Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော ပန်းဂေါ်ဖီပွင့်များ

ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကိုလွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့်ကုန်းသာ စိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရားဒေသတို့မှလည်း မှာယူရောင်းချ လျက်ရှိပါသည်။
လက်ရှိဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမှာပန်းဂေါ်ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး (၄၀၀)ကျပ်၊ အလတ် (၃၀၀) ကျပ်၊ ပန်းပွင့်စိမ်း (လတ်၊ ၃၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိရာ ယခင် ဒီဇင်ဘာလတွင် ပန်းဂေါ်ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး (၅၀၀)ကျပ်၊ အလတ်(၄၀၀) ကျပ် ပန်းပွင့်စိမ်း (လတ်၊ ၄၀၀)ကျပ် ဈေးရှိခဲ့ပြီး ယခင် ဒီဇင်ဘာလ နှင့် ယခု ဇန်နဝါရီလ နှိုင်းယှဉ်လျှင် ပန်းဂေါ်ဖီပွင့်(ဖြူ)တစ်ပွင့်လျှင် အကြီး(၁၀၀)ကျပ် ၊အလတ်(၁၀၀)ခန့် ပန်းပွင့်စိမ်း (လတ်၊ ၁၀၀) ကျပ်ခန့် အနည်းငယ်ဈေးနှုန်းကျလာသော်လည်း ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း နောင်တရားမြို့မှကားဖြင့် လာရောက်ရောင်းချသော ပင်ရင်းဈေး သည်တစ်ဦးထံမှ သိရှိရပါတယ်။
DOCA(ကယား)

သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်တွေ့ဆုံ

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နေ့လည် (၁၄၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ရွှေကယားသောက်ရေသန့်စက်ရုံ တွင် ကယားပြည်နယ်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ မြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများဖွင့်လှစ် ထားရှိမှုအခြေအနေအားလည်းကောင်း၊ သောက်ရေသန့်လုပ်ငန်းရှင်အသင်းဝင်များ သက်ဝင်လှုပ်ရှား မှုအခြေအနေအားလည်းကောင်း၊ သောက်ရေသန့်ထုတ်လုပ်ရောင်းချမှု အခြေအနေအားလည်း ကောင်း၊ လုပ်သားအင်အားအခြေအနေအားလည်းကောင်း၊ အသင်းအဖွဲ့စည်းမျဉ်းပြန်လည်ဖွဲ့စည်းလို ခြင်း ရှိ/မရှိ စသည်တို့ကိုဆွေးနွေးမေးမြန်းခဲ့ပါသည်။
ဆက်လက်၍ ကယားပြည်နယ်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ မှ လွိုင်ကော် မြို့ နယ်ရှိစုစုပေါင်း သောက်ရေသန့်စက်ရုံ(၁၁)ရုံအနက် လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့် စက်ရုံ(၈)ရုံ သာ ပုံမှန်ထုတ်လုပ်ရောင်းချလျှက်ရှိပြီး ဒီးမော့ဆိုမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံ(၃)ရုံမှ ထုတ်လုပ် ရောင်းချမှုမရှိဘဲ ယာယီပိတ်ထားလျက်ရှိပါကြောင်း၊ သောက်ရေသန့်လုပ်ငန်းရှင် များအသင်းအနေဖြင့် သက်ဝင်လှုပ်ရှားလျှက်ရှိပါကြောင်း၊ မိမိတို့သောက်ရေသန့် ထုတ်လုပ်မှုအနေ ဖြင့်(၁)နာရီလျှင် လီတာ(၁၀၀၀)ခန့်ထုတ်လုပ်လျက်ရှိပြီး တစ်နေ့လျှင်ပျမ်းမျှလီတာ(၈၀၀၀)ခန့် ထုတ်လုပ်လျက်ရှိပါ ကြောင်း၊ ရောင်းချမှုအနေဖြင့် တစ်နေ့လျှင် လီတာ(၆၀၀၀)ခန့်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဗူးခွံအပါ (၂၀)လီတာ တစ်ဗူးလျှင်(၇၀၀၀)ကျပ်၊ ရေလှဲလျှင်(၆၀၀)ကျပ် ဖြင့်လည်းကောင်း