Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

        ၂၀၂၃ ခုနှစ် ဧပြီလ (ပထမအပတ်)အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း) တစ်ပြည် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း) တစ်ပြည် (၃၂၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၃၂၀၀) ကျပ်၊ ယခင်အပတ်ထက်ရွှေဘိုပေါ်ဆန်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး ဧရာမင်း(အသစ်)တစ်ပြည် (၃၀၀၀) ကျပ် ယခင်အပတ်ထက် ဧရာမင်း (အသစ်)ဈေး တစ်ပြည်လျှင် (၂၀၀)ကျပ် မြင့်တက်နေပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၅၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၃၀၀) ကျပ် ကြက်သွန်နီ ရိုးရိုး အမျိုး အစား(အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၁၄၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၁၂၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၈၀၀)ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၅၅၀၀) ကျပ် ကြက်သွန်ဖြူ လက်လီဈေး မှာ(ဗမာ) အလုံးသေး တစ်ပိသာ(၄၃၀၀)ကျပ် မှ  (၅၀၀၀) ကျပ် ၊ ယခင်အပတ်ဈေးအတိုင်းဖြစ်ပြီး ကြူကုတ် တစ်ပိသာ (၄၈၀၀) ကျပ် မှ (၅၃၀၀) ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်နေပြီး ၊ ချင်း တစ်ပိသာ (၃၅၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက် တစ်ပိသာလျှင် (၈၀၀)ကျပ် မြင့်တက်နေပြီး ငရုတ်သီးခြောက် အမျိုးအစားအလိုက် (၁၆၀၀၀) ကျပ် မှ (၂၅၀၀၀) ကျပ် ယခင်အပတ်အတိုင်း ငြိမ်နေပြီး၊ အာလူးတစ်ပိသာ  (၂၃၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ငရုပ်သီးစိမ်း တစ်ပိသာ (၂၅၀၀) ကျပ်  ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ခရမ်းချဉ်သီး တစ်ပိသာ (၁၀၀၀) ကျပ် မှ(၁၂၀၀)ကျပ် ဖြစ်နေပြီး မတ်လကုန်အပတ်ထက်(၃၀၀/၄၀၀)ကျပ်ဝန်းကျင် မြင့်တက်နေကြောင်း ၊ ခရမ်းသီး တစ်ပိသာ (၅၀၀) ကျပ် ၊ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် လျှင်(၈၀၀) ကျပ်၊ ခါကြက်ဥ တစ်ပိသာ (၂၅၀၀) ကျပ် မှ (၃၀၀၀) ကျပ်၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ကုန်စိမ်းများသည် ယခင်အပတ်နှင့်ကွာခြားမှုမရှိကြောင်း ဈေးသည်တစ်ဦး ထံမှသိရှိရပါသည် ။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၅၀)ကျပ်၊ (အသေ)တစ်လုံး (၂၃၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀) ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၀၀၀၀ )ကျပ် မှ (၁၂၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၀၀၀၀) ကျပ် မှ (၁၂၀၀၀) ကျပ် ထိ၊ ငါးကြင်း တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၅၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၄၀၀၀) ကျပ် မှ (၆၀၀၀) ကျပ် ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာ လျှင် (၁၄၀၀၀) ကျပ် မတ်လကုန်အပတ်ထက် တစ်ပိသာလျှင်(၁၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ စားအုံးဆီ တစ်ပိသာလျှင် (၇၂၀၀)ကျပ် မတ်လကုန်အပတ်ထက် တစ်ပိသာလျှင်(၂၀၀)ကျပ် မြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(မကွေး)

 

                                                         

