Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၃၁.၅.၂၀၂၄ )

၃၁.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကန့်ဘလူခရိုင်တွင် မုန်လာထုပ်နှင့် ပန်းမုံလာပွင့်ဈေးနှုန်းများမြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြပြီး စားသောက်ဆိုင်များက ဓိကဝယ်ယူကြောင်းသိရှိရသည်။

       ယခုအခါ ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်အတွင်း  မုန်လာထုပ်နှင့်ပန်းမုံလာပွင့်များ အထွက်နည်းလာသည့်အတွက် မန္တလေးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် မုန်လာထုတ်အသေးတစ်ထုပ်လျှင် ၁၅၀၀ကျပ်၊ အလတ်တစ်ထုပ်လျှင် ၂၀၀၀ကျပ်၊ အကြီးတစ်ထုပ်လျှင် ၃၀၀၀ကျပ်၊ ပန်းမုံလာတစ်ပွင့်လျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊  မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များအဝင်နည်းသည့်အတွက် ယခင်ဧပြီလဈေးနှုန်းတို့နှင့်နှိုင်းယှဉ်မည်ဆိုပါက ဈေးနှုန်းမြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၃၁.၅.၂၀၂၄ )

၃၁.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ရာသီစာ ကြက်တက်ရွက်ပြုတ်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ပေါများစွာရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်တက်ရွက်မှာ မိုးဦးကျစ မေလတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးဖြစ်ရာ တောထဲသို့ သွားရောက်ခူးယူကြပြီး ရရှိလာသောအရွက်များကို  နာရီဝက်ခန့်ကြာအောင် ရေဖြင့်ပြုတ်၍ အလေးချိန်ဖြင့်သော်လည်းကောင်း၊ လက်တစ်ဆုပ်စာအလုံးလေးများလုံး၍သော်လည်း‌ကောင်း ဈေးထဲ၌ ရောင်းချကြပါသည်။

       ကြက်တက်ရွက်ကို စားသုံးခြင်းအားဖြင့် ဝမ်းသက်စေ၍ ဝမ်းချုပ်တတ်သူများ စားသုံးရန်သင့်ပါသည်။ ကြက်တက်ရွက်ပြုတ်ကို လက်ဖက်မစားရဲသူများနှင့် လဖက်မကြိုက်သူများမှာ သုပ်၍စားသုံးကြပါသည်။ ကြက်တက်ရွက်ပြုတ်ကို  လက်ဖက်၊ ချင်းတို့နှင့်ရောနှောသုပ်စား၍သော်လည်းကောင်း၊ မြေပဲဆန်ထောင်းနှင့်တွဲဖက်၍သော်လည်းကောင်း၊ ဟင်းလျာအနေဖြင့်သော်လည်းကောင်း သုပ်စားနိုင်ပါသည်။

     ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး စားစရာတစ်မျိုးဖြစ်ရာ ဈေးနှုန်းဈေးကွက်အနေဖြင့်  ကြက်တက်ရွက်ပြုတ်တစ်ပိသာလျှင် (၂၅၀၀/၃၀၀၀)ကျပ်အထိပေါက်ဈေးရှိပြီး ကြက်တက်ရွက်ပြုတ် လက်တွင်းဆုပ်ရောင်းသော အဆုပ်တစ်လုံးလျှင် (၂၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချကြောင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ကြက်တက်ရွက်ပြုတ်ရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်တို့ရှိ အသားတိုးဝက်မွေးမြူခြင်းလုပ်ငန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်တွင် အသားတိုးဝက်များမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးကျော်သူနှင့်သွားရောက်တွေ့ဆုံခဲ့ရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ဒေသများ၌ မျိုးမြင့်ဝက်များဖြစ်သည့် လင်းဒရေစ့်၊ ပီယာထရိန်း ၊ ဂျူး စသည့်ဝက်ပေါက် တစ်လခွဲသားလေးများကို တစ်ကောင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့်  ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ၎င်းဝက်ပေါက်လေးများမွေးမြူရာတွင် ဝက်ခြံများကို ကွန်ကရစ်အခင်းများဖြင့် လေဝင်လေထွက်ကောင်းမွန်သော အဆောက်အဦများနှင့် သန့်ရှင်းသပ်ရပ်စွာမွေးမြူဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဝက်ပေါက်ကလေးများကို အစာအိတ် ဒီဟတ်အမျိုးအစား နံပါတ် 3825 အိတ်၊ နံပါတ် 3835 တစ်အိတ်၊ 3845 တစ်အိတ်နှင့် 3855 တစ်အိတ်၊ စုစုပေါင်း ဒီဟတ်အမျိုးအစား အစာအိတ် (၄)အိတ်ကုန်သည်အထိကျွေးရပြီး အစာအိတ်တစ်အိတ်လျှင် (၅၁၇၀၀)ကျပ်နှင့် (၅၂၀၀၀)ကျပ်နှုန်းခန့်ရှိသဖြင့်  အစာအိတ် (၄)အိတ်ကုန်ကျစရိတ်မှာ (၂၀၈၀၀၀)ကျပ်နှင့် ဝဲဆေး၊ သန်ချဆေးထိုးပါက (၁၀၀၀၀) ကျပ်ခန့်ထပ်မံကုန်ကျပြီး ဝက်ပေါက်တစ်ကောင်ဝယ်ယူလျှင် ကျပ်(၁၀၀၀၀၀)နှင့် စုစုပေါင်း ဝက်တစ်ကောင်၏ ကုန်ကျစရိတ်မှာ ကျပ်(၃၂၀၀၀၀)ခန့်ကုန်ကျမည်ဖြစ်ကြောင်းသိရှိရပါသည်။

