Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပန်းတောင်းမြို့နယ်၏ ဖူးစားပြောင်းစိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ နတ်မောက်အုပ်စု၊ ဝန်လိုကွင်းတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် ဖူးစားပြောင်းကို ဧကများစွာစိုက်ပျိုးထားရှိ၍ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုကိုသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။ ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ နို့ဆီဘူး(၄)ဘူးစိုက်ပျိုးရပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် တစ်ဘူးလျှင် ၃၅၀၀၀ကျပ်၊ (၄)ဘူးလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းချပြီး စိုက်ပျိုးသောမျိုးမှာ ကာလာဖိုက်မျိုးဖြစ်ပါသည်။ ဖူးစားပြောင်းတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၅၄၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့် အကြီး၊ အသေး သောင်းပြောင်းအဖူးရေ ၅၀၀ဖူးခန့်ထွက်ရှိကြောင်းသိရပါသည်။ မေလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ဈေးနှုန်းများမှာ တစ်ဖူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချရသဖြင့် ဝင်ငွေမှာ ၁၂၅၀၀၀၀ကျပ်ရရှိသဖြင့် တစ်ဧကတွင် တောင်သူအကျိုးအမြတ်အနေဖြင့် ၇၁၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းသာရောင်းဝယ်မှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပန်းတောင်းမြို့နယ်တွင် (ရခိုင်) ငှက်ပျောသီးစိုက်ပျိုးထားရှိ

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ နတ်မောက်ကျေးရွာရှိ ကွင်းအမှတ်(၈၈) ဝန်လိုကွင်းတွင် စိုက်ပျိုးသူတောင်သူ ဦးဇော်မင်းထွေးနှင့်တွေ့ဆုံ၍ (ရခိုင်) ငှက်ပျောသီးမျိုးစိုက်ပျိုးထွက်ရှိမှုအား (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

      စိုက်ပျိုးထားရှိသည့် ငှက်ပျောသက်တမ်းမှာ (၃/၄) နှစ်ခန့်စိုက်ပျိုးထားရှိပါသည်။ လက်ရှိတွင် ဒေသမျိုးအပင် (၅၀၀)ခန့်စိုက်ပျိုးထားရှိပြီး စိုက်ပျိုးစဉ်ကတစ်ပင်ကို ၂၀၀ပေး၍စိုက်ပျိုးရပါသည်။ ငှက်ပျောပင်စိုက်ရန် စိုက်ကျင်းတူးခမှာ တစ်ကျင်းကို ၅၀၀ကျပ်ပေးရပါသည်။ တစ်နှစ်လျှင် ငှက်ပျောရုံတစ်ရုံကို (၄/၅) ပင်သာထားရှိပါသည်။ ချောင်းမြောင်းဘေး လယ်ကန်သင်းတွင် စိုက်ပျိုးထားသည့်အတွက် တစ်ရာသီကို ငှက်ပျောတစ်ရုံလျှင် ငှက်ပျောခိုင် (၅)ခိုင်၊ (၆)ခိုင်ခန့်ခုတ်ယူရပါသည်။ ငှက်ပျောခိုင်တစ်ခိုင်လျှင် (၇/၈)ဖီးခန့်ထွက်ရှိပြီး လေဝင်လေထွက်ကောင်းခြင်း၊ အပင်သန်လျှင် အခိုင်ကို အဖီး(၁၀)ဖီးခန့်ထွက်ရှိကြောင်းသိရပါသည်။ စတင်စိုက်ပျိုးစဉ်က ရေလောင်းရပြီး မြေဩဇာကျွေးရန်မလိုပါ။ ချောင်းရေ၊ မြောင်းရေအေးစိမ့်နေရခြင်းကြောင့် နောက်ပိုင်းတွင် ရေလောင်းရန်မလိုပါ။ ငှက်ပင်(၅၀၀)အတွက် ကုန်ကျစရိတ်မှာ ၃၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလပိုင်းလောက်တွင် ရခိုင်ငှက်တစ်ဖီးကို (၂၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ငှက်ပျောသီးတစ်ဖီးကို ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ငှက်ပျောပင်ကို တစ်ခါစိုက်ပျိုးထားပြီးလျှင် တစ်နှစ်ပတ်လုံး ခုတ်ယူရောင်းချကြောင်းသိရပါသည်။ ရခိုင်ငှက်ပျောပင် ၅၀၀အတွက် တောင်သူအကျိုးအမြတ်မှာ ကျပ်(၁၅)သိန်းခန့်ရရှိကြောင်းသိရပါသည်။ ထွက်ရှိလာသော ငှက်ပျောသီးကို ဒေသတွင်းအပြင် အခြားမြို့နယ်များမှ ငှက်ပျောသီးပွဲစားများက လာရောက်ဝယ်ယူမှုရှိလျှင်လည်း ရောင်းချကြောင်းသိရပါသည်။ ရခိုင်ငှက်ပျောသီးမှာ ၂၀၂၃ခုနှစ်ထက် ယခု၂၀၂၄ခုနှစ်၌ ဈေးပိုရသဖြင့် ယခုနှစ်တွင် အကျိုးအမြတ်များပိုမိုရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ဒညင်းသီးများ စတင်အရောင်းအဝယ်ဖြစ်

