Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကုန်စည်ဒိုင်၌ ဇွန်လ(စတုတ္တပတ်)တွင် ဈေးငြိမ်နေသော ရွှေကြက်သွန်နီဈေးနှုန်းဈေးကွက်

    ၂၀၂၃ခုနှစ်၊ ဇွန်လ (စတုတ္တပတ်) တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့ တောင်သာနယ်၊ ညောင်ဦးမှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်းဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေပါသည်။

   ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၉၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၆၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၂၅၀)၊ ပုလဲကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ် (၁၈၇၅)၊  အလတ်စတစ်ပိဿာလျှင် ကျပ် (၁၇၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၅၀၀) ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀) မှ ကုန်ချိန် (၁၀၀၀၀၀) ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။      

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၌ ဇွန်လ(စတုတ္ထပတ်)၏ ပဲမျိုးစုံနှင့် နှမ်းအရောင်းအဝယ်ဖြစ်မှုအခြေအနေ

  ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၉၁၈၀၀- ၉၃၀၀၀- ၉၇၀၀၀)၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် (၈၄၈၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ် (၄၈၀၀၀-၅၇၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၄၉၁၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ် (၇၄၃၀၀)၊ ပြောင်းဖူးစေ့ (CP)  တစ်တင်းလျှင် ကျပ် (၂၀၂၀၀)၊ ထောပတ်ပဲဖြူတစ်တင်းလျှင် အရည်အသွေးအလိုက် ကျပ် (၈၂၀၀၀-၈၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၁၄၀၀၀) နှင့် မန်ကျည်းတောင့်တစ်ပိဿာလျှင် ကျပ် (၈၆၀) ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။

     ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ (၁၅၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး (929) (၃၀၀) အိတ်၊ ပဲတီစိမ်းကြီး (၁၈၀၀) အိတ်၊  ပဲဇီးကွက် (၂၅၀) အိတ်၊ ပဲယင်းနီ (၅၀၀) အိတ်၊ ပြောင်းဖူးစေ့ (CP) (၅၀၀) အိတ်၊ ထောပတ်ပဲဖြူ (၆၀၀) အိတ်နှင့် မန်ကျည်းတောင့်  ကုန်ချိန် (၁၅၀၀၀) ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ဧရာရေထွက်ငါးပိနှင့် ပုဇွန်ခြောက်ဈေးကွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ငပုတောမြို့နယ် ၊ မော်တင်စွန်း၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသဝန်းကျင် ကျေးရွာများသည် ရေထွက်ပစ္စည်းများ ထွက်ရှိပြီး ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်း၊ စံပြ၊ ခမောက်မှော်၊ ဇီးချိုင်၊ ကံချိုင်၊ ဒီးဒူးကုန်း၊ ဘုန်းတော်ပြည့်၊ ကျောက်ကလပ်ကျေးရွာများတွင် ငါးပိ၊ငါးခြောက်၊ ပုဇွန်ခြောက်ထွက်ရှိရာ အဓိက ဒေသများဖြစ်သောကြောင့် အများစုကြိုက်နှစ်သက်၍ စားသုံးရန်နှင့်လက်ဆောင်ပေးရန် ဧည့်ခရီးသွားများ ဝယ်ယူလျက်ရှိသော ပုဇွန်ခြောက်ဈေးကွက်မှာ (၁)ပိဿာလျှင် ကျပ် ၅၅၀၀ဝိ/- ဈေးမှ ၆၀၀၀ဝိ/- ၊ ၇၀၀၀ဝိ/-၊ ၇၅၀၀ဝိ/- ဈေးနှုန်းဖြင့် အကောင်အကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိပြီး ငါးပိ(၁)ပိဿာလျှင် ကျပ်၂၅၀ဝိ/- ကျပ်မှ ၁၅၀၀ဝိ/- ကျပ်ဈေးအတွင်း ငါးပိအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

  မိုးတွင်းရောက်လျှင် ရာသီဥတုကြောင့် ငါးခြောက်ရောင်းဝယ်မှု အနည်းငယ်သာရှိပြီး ပုဇွန်ခြောက်ပြုလုပ်ရန် မိုးတွင်း၌နေလှမ်းရာတွင် အဆင်မပြေ၍ မီးဖိုတွင်ပြုတ်ပြီး ပုဇွန်ကင်သည့် စင်ပေါ်တွင် မီးဖြင့်အခြောက်ခံပြုလုပ်ရသဖြင့် အရည်အသွေးမကောင်းအထားမခံ၍ ဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိပဲ ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလရောက်မှသာ အရည်အသွေးကောင်း ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်သွက်မှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊

DOCA(ဧရာဝတီ)

ဘားအံမြို့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချ

 ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရေးအတွက် ရောင်းသူမှ ဝယ်သူသို့ တိုက်ရိုက်ရောင်းချခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရန်နှင့် ကျဆင်းနိုင်စေရန်တို့အတွက် ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကျဆင်းရေးကော်မတီက ဘားအံမြို့၊ ကန်သာယာတွင် စနေနေ့အခွန်လွတ်ဈေးကိုလည်းကောင်း၊ အမှတ် ၉ရပ်ကွက် ကမ္မဌာန်းကျောင်းတွင် ဗုဒ္ဓဟူးနေ့၊ အခွန်လွတ်ဈေးကိုလည်းကောင်း အပတ်စဉ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

  ဖွင့်လှစ်ရောင်းချပေးလျက်ရှိသောအခွန်လွတ်ဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် အသားငါးအရောင်းဒိုင်များမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိသောဈေးနှုန်းများမှာ ဝက်သား ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ အမဲသား ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ကြက်သား(အိမ်ကြက်)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ မွေးမြူရေးငါးကြင်း ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ တီလားဗီးယား ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမဲလုံး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ယိုးဒယားငါးခုံးမ ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူ ၁ပိဿာ ၆၃၀၀ကျပ်၊ ငါးမုတ် ၁ပိဿာလျှင် ၅၀၀၀ကျပ်၊ ငါးတန် ၁ပိဿာလျှင် ၄၆၀၀ကျပ်၊ ပလာတူး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ဘဲဥ ၁လုံးလျှင် ၃၀၀ကျပ်၊ ကြက်ဥ ၁လုံးလျှင် ၂၅၀ကျပ်၊ ကန်စွန်းရွက်၁စည်းလျှင် ၁၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၁၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၇၀၀ကျပ်၊ ပန်းဂေါ်ဖီ ၁ပွင့်လျှင် ၅၀၀ကျပ် ၊စားသုံးဆီ ၁ပိဿာလျှင် ၅၁၀၀ကျပ် စသည်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

   အခွန်လွတ်ဈေးများဖွင့်လှစ်ရောင်းချပေးခြင်းဖြင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများမှာ ဝယ်သူထံသို့ ကြားပွဲစားမခံဘဲ တိုက်ရိုက်ရောင်းချနိုင်သောကြောင့် သီးနှံ/အသားငါးထုတ်လုပ်ရောင်းချမှုအပေါ် အမြတ်အစွန်းပိုမိုရရှိနိုင်မည်ဖြစ်ပြီး  စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာတိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် နေ့စဉ် စားသောက်ရေးအတွက် ကုန်ကျစရိတ်ကာမိကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လူမှုစီးပွားဘဝရိုက်ခတ်မှုလျော့နည်းသက်သာလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၇.၂၀၂၃ )

      ၁၀.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပြည်မြို့ထွက် ပန်းတိမ်ငို ဘုရားပန်းဈေးကွက်