လွိုင်ကော်မြို့ပေါ် တွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်း၊ လုပ်သားအနေဖြင့် မန်နေဂျာအပါအဝင် စုစုပေါင်း(၁၇)ဦး ရှိပါကြောင်း၊ မိမိတို့အသင်းအနေဖြင့် အသင်းအဖွဲ့စည်းမျဉ်း ပြန်လည်ဖွဲ့စည်းလိုခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး သောက်ရေသန့်လုပ်ငန်းရှင်ဘက်မှ သိရှိလိုသည်များအပြန်အလှန်ဆွေးနွေး ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲအား နေ့လည်(၁၅၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(ကယား)

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၄.၁.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၀.၁.၂၀၂၃)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၂၀၀၀၀၀) ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ် (၂၀၀၀၀)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့်(၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ)(၇၀၀) အိတ်၊ နှမ်းပြာ (၃၅၀)အိတ်၊ နှမ်းနီ (၁၈၀)အိတ်နှင့် နှမ်းဖြူ (၉၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ဘိုကိတ်ပြာ (ဆောင်းသစ်)(၁)အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၃၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၈၀၀၀)၊ ကုလားပဲ(မြကြေး) (၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၂၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်းမှာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၄၆၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၄၇၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၈၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။
မတ်ပဲ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၃၅၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၅၂၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၅၀၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၆၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင် အပတ်တွင် ကျပ်(၅၄၇၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၅၅၈၀၀)ဖြစ်၍ ကျပ်(၁၁၀၀)ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲကြီး(၄၃၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၈၀၀၀)အိတ်၊ မတ်ပဲ(၂၃၀)အိတ်၊ ကုလားပဲ(HL) (၉၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၃၀၀)အိတ် နှင့် ဘိုကိတ်(ပြာ) (၁၈၀)အိတ်အရောင်းအဝယ်ရှိကြောင်းသိရှိရပါသည်။
မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ် (၆၀၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်တွင် ကျပ်(၄၈၂၅)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၅၂၅၀)ဖြစ်၍ ကျပ်(၄၂၅)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင် အပတ်တွင် ကျပ်(၂၀၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး အရောင်း အဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(ဖြူ)(၃၀)ပိဿာဝင်အိတ်(၂၂၀)၊ မြေပဲလုံးဆံ(နီ)(၄၀၀)အိတ်နှင့် မြေပဲ တောင့်အစို(၃၁၀၀)တင်းခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၇၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန်(၂၂၀၀၀)ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)