      ဝက်၏အသက်နှင့် အရွယ်အစားမှာ ၃လခွဲ/ ၄လသားရှိပါက ရောင်းတန်းဝင် အသားတိုးဝက်ဖြစ်ပြီး အလေးချိန်အားဖြင့် ပိဿာ(၅၅/၆၀)ထွက်ရှိလာကြောင်း၊ ယခုအချိန်တွင် ဝက်သားများ ဈေးကောင်းရရှိနေသဖြင့် အရှင်ဝက်သားဈေးကတ္တားဈေးမှာ တစ်ပိဿာလျှင် (၉၈၀၀/၁၀၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ ဝက်တစ်ကောင်ကို တစ်ပိဿာလျှင် (၉၈၀၀)ကျပ်နှုန်းဖြင့် ပျမ်းမျှတွက်ကြည့်မည်ဆိုပါက ပိဿာချိန် (၅၅)ပိဿာထွက်ရှိပြီး ကျပ်(၅၃၉၀၀၀)ရရှိကာ ဝက်တစ်ကောင်၏ ကုန်ကျစရိတ် (၃၂၀၀၀၀)ကျပ်နှင့်နှိုင်းယှဉ်ကြည့်ပါက ဝက်တစ်ကောင်၏ အကျိုးအမြတ်ငွေမှာ (၂၁၉၀၀၀)ကျပ်အထိ အမြတ်ငွေများရရှိပြီး  ဝက်အကောင်ရေများများမွေးမြူနိုင်ပါက အကျိုးအမြတ်များစွာရရှိမည်ဖြစ်၍ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်သည်အထိ မွေးမြူသင့်ကြောင်း ‌အသားတိုးဝက်မွေးမြူသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။   

DOCA(စစ်ကိုင်း)                                                               

         

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

     သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ တတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀) အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု မေလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၆၀၀)  အိတ်ခန့်၊ တန်ချိန်အား ဖြင့် (၂၇၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ မေလ၏ တတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး၊ မေလ၏ နောက်ဆုံးအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၁၉၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၉၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ မေလ၏ နောက်ဆုံးအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၅၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၃၀၀၀၀၀) ခန့်၊ ကမာကြည် (၂၈၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၉၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၅၅၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၅၀၀၀၀) ခန့်၊ ကမာကြည် (၁၂၅၀၀၀)ခန့်၊ ဧည့်မထ (၈၀၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ပြီး ဆန်ဈေးမှာ ယခင်အပတ်ထက် အတက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၄ခုနှစ်၊ မေလ (စတုတ္ထပတ်) အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)တစ်အိတ်လျှင် ၁၅၀,၀၀၀ကျပ်၊ ဧရာမင်း(ဆန်) (သစ်) တစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧည့်မထ ဆန်(သစ်)  တစ်အိတ်လျှင် ၈၅,၀၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၅၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၄၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်၊ ဂေါ်ဖီတစ်ထုပ်လျှင် ၈၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)တစ်စီးလျှင် ၅၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၉၅၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၃၀၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၄၀၀၀ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရသည်။

      ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် ခရမ်းချဉ်နှင့် ဖရဲသီးဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိနေပြီး  စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ 

DOCA(စစ်ကိုင်း)    

 

 

