသေး) (၁) ပိဿာလျှင် (၁၂၀၀၀) ကျပ်၊  စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၆၀၀၀) ကျပ်၊  မာလကာသီး (၁) လုံး လျှင် (၂၀၀) ကျပ်၊ ပန်းသစ်တော်သီး (၁) လုံးလျှင် (၂၀၀၀) ကျပ်မှ ၂၅၀၀) ကျပ်အထိ၊  ဖီးကြမ်းငှက်ပျောသီး (၁) ဖီးလျှင် (၁၂၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိ၊ ခွန်စိမ်းရိုးရိုး (၁) ဖီးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်အထိ၊ ဖရဲသီးအသေး (၁) လုံးလျှင် (၄၀၀၀) ကျပ်၊ ဖရဲသီးအကြီး (၁) လုံးလျှင် (၅၀၀၀) ကျပ်၊ ကြက်မောက်သီး (၁) တွဲလျှင် (၁၅၀၀) ကျပ်၊ ရင်ကွဲသရက်သီး (၁) လုံးလျှင် (၂၀၀) ကျပ်မှ (၂၅၀) ကျပ်အထိ၊ နာနတ်သီး (သေး) (၁) လုံးလျှင် (၁၅၀၀) ကျပ်၊ နာနတ်သီး (အကြီး) (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ နဂါးမောက်သီး (၁) လုံးလျှင် (၅၀၀) ကျပ်မှ (၈၀၀) ကျပ်အထိတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

         

စစ်တွေမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်းထူးရှယ် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀) မှ ကျပ် (၁၀၅၀၀၀) အတွင်း၊ ပေါ်ဆန်းမွှေး ရှယ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) မှ ကျပ် (၁၀၀၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ကျပ် (၈၅၀၀၀) မှ ကျပ် (၈၇၀၀၀) အတွင်း၊ ဧည့်မထ (အိန္ဒိယချေ)   ၂၄ ပြည်ပါ   တစ်အိတ်လျှင် ကျပ် (၆၆၀၀၀) မှ ကျပ် (၆၈၀၀၀) အတွင်း၊ ငစိန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၂၀၀၀) မှ ကျပ် (၇၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  ၁၀ပိဿာဝင်  တစ်အိတ်လျှင် ကျပ် (၉၅၀၀၀) မှ ကျပ် (၉၈၀၀၀) အတွင်း၊ ကြက်သွန်နီ  ၁၀ပိဿာတစ်အိတ်လျှင် ကျပ် (၂၅၀၀၀) မှ ကျပ် (၂၇၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၇၈၀၀) မှ ကျပ် (၈၀၀၀)  အတွင်း၊  ငရုတ်သီးခြောက် (အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် (၁၆၅၀၀) မှ ကျပ် (၁၇၀၀၀) အတွင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၇၀၀)  အတွင်း၊  ခရမ်းသီးတစ်ပိဿာလျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၂၇၀၀) အတွင်း၊ အာလူး (အောင်ပန်း) တစ်ပိဿာလျှင် ကျပ် (၃၈၀၀) မှ ကျပ် (၄၀၀၀) အတွင်း၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ် (၆၈၀၀) မှ ကျပ် (၇၀၀၀) အတွင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၈၆၀၀) မှ ကျပ် (၈၈၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊  ကစွန်းရွက် တစ်စည်းလျှင်  ကျပ် (၂၀၀) မှ ကျပ် (၂၅၀) အတွင်း၊     ဝက်သားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်း၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၂၄၀၀၀) မှ ကျပ် (၂၆၀၀၀) အတွင်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဩဂုတ်လ၊ ပထမအပတ်အတွင်း အခြေခံစားကုန်များဈေးနှုန်းများမှာ မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း  ဈေးဆိုင်/ ပွဲရုံများထံမှသိရပါသည်။

