Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၂၁-၆-၂၀၂၃) ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၇-၆-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၇၅၀၀၀)မှ ကျပ်(၂၉၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ (၅၈၀) အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၁၈၀၀)ဖြစ်၍ ကျပ်(၆၂၀၀)ဈေးလျော့ခဲ့ကြောင်း၊ မတ်ပဲ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(H-L)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီးတစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)မှ ကျပ်(၁၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၆၀၀၀)မှ  ကျပ်(၉၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြစ်သည့် ပဲစဉ်းငုံ(နီ)(၇၀၀)အိတ်၊ မတ်ပဲ(၂၁၀)အိတ်၊ ကုလားပဲ(H-L) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၇၀) အိတ်၊ ပဲကြီး(၆၃၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် လည်းကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြစ်သော မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်းသိရှိရပါသည်။

 DOCA(မကွေး)         

မြို့သစ်မြို့နယ်၌ နွေစပါးများစတင်ရိတ်သိမ်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ လယ်မြေဧက (၅၇၈၅၁) ဧက၊ ယာမြေဧက (၉၀၇၁၆) ဧကနှင့် ကိုင်းကျွန်းမြေဧက (၁၀၅၆) ဧကများပေါ်တွင် စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါနှင့် မြေပဲ စသည့်သီးနှံများကိုစိုက်ပျိုးလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်တွင် နွေစပါးစိုက်ဧက (၇၀၀၀) ဧကရှိသည့်အနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့သစ်မြို့နယ်တွင် (၂၅၄၅) ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ စပါးကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးခဲ့ပါကြောင်း၊ ယခု ဇွန်လအလယ်မှစတင်၍ နွေစပါးများရိတ်သိမ်းလျက်ရှိပြီး စပါး (၁) တင်းလျှင် ကျပ် (၁၅၀၀၀) မှ ကျပ် (၁၆၀၀၀) အထိအရောင်းအဝယ်ရှိကြောင်း၊ ယခင်၂၀၂၂ခုနှစ်တွင် နွေစပါးစိုက်ဧကမှာ (၇၈၀၀) ဧကရှိပြီး စပါးတစ်တင်းလျှင် ကျပ် (၇၅၀၀) ဖြင့်အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ တောင်သူအများစုမှာ ရတနာတိုးစပါးမျိုးသာစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးမှုအောင်မြင်ခဲ့ပြီး (၁) ဧကလျှင် စပါး (၇၅) တင်း၊ (၈၀) တင်းထွက်ရှိ၍ (၁)ဧကအကျိုးအမြတ်အနေဖြင့် ကျပ် (၆၀၀၀၀၀) ခန့်ရရှိကြောင်း တောင်သူများ၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၇.၂၀၂၃ )

    ၃.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သထုံမြို့နယ်ရှိ ကြက်မောက်သီးဈေးကွက်အခြေအနေ

    သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးဆောင်၍ (၂၁-၆-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ဈေးမသွယ်ကျွေးရွာရှိ ကြက်မောက်သီးစိုက်ပျိုးရေးခြံဖြစ်သော ဦးမျိုးဝင်း (စံပြစိုက်ပျိုးရေးခြံ)၊ ဦးဝင်းအောင် (လူငယ်စိုက်ပျိုးရေးခြံ) များသို့သွားရောက်၍ ကြက်မောက်သီးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်များအား သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

     ထိုသို့ လေ့လာဆွေးနွေးခဲ့ရာတွင် ယခု ၂၀၂၃နှစ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ကြက်မောက်သီးများမှာ ရင့်မှည့်ချိန်မတိုင်မီ ကြွေကျပျက်စီးမှုများကြာင့် ကြက်မောက်သီးထွက်ရှိမှုနည်းပါကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုနှစ်တွင် ကြက်မောက်သီးတစ်ကီလိုလျှင် လက်ကားဈေး (၃၀၀၀) ကျပ်၊ လက်လီဈေး (၃၅၀၀) ကျပ်ရှိပြီး သထုံမြို့နယ်အတွင်းမှထွက်ရှိသော ကြက်မောက်သီးနှံများမှာ အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမရှိဘဲ ဒေသအတွင်း စားသုံးမှုသာရောင်းချလျက်ရှိကြောင်း ဆွေးနွေးသိရှိခဲ့ရပါသည်။

DOCA(မွန်)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ မှ ဇူလိုင်လ ၉ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၀၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

    ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

         အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၂.၇.၂၀၂၃ )

၂.၇.၂၀၂၃ ရက်နေ့၏ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ PDF File တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၁.၇.၂၀၂၃ )

၁.၇.၂၀၂၃ ရက်နေ့၏ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ PDF File တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၃၀.၆.၂၀၂၃ )

၃၀.၆.၂၀၂၃ ရက်နေ့၏ တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ PDF File တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း