မအူပင်မြို့နယ် ဆန်/စပါးဈေးကွက်တွင် ဆန်/စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ဧည့်မထဆန်များ ဝယ်လိုအားရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ စိုးမိသားစုဆန်စက်၊ 912 ဆန်စက်၊ ပြည့်ဖြိုးကြွယ်ဆန်စက်နှင့် ကျော်ပဒေသာ ဆန်စက်များမှ စက်ပိုင်များထံသို့ ကွင်းဆင်းလေ့လာစုံစမ်းမှုအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမပါတ်တွင် ဆန်/စပါး ကြိတ်ခွဲရောင်းချမှုအနေဖြင့် ဆင်းသုခစပါး တင်း ၁၀၀ လျှင် စက်အရောက်ဈေး (၁၂၅၀၀၀၀/-)ကျပ် ကရင်မစပါး တင်း ၁၀၀ လျှင် (၁၂၄၀၀၀၀/-)ကျပ်၊ စပါးအရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် စပါးဈေးနှုန်းထက် စပါးဈေးအနည်းငယ်မြင့်တက် လျက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရ သိရှိရပါသည်။
မအူပင် kkk ဆန်ဆိုင်နှင့် စည်ပင်သာယာဈေးများအတွင်းရှိ ဆန်အရောင်းဆိုင်များမှ ပေါ်ဆန်း တစ်အိတ်လျှင် ၅၆၀၀၀/-၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၄၃၀၀၀/-၊ နှင့် နှံကား ဆန်တစ်အိတ်လျှင် ၄၂၅၀၀/-၊ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်တွင်ကျယ်လျှက်ရှိကြောင်း လေ့လာစုံစမ်း သိရှိရပါသည်။
ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ဧည့်မထ ဆန်တစ်အိတ်လျှင် ၄၁၅၀၀/-နှင့် ၄၂၀၀၀/-များဖြင့် ဝယ်လိုအား ရရှိနေကြောင်း မအူပင်လှေဆိပ်တာကောက်ရှိ စက်ပိုင်များထံမှ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ဇီးသီးအစို၊ အခြောက်ဈေးနှုန်းအခြေအနေ

     သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော စက်တောင်၊ ရွာလေး၊ ရွာသစ်၊ ပျဉ်ထောင်၊ မြွေပွေး၊ အုန်းပင်လှ၊ စခန်းကြီးစသည့်ကျေးရွာများမှ ထွက်ရှိသည့်ဇီးသီးအစို၊ အခြောက်များ ဇန်နဝါရီလ မှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ ပထမပတ်တွင် (၁)တင်းလျှင် ကျပ် (၅၅၀၀) ဈေးနှုန်းဖြင့် စတင်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

       ယခင်နှစ်တွင် ဆီးသီးအစို၊ အခြောက်(၁)တင်းလျှင် ကျပ်(၃၅၀၀-၄၀၀၀)သာရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဇီးသီးအစို၊ အခြောက်(၁)တင်းလျှင် ကျပ်(၆၅၀၀)ဈေးဖြစ်၍ ပထမပတ် ထက် ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ပါကြောင်း၊ (၁)နေ့လျှင် တင်းရေ(၈၀) မှ (၉၀)ထိ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်းနှင့် ဝယ်ယူရရှိပြီးသော ဆီးသီးအစို၊ အခြောက်များကို ဆီးခွဲစက် ဖြင့် ကြိတ်ခွဲပြီး ဆီးစေ့များအား အောင်လံမြို့သို့ရောင်းချပါကြောင်း၊ ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦး(ခ) ဦးကုလား ထံမှ သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့၊ ကုန်စည်ဒိုင်၌ ပဲစဉ်းငုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်၌ ဆိတ်ဖူးကျင်း၊ လည်းပွဲကြီးနှင့် ပန်းတော်ကွက်စသည့်ကျေးရွာများမှ အများဆုံးထွက်ရှိသော ပဲစဉ်းငုံများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခုနှစ်တွင် ပဲစဉ်းငုံစိုက်တောင်သူများ စျေးကောင်းရလျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၄၄၈၀၀)ဖြစ်ပြီး၊ ၂၀၂၃-ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် ကျပ်(၅၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ကာလတူနှစ်(၂)နှစ်ကို နှိုင်းယှဉ်ပါက ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၁၀၂၀၀) စျေးတက်ကာ အရောင်းအဝယ်ဖြစ်ပြီး ပဲစဉ်းငုံစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်/စပါးဈေးကွက်နှင့် အခြားတိုင်းဒေသကြီးစီးထွက်မှု

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး ဆန်/စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဉ်မိုးစပါးစိုက်ဧက ၃၇သိန်း ကျော်နှင့် နွေစပါးစိုက်ဧက ၁၄သိန်း ကျော် စိုက်ပျိုးထုတ်လုပ်၍ ထွက်ရှိလာသောဆန်/ဆန်ထွက် ပစ္စည်းများကို ဒေသတွင်း စားသုံးမှုနှင့် အတူ ပိုလျှံသည့်ဆန်များကို ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့မှု ရန်ကုန်မှတစ်ဆင့် ပြည်တွင်း/ပြည်ပဈေးကွက်နှင့် အထက်အညာဒေသများ အပြင် ဆန်လိုသည့် အခြားတိုင်းဒေသကြီးများသို့လည်း လစဉ် တင်ပို့ရောင်းချလျက်နေပါ သည်။
ပုသိမ်ခရိုင်အတွင်း ယခင်နှစ်စပါး/ ဆန်ဟောင်းလက်ကျန်များလည်း အနည်းငယ်သာ ရှိ၍ လက်ရှိဈေးကွက်တွင် မိုးစပါး/ ဆန်သစ်များသာ အများဆုံး အရောင်းအဝယ်ဖြစ်နေပြီး ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် လူနည်းစုစားသုံးသော မိုးပေါ်ဆန်းရင် စပါးသစ် တင်း၁၀၀ကျပ် ၁၅သိန်းခွဲ-၁၆သိန်း ဆန်တစ်အိတ်ကျပ် ၅၄၀၀ဝိ/-/ ၅၅၀၀ဝိ/-၊ ဧရာဝတီပေါ်ဆန်းစပါးတင်း၁၀၀ ကျပ် ၁၇သိန်းဝန်းကျင်၊ ဆန်တစ်အိတ်ကျပ် ၅၆၀၀ဝိ/-၅၇၀၀ဝိ/-ဈေးနှင့် ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များတွင် လူအများစုစားသုံးသော ဧည့်မထ၊ မနောသုခစပါးတင်း-၁၀၀ ကျပ်၁၂သိန်းဝန်းကျင် ဆန်၁အိတ် ကျပ် ၄၂၀၀ဝိ/- ၄၃၀၀ဝိ/-/ဈေးဖြင့် ဒေသတွင်းဈေးကွက် ရန်ကုန်နှင့် အထက်အညာဒေသများသို့ တင်ပို့ ရောင်းချမှုရှိကြောင်း ဆန်/စပါးဈေးကွက်မှ သိရ သည်။
ဟင်္သာတခရိုင်သည် မြန်အောင်မြို့နယ်အတွင်းသာ ပေါ်ဆန်းစပါး စိုက်ပျိုးမှု ထောင်ဂဏန်း ဝန်းကျင်သာရှိပြီး ကျန်သည့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင်မြို့နယ် အ များစုတွင် မိုးဧည့်မထစပါးသာ အဓိကစိုက်ပျိုးလျက်ရှိပြီး ခရိုင်အတွင်းလက်ရှိ မိုးဧည့်မထ စပါးဈေးနှုန်းမှာ တင်း၁၀၀လျှင် ကျပ်၁၁သိန်းခွဲ-၁၂သိန်းခွဲဝန်းကျင်ဈေး ဆန်၁အိတ်လျှင် ၄၀၅၀ဝိ/-၄၂၀၀ဝိ/ ဈေးအတွင်း ရောင်းဝယ်လျှက်ရှိပြီး ဈေးနှုန်းမှာ စပါးအရည်အသွေးပေါ်မူတည်၍လည်း ကျပ် သောင်းဂဏန်းဝန်းကျင် ဈေးနှုန်းကွာခြားမှုရှိကြောင်း အဓိကဈေးကွက်အနေဖြင့် ခရိုင်အတွင်းနှင့် ရန်ကုန်၊ အညာဒေသများသို့ တင်ပို့ရောင်းချမှုရှိပြီး လက်ရှိစပါးဈေးနှုန်းမှာ ပေါ်ကာစ အောက်တို ဘာလ၊ နိုဝင်ဘာလမှ ယခုအချိန်စပါးတင်း၁၀၀ကျပ် ၁သိန်းဝန်းကျင်နှင့် ဆန်၁အိတ်ကျပ် ၁၀၀ဝိ/- ဝန်းကျင် ဈေးနှုန်း မြင့်တက်မှုရှိသော်လည်း လက်ရှိအရောင်းအဝယ် အေးလျက်ရှိကြောင်း ဟင်္သာတ ဈေးကွက် သတင်းများမှ သိရသည်။