နွေကာလ မွန်ပြည်နယ်၏ ရာသီပေါ်သီးနှံများ ဈေးနှုန်းဈေးကွက်အခြေအနေ

ဆန်စပါး

     မွန်ပြည်နယ်သည် ရေမြေ၊ ရာသီဥတုကောင်းများရှိခြင်းကြောင့် စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဒေသဝမ်းစာဖူလုံရုံမျှမက ပြည်နယ်ပြင်ပသို့တင်ပို့ရောင်းချနိုင်သည့်အထိ ထုတ်လုပ် ထွက်ရှိသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ပြည်နယ်အတွင်းထွက်ရှိရုံမျှမက စပါးကိုကြိတ်ခွဲ ထုတ်လုပ်နိုင်ရန်အတွက် ဆန်စက်လုပ်ငန်းများသည်လည်းမရှိမဖြစ်သော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုအခါ မွန်ပြည်နယ်(၁၀)မြို့နယ် အဆင့်ထိပါ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းကို တိုးချဲ့ဆောင်ရွက်လာနိုင်ပြီဖြစ်ပါသည်။

     မွန်ပြည်နယ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၏ ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေရန်နှင့် လူမှုစီးပွားရေးဘဝတိုးတက်မြင့်မားအောင် ရှေးရှုဆောင်ရွက်၍ ဆန်ကြိတ်ခွဲစက်များ၏ ကြိတ်ခွဲနိုင်သည့် ဆန်တန်ပမာဏများကို သိရှိနိုင်ရန်၊ မြို့နယ်ဒေသအသီးသီးတွင် စပါးချိန်တွယ် ဝယ်ယူသည့်ပုံစံ၊ ဆန်ပြန်လည်ရောင်းချသည့် ပုံစံတို့ကိုသိရှိနိုင်ရန်၊ ဆန်စက်လုပ်ငန်းရှင်များ အချင်းချင်း ဈေးကွက်ချဲ့ထွင် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် NEI တို့ပူးပေါင်၍ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ တောင်သူများ၊ ဆန်စပါးကဏ္ဍ၏ အကြောင်းအရာနယ်ပယ်ကျွမ်းကျင်သူများနှင့် တွေ့ဆုံမေးမြန်းပြီး စစ်တမ်းကောက်ယူကာ “မွန်ပြည်နယ် ဆန်စက်လုပ်ငန်း စစ်တမ်းတွေ့ရှိချက် များအစီရင်ခံစာ” စာအုပ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ထုတ်ဝေနိုင်ခဲ့ပြီးလည်းဖြစ်ပါသည်။

နွေစပါးစိုက်ပျိုးထွက်ရှိမှု

    မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလမှစ၍ နွေစပါးကို စတင်စိုက်ပျိုးနေပြီဖြစ်သည်။ တောင်သူများအနေဖြင့် ဒေသ(ပေါ်ဆန်း)စပါးနှင့် (ဧည့်မထ)စပါးကို အဓိကထား စိုက်ပျိုးလျက် ရှိသည်။ မွန်ပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်တွင် နွေစပါး စိုက်ဧက (၄၈၆၆၆၀ ဧကရှိပြီး ကျိုက်ထို မြို့နယ်တွင် (၈၂၁) ဧက၊ ဘီးလင်းမြို့နယ်တွင်  (၉၆၁၇) ဧက ၊ သထုံမြို့နယ်တွင် (၈၄၂၄) ဧက၊ ပေါင်မြို့နယ်တွင် (၂၀၆၄၆) ဧက၊ မော်လမြိုင်မြို့နယ်တွင် (၁၅၀) ဧက၊ ချောင်းဆုံမြို့နယ်တွင် (၁၀၉) ဧက၊ ကျိုက်မရောမြို့နယ်တွင် (၇၁၃၇) ဧက၊ မုဒုံမြို့နယ်တွင် (၁၃၇၆) ဧက၊ သံဖြူဇရပ်မြို့နယ်တွင် (၂၇၈) ဧက၊ ရေးမြို့နယ်တွင် (၁၀၈) ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည်။

