Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင်  ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၉၅၀-၁၀၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၁၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၆၄၅၀-၆၅၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၆၀၀ မှ ၃၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၂၀၀ မှ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၆၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၈၀၀၀-၉၀၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၂၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

             ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အသီးအနှံဈေးနှုန်းများဖြစ်သော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်များ ဈေး အနည်းငယ်တက်နေပြီး၊ ကျန်သီးနှံဈေးနှုန်းများ အနည်းငယ်ဈေးအေးနေပါသည်။ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများအနည်းငယ်ကျနေကြောင်း ချင်းတွင်း ရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိ ရသည်။

DOCA(စစ်ကိုင်း)       

                                                                                                                                                                            

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၇၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် အောက်တိုဘာလ ၂၄

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ 25 ရက်နေ့မှ အောက်တိုဘာလ 30 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၇၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                               

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

             မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခွဲကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀၀မှ ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀၀မှ ၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၉၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၀၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ်အောက်တိုဘာလ တတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခုနှစ်ထောင်ကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် အောက်တိုဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဈေးနှုန်းကျဆင်းလာသည့် စားအုန်းဆီ

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီအဓိကတင်သွင်းသည့် အင်နိုနီးရှားနှင့်မလေးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ၊ ဘဏ်စရိတ်နှင့် အခွန်အခများကိုပါ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း၌ရောင်းဝယ် ဖောက်ကားရမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ပေးလျှက်ရှိရာ (၂၅-၉-၂၀၂၂) ရက်နေ့အထိ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၆၉၀)ကျပ်ဖြစ်ပြီး (၁၆-၁၀-၂၀၂၂) ရက် နေ့အထိရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၈၈၀)ကျပ်ဖြစ်ရာ စားအုန်းဆီဈေးနှုန်း ကျဆင်းလာသည်ကို တွေ့ရပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြင်ပဈေးကွက်တွင်လည်း အောက်တိုဘာလဆန်းက စားအုန်းဆီဈေးနှုန်းများမှာ မုံရွာခရိုင်ပေါက်ဈေး ၇၅၀၀ ကျပ်၊ ကသာခရိုင်တွင် ၁၀၀၀၀ ကျပ်၊ ကလေးခရိုင်တွင် ၉၀၀၀ ကျပ်၊ ရွှေဘိုခရိုင်တွင် ၈၅၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင် ၈၃၀၀ ကျပ်၊ စစ်ကိုင်းခရိုင်တွင် ၈၅၀၀ ကျပ်၊ ယင်းမာပင်ခရိုင်တွင် ၉၃၀၀ ကျပ်ဈေးနှုန်း ဖြစ်ပေါ်ခဲ့ရာမှ (၁၇-၁၀-၂၀၂၂)ရက်နေ့တွင် မုံရွာခရိုင်ပေါက်ဈေး ၆၅၀၀ ကျပ်၊ ကသာခရိုင်တွင်  ၉၀၀၀ ကျပ်၊ ကလေးခရိုင်တွင် ၈၅၀၀ ကျပ်၊ ရွှေဘိုခရိုင်တွင် ၆၄၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင် ၆၈၀၀ ကျပ်၊ စစ်ကိုင်းခရိုင်တွင် ၆၆၀၀ ကျပ်၊ ယင်းမာပင်ခရိုင်တွင် ၈၃၀၀ ကျပ်ဈေးနှုန်းဖြစ်ရာ တစ်ပိဿာ လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ကျပ် ထိ ဈေးနှုန်းတဖြည်းဖြည်း ကျဆင်းလာနေကြောင်း တွေ့ရပါ သည်။

          ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေါ်လာဈေး တည်ငြိမ်လာခြင်း၊ စားအုန်းဆီ ထုတ်လုပ် ရာတွင် ကုန်ကြမ်းပစ္စည်း ဆီအုန်းမှာလည်း ရာသီပေါ်ချိန်ရောက်နေခြင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) မှစ၍ စားအုန်းဆီတင်သွင်းမှုကို ပမာဏလျော့ချတင်သွင်းစေခဲ့ရာမှ  ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ စားအုန်းဆီတင်သွင်းမှုအား  တန်ချိန် ၃၀၀၀၀ မှ ၆၀၀၀၀ အထိ ပြန်လည် တိုးမြှင့်တင်သွင်းစေခဲ့ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တိုင်း/ ပြည်နယ်များရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းများအား ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကား ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍   ၂ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဈေးကားများဖြင့် ရောင်းချခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်း တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရှိရပြီး စားအုန်းဆီ ဈေးနှုန်းကျဆင်းလာခြင်း နှင့်အတူ ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများလည်း ဈေးနှုန်းတဖြည်းဖြည်းကျဆင်း လာနေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်နှင့် ကလေးခရိုင်တို့တွင် အောက်တိုဘာလ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဈေးအေးနေခဲ့ပြီး ကန့်ဘလူခရိုင်နှင့် ကသာ ခရိုင်တို့တွင် နိုဝင်ဘာလဆန်းတွင် မိုးစပါးများ စတင်ထွက်ပေါ်တော့မည်ဖြစ်ပါသဖြင့် စပါး/ဆန်များမှာ အရောင်းအဝယ်အေးနေပြီး  ဈေးနှုန်းများအနည်းငယ် ကျဆင်းနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၈၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၈၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၈၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၁၀၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၈၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၅၀၀၀)အိတ်၊ တန်အားဖြင့် (၆၇၅၀)စီးထွက်ခဲ့ပြီး၊ ယခု အောက်တိုဘာလ(တတိယ)ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀၊ မန္တလေး သို့ အိတ်ရေ ၆၁၁၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၈၁၀၀)အိတ်၊ တန်အားဖြင့် (၆၉၀၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၁၀၀) တန်အားဖြင့် (၁၅၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ ‌တတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၇၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၄၁၀၀၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၄၅၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀ ၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၁၁၀၀၊ တန်အားဖြင့် ၁၀၅၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ အောက်တိုဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ(၁၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ တယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၈၀၀ မှ ၃၀၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၈၀၀ မှ ၃၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၈၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၆၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၆၀၀ မှ ၃၇၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၂၈၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ) ကျပ် ၃၅၀၀ မှ ၄၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၈၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၅၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၅ မှ ၁၀၀ အတွင်း၊ ခရမ်းသီး (ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၈၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၃၅ မှ ၁၀၀ အတွင်း၊ ငရုတ်သီး စိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၂၂၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀ မှ ၂၅၀၀အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခု ရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၁၄၃၀၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ)(၁၁၉၀၀) ကျော်၊ ဗူးသီးအလုံးပေါင်း (၃၅၂၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၆၈၅၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၉၇၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၅၂၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၀၁၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၈၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၁၂) ရက်နေ့မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၈၀၀ ၊ ဟင်္သာတ မှ ကန်စွန်းဥ တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၊ အလုံးလတ် ကျပ် ၉၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၅၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ ချောင်းဦး မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ ၊ ချောင်းဦး မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀ ၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၁၂၀၀၀၊ ၃၀ လုံးပါ ကျပ် ၁၀၀၀၀၊  မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀ ၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ၂၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မွန်ပြည်နယ်ဒေသထွက် ကွမ်းသီးဈေးနှုန်း၊ ဈေးကွက်၊ စီးဆင်းမှုအခြေအနေ

      မွန်ပြည်နယ်သည် ကွမ်းသီးထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ကွမ်းသီးအများဆုံး စိုက်ပျိုးသည့်ဒေသမှာ ရေးမြို့နယ်ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မွန်ပြည်နယ်၏ ကွမ်းသီး စိုက်ဧကမှာ (၅၆၂၆၁)ဧက၊ ခူးဧက (၅၁၄၂၅)ဧက၊ အထွက်နှုန်း (၁၀၅၅)ပိဿာ၊ စုစုပေါင်းအထွက် (၅၄၂၆၀၇၀၉) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။

       ကွမ်းသီးဈေးနှုန်းမှာ အောက်တိုဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဝန်းကျင်ရှိပြီး အောက်တိုဘာလ ဒုတိယပတ်တွင် (၆၀၀၀)ကျပ်ခန့်ရှိရာ (၁၀၀၀) ကျပ်ခန့် ဈေးနှုန်းလျော့ကျခဲ့ကြောင်း သိရှိရပါသည်။ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ မွန်ပြည်နယ်မှ အခြားဒေသများသို့ ထွက်ရှိသော ကွမ်းသီးကားအစီးရေ (၆၀) စီး၊ ကွမ်းသီးပိဿာ ပေါင်း (၃၉၅၈၀၀)ပိဿာ (တန်အားဖြင့် ၆၄၆.၃၂ တန်) စီးထွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်အတွင်းဒေသထွက်ဂျင်းဈေးနှုန်း မြှင့်တက်လျက်ရှိ

     ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခက်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင်အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ဈေးကွက်အတွင်းဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်တွင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၁၁၀၀)ကျပ်ခန့် သာရှိခဲ့ပြီး ယခင်စက်တင်ဘာလတတိယပတ်နှင့်ယခု အောက်တိုဘာလ တတိယပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၉၀၀)ကျပ်ခန့်ဈေးနှုန်းမြှင့် တက်လာကြောင်း၊ ဈေးနှုန်း မြှင့်တက်လာရခြင်းမှာ ဂျင်းစိုက်တောင်သူများမှာ စိုက်ဧက အနည်းငယ်သာစိုက်ပျိုးနိုင်ပြီး ဒေသတွင်း ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေး ဒေသထွက်ဂျင်းရောင်းချသူ တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း