ကန့်ဘလူ၊ ကျွန်းလှ ဒေသထွက် ရာသီစာညောင်ချိုဖူးဖြင့် မိသားစုဝင်ငွေရရှိ

      ညောင်ဖူးဆိုသည်မှာ ကန့်ဘလူ၊ ကျွန်းလှ ဒေသတွင်မှ မဟုတ်ပဲ ဒေသတိုင်းနှင့်လူတိုင်း အထွေအထူးပြောပြစရာမလိုဘဲ မြင်ဘူးပြီး ရင်းနှီးပြီးသားလည်းဖြစ်ပါသည်။ လူများစားရတဲ့ ညောင်ပင်မှာဆိုရင် ညောင်ချိုပင်နှင့် ညောင်ချဉ်ပင်ဆိုပီး(၂)မျိုးရှိရာမှာ ညောင်ချိုပင်မှ ထွက်ရှိသော အဖူးနုနုထွတ်ထွထ်လေးတွေကို လူအများကခူးပြီး ရေနွေး ပွက်ပွက်ဆူ မှာထည့်ပြုတ်ကာ ခရမ်းချဉ်သီးငပိဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ကြက်သွန်ကြော်တို့နဲ့ သုပ်စားကြသလို ငပိရည် နဲ့ တို့စရာအဖြစ်လည်း စားကြပါသည်။ ညောင်ချည်ဖူးသည် ချည်ရည်ကျို၍သာ စားကြတာဖြစ်ပါသည်။ ယခုအချိန်ရာသီတွင် ညောင်ချိုဖူးလေးများ စတင်ထွက်လာပြီ ဖြစ်သဖြင့် ညောင်ချိုဖူး နုနုလေးများကို ခူးဆွတ်ပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် ရာသီပေါ်ပင်စာလေး ဖြစ်သဖြင့် ဈေးကောင်းရောင်းရပြီး မိသားစုဝင်ငွေ ရရှိနေကြပါသည်။ ညောင်ချိုဖူး နုနုလေးများကိုပြုတ် ရေညစ်ပြီး (၁၀)ကျပ်သားခန့် အလုံးလေး တစ်လုံးလျှင် ကျပ်(၃၀၀)နှင့် (၂)လုံးလျှင်ကျပ်(၅၀၀)နှုန်း၊ တပိဿာလျှင် ကျပ်(၂၅၀၀)နှုန်းဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆက်လက်ဈေးငြိမ်နေသော ဆောင်းမြေပဲလုံးဆံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဧပြီလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

   ရွှေဘိုခရိုင်အတွင်းစိုက်ပျိုးထားသော ဆောင်းမြေပဲများရိတ်သိမ်းပြီး၍ ရွှေဘိုဈေးကွက်သို့ မြေပဲလုံးဆံများ ဖေဖော်ဝါရီလ (စတုတ္ထပတ်)မှစတင်ဝင်ရောက်လာပြီး ဧပြီလ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဧပြီလ (ပထမပတ်)၌ မြေပဲလုံးဆံတစ်တင်းလျှင်(၁၀၀၈၀ဝိ/-) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀)တင်း/ (၃)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ယခင်အပတ်တွင်လည်း မြေပဲလုံးဆံတစ် တင်းလျှင် (၁၀၀၈၀ဝိ/-)ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီသဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

အဝင်နည်းသလောက် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေသည့် ပဲစဉ်းငုံ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဧပြီလ၊ ပထမပတ်အတွင်း အရောင်းအဝယ် ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

     ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဧပြီလ(ပထမပတ်)၌ ပဲစဉ်းငုံနီတစ်တင်းလျင်(၇၅၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၀၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံနီ အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ယခင်အပတ်တွင်လည်း ပဲစဉ်းငုံနီတစ်တင်းလျှင်(၇၅၀၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီသဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မတ်လနှင့် ဧပြီလဆန်းပိုင်းအတွင်း ပွဲရုံများတွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် မတ်လနှင့် ဧပြီလဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစဉ်းငုံ (အနီ) (၁၅၀၀၀)တင်း/(၄၉၀)တန် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာတစ်တင်းလျှင် (၇၅၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ပဲစဉ်းငုံ (အဖြူ)(၄၅၀၀)တင်း/(၁၄၇)တန် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာ တစ်တင်းလျှင်(၇၂၀၀၀)ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း၊ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၆၀၀)တင်း/(၁၈.၇၀)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၆၀၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၂၀၀)တင်း/(၆.၂၄)တန်ဈေးနှုန်း တစ်တင်းလျှင် (၆၅၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစား (၈၀၀)တင်း/(၂၄.၅)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၄၀၀၀)ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၂၀၀၀) /တန်(၆၁.၂၇)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၅၀၀၀)ကျပ်နှုန်း ပေါက်ဈေးရှိပြီး၊ မတ်ပဲ တင်း(၄၀၀၀) /တန်(၁၃၀) ဈေးနှုန်း တစ်တင်းလျှင်(၆၄၀၀၀)ကျပ်နှုန်း ၊ ပဲတီစိမ်း တင်း(၁၀၀)/တန်(၃.၀၆) ဈေးနှုန်းမှာ အလုံး အကြီးတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊ အလုံးသေး တစ်တင်းလျှင်(၄၈၀၀၀)ကျပ် ပေါက်ဈေးရှိပြီး မတ်လဝက်လောက်မှစပြီး နေကြာများ စတင်ဝင်ရောက်လာပြီး ယခုထိနေကြာ တင်း(၃၀၀)/(၄.၄၁)တန် ဈေးနှုန်းမှာ(၃၄၀၀၀)ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထွက်ရှိသော သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

       မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်စသည့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

      ယခုဧပြီလ ပထမအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၅၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၄၀၀၀မှ ၆၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် (၁၃၀၀)ကျပ်၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

      မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ယခုဧပြီလ(ပထမအပတ်)တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)မှ ကျပ်(၉၀၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၇၅၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၀၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀မှ ၄၀၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၃၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဝက်လက်မြို့နယ်၏ ဧပြီလ၊ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ဧပြီလ၊ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၈၅၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၀၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ယခင်မတ်လ (စတုတ္တပတ်) စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၂၀၀၀၀ဝိ/-)ကျပ်ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၀၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၁၈၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၇၅၀၀ဝိ/)ကျပ်ရှိကြောင်း၊ ယခင်အပတ်နှင့်  နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-) ကျပ်၊ ဆန်ဈေးနှုန်းမှာ ဈေးအတက်/အကျမရှိဘဲ (၈၀၀၀ဝိ/-) ကျပ်ဖြင့် ဈေးငြိမ်နေပြီး ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၅၀၀ဝိ/-)ကျပ် ခန့်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်၌ ဈေးအနည်းငယ်အေးပြီး အရောင်းအဝယ်ဖြစ်နေသော ကုလားပဲ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။ ဧပြီလ၊ ပထမပတ်အတွင်း ရွှေဘိုမြို့တွင် ပဲ၊ နှမ်းကုန်စည်ဒိုင်များ၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံအမျိုးအစားအလိုက် တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

   ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ (တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်လာပြီး ဧပြီလ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိရာ ယခုအပတ်တွင်လည်း ကုလားပဲ(V2) တစ်မျိုးတည်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဧပြီလ(ပထမပတ်)အတွင်း အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင် (၆၇၅၀ဝိ/-)ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀)တင်း/ (၆)တန်ဖြစ်ကြောင်း၊ ကုလာပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊  ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2) တစ်တင်းလျင်(၆၈၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်လျော့နည်း သွားပြီး တောင်သူလက်ထဲတွင် လက်ကျန်နည်းခြင်းနှင့် သင်္ကြန်ကာလနီးခြင်းကြောင့် ဝင်ရောက်မှုလည်း နည်းကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဧပြီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်များအနေဖြင့် ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၅၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၁၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၂၀၀၀ ကျပ် စသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် မတ်လ (စတုတ္ထပတ်)၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၁၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

      ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်မတ်လ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသဆန်)၊ စားအုန်းဆီ၊ ကြက်ဥ၊ အာလူး၊ ဂျင်း၊ ကြက်သား (CP)၊ ငါးကြင်းနှင့် ငါးမြစ်ချင်း၊ ခရမ်းချဉ်သီး ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း