DOCA(ရခိုင်)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဩဂုတ်လ ပထမအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၅၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၈၀၀)  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၈၄၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ဩဂုတ်လ ပထမအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းဆန် တစ်ပြည် (၃၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀) ဈေးတက် လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၁.၈၁၄)၊ သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း (၀.၂၄၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂.၀၅၄) ဆောင် ရွက်နိုင်ခဲ့သဖြင့် (၄)လတာ လျာထားချက်အပေါ်  (၃၃.၄၀)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

   ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာ တဖက်နိုင်ငံမိုရေးမြို့နယ်စပ်ဂိတ်အား Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၀)ရက်နေ့မှ စတင်ပိတ်ထားခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း သံတံတားဂိတ်၊ ဂိတ်အမှတ်(၂)တို့အား ယနေ့အထိ ယာယီပိတ်ထားသည့် အတွက်ကြောင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်၊ ချစ်ကြည်ရေး တံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမီတွင် တမူးနယ်စပ် ကုန်သွယ် ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း  တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

“မိုးကြိုဝါများစတင်ထွက်ရှိ”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်တို့အပြင် လူတို့အသုံးအဆောင်များအဖြစ်ထုတ်လုပ်သည့် ချည်မျှင်ရှည်ဝါများကိုလည်း အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်းတွင် မိုးကြိုဝါစိုက်ဧက (၁၂၁၉) ဧကစိုက်ပျိုးထားရှိပြီး (၁) ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုအပါအဝင် (၇၀၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်၆နှင့် အိန္ဒိယမျိုး (ရာကာ) မျိုးများကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်းရှိ အများဆုံးစိုက်ပျိုးသောရွာများမှာ ပခမ်း၊ မက္ခရာ၊ ကတက်ကုန်း၊ မြိုင်ကုန်း၊ ကံကွေ့ကျေးရွာများတွင် မိုးကြိုဝါများစတင်ထွက်ရှိလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ (၁) ပိဿာလျှင် (၃၃၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၇၃၀၀)ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၄၀၀) ကျပ်၊ ဝါစေ့ဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဈေးနှုန်းတို့ရှိခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ဝါ (၁) ပိဿာလျှင် (၃၆၀၀) ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ ဝါစေ့ဆီတစ်ပိဿာလျှင် (၈၇၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ယခင်လနှင့် ယခုလ ဆန်စီးထွက်မှု အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် (၁.၆.၂၀၂၃)ရက်နေ့မှ(၃၀.၆.၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့(၁၀၃၆၈၀) အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၇၅၉၅၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၁၂၀) အိတ်၊ ရှမ်း (တောင် ) သို့ (၂၃၀၀၀)အိတ်၊ ရှမ်း(မြောက်)သို့ (၂၃၅၀၀)အိတ်၊ နေပြည်တော်သို့ (၃၁၅၀၀)အိတ်၊ ကချင် သို့ (၆၅၀၀)အိတ်၊ စုစုပေါင်း (၂၆၄၂၅၀)အိတ် တန်အားဖြင့် (၁၃၂၁၂.၅)စီးထွက်ခဲ့ပြီး၊ (၁.၇.၂၀၂၃) ရက်နေ့မှ (၃၁.၇.၂၀၂၃)ရက်နေ့အထိ မန္တလေးတိုင်း‌ဒေသကြီးသို့ (၁၀၇၅၇၀)အိတ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ (၆၁၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၁၈၃၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၈၀၀၀)အိတ်၊ ရှမ်း(မြောက်) သို့ (၁၈၀၀၀)အိတ်၊ နေပြည်တော်သို့ (၂၅၅၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၃၆၀၀) အိတ်၊ စုစုပေါင်း (၂၃၅၅၀၀)အိတ်၊ တန်အားဖြင့် (၁၁၇၇၅) စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ယခုလတွင် အိတ်ရေ(၂၈၇၅၀)၊ တန်အားဖြင့် (၁၄၃၇.၅) လျော့နည်းစီးထွက်ခဲ့ပါကြောင်း လေ့လာသိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း