Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင့်တက်လာသော ခရမ်းချဉ်သီးဈေးနှုန်း

   မြန်မာလူမျိုးတို့၏ ဟင်းလျာတိုင်းတွင် ခရမ်းချဉ်သီးသည် ဟင်းအနှစ်ပြုလုပ်ရာ၌ အသုံးများသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာအမျိုးမျိုးတွင် ချက်နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်၍ရသည့်အပြင် ခရမ်းချဉ်သီးတွင် ဗီတာမင်အမျိုးမျိုး၊ ကယ်လ်ဆီယမ်နှင့် Lycopene ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

   ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများတွင်လည်းစိုက်ပျိုးရောင်းချကြသည့်အပြင် အခြားဒေသများမှလည်း မှာယူရောင်းချလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ၊ ပထမအပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်လ၊ ပထမအပတ်နှင့် ယခုလ၊ ပထမအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

အာလူးဈေးနှုန်းကျဆင်းလျက်ရှိ

  အာလူးသည် လူကြိုက်များ၊ လူသုံးများသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ နည်းမျိုးစုံဖြင့် ချက်ပြုတ်သုံးစွဲနိုင်ပြီး အာဟာရများစွာပါဝင်ပါသည်။ အာလူးကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

  ယခုအခါ ဒေသထွက်အာလူးများမှာ ဈေးကွက်အတွင်း အနည်းငယ်သာဝင်ရောက်နိုင်ပြီး အများဆုံးရောင်းချနေသောအာလူးများကို ရှမ်းပြည်နယ်တောင်းပိုင်းရှိ ပင်လောင်း၊ အောင်ပန်း၊ ကလောနှင့် နောင်တရားမြို့တို့မှ အများဆုံးမှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

    ယခုဇူလိုင်လ၊ ပထမအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ၊ နောက်ဆုံးအပတ်တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဇွန်လ၊ နောက်ဆုံးအပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် (၅၀၀) ကျပ်ခန့်tm;vl;ကျဆင်းသွားကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၄/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၁.၇.၂၀၂၃ )

    ၁၁.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မော်လမြိုင်မြို့ အေးသာယာဈေး၏ ကုန်ဈေးနှုန်းအခြေအနေ

     မွန်ပြည်နယ် မော်လမြိုင်မြို့ အေးသာယာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချကုန်စည်နှင့် ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းဖြင့်  အရောင်းအဝယ် ဖြစ်နေမှုကို တွေ့ရှိရပါသည်။

     ထိုအမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပလေသီး၊ ကြက်ဟင်းခါးသီး၊ ပဲထောင့်ရှည်၊ ကန်စွမ်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်း၊ ခရမ်းသီး၊ သံပရာသီး၊ ပန်းသီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ ကျွဲကွက်သီး၊ ကန်စွမ်းဥ၊ ကြက်ခတ်မျှစ်၊ ဝါးဘိုးမျှစ်၊ ပဲလိမ်မြွေသီးတို့ကို ရောင်းချလျက်ရှိသည်။

   ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၅၀၀၊ အာလူးတစ်ပိဿာလျှင် (အသေး) ကျပ် ၂၂၀၀၊ (အကြီး)ကျပ် ၂၅၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀အတွင်း၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ကြက်ဟင်းခါးသီးတစ်ပိဿာ ကျပ် ၂၀၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ ကန်စွမ်းရွက် တစ်စည်းလျှင် ကျပ် ၉၀မှ ၁၀၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၈၀မှ ၁၀၀အတွင်း၊ ပဲထောင့်ရှည် တစ်စည်း ကျပ် ၅၀၀(အသေး)၊ ပဲထောင့်ရှည်တစ်စည်း ကျပ် ၁၄၀၀(အကြီး) သံပရာသီး တစ်လုံးလျှင် ကျပ် ၅၀မှ ၁၅၀အတွင်း၊ ပန်းသီး တစ်လုံး ကျပ် ၅၀၀မှ ၁၅၀၀အတွင်း၊ မြင်းခွာရွက် တစ်စည်းကျပ် ၂၀၀၊  ဒူးရင်းသီးတစ်လုံး ကျပ် ၅၀၀၀မှ ၁၁၀၀၀အတွင်း၊ ကြက်မောက်သီးတစ်လုံး ကျပ် ၈၀မှ ၁၅၀အတွင်း၊ မင်းဂွတ်သီးတစ်လုံး ကျပ် ၁၅၀မှ ၂၅၀အတွင်း၊ ကျွဲကွက်သီးတစ်လုံး ကျပ် ၂၀၀၀မှ ကျပ် ၄၀၀၀အတွင်း၊  ကန်စွန်းဥ တစ်ပိဿာ ကျပ်၂၅၀၀မှ ကျပ်၃၀၀၀အတွင်း၊ ကြက်ခတ်မျှစ် တစ်စည်း ကျပ် ၄၀၀(အသေး) မှ ၆၀၀(အကြီး) အတွင်း ဝါးဘိုးမျှစ်တစ်ပိဿာ ကျပ် ၄၀၀၀၊  ပဲလိမ်မြွေသီး(ဗုံလုံသီး) တစ်လုံး ကျပ် ၅၀၀ မှ ကျပ်၇၀၀အတွင်း ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့ ငါးဒိုင်ရှိ ငါးအမယ်နှင့်ဈေးနှုန်းအခြေအနေ

