Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်မှ ကြက်သွန်ဖြူနှင့် အာလူးသီးနှံဈေးနှုန်းဈေးကွက်

    ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ကြက်သွန်ဖြူ(ရှမ်းစ) အသစ်များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်တွင် ရှမ်းစ(အဟောင်း)နှင့် ရှမ်းစ(အသစ်) များရှိနေပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများမှာ ရှမ်းစ(အဟောင်း)မှာ တစ်ပိဿာလျှင် လက်လီ ၁၈၀၀၀ကျပ်၊ လက်ကား ၂၀၀၀၀ကျပ်ဈေးနှုန်းရှိပြီး လက်ကျန်နည်းနေပြီး အရောင်းမသွက်တော့ကြောင်းသိရပါသည်။ ရှမ်းစ(အသစ်)မှာ ပေါ်စဖြစ်ပြီး အနည်းငယ်အစိုဓာတ်ရှိနေသေးသည့်အတွက် တစ်ပိဿာလျှင် လက်လီ ၁၃၀၀၀ကျပ်၊ လက်ကား ၁၂၀၀၀ကျပ်ဈေးနှုန်းရှိပြီး အဟောင်းထက် အသစ်မှာပို၍ အရောင်းသွက်လျက်ရှိကြောင်းနှင့်  ရှမ်း(ကြူကုတ်) မှာ တစ်ပိဿာလျှင် လက်လီ ၁၅၀၀၀ကျပ်၊ လက်ကား ၁၄၀၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

     အာလူးသီးနှံအနေဖြင့် ယခင်သင်္ကြန်ပိတ်ရက်မတိုင်ခင်က တစ်ပိဿာလျှင် လက်လီ ၃၄၀၀ကျပ်၊ လက်ကား ၃၂၀၀ကျပ်ဈေးနှုန်းရှိခဲ့ပြီး သင်္ကြန်အပြီး ယခုကာလများတွင်မူ တစ်ပိဿာလျှင် လက်လီ ၃၀၀၀ကျပ်၊ လက်ကား ၂၈၀၀ကျပ်ဈေးနှုန်းတို့ရှိပြီးာ လက်ကျန်အာလူးမှာ ရာသီဥတုအပူချိန်ကြောင့် သီးနှံအရည်အသွေးကျဆင်းမှုများဖြစ်ပေါ်၍ သီးနှံများပျက်စီးနိုင်သည့်အတွက် ဈေးနှုန်းအနည်းငယ်လျော့နည်းရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော မင်းဂွတ်သီး

     မင်းဂွတ်သီးသည် အသီးစသီးချိန်တွင် အခွံမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးအချိန်တွင် အခွံမှာ အနီရောင်ဖြစ်လာပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခရမ်းရောင်သန်းလာလျှင် မှည့်ပြီဟုယူဆနိုင်ပါသည်။ မင်းဂွတ်သီးကောင်းတစ်လုံး၏ အပြင်သားမှာ ခရမ်းပုတ်ရောင်ရှိပြီး အတွင်းသားမှာ ဖြူစွတ်စွတ်ဖြစ်ပါသည်။

     မင်းဂွတ်သီး၏ အာနိသင်ကောင်းကျိုးတွေ့ရှိချက်ကြောင့် စီးပွားရေးသမားများသည် မင်းဂွတ်သီးဖျော်ရည်နှင့် မင်းဂွတ်သီးဆေးတောင့်များကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြပါသည်။ မင်းဂွတ်သီးကို ကျောက်ကြီးနှင့် မုံရွာတို့ဘက်မှ ပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပြည်ဈေးကွက်၌ ဖြစ်ပေါ်နေသော မင်းဂွတ်သီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၆၀၀ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀-၄၀၀) ကျပ်တို့ဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲပင်ပေါက်ဈေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် မြေပဲပင်ပေါက်များ စတင်ရောင်းချနေကြောင်းသိရှိရသည်။ မြေပဲပင်ပေါက်များသည်  တစ်နှစ်မှာ တစ်ခါသာစားရခြင်းဖြစ်သည်။ မြေပဲပင်စို့များကို နုတ်ယူရာတွင် တစ်ဧကလျှင် အချိန် ၁၀ပိဿာမှ ၁၅ပိဿာအထိနုတ်ယူရရှိပြီး မြေပဲနုတ်စဉ်အချိန်က လက်ကျန်များကျန်ရှိခဲ့မှုအနည်းအများပေါ်မူတည်ပြီး ရရှိခြင်းဖြစ်ပါသည်။ ရောင်းချသူများအနေဖြင့် မြေပဲကို မြေပဲပင်ပေါက်အဖြစ် အရင်းအနှီးများသောကြောင့် ပြုလုပ်ရောင်းချနိုင်ခြင်းမရှိသော်လည်း မြေပဲနုတ်ယူစဉ်က ကျန်ခဲ့သည့်လက်ကျန်များကြောင့်သာ  စားသုံးသူများအား ရောင်းချနိုင်ခြင်းဖြစ်ပါသည်။ မြေပဲပင်ပေါက်ကို ထိပ်အရွက်၊ အညွန့်ကလေးများကိုဖဲ့ပြီး ကြော်၍သော်လည်းကောင်း၊ ပြုတ်ကြော်လုပ်၍လည်းကောင်း စားသုံးကြပါသည်။

