Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါက်ခေါင်းမြို့၏ ပဲစောင်းလျားသီးဈေးကွက်

   ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲစောင်းလျားသီးများစိုက်ပျိုးသူနှင့်တွေ့ဆုံပြီး စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား သိရှိနိုင်ပါရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပဲစောင်းလျားသီးစိုက်ပျိုးသည့် တောင်သူ ဦးတင်အုန်းနှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ပဲစောင်းလျားပင်ကို တပို့တွဲလတွင် စတင်စိုက်ပျိုးပြီး ရက် (၁၀၀) အကြာတွင် စတင်ထွက်ရှိကြောင်းသိရပါသည်။ ပဲစောင်းလျားပင်ကို (.၅၀) ဧကစိုက်ပျိုးပြီး မစိုက်ပျိုးမီ ထွန်စက် (၃) စပ်မောင်းခ (၅၀၀၀၀) ကျပ်၊ စိုက်ပျိုးသူတစ်ဦးလျှင် (၃၀၀၀) ကျပ်ဖြင့် (၁၅) ယောက်လျှင် (၄၅၀၀၀) ကျပ်၊ တိုင်ဖိုး (၁၀၀၀) အတွက် (၁၃၀၀၀၀) ကျပ်၊ သွင်းအားစု (၃၈၀၀၀) ကျပ်၊ ခူးဆွတ်ခ (၃၆၀၀၀၀) ကျပ်ဖြင့် (.၅၀) ဧကအတွက် စုစုပေါင်း (၆၂၃၀၀၀) ကျပ်ကုန်ကျကြောင်းသိရပါသည်။ ပဲစောင်းလျားတောင့်များခူးဆွတ်လျှင် အကြိမ်ပေါင်း (၆၀) ခန့်ခူးဆွတ်ရပြီး (၂)ရက်ခြားတစ်ခါ ခူးဆွတ်လျှင် အတောင့်ရေ (၃၀၀၀) ခန့်ရရှိသည်ဟု သိရှိရပါသည်။ ရောင်းဈေးမှာ တစ်တောင့်လျှင် (၆) ကျပ်နှုန်းဖြင့်ရောင်းချသဖြင့် တစ်ကြိမ်ခူးဆွတ်ခဝင်ငွေမှာ (၁၈၀၀၀) ကျပ်ရရှိကြောင်းသိရပါသည်။ ထို့ကြောင့် ပဲစောင်းလျားသီးစိုက်ပျိုးသော တောင်သူများအနေဖြင့် (.၅၀) ဧကအတွက် ဝင်ငွေရရှိမှုမှာ (၁၀၈၀၀၀၀) ကျပ်ခန့်ရရှိသဖြင့် အကျိုးအမြတ်မှာ (၄၅၇၀၀၀) ကျပ်ခန့်အမြတ်အစွန်းများရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဇွန်လ စတုတ္ထအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၈၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၂၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ် မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၁၀၀၀) ကျပ်မှ  (၁၂၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ဇွန်လ စတုတ္ထအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများနှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၂၀၀)ကျပ်၊ ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

      မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ၂၀၂၃ခုနှစ်၊ဇွန်လ စတုတ္ထအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော်သီး (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ဇွန်လ စတုတ္ထအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများဈေးကောင်းရ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများကို ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ကျပ် ၁၀၀၀၀-၁၂၀၀၀ ဖြင့် ရောင်းချ နေရခြင်းကြောင့် မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းသီးစိမ်းခူးယူရောင်းချသူများထံမှ သိရှိရပါသည်။          ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မန်ကျည်းသီးစိမ်းပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရပြီး ဖောက်သည်သွင်းဈေး တစ်ပိဿာ ၈၀၀၀-၉၀၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများကို အိမ်ရှင်မတိုင်း ဝယ်ယူတတ်ကြပြီး မန်ကျည်းသီးစိမ်းကို ကြေညက်စွာထောင်းပြီး မြေပဲနှင့်သုပ်စားခြင်း၊ ပုစွန်၊ ငါးပိတို့ဖြင့်ရောကာ မန်ကျည်းသီးစိမ်းငါးပိချက်၊ ပုစွန်မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပုံစံမျိုးစုံချက်ပြုတ်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာ မန်ကျည်းသီးစိမ်းဖြင့် ဟင်းအမယ်စုံချက်စားခြင်းသည် ခံတွင်းမြိန်စေကြောင်းလည်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းသီးစိမ်း ခူးယူရောင်းချနေသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်ဒေသထွက် ခဝဲသီး