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ  ငါးဒိုင်ဈေး၌ ရောင်းချလျက်ရှိသော ငါးအမယ်များမှာ ငါးတန်၊ ငါးရွှေကြီး ၊ ငါးမြစ်ချင်း၊ ငါးသလောက်၊  ငါးပုဏ္ဏား၊ တီးလားပီးယား၊ ကင်းမွန်(အကြီး)၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ငါးပုတ်သင်(ငါးပျက်)၊ ငါးကြင်းဖြူ၊ ပလာတူး၊ ငါးနှပ်၊ ငါးပုလွေ၊ ပုစွန်ပျော့(အကြီး)၊ ပုစွန်ပျော့(အသေး)၊   တို့အား ရောင်းချလျက်ရှိသည်။  

    ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ငါးတန် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ၁၂၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ် ၁၂၅၀၀၊  ငါးပုဏ္ဏား တစ်ပိဿာလျှင် ကျပ်၁၆၅၀၀ ၊ တီးလားပီးယား တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ကင်းမွန်(အကြီး) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၊ ကကတစ် တစ်ပိဿာလျှင် ကျပ် ၈၆၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ၁၅၀၀၀၊ ငါးပုတ်သင်(ငါးပျက်) တစ်ပိဿာလျှင် ကျပ် ၈၂၀၀၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ပလာတူး တစ်ပိဿာလျှင် ၆၀၀၀၊ ငါးနှပ် တစ်ပိဿာလျင် ကျပ် ၅၀၀၀၊ ၊ ငါးပုလွေ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ၊ ပုစွန်ပျော့(အကြီး) တစ်ပိဿာလျှင် ၁၇၆၀၀ ၊ ပုစွန်ပျော့(အသေး) တစ်ပိဿာလျှင် ကျပ် ၁၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ(ပဲမာ)ဈေးနှုန်း အတက်/အကျရှိနေ

    ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ် ဇွန်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်ခဲ့သော ပဲစဉ်းငုံနီ ဈေးမှာ အမြင့်ဆုံးကျပ်(၁၀၄၅၀၀)ရှိခဲပြီး တတိယပတ်တွင် ကျပ်(၉၁၈၀၀) ကျဆင်းခဲ့သည်။ ယခု ဇူလိုင်(ပထမ)ပတ်တွင် ကျပ်(၁၀၀၀၀၀)ထိ ပြန်လည်မြင့်တက်လာခဲ့ပြီး  တင်ပို့မှုအနေနှင့်လည်း ဇွန်လထက် အိတ်(၆၀၀)ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

    ပဲတီစိမ်းကြီးမှာ ဈေးငြိမ်လျက်ရှိပြီး ဇွန်လ(ပထမ)ပတ်ကတည်းက ဖြစ်ခဲ့သော ဈေး ကျပ်(၄၇၀၀၀-၅၈၀၀၀)မှာ ယခုဇူလိုင်(ပထမ)ပတ်ထိ ယင်းဈေးအတိုင်းပင် အရောင်းအဝယ် ဖြစ်ပြီး အိတ်(၁၅၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။

      ဇွန်လ(ဒုတိယ)ပတ်တွင် ပဲယင်းနီ စတင်ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် (၇၄၃၀၀)မှ ယခုဇူလိုင်(ပထမ)ပတ်တွင်လည်း ကျပ်(၇၄၃၀၀)နှင့်ပင် အရောင်းအဝယ်ဖြစ်ပြီး အိတ်(၄၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။

    ကုလားပဲအုပ်စုအနေနှင့် ဇွန်လနောက်ဆုံးပတ်တွင် ကုလားပဲ(HL)တစ်တင်း ကျပ် (၈၈၀၀၀)၊ ကုလားပဲ V2 တစ်တင်း ကျပ်(၇၉၀၀၀)နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင် (ပထမ)ပတ်တွင် ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၄၈၀၀)၊ ကုလားပဲ V2 တစ်တင်း ကျပ်(၈၅၆၀၀)နှင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ပုံမှန်တင်ပို့နေခဲ့ကြောင်း သိရှိရပါသည်။

   ယခုဇူလိုင်(ပထမ)ပတ်တွင်  ပဲဇီးကွက်၊စွန်တာနီပဲများ အရောင်းအဝယ်မဖြစ်သော်လည်း နှမ်း(ဖြူ)များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်၊ ဇွန်လ(နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ်(၁၁၄၀၀၀)မှ ဇူလိုင်(ပထမ)ပတ်တွင် ကျပ်(၁၁၅၀၀၀)နှင့်အိတ် (၃၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။

        မန်ကျည်းတောင့်များလည်း ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ပိဿာ ကျပ်(၈၄၀)နှင့် တစ်ပတ်လျှင် ပိဿာ(၂၀၀၀၀)ခန့်တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါ သည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေး၌ ကြက်သွန်ဖြူနှင့် ချင်းတက်များဈေးကောင်းလျက်ရှိ

   ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)၌ ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ဗမာ)နှင့်  ချင်းတက်များမှာ ဈေးကောင်းရရှိနေပါသည်။ ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၆၈၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၅၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၅၅၀၀)  ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ)ထိပ်စတစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၅၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၅၀၀၀) ချင်းတက်မှာ အရည်အသွေးပေါ်မူတည်၍  အနိမ့်စတစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀) ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါသည်။

   မြို့မစည်ပင်သာယာလက်လီဈေးမှာ ကြက်သွန်ဖြူ(ဗမာ)ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်)ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ချင်းတက်မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၉၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မစည်ပင်သာယာဈေးသည်များနှင့် ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း