Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၃၀.၅.၂၀၂၄ )

၃၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၃၀.၅.၂၀၂၄ )

၃၀.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သာယာဝတီခရိုင်အတွင်း မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှု

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင်ဧပြီလနောက်ဆုံးသီတင်းပတ်တွင် ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ပိဿာ၂၀(၁တင်း)လျှင် ၁၀၂၁၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး မေလပထမပတ် နှင့် မေလဒုတိယပတ်အတွင်းမှာတော့ ၁၀၀၃၀၀ ကျပ်ထိအနည်းငယ်ကျဆင်းလျက်ရှိပြီး မေလ နောက် ဆုံးပတ်အတွင်း၌ ပိဿာ ၂၀(၁တင်း)လျှင် ၁၀၄၆၀၀ကျပ်အထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်း များမှာ အတက်အကျ ဖြစ်နေလျက်ရှိပါသည်။
စီးထွက်မှုအနေဖြင့် ဧပြီလ တစ်လလုံးတွင် ရန်ကုန်မြို့သို့အိတ်လုံးရေ (၁၄၄၈၅၀) ခန့်ထိ တင်ပို့နိုင်ခဲ့ပါသည်။ယခုမေလ နောက်ဆုံးသီတင်းပတ်ထိ တင်ပို့မှုအနေဖြင့်(၁၃၅၆၀၀) အိတ်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၀.၅.၂၀၂၄ )

၃၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

လက်ပံတန်းမြို့ဖွဲနုဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်း တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသလို အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသော တိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဧပြီလ နောက်ဆုံးပတ်တွင်ဖွဲနု တစ်ပေါင်လျှင် ၂၅၀ကျပ် ဈေးဖြင့် ဖွဲနု(၆၀)ပေါင်တစ်အိတ်လျှင် ၁၅၀၀၀ ကျပ်၊ မတ်လနောက်ဆုံးပတ်တွင် တစ်ပေါင်လျှင် ၂၆၅ ကျပ်နှုန်းဖြင့် ဖွဲနုပေါင်(၆၀)တစ်အိတ်လျှင် ၁၅၉၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဖွဲနုဈေးကွက် ဈေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

လက်ပံတန်းမြို့ဂျင်းနှင့် ကြက်သွန်ဖြူဈေးကွက်အခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်းများမှာ ဧပြီလနောက်ဆုံးပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး မေလ နောက်ဆုံးပတ်တွင်လည်း ၁၀၀၀ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိနေပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၆၀၀ကျပ်၊ မတ်လပထမပတ်/ဒုတိယပတ်/တတိယပတ်ထိ ဈေးနှုန်း အပြောင်းအလဲမရှိပဲ ဈေးငြိမ်နေပါသည်။

   ကြက်သွန်ဖြူ(ရှမ်းစ) ဈေးနှုန်းအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင်  ၁၀ ကျပ်သားလျှင် ၁၀၀၀-၁၂၀၀ကျပ် ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါသည်။ မေလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) ၁၀ကျပ်သားလျှင် ၁၂၀၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

DOCA(ပဲခူး)

 

ရာသီပေါ်သရက်သီး၏ တန်ဖိုးမြှင့်ထုတ်ကုန်

       ယခုလို မိုးဦးကျ မေလလယ်ကာလတွင် သရက်ပင်များမှ သရက်သီးပင်မှည့်များ လှိုင်လှိုင်  ပေါ်နေပြီဖြစ်ပါသည်။၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် သဲကုန်းမြို့နယ်တွင် ရိုးရိုးသရက်သီးမှည့် တစ်လုံး ၁၅၀-ကျပ်မှ ၂၀၀-ကျပ် နှင့် စိန်တစ်လုံး သရက်သီးတစ်လုံးလျှင် ၄၀၀-ကျပ်ဈေးရှိပါသည်။ သရက်သီးအစိမ်းထက် အမှည့်ကဈေးပိုရသလို သရက်သီးကို တန်ဖိုးမြှင့်ထုတ်လုပ်ပါက    ထိုထက်ပို၍ အခွင့်အလမ်းနှင့် ဈေးကွက် ပိုမိုရရှိမည် ဖြစ်ပါသည်။