ဈေးနှုန်းဈေးကွက်

     နွေစပါး(ဧည့်မထ)ပေါ်စချိန်တွင် စပါးတင်း(၁၀၀)လျှင် ကျပ် (၂၄)သိန်းဖြင့် ဈေးစတင်ရရှိခဲ့ပြီး စပါးလှိုင်လှိုင်ထွက်ချိန်တွင် စပါးတင်း(၁၀၀)လျှင် ကျပ်(၂၁)သိန်းထိဈေးရရှိခဲ့သည်။ မွန်ပြည်နယ်အတွင်း ဧပြီလဒုတိယအပတ်တွင် စပါးဈေးနှုန်းမှာ ပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ကျပ်(၃၅)သိန်း၊ ပေါ်ဆန်း(ဆန်) တစ်ပြည်လျှင် ကျပ် (၅၃၀၀)၊ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင် ကျပ် ၁၂၂၀၀၀၊ ဧည်မထ စပါးတင်း(၁၀၀)ကျပ် (၂၁)သိန်း၊ ဧည့်မထ(ဆန်) တစ်ပြည်လျှင် ကျပ် ၃၅၀၀၊ ဧည့်မထ(ဆန်) တစ်အိတ်လျှင် ကျပ် ၇၉၀၀၀ ဈေးအသီးသီးဖြစ်ပေါ်နေပြီး ယခင်လနှင့်နှိုင်ယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဒေသထွက် ဧည့်မထ (ဆန်)များကို ကရင်ပြည်နယ်သို့လည်းတင်ပို့လျက်ရှိကြောင်း သိရသည်။

ပိန္နဲသီး

      ပိန္နဲသီးပေါ်စချိန်တွင် မွန်ပြည်နယ်အတွင်းသာမက အခြားပြည်နယ်/ တိုင်းများမှလည်း မှာယူမှုများရှိနေကြောင်း သိရသည်။  ရာသီပေါ်ပိန္နဲသီးများကို အလုံးလိုက်ဈေးဖြင့် ရောင်းချနေသည့်အပြင် ကီလိုဖြင့်လည်း ရောင်းချလျက်ရှိနေသည်။ ဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ကျပ် ၂၅၀၀ မှ  ကျပ် ၁၂၀၀၀ အထိဈေးရရှိကာ ယခုနှစ်တွင် ပြည်တွင်းဈေးကွက်၌ ရာသီပေါ်သီးနှံများအဝယ်လိုက်နေပြီး ဈေးကောင်းရရှိနေကြောင်း စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

ဒူးရင်းသီး

     မွန်ပြည်နယ်တွင် ဧပြီလဆန်းပိုင်းမှစ၍ ဒူးရင်းသီးများ စတင်ရင်မှည့်လာပြီဖြစ်သည့် အတွက် ပေါ်ဦးပေါ်ဖျား ရာသီတွင် ဒူရင်းသီးများဈေးကောင်းရရှိနေသည်။ ဧပြီလ တတိယပတ် တွင် ဒူးရင်းသီး ဈေးနှုန်းမှာ တစ်ကီလိုလျှင် ကျပ် ၁၈၀၀၀ ထိပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်နှစ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ကီလိုလျှင်  ကျပ်  ၈၀၀၀ ထိဈေးပိုမိုရရှိနေကြောင်းသိရသည်။ ယခုအချိန်တွင် မွန်ပြည်နယ်ထွက် ဒူရင်းသီးများကို ပြည်နယ်အတွင်း ဝယ်ယူစားသုံးမှုအပြင် ရန်ကုန်၊ မန္တလေး၊ ပြည်၊ပဲခူး၊ ပျဉ်မနားဘက်မှလည်း မှာယူသူများရှိနေကြောင်း ဒူးရင်းသီး ရောင်းဝယ်သူထံမှသိရသည်။