     ပြည်မြို့ရှိ ပန်းဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ပန်းတိမ်ငိုပန်းများ ရောင်းချနေပြီဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို တောင်ကြီးမှလာသော နှစ်ထပ်ပန်းနှင့် ပြည်မြို့ စက်မှုကွက်သစ်အတွင်းရှိ သန္ဓေပင် ရပ်ကွက်တွင် စိုက်ပျိုးသော တစ်ထပ်ပန်းဟူ၍ နှစ်မျိုးစလုံးကို ဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ပန်း၏အရောင်မှာအဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်စသည်ဖြင့် ရှိပါသည်။ ပန်းတိမ်ငိုပန်းသည် စိုက်ပျိုးရလွယ်ကူသောပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို ဥများဖြင့် သော်လည်းကောင်း၊ အကိုင်းကို မြေထဲသို့ထိုး၍ စိုက်ပျိုးနိုင်ပါသည်။ ဥများကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် စတင်စိုက်ပျိုးပြီး မိုးရာသီအလယ်တွင် စတင်ခူးဆွတ်နိုင်မှာ ဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းသည် အောက်တိုဘာလတွင် ပန်းပွင့်များတုန်းသွားပြီး ဒီဇင်ဘာလတွင် အရွက်များ ကြွေကျကာ အပင်နားသောအချိန်ဖြစ်ပါသည်။ မတ်လတွင် အရွက်ကျန်များကိုဖြတ်ထုတ်ပြီး နွားချေး၊ မြေဩဇာနှင့် မန်ကျည်းရွက်ဆွေးများထည့်ပေးပါက ပန်းများစောစီးစွာပွင့်မည်ဖြစ်ပါသည်။ ပန်တိမ်ငိုပန်းခင်းများကို (၃)နှစ်အထိသာစိုက်ပျိုးပြီး (၃)နှစ်ပြည့်ပါက ဥများကိုပြန်ဖော်၍ ပြန်လည် စိုက်ပျိုးပေးရပါမည်။ စိုက်ပျိုးရာတွင် ခြစားခြင်း၊ အမြစ်ပုတ်ခြင်းများ မဖြစ်ပေါ်အောင် ဂရုစိုက် ပေးရမည်ဖြစ်ပါသည်။ ဘုရားပန်းများ ကပ်လှူပြီးစွန့်ပစ်သည့်အခါ စွန့်ပစ်ပင်စည်များအား အိုးတွင် ကိုင်းထိုးစိုက်ပျိုး၍လည်း ရကြောင်းသိရပါသည်။ ပြည်မြို့တွင် တောင်ကြီးမှလာသော နှစ်ထပ် ပန်းတိမ်ငို ဆယ်တန်စည်းတစ်စည်းကို (၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပြီး ဒေသထွက် တစ်ထပ်ပန်းကိုတော့ ဆယ်တန်စည်းတစ်စည်းကို (၃၅၀၀)ကျပ်နှင့် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရ ပါသည်။ မျိုးဥဘိုး တစ်ကြိမ်ရင်းနှီးရုံဖြင့် (၃)နှစ်စိုက်ပျိုးနိုင်သောကြောင့် စိုက်ပျိုးသင့် သည့် ပန်းတစ်မျိုးဖြစ်ပါသည်။ အရိပ်တွင်လည်းဖြစ်ထွန်းပြီး အခြားသောအပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးနိုင်သောကြောင့် စီးပွားဖြစ်တွက်ချေကိုက်၍ စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပြည်နာနတ်သီးဈေးကွက်

    နာနတ်ပင်ကို စားသုံးပင်အနေဖြင့် စိုက်ပျိုးပြီး နှစ်ရှည်ခံ အပင်ပျော့မျိုးဖြစ်သည့်အတွက် အရွက်မှာ ရှည်လျားပြီး ရွက်ထိပ်မှာ ဆူးချွန်ပုံစံရှိပါသည်။ နာနတ်သီးမှာ အစိမ်းရောင်ရှိပြီး မှည့်ပါက လိမ္မော်ရောင်သို့ ပြောင်းသွားပါသည်။ နာနတ်သီးမှာ အင်ဇိုင်းအပြင် ဗီတာမင်စီ၊ ဗီတာမင်အေနှင့် အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်၍ ကိုယ်ခံအားကို ကောင်းစေပြီး မျက်စိအမြင် အာရုံကိုလည်း အထောက်အကူပြုကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါသည်။

    နာနတ်သီးသည် သွေးအတွင်းမကောင်းသောအဆီဓါတ်ကို လျှော့ချစေနိုင်သောကြောင့် သွေးတိုးရောဂါဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပါသည်။ နာနတ်သီးကို အသီးအတိုင်းလည်း စားကြသလို ချဉ်၊ ငံ၊ စပ်ရောကာ သုပ်၍လည်းစားကြပါသည်။ အအေးနဲ့ဖျော်သောက်သလို ယခုနောက်ပိုင်းတွင် နာနတ်သီးထမင်းကြော်ဆိုပြီး ထမင်းကြော်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။