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများစိုက်ပျိုးထားရှိကြောင်း သိရရှိပါသဖြင့် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခဝဲသီးစိုက်ပျိုးသောတောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

    ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးစိုက်ပျိုးသော တောင်သူ ဦးတင်ထွဋ်နှင့်တွေ့ဆုံ၍ ခဝဲသီးစိုက်ပျိုးမှုနှင့် အကျိုးအမြတ်ဈေးနှုန်းဈေးကွက်များအားမေးမြန်းခဲ့ရာ ခဝဲသီးကို မိုးရာသီဖြစ်သော ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြောင်းသိရပါသည်။ တချို့ ဒေသများ၌ ဆောင်းရာသီနှင့် နွေရာသီတွင် စိုက်ပျိုးကြပြီး ရေလောင်းပေးရကြောင်းသိရပါသည်။  ခဝဲသီးကို ဝါးစင်ပြုလုပ်၍စိုက်ပျိုးရပြီး ခဝဲသီးမျိုးမှာ မျှားနီတံဆိပ်ဖြစ်ပြီး အစေ့(၁၀၀)ပါတစ်ထုပ်လျှင် (၁၁၀၀၀) ကျပ်ဖြင့် တစ်ထုပ်ခွဲခန့်ဝယ်ယူ၍စိုက်ပျိုးကြောင်းသိရပါသည်။ ခဝဲပင်စိုက်ပျိုးရာတွင် ဝါးစင်အပါ ကုန်ကျငွေမှာ (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရပါသည်။ ခဝဲသီးကို စိုက်ပျိုးပြီး (၂) လအကြာတွင် အသီးများခူးဆွတ်၍ ရောင်းချရပါသည်။ ခဝဲသီးကို တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ (၂၀၀) ခန့်ရရှိသည်ဟု သိရပါသည်။ ကုန်စိမ်းဒိုင်များက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူမှုရှိပြီး တစ်တောင့်လျှင် ပေါ်စအချိန်တွင် (၂၀၀) ကျပ်ခန့်ရရှိပြီး ယခုအချိန်တွင် တစ်တောင့်လျှင် (၁၆၀) ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ခဝဲသီးများတုံးသည့်အချိန်အထိ တောင်သူအကျိုးအမြတ်မှာ ကျပ် (၅) သိန်းခန့်ရရှိသည်ဟု သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် ခရမ်းသီးများအရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရ

    ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခရမ်းသီးများစိုက်ပျိုးထားရှိကြောင်းသိရရှိသဖြင့် (၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရမ်းသီးစိုက်ပျိုးသည့် တောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။

   ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခရမ်းသီးစိုက်ပျိုးသည့် တောင်သူ ဦးသန်းအေးနှင့်တွေ့ဆုံ၍ ခရမ်းသီးစိုက်ပျိုးမှုနှင့် အကျိုးအမြတ်ဈေးနှုန်းဈေးကွက်များအား မေးမြန်းခဲ့ရာ ခရမ်းသီးကို ဧပြီလမှစတင်စိုက်ပျိုးပြီး ယခုအချိန် ဇွန်လတွင် စတင်ခူးဆွတ်ကြောင်း၊  ခရမ်းသီးကို (၀.၂၅ ) ဧကစိုက်ပျိုးပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ခရမ်းသီးထွက်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿာချိန် (၂၀၀) ခန့်ထွက်ရှိပြီး ကုန်သည်ပွဲစားများက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြပြီး တစ်ပိဿာလျှင် (၆၀၀) ကျပ်ဖြင့်ရောင်းချကြောင်းနှင့် ယခင်နှစ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၄၅၀)ကျပ်ဖြင့် ရောင်းချရသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးကောင်းရသဖြင့် ခရမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရ၍ အကျိုးအမြတ်များများရရှိသဖြင့် ဧကများတိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၏ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် နွေစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၌ မိုးစပါးစိုက်ပျိုးရန်အတွက် ခရိုင်ချုပ်တွင် ကြဲခင်းလျာထားဧကမှာ (၁၅၈၈၆၂) ဧကဖြစ်ပြီး ကြဲခင်းစိုက်ပျိုးပြီးဧက (၃၁၁၇၇) ဧက၊ Drum Seed စိုက်ရန်လျာထားဧက (၂၃၅၅၂၈) ဧကတွင် စိုက်ပျိုးပြီးဧက (၂၉၁၃၃) ဧက၊ ပျိုးထောင်ပြီးစိုက်ရန် လျာထားဧက (၁၂၃၁၂၀) ဧကရှိသော်လည်း ပျိုးထောင်ထားပြီးနောက် စိုက်ပျိုးဧကတွင် စိုက်ပျိုးခြင်းမရှိသေးပါကြောင်းနှင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် သာယာဝတီခရိုင်ချုပ်တွင် လျာထားစိုက်ဧက (၅၁၇၅၁၀) ဧကလျာထားပြီး စိုက်ပျိုးနိုင်မှုဧကမှာ (၆၀၃၁၀) ဧကဖြစ်ပါသဖြင့် စိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းမှာ ၁၁.၆၅%ပြီးစီးနေကြောင်း သိရှိရပါသည်။