     ဒူးရင်းသီးတွင် ကြွေသီးနှင့်ခူးသီးဟူ၍ (၂)မျိုးရှိသည်။ ကြွေသီးဆိုရာတွင် အပင်ပေါ်မှ ရင့်မှည့်ပြီး လူတို့၏ အကူအညီမလိုဘဲ အလိုလျှောက် အပင်အောက်သို့ကြွေကျသည့်အသီးဖြစ်ပြီး ခူးသီးဆိုသည်မှာ အပင်ပေါ်ရှိအသီးများထဲမှ ရင့်မှည့်သည်ဟု ယူဆရသော အသီးများကို ကျွမ်းကျင်အသီးခူးသမားများမှ ခူးဆွတ်ပေးသည့်အသီးဖြစ်သည်။ ကြွေသီးအများစုသည် ကြွေပြီးပြီးချင်း စားသုံးပါကပိုပြီးအရသာရှိကာ အသားများပျော့အိနေသည့် အနေအထားဘက်သို့‌ ပြောင်းလဲသွားသည့်အတွက် အချို့သောသူများ အနေဖြင့် ကြိုက်နှစ်သက်မှုမရှိပေ။ ထို့ကြောင့် ကြွေသီးအားဝယ်ယူစားသုံးသူများအနေဖြင့် မိမိတို့ ဝယ်ယူမည့်ကြွေသီးအား မိမိနှင့်အနီးဆုံး နေရာဒေသမှ အသီးများကို ဝယ်ယူစားသုံးသင့်ပါသည်။ ခူးသီးအများစုမှ အဝေးမှမှာယူ စားသုံးသူများအတွက် ရည်ရွယ်ပြီးခူးဆွတ်ပေးခြင်းဖြစ်ပြီး အသီးခူးသမား၏ ကျွမ်းကျင်မှုနှင့် ခြံရှင်များ၏မှတ်တမ်းအပေါ်မူတည်ပြီး ခူးဆွတ်ပေးရခြင်းဖြစ်သည်။ ခူးသီးများကို အနည်းဆုံး ခူးပြီး (၂) ရက်မှ (၅) ရက်အထိ ထားပြီးမှသာ စားသုံးသင့်ပြီး ရက်မပြည့်ဘဲစားသုံးမိပါက အရသာမဲ့သောဒူးရင်းသီးကိုစာသုံးရမည်ဖြစ်သည်။ ထို့ကြောင့် ဈေးကြီးပေးပြီး ဝယ်ယူစားသုံး ရသည့်ရာသီ သီးနှံဖြစ်သည့်အတွက် အထူးသိပြုပြီး ဝယ်ယူစားသုံးခြင်းဖြင့် ဒူးရင်းသီး၏ အရသာအစစ်အမှန်ကို ခံစားရမည်ဖြစ်သည်။

DOCA(မွန်)

 

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်၊ မေလ  (တတိပတ်) တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၁၁,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၆၉,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC) တစ်ဘူးလျှင် (၆,၀၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC) တစ်ဘူးလျှင် (၂၂၀၀၀) ကျပ်၊ ဘက်တား (100CC) တစ်ထုပ်လျှင် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ (100CC) တစ်ထုပ်လျှင် (၁၀,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်မုန် (500CC) တစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter) တစ်ဘူးလျှင် (၃,၆၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ) (500g) တစ်ဘူးလျှင် (၄၆၅၀၀)ကျပ်၊ ရွှေစိုက်ပါ (1Liter) တစ်ဘူးလျှင် (၃,၅၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁၃၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၁၈၀၀)ကျပ်၊ ထိသေစားသေ (1Liter) တစ်ဘူးလျှင် (၁၃၀၀)ကျပ်၊ ပင်လုံးပြန့် (1Liter) တစ်ဘူးလျှင် (၂၉,၀၀၀) ကျပ်ဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

     ယခုမေလ  (စတုတ္ထပတ်) တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ ၄၆% (မျှားကမ္ဘာ) တစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၉,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၈၂,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၁၇,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၆၉,၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC) တစ်ဘူးလျှင် (၆,၀၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC) တစ်ဘူးလျှင် (၂၂၀၀၀) ကျပ်၊ ဘက်တား (100CC) တစ်ထုပ်လျှင် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ (100CC) တစ်ထုပ်လျှင် (၁၀,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်မုန် (500CC) တစ်ဘူးလျှင် (၂၉,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter) တစ်ဘူးလျှင် (၃,၆၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter) တစ်ဘူးလျှင် (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ) (500g) တစ်ဘူးလျှင် (၄၆၅၀၀)ကျပ်၊ ရွှေစိုက်ပါ (1Liter) တစ်ဘူးလျှင် (၃,၅၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး (10CC) တစ်ဘူးလျှင် (၁၃၀၀)ကျပ်၊ ဒိုဇာ (10g) တစ်ဘူးလျှင် (၁၈၀၀)ကျပ်၊ ထိသေစားသေ (1Liter) တစ်ဘူးလျှင် (၁၃၀၀)ကျပ်၊ ပင်လုံးပြန့် (1Liter) တစ်ဘူးလျှင် (၂၉,၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက သံဂွန်း (၁၅:၁၅:၁၅)နှင့် မျှားကမ္ဘာ(တရုတ်)တို့မှာ  ဈေးနှုန်းများအနည်းငယ်မြင့်တက်မှု ရှိနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မွန်ပြည်နယ်တွင် ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းမြင့်တက်လျက်ရှိမှု

