Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာ၌ ဝါသီးနှံများစတင်စိုက်ပျိုးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ကြက်သွန်နီနှင့် ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိရာ မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မန်းသံပုရာကန်၊ ကုန်းကြီး၊ ဂျင်ရဲမြောင်၊ တောင်ဦး စသည့်ကျေးရွာများ၌ ဝါသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း၊  အထက်မင်းလှမြို့၊ မယ်ဇလီတောကျေးရွာတွင် တောင်သူ(၂၀) ဦးမှ ဝါသီးနှံစိုက်ဧက(၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပြီး  သီးသန့်စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (ပထမပတ်)တွင် စတင်စိုက်ပျိုးကြပြီး မျိုးများအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါ စသည့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးများကို မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ()ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဝယ်ယူရပြီး ဝါသီးနှံတစ်ဧကလျှင် မျိုးစေ့()ပိဿာခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ် အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ယခင်နှစ်နည်းတူ ယခုနှစ် တွင်လည်း တစ်ဧကလျှင် စုစုပေါင်းငွေကျပ်()သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် တစ်ဧကတွင် ပိဿာချိန်(၅၀၀)ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဝါသီးနှံပေါ်စအချိန်တွင် တစ်ပိဿာလျှင် ငွေကျပ်(၃၈၀၀-၅၂၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေဖြင့် ငွေကျပ်(၁၃)သိန်းမှ (၂၀)သိန်းထိရရှိကြောင်း သိရသည်။   ဈေးကွက်အနေဖြင့် ဝါသီးနှံများကို အထက်မင်းလှမြို့ပေါ်ရှိ ဝါသီးနှံပွဲရုံများသို့ တင်ပို့ ရောင်းချကြောင်း၊  ၎င်းပွဲရုံများမှတဆင့် အောင်လံမြို့နှင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း၊ ဝါသီးနှံသည် စိုက်ပျိုးရန်လွယ်ကူပြီး မိုးသီးနှံဖြစ်သည့်အတွက် မိုးတွင်းကာလမှာစိုက်ပျိုးကာ မိုးကောင်းသော နှစ်များတွင် အထွက်နှုန်းများ ပိုမိုထွက်ရှိကြောင်း၊ ယခင်နှစ်က မင်းလှမြို့နယ်အနေဖြင့် ဝါအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းလည်းရသောကြောင့် စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဝါအထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ် နည်းတူ ဈေးကောင်းရရှိပါက ဝါစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ် ပါကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။  

DOCA(မကွေး)

ဘားအံမြို့ပေါ်ရှိ ကြက်ဥ၊ဘဲဥ ဈေးကွက်ဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင်  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများအရောင်းတွက်လျက်ရှိကြောင်း သိရသည်။

  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်း ကွာဟလျှက်ရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဘဲဥ အလုံးကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ဘဲဥ အလုံးသေးတစ်လုံး လျှင် (၅၅၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်၊ဆားဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်နှင့်ငုံးဥ တစ်လုံး(၁၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျှက်ရှိကြာင်းနှင့် ယခင်နှစ်ဝက်နှင့်ယခုနှစ်တွင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

DOCA(ကရင်)

 

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၀.၇.၂၀၂၅ ရက်နေ့တွင် မြောင်းမြမြို့နယ်မှ ဝေဠုဝတီသင်္ဘောဖြင့် ကြားပျံ(၈၅၀) အိတ်၊  ပေါ်ဆန်း(၉၈၁) အိတ်၊ ဧည့်မထ(၂၁၄၁)အိတ်၊ ဆန်ကွဲ(၁၁၂၈) အိတ်နှင့် ကြယ်ဆန်းလင်း သင်္ဘော ဖြင့်ကြားပျံ(၁၈၇) အိတ်၊ ပေါ်ဆန်း(၆၅၉)၊ ပေါ်ကျွဲ(၇၉)၊ ဧည့်မထ(၂၂၈၃) အိတ်တို့ဝင်ရောက်ပြီး ဘိုကလေးမြို့နယ်မှ သုခဝတီရေယာဉ်ဖြင့်  ကြားပျံ(၃၀၀) အိတ်၊ ပေါ်ဆန်း(၆၃၉) အိတ်၊ ပေါ်ကျွဲ(၇၉) အိတ်၊ ဧည့်မထ (၂၂၈၃) အိတ်၊ ထိန်လင်းရတနာသင်္ဘောဖြင့် ကြားပျံ(၂၅၃) အိတ်၊ ပေါ်ဆန်း(၆၀၀) အိတ်၊  ဧည့်မထ (၂၀၈၇) အိတ်၊ သန်းမြတ်ကျော်သင်္ဘောဖြင့် ဧည့်မထ (၁၁၀၉)အိတ်၊ ဆန်ကွဲ(၅၅၀) အိတ်၊ မော်ကျွန်းမှ သိရိဧရာ သင်္ဘောဖြင့်  ပေါ်ဆန်း (၁၁၇၉) အိတ်၊ ပေါ်ကျွဲ (၃၀၀) အိတ်၊ ဧည့်မထ(၂၉၂၀) အိတ်၊ ဆန်ကွဲ (၁၀၄၉) အိတ်၊ လပ္ပတ္တာမှ ရွှေနဒီသင်္ဘောဖြင့် ကြားပျံ(၁၆၂) အိတ်၊  ပေါ်ဆန်း(၂၅၀) အိတ်၊ ပေါ်ကျွဲ(၁၀၀) အိတ်၊ ဆန်ကွဲ (၉၇၉) အိတ်၊ ကျိုက်လတ်မှ ရွှေမြိုင်အောင် ရေယာဉ်ဖြင့် ဧည့်မထ(၄၅၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့ဒေသထွက်မန်ကျည်းသီးစိမ်းနုဈေးနှုန်း