    နွေစပါး စိုက်ပျိုး/ရိတ်သိမ်း/ထွက်ရှိမှုအခြေအနေမှာ သာယာဝတီခရိုင်ချုပ်တွင် စိုက်ပျိုးပြီးဧက (၈၇၂၈၄) ဧကရှိရာ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် သာယာဝတီမြို့နယ်တွင် (၂၂၂၈၂) ဧက၊ လက်ပံတန်းမြို့နယ်တွင် (၅၃၀၂) ဧက၊ မင်းလှမြို့နယ်တွင် (၂၀၃၂) ဧက၊ မိုးညိုမြို့နယ်တွင် (၁၆၇) ဧက၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်များမှာ ရိတ်သိမ်းမှုမရှိသေးကြောင်းသိရှိရသည်။ ခရိုင်ချုပ်စိုက်ပျိုးပြီးစီးမှုအနေဖြင့် ရိတ်ဧကစုစုပေါင်း (၂၉၇၈၃) ဧက၊ ပျမ်းမျှအထွက်နှုန်း (၉၆.၆၁) တင်း၊ အထွက်တင်းစုစုပေါင်းမှာ (၂၈၇၇၂၉၄) တင်းထွက်ရှိလျက်ရှိကြောင်း ခရိုင်မြေစာရင်းဌာနများမှသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ချင်းနှင့် ကြက်သွန်ဖြူဈေးကွက်

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာဈေး၌ ၂၀၂၃ခုနှစ်၊ မေလ၊ နောက်ဆုံးအပတ်တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၇၀၀) ကျပ်မှ (၇၅၀) ကျပ်၊ ဇွန်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၇၅၀) ကျပ်မှ (၁၂၀၀) ကျပ်အထိမြင့်တက်လာပါသည်။

    ဇွန်လ၊ ပထမအပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၆၀၀၀) ကျပ်နှင့် ကြူကုတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်တို့ဖြင့် ဈေးအနည်းငယ်စီမြင့်တက်ခဲ့ပြီး  ယခုဇွန်လ၊ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်အထိမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

     လက်ပံတန်းမြို့မဈေးအတွင်း၌ အများဆုံးရောင်းချလျက်ရှိသော ငါးမြစ်ချင်း၊ ငါးကျည်း၊ ငါးခူ၊ ငါးကြင်း၊ ငါးများ၏ လက်လီ‌ရောင်းချပေးသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမပပတ်နှင့် ဇွန်လ၊ တတိယအပတ်တို့တွင် ငါးကြင်း(ဖြူ)တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငါးခူ/ငါးကျည်း (၁၀) ကျပ်သားလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် မေလ၊ စတုတ္ထအပတ်ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေပါသည်။ ယခုဇွန်လ၊ တတိယအပတ်တွင် ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းခြစ်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေချိုပုစွန်(ကြီး)တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်၊ ရေချိုပုစွန်(အသေး)တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ရေငန်ပုစွန်(အကြီး)တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ရေငန်ပုစွန်(အသေး)တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးနှုန်းများဖြင့် အသီးသီးရောင်းချနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း