      ပြည်ဈေးကွက်၌ တစ်နှစ်တစ်ခါ သရက်သီးမှည့်ပေါ်ချိန်တွင် ဒညင်းသီးများလည်း ဈေးကွက်သို့ စတင်ဝင်ရောက်ရောင်းချလာကြပါသည်။ ရာသီပေါ်အသီးဖြစ်သော ဒညင်းသီးမှာ လူကြိုက်များပြီး စားသုံးသူများသလောက်ရှိပါသည်။ ယခုအချိန် ပြည်ဈေးကွက်တွင်ရောင်းချနေသော ဒညင်းသီးများမှာ ပဲခူးတိုင်း၊အရှေ့တောင်ငူဘက်မှ ဝင်ရောက်လာသည့်အပြင် ဧရာဝတီတိုင်းမှလည်း ဝင်ရောက်လာသည်ကိုတွေ့ရပါသည်။ ယခုအချိန်သည် ပေါ်ခါစဖြစ်၍ အထွက်နည်းပြီး ဈေးနှုန်းမှာလည်း မြင့်တက်နေသည်ကိုတွေ့ရပါသည်။ ပြည်ဈေးကွက်အတွင်းရှိ ဒညင်းသီးရောင်းချသူတစ်ဦးက ၂၀၂၃ခုနှစ်၊ မေလ ယခုကဲ့သို့သောအချိန်တွင် ဒညင်းသီးများအဝင်လှိုင်နေပြီး ၂၀၂၄ခုနှစ်၊ မေလတွင် အဝင်နည်းနေကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း ၂၀၂၃ခုနှစ်ထက် ဈေးနှုန်းများမြင့်နေသည်ဟုပြောကြောင်းသိရပါသည်။၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်၌ ဈေးကွက်တွင်ရောင်းချသော ဒညင်းသီးဈေးနှုန်းများမှာ ဒညင်းသီးအသေး (အစိမ်းတို့စားလျှင် စားနိုင်သော) ၂၅လုံးလျှင် ၁၀၀၀ကျပ်၊ အလတ်စား(၁၀)လုံးလျှင် ၁၃၀၀ကျပ်၊ အကြီး (၁၀) လုံးလျှင် ၁၆၀၀ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ ငရုတ်သီးစိမ်းဈေးကွက်

      ယခုကဲ့သို့သော အချိန်ဖြစ်သည့် မေလဆန်းမှစ၍ ရာသီဥတုမှာ ပူပြင်းလာသဖြင့် အသီးအနှံများလည်း နေရောင်ခြည်လွန်ကဲစွာရရှိသောကြောင့် အထွက်နှုန်းနည်းလာကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလလယ်ပိုင်းတွင် ပုတီးကုန်းဒေသမှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းမှာ ယခုအချိန်၌ အထွက်နှုန်းနည်းပြီး ဝင်ရောက်မှုလည်းနည်းသွား၍ ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လာပြီး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပီနန်ငရုတ်သီးစိမ်းမှာ ရန်ကုန်ဘက်မှ ပြန်လည်ဝင်ရောက်လာပြီး ဈေးကွက်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဈေးနှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းမှာလည်း ဈေးကွက်တွင် ရောင်းချသော်လည်း ကုန်ပစ္စည်းမှာနည်းပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလပိုင်းတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ၂၀၂၄ခုနှစ်၊ မေလပိုင်းတွင် ငရုတ်သီးစိမ်းဈေးနှုန်းများမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့၏ မေလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မေလတတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၁၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၆၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၄၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၇၀၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၂၀၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

      အိမ်သုံးဆေးဝါးဈေးနှုန်းများအား မေလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၄၀၀)ကျပ် ၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၅၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၁၀၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်းရောင်းချ လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်ကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ် ပဲမျိုးစုံဈေးနှုန်းပြောင်းလဲမှု

      ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်သီးနှံများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  မေလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၁၂၀၀-၁၀၁၅၀၀) ကျပ်ဖြင့် တစ်ရက်လျှင် အိတ်၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံတစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၂၅၀/၃၀၀) ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ကုလားပဲ(HL)တစ်တင်းကို (၈၃၅၀၀-၈၄၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၆၀၀၀-၈၇၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ်၃၀၀ ခန့်အဝယ်ရှိပါသည်။

    မေလ ဒုတိယပတ်၌ ပြည်ကုန်စည်ဒိုင်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၁၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၆၀၀၀ကျပ်ဖြင့် ပဲကြီးဈေးကျနေပြီး မြို့တွင်းပဲကြော်သမားများက တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။ စားတော်ပဲဈေးနှုန်းလည်းကျဆင်းနေပြီး စားတော်ပဲ(ကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၂၅ခန့်အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို (၆၇၀၀၀-၆၈၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများမြင့်တက်နေပြီး ကျန်ပဲများမှာ ဈေးနှုန်းကျဆင်းကာ အဝယ်လည်းအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၌ လိုင်ချီးသီးများ စတင်ရောင်းချ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် ကသာဒေသမှထွက်ရှိသော လိုင်ချီးသီးများ စတင်ရောင်းချကြောင်းသိရသည်။ ကသာဒေသရှိ လိုင်ချီးသီးရောင်းချသူများထံမှ လိုင်ချီးသီးအတွဲ(၁၀၀)ပါ တစ်ခြင်းလျှင် (၁၈၀၀၀၀)ကျပ်နှင့် ဝယ်ယူရပြီး ကန့်ဘလူမြို့တွင် လိုင်ချီးသီးတစ်တွဲလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် တစ်ခြင်းလျှင် (၂၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ လိုင်ချီးသီးသည် ရာသီအချိန်၌သာ ရောင်းချရသည့် အသီးဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများ ကြိုက်ကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မေလ တတိယပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

       ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကသာမြို့၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

     ၂၀၂၄ခုနှစ်၊ မေလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ကသာမြို့မှ ထွက်ရှိသော လိုင်ချီးသီး (၁)တွဲလျှင် (၂၀၀၀)ကျပ်၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာ လျှင် (၁၄၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသောခွန်စိမ်း (ရိုးရိုး) (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ကျောက်စိမ်းဖရဲသီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊ မက်မန်းသီး (၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး(၁)လုံး လျှင် (၁၀၀၀)ကျပ်၊ စိန်တလုံးသရက်သီး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၀၀၀) ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ  ကျန်သစ်သီးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိ သောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်ကောက်ရိုးမှိုဈေးနှုန်းမြင့်တက်

       ၂၀၂၄ခုနှစ်၊ မေလလယ်တွင် ကောက်ရိုးမှိုများ ပြည်ဈေးကွက်သို့  ဝက်ထီးကန်၊ ပေါင်းတည်ကြီးတို့မှ ဝင်ရောက်မှုရှိပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိပြီး တစ်ကြိမ်လျှင် (၃/၄) ပိဿာခန့်အဝင်ရှိနေသည်။ စိုစွတ်သောရာသီတွင် မှိုအထွက်များပြီး ယခုခြောက်သွေ့သောရာသီတွင် အထွက်နည်းသဖြင့် ယခင်မိုးရာသီအဝင်များချိန်တွင် ပိဿာချိန် (၇၀)ခန့်သာဝင်ရောက်ခဲ့ပြီး ယခုအချိန်တွင် ပူပြင်းသောရာသီချိန်ဖြစ်သဖြင့် အဝင်မှာ တစ်ခါဝင်ရောက်လျှင် (၃/၄) ပိဿာလောက်သာအဝင်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ယခင်အေးသောရာသီတွင် ကောက်ရိုးမှို (၁၀) ကျပ်သားလျှင် (၁၃၀၀-၁၄၀၀) ကျပ်ရှိပြီး ယခု၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် (၁၀)ကျပ်သားကို (၂၄၀၀-၂၅၀၀) ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေသည့်အတွက် ဈေးကွက်အတွင်း ကောက်ရိုးမှိုဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့၏ မေလတတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး မေလ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကြီးအကောင်လိုက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာ လျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ငါးဈေးနှုန်းများအား မေလဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက  ငါးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း