     သရက်သီး၏ မျိုး၊ အနံ့၊ အရသာပေါ်မူတည်၍ အမှည့်ကိုထုပ်ပိုးပြင်ဆင်ကာ ပြည်ပပို့ကုန်   ရသလို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် သရက်သီးအစိမ်းယို၊ အမှည့်ယို၊ သရက်ပြင်နှင့် သရက်သီးသနပ်  ဟူ၍ (၄)မျိုးခန့် ထုတ်လုပ်နိုင်ပါသည်။ အစိမ်းယိုနှင့် သရက်သီးသနပ်ကိုမူ သရက်သီးအစိမ်းမှ ထုတ်လုပ်၍ အမှည့်ယိုနှင့် သရက်ပြင်ကို သရက်သီးအမှည့်မှ ထုတ်လုပ်ပါသည်။ သရက်သီးသနပ်ကို ကျွန်ုပ်တို့  ဘိုးဘွားများလက်ထက်မှ ပြုလုပ်ရောင်းချစားသုံးလာ၍ အထူးတလည်မဖေါ်ပြတော့ပါ။ သရက်ပြင်ပြုလုပ်ခြင်းနှင့် သရက်ယိုပြုလုပ်ပုံခြင်းတူ၍ သရက်ပြင်မှာမူ ယိုထိုး၍ ဖြန့်ခင်းကာ ခြောက်သွေ့အောင် (၂)ရက်ခန့် နေပူလှမ်းပေးရပါသည်။ တချို့ဆိုလျှင် သရက်ပြင်ကို နေလှမ်း၍ ခြောက်သွေ့လျှင်လေးထောင့် အချပ်လေးများလှီးဖြတ်ကာ အလိပ်ကလေးများလိပ်၍ ပလတ်စတစ်ဘူးထဲထည့်ပြီး လှပစွာထုပ်ပိုး ရောင်းချသည်ကိုတွေ့ရပါသည်။ သရက်ပြင်သည် ခြောက်သွေ့လျှင် တာရှည် အထားခံသော သဘာဝသွားရည်စာတစ်မျိုးလည်းဖြစ်ရာ စားသုံးရာတွင် အန္တရာယ်ကင်း လူကြိုက်များသောမုန့်တစ်ခုအဖြစ် ဈေးကွက်လည်းရရှိနိုင်ပါသည်။

       မည်သို့ပင်ထုတ်လုပ်သည်ဖြစ်စေ ၊ ယခုလိုမိုးဦးကျကာလတွင် သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချရန်အတွက် ကုန်ကြမ်းသရက်သီးများလည်း လှိုင်လှိုင်ပေါများသည့် အချိန်ကာလဖြစ်ပါသည်။ ထို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးအတွက် ရာသီ ပေါ် သရက်သီးကို ယခုထက်မက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဈေးကွက်ထဲတွင်  နေရာယူနိုင်ရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့ကြက်သွန်နီဈေးကွက်

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကြက်သွန်နီဈေးများမြင့်တက်နေကြောင်း သိရှိရ၍  အမှတ်(၃)ရပ်ကွက်နေ ကြက်သွန်နီလက်လီရောင်းချသူ ဒေါ်စောနှင်းနှင့်တွေ့ဆုံမေးမြန်းရာ ဒေသ တွင်း ကြက်သွန်နီထွက်ရှိမှုနည်းပြီး ယခုအချိန်သည် ကြက်သွန်နီ ထွက်ပေါ်ချိန်မဟုတ်၍ ဈေးကွက်တွင် ရောင်းချနေသော ကြက်သွန်နီများကို တောင်တွင်းကြီးဘက်မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။  ၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် ဝယ်ဈေးမှာ ကြက်သွန်နီ အသေး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ အလတ်(၁) ပိဿာလျှင် (၂၃၀၀)ကျပ်၊ အကြီး (အချော) (၁)ပိဿာလျှင် (၂၅၀၀) ကျပ် ဖြင့် ဝယ်ယူပြီး၊ ရောင်းချသောဈေးမှာ  အသေး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ အလတ် တစ်ပိဿာ လျှင် (၂၅၀၀)ကျပ် နှင့် အကြီး (အချော) ၁ပိဿာလျှင် (၂၇၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း သိရ၍ ကြက်သွန်နီ တစ်ပိဿာလျှင် ပြန်လည်ရောင်းချသူ အမြတ်ငွေမှာ (၂၀၀)ကျပ် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်တွင် တိုင်ထောင်ပဲစိုက်ပျိုးထားရှိ