     ပြည်ဈေးကွက်အတွင်း ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်အတွင်း မြေပဲပင်ပေါက်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ရှိပြီး မြေပဲဆန်တစ်တင်းလျှင် (၉၄၅၀၀)ကျပ်ထိရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဥ်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဥ်သီးတချို့နှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဥ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ခရမ်းချဥ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက် ခရမ်းချဥ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းပါလာသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချည်အရသာနည်းသည့်အပြင် အလုံးအရွယ်အစား လှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်ကြပါသည်။ ကန့်ဘလူဒေသထွက် ခရမ်းချဥ်သီးများသည့် မိုးဦးကျစ မိုးစရွာလာလျှင် အသီးများ အထားမခံဘဲ ပုပ်လွယ်ပြီး ဈေးကွက်သို့ ဝင်ရောက်မှုနည်းကာ လူကြိုက်လည်းနည်းပါးကြောင်း၊ ယခုမေလ ဒုတိယအပတ်မှစ၍ ခရမ်းချဥ်သီးဈေးနှုန်းများ ထက်ဝက်မြင့်တက်လျက်ရှိလာကြောင်း သိရှိရပါသည်။

     ကန့်ဘလူမြို့၏ ခရမ်းချဥ်သီးဈေးနှုန်းအနေဖြင့် ယခင်ဧပြီလကုန်နှင့် မေလဆန်း ပထမအပတ်အထိ ထိုင်ဝမ်ခရမ်းချဥ်သီးဈေးမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၅၀၀/၇၀၀/၈၀၀/ ၁၀၀၀)ကျပ်ဈေးနှုန်းဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ထိုင်ဝမ် ခရမ်းချဥ်သီးဈေးမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၁၂၀၀/၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် အထိ ဈေးနှုန်းမြင့်တက်ကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၇၅) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၃၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၇၄၅)ကျပ် ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

      ယခု ၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၉၄၀) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၀၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၅)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၈၀)ကျပ် ဖြင့် ရောင်းချသောကြောင့် ယခင်မေလ ဒုတိယအပတ် စက်သုံးဆီဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၅) ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၆၀)ကျပ် ၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၅)ကျပ်  ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။

      ယခင်၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယအပတ်သည် သင်္ကြန်ပိတ်ရက်ဖြစ်သည့်အတွက် မေလတတိယအပတ်နှင့် နှိုင်းယှည်၍မရပါကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ကန့်ဘလူ၊ ကျွန်းလှတို့တွင် ၂၀၂၄ ခုနှစ်၊ မေလတတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် ကျပ် ၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည် ကျပ်၅၀၀၀ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေး အကြီး/အသေး နှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ကျပ်၂၇၀၀/၂၅၀၀၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အကြီး /အသေးပါ်မူတည်၍ တစ်ပိဿာ ကျပ်၁၀၀၀၀ မှ ကျပ်၁၄၀၀၀ အထိ အစားစားရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၂၀၀၀ ၊ ချင်း တစ်ပိဿာ ကျပ်၁၀၀၀၀၊ အာလူး အသေး/အကြီး ပေါ်မူတည်၍ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ်၂၅၀၀/၂၇၀၀၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်၁၀၀၀၀၊ ကုလားပဲဆံ တစ်ပိဿာလျှင် ကျပ်၆၅၀၀၊  ကုလားပဲဆံ တစ်ပြည်လျှင် ကျပ် ၈၅၀၀၊ စွန်တာနီပဲ လုံးကြား  တစ်ပြည် ကျပ်၅၂၀၀ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာ ကျပ်၁၅၀၀/၁၈၀၀ ၊ ခရမ်းသီး တစ်ပိဿာ ကျပ်၁၅၀၀၊ ငရုပ်သီးစိမ်း တစ်ပိဿာ ကျပ်၃၅၀၀၊ ပန်းဂေါ်ဖီ အသေး/ အကြီး ပေါ်မူတည်၍ တစ်ပွင့် ကျပ်၂၀၀၀/၂၅၀၀ ၊ ဂေါ်ဖီထုတ် အသေး/အကြီးပေါ်မူတည်၍ တစ်ထုတ် ကျပ် ၈၀၀/၁၀၀၀/၁၂၀၀ ၊ ခါကြက်ဥ ဗမာ တစ်ပိဿာ ကျပ်(၃၀၀၀)၊ ခါကြက်ဥ တရုတ် တစ်ပိဿာ (၆၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည် တစ်စည်းလျှင် ကျပ်၂၀၀၊ ကန်ဇွန်းရွက် တစ်စည်း ကျပ်၁၀၀၊ ချဉ်ပေါင်ရွက် တစ်ပုံ ကျပ်၂၀၀၊ ဆူးပုပ်ရွက် တစ်စည်း ကျပ်(၁၀၀)၊ မန်ကျီးရွက်နု တစ်ပုံ  ကျပ် ၂၀၀၊ သံပုရာသီး တစ်လုံး ကျပ်၂၀၀/၂၅၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိဿာ ကျပ်၁၈၀၀၀/ ၂၀၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ်၁၈၀၀၀၊ အမဲသား တစ်ပိဿာ ကျပ်၁၆၀၀၀၊ ငါးကြင်း အကောင်လိုက် တစ်ပိဿာ  ကျပ်၉၅၀၀၊ ငါးကြင်းခုတ်သား တစ်ပိဿာ ကျပ်၁၄၀၀၀၊ တီလားဗီးယားငါး အကောင်သေး တစ်ပိဿာ ကျပ်၆၀၀၀၊ အကြီး တစ်ပိဿာ ကျပ်၈၀၀၀၊ ကြက်ဥ တစ်လုံး ကျပ် ၂၅၀/၃၀၀၊ ဘဲဥ တစ်လုံး ကျပ်၄၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့် တစ်ပိဿာ ကျပ်၁၅၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ်၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်၊ မေလ တတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင် ၂၀၂၄ ခုနှစ်၊ မေလ ဒုတိယအပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက အခြားအခြေခံစားကုန်ဈေးနှုန်းများဖြစ်သည့် ဆန်၊ဆီ၊ ဆားဈေးနှုန်းများနှင့် အသားဈေး၊ ငါးဈေးများ ကြက်သွန် ၊ခရမ်းချဉ်သီးဈေးများ ထူးခြားစွာပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် မေလ(ဒုတိယ)ပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၅၀,၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၃၅,၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)  (တစ်အိတ်)လျှင် ၈၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၄၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၄၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၃၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၁၅၀၀ မှ ၁၂၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၃၀၀၀ မှ ၁၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၅၀၀ မှ ၅၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၀၅၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ၈၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၇၀၀၀ မှ ၁၇၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၉၅၀၀ မှ ၁၀၀၀၀ ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၃၀၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၂၅၀၀ မှ ၃၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး နနွင်းတက်၊ ကြက်သွန်/ဖြူနီ ခရမ်းချဉ်နှင့် ဖရဲသီးဈေးနှုန်း အနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီ ဈေးနှုန်းများရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း သိရှိရသည်။ 