မြောင်းမြခရိုင် မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် ပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅သိန်းမှ ၁၆သိန်းဝန်းကျင်ဈေးရှိပြီး ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၅၄၀၀ဝိ/- ၅၇၀၀ဝိ/-ဈေးအတွင်း ရောင်းဝယ်လျက် မိုးဧည့်မထစပါးတင်း၁၀၀လျှင် ကျပ်၁၁သိန်းခွဲ၊၁၂သိန်း ဝန်းကျင် ဆန်တစ်အိတ်ကျပ် ၄၁၀၀ဝိ/- ၄၃၀၀ဝိ/-ဈေးအတွင်း ဈေးနှုန်းတည်ငြိမ်မှုရှိပြီး အရောင်း အဝယ်ပုံမှန်ဖြစ်နေကြောင်း ဆန်စပါးသတင်းများမှ သိရသည်။
မအူပင်ခရိုင်အတွင်းရှိ မအူပင်မြို့နယ်တွင်းပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၁၅သိန်း ဝန်းကျင် ဆန်၁အိတ်ကျပ် ၅၆၀၀ဝိ/- ၅၈၀၀ဝိ/-ဈေး မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်များတွင် မိုးဧည့်မထ စပါးတင်း၁၀၀လျှင် ကျပ်၁၁သိန်း-၁၂သိန်းဝန်းကျင် ဆန်၁အိတ်ကျပ် ၄၂၀၀ဝိ/- ၄၂၅၀ဝိ/- ဈေးအတွင်းအရောင်းအဝယ်ဖြစ်နေပြီး ယခုရက်ပိုင်းအတွင်း စပါးဈေး ၂သောင်းဝန်းကျင် ဈေးနှုန်း မြင့်တက်မှုရှိ၍ မအူပင်ခရိုင်အနေဖြင့် ရန်ကုန်မြို့နှင့် နီးကပ်လျက်ရှိပြီး ရန်ကုန်ဈေးကွက် အရောင်းအဝယ်သွက်လျက် ဈေးနှုန်းမြင့်တက်မှုရှိပြီး လက်ရှိဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်သာရှိကြောင်း ဈေးကွက်သတင်းများမှ သိရသည်။
ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ပေါ်ဆန်းစပါးတင်း ၁၀၀ကျပ် ၁၅သိန်းခွဲ၊ ၁၆သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၅၆၀၀ဝိ/- ၅၈၀၀ဝိ/-ဈေးအတွင်း ရောင်း ဝယ်လျက်ရှိပြီး ပေါ်ဆန်းစပါးအမျိုးအစားပေါ်မူတည်၍ ဈေးကွာခြားမှုရှိကြောင်း မိုးဧည့်မထစပါး တင်း ၁၀၀လျှင် ကျပ်၁၁သိန်းခွဲ၊ ၁၂သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ် ကျပ် ၄၀၀၀ဝိ/- ၄၃၀၀ဝိ/-ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါးဈေးကွက်အနေဖြင့် ပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅သိန်းမှ ၁၆သိန်းဝန်းကျင် ဆန်တစ်အိတ်ကျပ် ၅၄၀၀ဝိ/-မှ ၅၈၀၀ဝိ/-ဈေး အ တွင်းနှင့် ဧည့်မထစပါးတင်း၁၀၀လျှင် ကျပ် ၁၁သိန်းမှ ၁၂သိန်းဝန်းကျင် ဆန်တစ်အိတ်လျှင် ကျပ်၄၁၀၀ဝိ/- ၄၂၀၀ဝိ/- ၄၃၀၀ဝိ/-ဝန်းကျင် ဈေးအတွင်းအရောင်းအဝယ်ဖြစ်နေပြီး စပါးအရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိသလို ဆန်ဈေးနှုန်းမှာလည်းတစ်အိတ်ကို ထောင်ဂဏန်းကွာခြားမှု့ ရှိကြောင်း ဈေးကွက်ဝယ်လိုအားရှိသော အရောင်းအဝယ်သွက်သည့် မြို့နယ်များတွင် ဈေးနှုန်း အ နည်းငယ်မြင့်တက်မှုရှိပြီး ကျန်သည့်မြို့နယ်များတွင် ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီးမှ ဆန်စီးထွက်မှုအနေဖြင့် ယခင်နိုဝင်ဘာလ အိတ်ရေ၁၀၁၆၄၇၁စီးထွက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးသို့ အိတ်ရေ ၁၀၃၉၆၂၈ နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ အိတ် ရေ၁၇၀၀၀တင်ပို့နိုင်သည့်အတွက် ဒီဇင်ဘာလတွင် အိတ်ရေ ၄၀၁၅၇ ပိုမိုစီးထွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ပြောင်းဈေးနှုန်းဈေးကွက်အခြေအနေ

      ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဒေသထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်းကိုနှစ်စဉ် တောင်ကုန်း၊ တောင်စောင်းများ၌ အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် မိုးပြောင်း (၃၁၂၅၂)ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၂ခုနှစ်တွင် မိုးပြောင်းစိုက်ပျိုးမှုအနေဖြင့် (၃၁၄၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ ပါသည်။ တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြပါသည်။ မိုးပြောင်းကို မေလ နှင့်ဇွန်လတွင် စိုက်ပျိုးပြီး အောက်တိုဘာနှင့်နိုဝင်ဘာလတို့တွင် ခူးဆွတ်၊ အခြောက်ခံပါသည်။ အဖူးကိုခြွေလှေ့၍ အစေ့ထုတ်ပြောင်းကို နိုဝင်ဘာလ ပထမအပတ်မှစတင်၍ အရောင်းအဝယ် ပြုလုပ်ပါသည်။

       ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အစေ့ထုတ်ပြောင်း(၅၀)kg တစ်အိတ်လျှင် (၂၇၀၀၀/-)ကျပ် ပေါက်ဈေးရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် အစေ့ထုတ်ပြောင်း (၅၀)kg တစ်အိတ်လျှင် (၃၂၀၀၀/-) ကျပ်အထိ ပေါက်ဈေးရှိခဲ့ပါသည်။ အစေ့ထုတ်ပြောင်းသည် ဒီဇင်ဘာလတွင် ပိုမိုခြောက်သွေ့ပြီး ဝယ်ယူသူစိတ်ကြိုက်အခြေအနေဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများမှ ဝယ်ယူစုဆောင်းခြင်းနှင့် ပြည်ပပို့ကုန်အတွက် ဝယ်ယူခြင်းတို့ကြောင့် ဈေးပိုမိုရခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

“ကျောက်ဆည်ခရိုင်အတွင်းရောင်းချနေသောအခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည်(၂၁၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန် (သစ်)(၂၄)ပြည်  တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ် ၊  မနောသုခဆန်(သစ်) တစ်ပြည် (၁၉၀ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင် (၄၄၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀ဝိ/-) ကျပ်၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၀၀ဝိ/-)ကျပ်၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် (၂၅၀ဝိ/-)ကျပ် ၊ (လတ်) တစ်ပိဿာလျှင် (၂၆၀ဝိ/-) ကျပ်၊(အသေး) တစ်ပိဿာလျှင် (၂၃၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင်(၄၅၀ဝိ/-)ကျပ်၊ (ရှမ်း)တစ်ပိဿာလျှင်(၄၅၀ဝိ/-)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၄၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်းတစ်ပိဿာလျှင် (၂၂၀ဝိ/-)ကျပ်၊ ဆားတစ်ပိဿာလျှင် (၆၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား၊ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၈၀၀ဝိ/-) ကျပ် ၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀ဝိ/-) ကျပ်နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းများရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့်တစ်ပိဿာလျှင် (၁၁၀၀ဝိ/-) ကျပ် ၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀) နှင့် စားဆီတစ်ပိဿာလျှင် (၆၂၀ဝိ/-) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ယခင်ဒီဇင်ဘာလ၊ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ ၊ ငါးနှင့်ကြက်သား ဈေးနှုန်းများမှာအနည်းငယ်ကျဆင်း၍ ဆန်၊ဆီနှင့်ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

       ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်နှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကဏ္ဍာဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန  ဝန်ထမ်းများမှ ကျောက်ဆည် မြို့နယ် ၊ မြောင်းဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ကုန်ကြမ်းရရှိမှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ကွင်းဆင်းလေ့လာမှုအရ မြောင်းဦးကျေးရွာ၌ အိမ်ထောင်စု(၃၅၀)ခန့်ရှိပြီး အိမ်တိုင်း သပေါ့ဖျာလုပ်ငန်းကို အပိုဝင်ငွေအဖြစ် လုပ်ဆောင်လျက်ရှိကြောင်း ၊ သပေါ့ဖျာများ ယက်လုပ်ရန်အတွက် ကုန်ကြမ်းအနေဖြင့် ဆပ်သွားဖူးခြုံ(အရိုင်း)များအားအနီး ပတ်ဝန်းကျင်ရှိ မြေလွတ်မြေရိုင်းနှင့် ဆည်မြောင်းဘောင်များတွင် စိုက်ပျိုးပြီးရရှိလျက်ရှိကြောင်း ၊ ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် သပေါ့ဖျာလုပ်ငန်းအား တစ်နိုင်တစ်ပိုင် ဖြင့် အိမ်တိုင်းယက်လုပ်လျှက်ရှိကြောင်း ၊ သပေါ့ဖျာယက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်အနေဖြင့် သပေါ့ဖျာ(ကုန်ကြမ်း) (၁၅)ချပ်စည်း (၁၀)စည်းလျှင် (၁၀၀၀၀၀/-)ကျပ် ၊ လုပ်သားခ နှင့် သယ်ယူပို့ ဆောင်ခ(၂၀၀၀၀၀/-)ကျပ်၊စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ကုန်ကျပြီး၄င်းသပေါ့ဖျာ(ကုန်ကြမ်း)(၁၅)ချပ် စည်း(၁၀)စည်းအား မိသားစုဝင်(၃)ယောက် ယက်လုပ်ပါက တစ်လခန့်ကြာကြောင်း ၊ ကုန်ချော ရောင်းချမှုအနေဖြင့် (၄'×၆')၊(၆'×၆') နှင့် (၃'×၃')သပေါ့ဖျာ အကြီး ၊ အသေး ဆိုဒ်စုံများအား (၁၅)ချပ်စည်း(၁၀)စည်းလျှင်(၅၀၀၀၀၀/-)ကျပ်ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့်(၂၀၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း၊ မြောင်းဦးကျေးရွာမှထွက်ရှိသော သပေါ့ဖျာများအပြင် အနီးပတ်ဝန်းကျင်ရှိ မင်းစု၊ ကလိုင်ကျော်၊ အင်ရောင်း၊ မြောင်းဘောင်၊ စဉ့်ဦး၊ ကျောက်ကုန်း ကျေးရွာများမှထွက်ရှိသော သပေါ့ဖျာများအားလည်းဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ စျေးကွက်အနေဖြင့် ၄င်းကျေးရွာများမှထွက်ရှိသောသပေါ့ဖျာများအား မြန်မာပြည်အနှံ့သို့သွားရောက်ပြီးရောင်းချလျက်ရှိကြောင်း၊သပေါ့ဖျာလုပ်ငန်းအားမိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်သည့်အတွက် အရင်းအနှီးအနေဖြင့် တစ်ဦးလျှင်(၅၀၀၀၀၀/-)ကျပ်ခန့်ရှိလျှင် လုပ်ငန်းလည်ပတ်နိုင်သည့်အတွက် လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ လုပ်ငန်းများလုပ်ကိုင်လျက်ရှိပါကြောင်း၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product)အနေဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း