    ၂၀၂၅ ခုနှစ်၊ မိုးရာသီဇူလိုင်လ တတိယပတ်တွင် ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် မန်ချည်းသီးစိမ်းနုများကို ဘားအံမြို့အနီးတဝိုက်ရှိကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောင်းချကြကြောင်း သိရသည်။

    မန်ကျည်းသီးစိမ်းနုကို မန်ကျည်းသီးစိမ်းငပိထောင်း၊ ငပိချက်တို့ ပြုလုပ်စားသုံးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးနိုင်ပါသည်။မန်ကျည်းသီးစိမ်းနု လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း(၁၀)သား (၂၀၀၀)ကျပ်နှုန်းခန့်တို့ဖြင့် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း မန်ကျည်းသီးစိမ်းနု အရောင်းဆိုင်မှ သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ပဲတောင့်ရှည်သီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည်ရာသီစာ သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်နှင့်စီးပွားဖြစ်ပါစိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ရာသီစာ မဟုတ်ပဲ ကုန်ကျစရိတ်နည်းပြီးအထွက်နှုန်းကောင်းကာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိသည့်  ပဲတောင့်ရှည်သီး သီးနှံကိုလည်း စိုက်ပျိုးကြသည်။ဒေသခံတောင်သူများသည် မိမိတို့၏စိုက်ခင်းမှ ထွက်ရှိသော  ပဲတောင့်ရှည်သီးများကို ဘားအံမြို့ပေါ်ဈေးများတို့ လက်ကား/လက်လီ လာရောက် ရောင်းချကြပါသည်။ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီ ဈေးနှုန်း တစ်ပိဿာလျှင် (၇၅၀၀)ကျပ်နှင့် ပဲတောင့်ရှည်သီး အစည်းသေးတစ်စီးလျှင် (၈၀၀၊ ၁၀၀၀) ကျပ်နှုန်းတို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ထားဝယ်မြို့ စက်သုံးဆီစျေးနှုန်းယခင်အပတ်နှင့်နှိုင်းယှဥ်ပါကအနည်းငယ်ကျဆင်း

    စက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  စက်သုံးဆီလက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှု အခြေအနေ များကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။

   ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်‌ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်း 92 တစ်လီတာ (၃၀၉၅)၊ 95 တစ်လီတာ(၃၁၄၅)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ (၂၇၇၀)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ (၃၄၂၀)ကျပ်ဖြစ်ပြီး ယခင်ပတ်နှင့် နှိုင်းယှဥ်ပါက စျေးနှုန်းများမှာ ကျဆင်းသွားကြောင်းသိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှု မရှိစေ ရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိ ပါသည်။