DOCA(စစ်ကိုင်း)

    

 

မေလ၊ တတိယအပတ်တွင် ပဲတီစိမ်းဝင်ရောက်မှုများသော်လည်း ဈေးအနည်းငယ်အေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၅၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀)တင်း/ (၄၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်း တစ်တင်းလျှင်(၆၁၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်း တစ်တင်းလျှင်(၁၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများ နှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မေလ၊ တတိယအပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး မြင့်တက်လျက်ရှိ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။  

    ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး မေလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၁၃၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၀၅၀)တင်း/(၃၄)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၅၅၀ဝိ/-)ကျပ်ဈေးပိုမိုခဲ့သည့်အပြင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိတာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်မှုအရ သတင်းရရှိပါသည်။ ‌

DOCA(စစ်ကိုင်း)

 

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(ပထမ)ပတ်တွင်    ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ် (၂၀:၁၂:၁၂)တစ်အိတ် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ် (၇၆,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၉၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၈၅,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၇၉,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၇၆,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၈၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၄၈,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၉၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၆၉,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၀၀၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၀,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၃၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၈,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃,၅၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၅၃၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၄၃၂၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter)တစ်ဘူး (၃,၂၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၁၅၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၁၈၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀)ကျပ်၊ ပင်လုံးပြန့်(1 Liter) တစ်ဘူး (၂၉,၀၀၀) ကျပ်ဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

     ယခု မေလ(ဒုတိယ )ပတ်တွင်    ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ် (၈၂,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၉၀၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၈၈,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ် (၈၀,၀၀၀)ကျပ်၊ တီစူပါ တစ်အိတ် (၈၂,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၇၉၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ် (၁၅၈,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ် (၁၀၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ် (၆၉,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများ ဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူး (၆,၀၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူး (၂၂၀၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ် (၁၀,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူး (၁၃၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူး (၂၉,၀၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1 Liter)တစ်ဘူး (၃,၆၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1 Liter)တစ်ဘူး (၅၄၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500 g)တစ်ဘူး (၄၆၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1 Liter)တစ်ဘူး (၃,၄၀၀၀)ကျပ်၊ အီမာ(1 Liter) တစ်ဘူး (၃၅,၀၀၀) ကျပ်၊ သန်းဒါး(10 CC) တစ်ဘူး (၁၃၀၀)ကျပ်၊ ဒိုဇာ(10 g)တစ်ဘူး (၁၈၀၀)ကျပ်၊ ထိသေစားသေ (1 Liter)တစ်ဘူး (၁၃၀၀)ကျပ်၊ ပင်လုံးပြန့်(1 Liter) တစ်ဘူး (၂၉,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်မြင့်တက်မှုရှိပါကြောင်း လေ့လာသိရှိရသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း