    မွန်ပြည်နယ်အတွင်း ပဲစိုက်ဧကနှင့်အထွက်နှုန်းသည် ၂၀၂၃-၂၀၂၄ခုနှစ်တွင် ပဲစိုက်ပျိုး ဧက ၇၄၃၃၀ ဧက၊ ရိတ်သိမ်း ၇၄၃၃၀ ဧက၊ အထွက် ၁၁၉၀၄၃၈ တင်း ထွက်ရှိသည်။ ယခင်နှစ် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ပဲစိုက်ပျိုးဧက ၆၇၃၄၆ ဧက၊ ရိတ်သိမ်း ၆၇၃၄၆ ဧက၊ အထွက် ၁၀၅၅၈၀၂ တင်းထွက်ရှိခဲ့သဖြင့် ယခင်နှစ်ထက်  ပဲစိုက်ပျိုးမြေ ဧက ၉၆၈၄ဧက ပိုမိုစိုက်ပျိုး၍ အထွက်နှုန်း ၁၃၄၆၃၆ တင်း ပိုမိုထွက်ရှိသည်။ ပဲမျိုးစုံ မြေပဲ၊ ပဲတီစိမ်း၊  မတ်ပဲ၊ ပဲလွမ်း၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်ပဲ စသည့်ပဲမျိုးကို စိုက်ပျိုးကြသည်။

   မွန်ပြည်နယ်ဒေသထွက်ပဲမျိုးစုံ၏ ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလမှ မေလအတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်း

စဉ်

ပဲမျိုးစုံ

ဇန်နဝါရီလ

ဖေဖော်ဝါရီလ

မတ်လ

ဧပြီလ

မေလ (ပထမပတ်)

မေလ  (စတုတ္ထပတ်)

ပဲတီစိမ်း(ရွှေဝါ)

၇၂၀၀၀

၈၅၀၀၀

၇၅၀၀၀

၆၃၀၀၀

၇၀၀၀၀

၇၂၀၀၀

ပဲတီစိမ်း

၆၀၀၀၀

၆၇၀၀၀

၅၈၀၀၀

၅၇၀၀၀

၆၁၀၀၀

၆၇၀၀၀

မတ်ပဲ

၁၀၁၂၀၀

၁၁၁၅၀၀

၉၃၅၀၀

၉၆၅၀၀

၁၀၀၀၀၀

၁၀၆၀၀၀

ပဲလွမ်းဖြူ

၆၇၀၀၀

၇၂၀၀၀

၆၃၀၀၀

၆၃၀၀၀

၆၃၀၀၀

၆၆၀၀၀

ဗိုလ်ကိတ်ပဲ

၇၂၀၀၀

၇၅၀၀၀

၇၀၀၀၀

၇၀၀၀၀

၇၀၀၀၀

၇၀၀၀၀

ပဲပုပ်

၆၁၀၀၀

၆၁၄၀၀

၆၀၀၀၀

၆၀၀၀၀

၆၀၀၀၀

၆၈၀၀၀

မြေပဲ(အသစ်)

၁၅၈၅၀၀

၁၆၂၀၀၀

၁၆၀၀၀၀

၁၅၂၀၀၀

၁၅၀၀၀၀

၁၄၂၀၀၀

     မွန်ပြည်နယ်၏ ပဲဈေးနှုန်းသည် ယခုနှစ်အတွင်းတွင် လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ  ဈေးနှုန်း အနိမ့်အမြင့် (အတက်အကျ) ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မော်လမြိုင်မြို့ရှိ ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ၂၀၂၄ ခုနှစ်၊ မေလ (ပထမပတ်) အတွင်း ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၀၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၆၁၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၀၀၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ(တစ်တင်း)ကျပ် ၆၃၀၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း)ကျပ် ၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၀၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၅၀၀၀၀  ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

    ၎င်းလ၏ (စတုတ္တပတ်)အတွင်းတွင် ပဲဈေးနှုန်းမှာ ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၂၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ်၆၇၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ်၁၀၆၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ(တစ်တင်း)ကျပ် ၆၆၀၀၀၊ ဘိုကိတ်၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၆၈၀၀၀၊ မြေပဲ ၂၀ ပိဿာ (တစ်တင်း)ကျပ် ၁၄၂၀၀၀ ဖြစ်ပါသည်။ အဆိုပါ ပဲမျိုးစုံများမှာ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက စတုတ္တပတ်တွင် ပဲဈေးနှုန်း (တစ်တင်း)ဈေးနှုန်းအရ ၂၀၀၀ကျပ်မှ ၈၀၀၀ ကျပ် အတွင်းခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။  ပဲဈေးနှုန်းများသည် အပတ်စဉ် ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း