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် တိုင်ထောင်ပဲများ စိုက်ပျိုးထားရှိပါသည်။ မီးလောင်ကျေးရွာတွင် အသီးအနှံမျိုးစုံစိုက်ပျိုးထားရှိပြီး ယခုအချိန်သည် တိုင်ထောင်ပဲများ ထွက်ရှိကြောင်း သိရသဖြင့် ကွင်းလေ့ရာတွင် တိုင်ထောင်ပဲကို စိုက်ပျိုးရန် ဘောင်ပြုလုပ်ပြီး ကျွင်းတူးမျိုးစေ့ချခြင်း စိုက်ပျိုးရပါသည်။ စိုက်ပျိုးပြီး (၈) ရက်ကြာလျှင် အညှောင့်ပေါက်ပြီး အညွှန့်တက်အမှီဝါးတိုင်များပြုလုပ်ရသည်။ တိုင်ထောင်ပဲ စိုက်ပျိုးထုတ်လုပ် ကုန်ကျ စရိတ်အနေဖြင့် မြေဩဇာ၊ ရေလောင်းခြင်း၊ လုပ်အားခ၊ မျိုးဖိုး စုစုပေါင်းကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ကုန်ကျသည်။ တိုင်ထောင်ပဲကို တပေါင်းလ ကုန်ခါနီး နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် ခူးဆွတ်ရောင်းချလို့ရကြောင်း သိရသည်။ တစ်ခါခူးလျှင် တိုင်ထောင်ပဲအတောင့်ရေ (၂၅၀၀)မှ (၃၀၀၀)ထိ ရရှိပြီး တစ်ရက်ခြားတစ်ခါခူးဆွတ်ရပါသည်။ ထွက်ရှိလာသောပဲသီးများကို ကုန်စိမ်းဒိုင်များမှ အခင်းထဲထိဆင်း၍ ဝယ်ယူကြပြီး ပဲတောင့် (၁) တောင့်လျှင်(၄၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ တိုင်ထောင်ပဲ စိုက်ပျိုးသူ တောင်သူ အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်ထက် ထက်ဝက်ကျော်မြတ်ကြောင်း သိရသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက်ရုံးပတီသီး အရောင်းအဝယ်သွက်လျက်ရှိ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ရုံးပတီသီးများစိုက်ပျိုးထားရှိကြောင်း သိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၄.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုံးပတီသီး စိုက်ကွင်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ထိုသို့သွားရောက် ကွင်းဆင်းလေ့လာရာတွင် ရုံးပတီသီးစိုက်ပျိုးသူ တောင်သူဦးကျော်နိုင်ဦး  စိုက်ပျိုးထားသည့်မျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅)ဧကရှိ၍ တပို့တွဲလမှ စတင်စိုက်ပျိုးပြီး ဧပြီလမှာ အသီးများ စတင်ခူးဆွတ်ရပါသည်။ တစ်ခါခူးဆွတ်လျှင်ရုံးပတီသီး အတောင့်(၂၀၀၀)ကျော်ခူးဆွတ်ရပြီးတစ်ရက်ခြား/နှစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပါသည်။ တစ်ခါ စိုက်ပျိုးထားလျင် ရုံးပတီသီးကို (၂)လ‌ကျော်ခူးဆွတ်ရပါသည်။ ၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် ရောင်းချသောဈေးနှုန်းမှာ လက်ကား တစ်တောင့်လျှင်(၂၀)ကျပ်နှုန်းဖြင့် ‌ရွှေတောင်မြို့မှဒိုင်များက လာရောက်သိမ်းယူပြီး ပြည်မြို့သို့ ကိုယ်တိုင်သွားရောက်ရောင်းချပါသည်။ လက်လီ၁တောင့်လျှင် (၃၅)ကျပ်၊  ၁၀၀ဖိုး ၃တောင့်‌ဖြင့် ရောင်းချရပါသည်။ စတင်စိုက်ပျိုးချိန်မှခူးဆွတ်ပြီးသည့်အချိန်ထိ ကုန်ကျစရိတ်မှာ (၃)သိန်းကျော်ခန့်ရှိပြီး အကျိုးအမြတ်မှာ (၈)သိန်းကျော်ဝန်းကျင်လောက် ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း