      ပြည်မြို့၊ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးအနီးရှိ သစ်သီးမျိုးစုံရောင်းချသော ပွဲရုံ များနှင့် သစ်သီးဆိုင်များတွင် ၂၀၂၃ ခုနှစ် ဇွန်လနောက်ဆုံးပတ်၌ ရခိုင်ပြည်နယ်မှလာသော နာနတ် သီးများနှင့် ရှမ်းပြည်နယ်နှင့် မန္တလေးပွဲရုံများမှ မှာယူရောင်းချလျက်ရှိပါသည်။ နာနတ်သီး ဈေးများ မှာ အကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၈၀၀)ကျပ်နှင့် အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်တို့ဖြင့် ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ ပြည်မြို့ရှိ သစ်သီးဝလံပွဲရုံများသို့ နေ့စဉ် နာနတ်သီး အလုံး(၃၅၀-၄၀၀)လုံးခန့် ဝင်ရောက်လျက်ရှိပြီး ဝင်ရောက်လာသောနာနတ်သီးများကို လက်လီရောင်းချသော သစ်သီးဆိုင်များ၊ တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များ၊ ကျေုင်းမုန့်ဈေးတန်းများ သစ်သီးဖျော်ရည်ဆိုင်များအား ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

 

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်ပြောင်းလဲမှု

    ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မတ်ပဲ

   ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ဇွန်လတတိယပတ်တွင် မတ်ပဲတစ်တင်းဈေးမှာ (၈၀၀၀၀-၈၀၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဇွန်လစတုတ္ထပတ်မှာ မတ်ပဲဈေးကျလာပြီး တစ်တင်း ကို (၇၆၀၀၀-၇၆၅၀၀)ကျပ်ဖြင့် ဈေးကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် (၂၀၀/၃၀၀)ခန့် ရန်ကုန်အဝယ် အဝယ်ရှိခဲ့ပါသည်။

ပဲတီစိမ်း

   ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀)ကျပ်ဖြင့် မန္တလေးဝယ်လက် တစ်ရက်ကိုအိတ် (၃၀၀/၄၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၆၀၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မန္တလေးဝယ်သာရှိခဲ့ပါသည်။

ပဲစင်းငုံ

    ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို (၁၀၄၀၀၀-၁၀၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် (၃၀၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို (၉၇၀၀၀)ကျပ်ထိ ဈေးကျလာခဲ့ပြီး အရောင်းအဝယ်မှာ ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် (၂၅၀/၃၀၀)ခန့် ရှိခဲ့ပါသည်။

ကုလားပဲ

      ပြည်ကုန်စည်ဒိုင်တွင် ဇွန်လပထမပတ် ကုလားပဲ(Hl)တစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ် မြကြေးမှုံ တစ်တင်းကို (၉၂၀၀၀-၉၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် ကုလားပဲ(Hl)တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀) ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအရောင်းအဝယ် ဖြစ်ခဲ့ ပါသည်။

ပဲကြီး

        ဇွန်လတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၄၀၀၀-၉၅၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကိုအိတ် (၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။  ဇွန်လစတုတ္ထပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး ပဲကြော်သမားများ အဝယ် ရှိခဲ့ပါသည်။

စားတော်ပဲ(ကျွန်း)

      ဇွန်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၄၀၀၀၀-၁၄၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် (၁၄/၁၅)အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လစတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၄၀၀၀၀-၁၄၅၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး မြို့တွင်းအဝယ် တစ်ရက်ကို (၁၅/၂၀) အိတ်ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်

    ပြည်ကုန်စည်ဒိုင်တွင် ဇွန်လတတိယပတ်တွင် ဘိုကိတ်တစ်တင်းကို(၅၈၀၀၀-၆၀၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၄၀/၅၀)ခန့် အဝယ် ရှိပါသည်။ ဇွန်လစတုတ္ထပတ်တွင်  ဘိုကိတ်ဈေးအေးနေပြီး တစ်တင်းကို (၅၉၀၀၀-၆၀၀၀၀)ကျပ် ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ တစ်တင်းဈေးမှာ ဇွန်လစတုတ္ထပတ်တွင် ဈေးကျလာသည်ကိုတွေ့ရပါသည်။ ပဲတီစိမ်း၊ ဘိုကိတ်၊ စားတော်ပဲ (ကျွန်း) ဈေးများအေးလျက်ရှိပြီး ပဲကြီး(ရွှေကျွန်း)ဈေးမှာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း