DOCA(တနင်္သာရီ)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

           ၈.၇.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ မြောင်းမြမြို့နယ်မှ ကားဖြင့်  ဧည့်မထ(၂၂၀)အိတ်ဝင် ရောက်ခဲ့ပါသည်။ ဘိုကလေးမြို့နယ်မှ ရေယာဉ်(၄) စင်းဖြင့် ကြားပျံ(၁၅၇၂) အိတ်၊ ပေါ်ဆန်း(၂၂၀၉) အိတ်၊ ပေါ်ကျွဲ(၃၈၀) အိတ်၊ ဧည့်မထ (၅၅၃၉) အိတ်၊ ဆန်ကွဲ(၂၁၇၄) အိတ်နှင့်  ကားဖြင့် ဧည့်မထ (၆၀၉) အိတ်၊ လပ္ပတ္တာမြို့နယ်မှ ထိန်လင်းရတနာသင်္ဘောဖြင့် ပေါ်ဆန်း (၁၅၄)အိတ်၊ ပေါ်ကျွဲ (၆၇၇)  အိတ်၊ ဧည့်မထ (၂၂၃)အိတ်၊ ဆန်ကွဲ(၁၂၂၂) အိတ်၊ ဝမ်းစတားထွန်း သင်္ဘောဖြင့်  ကြားပျံ (၁၇၁) အိတ်၊ ပေါ်ဆန်း (၈၉၃) အိတ်၊ ပေါ်ကျွဲ (၃၂၀) အိတ်၊ ဆန်ကွဲ (၄၅၀) အိတ်၊ ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၉၀၀) အိတ်၊ ပေါ်ကျွဲ(၁၂၀၀) အိတ်၊ ဧည့်မထအိတ် (၃၃၀၀)အိတ်နှင့်  ဆန်ကွဲ (၂၀၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

            ၈.၇.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ သင်္ဘောကားများဖြင့် ဆန်ဝင်ရောက်မှုမှာ ၇.၇.၂၀၂၅ ရက်နေ့ ဝင်ရောက်မှုထက် လျော့နည်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စျေးနှုန်းစျေးကွက်အခြေအနေ

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်  ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများ ပြီး ဟင်းသီးဟင်းရွက်များလည်း‌ပေါများသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသ တွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလာကြပါသည်။ နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော  ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်၊  တို့ကို စိုက်ပျိုး ရောင်းချနေကြောင်းသိရပါသည်။ ယခုရက်သတ္တပတ်အတွင်း  ကန်စွန်းရွက်(တစ်စည်း)လျှင် ၂၅၀/-ဂေါ်ဖီ ထုပ် (တစ်လုံး) လျှင် ၂၂၀၀/- ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၃၅၀၀/- ကျပ်၊  ငရုပ်သီးစိမ်း (တစ်ဗူး) လျှင် ၁၀၀၀/- ကျပ်၊ ပဲတောင့်ရှည် (တစ်စည်း)လျှင် ၇၀၀/- ကျပ်ဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ဒေသထွက်ဒန့်သလွန်ရွက်ဈေးနှုန်း

    ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများတွင် ဒေသခံတောင်သူများသည် ဒန့်သလွန်ပင် များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝန်းထဲတွင် တနိုင်စိုက်ပျိုးထားကြသည်။ ဒန့်သလွန်ရွက်များကို ဒေသခံ တောင်သူများက အပိုဝင်ငွေရရှိရန်အတွက် ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချကြသည်။ ဒန့်သလွန်ရွက်ကို ပိန်းဥ ၊ပုဇွန်၊ ပုဇွန်ခြောက်နှင့်ဟင်းချိုချက်စားနိုင်တလို ဟင်းရောဟင်းချက်ရာ တွင်လည်း ထဲ့ချက်စားသုံးကြသည်။ ဒန့်သလွန်ပင်သည် ပစ်စရာမရှိအောင်တစ်ပင်လုံး လူတို့၏ ကျန်းမာရေးကို ကောင်းကျိုးပြုသည့်အတွက် စားသုံးသင့်သော အရွက်တစ်မျိုးဖြစ်ပါသည်။ ဒန့်သ လွန်ရွက်ဈေးနှုန်းများမှာ ယခင် ဇွန်လတွင် ဒန့်သလွန်ရွက်တစ်စည်းလျှင်(၇၀၀)ကျပ် နှင့် (၃) စည်းလျှင် (၂၀၀၀)ကျပ်နှုန်း နှင့် ယခု ဇူလိုင်လ ဒန့်သလွန်ရွက် တစ်စည်းလျှင် (၁၀၀၀) ကျပ်၊ (၃)စည်းလျှင် (၂၈၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ထားဝယ်မြို့ရှိ ကြက်သွန်နီစျေးနှုန်း

ထားဝယ်ခရိုင်အတွင်း စည်ပင်သာယာစျေးကြီးများနှင့် ရပ်ကွက်စျေးများတွင် ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီစျေးနှုန်းမှာ ယခင်ပတ် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့် ရောင်းဝယ်လျက်ရှိပါသည်။ ယခု ဇူလိုင်လ တတိယပတ်တွင် ကုန်စည်အများအပြား ဝင်ရောက် လာသဖြင့် ကြက်သွန်နီစျေးနှုန်းများအရ တစ်ပိဿာလျှင် (၂၄၀၀) ခန့် စျေးနှုန်းများ မြင့်တက်လျက်ရှိကာ ရောင်းသူများအနေဖြင့်လည်း ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း