Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုး အစားများ  ဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၅၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း (တရုတ်))တစ်အိတ် (၈၀၀၀၀)ကျပ်၊ နိုက်ထိဖောစကာ (သြဘာ) တစ်အိတ် (၇၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့ သြဘာ) တစ်ထုပ် (၁၆၅၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၃၀၀)ကျပ်၊ အစီဖိတ် (သြဘာ)တစ်ဗူး (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

                ယခုအပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၈၀၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ နိုက်ထိဖော စကာ (သြဘာ) တစ်အိတ်(၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုး အစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့သြဘာ)တစ်ထုပ် (၁၆၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၈၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၈၇၅၀၀၊ တန်အားဖြင့် ၄၃၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၄၀၀၊ မန္တလေးသို့ အိတ်ရေ ၄၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၂၄၀၀၊ တန်အားဖြင့် ၅၁၂၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၄၉၀၀၊ တန်အားဖြင့် ၇၄၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၁၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ထန်းလျက်အကြောင်း သိကောင်းစရာ

       ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း မြို့နယ်များမှ အများဆုံးထွက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမှ ထွက်ရှိသောထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

      ထန်းရည်ချိုအများဆုံးထွက်ရှိသည့်အချိန်သည် တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင် စသည့်လများတွင် ထန်ရည်လှိုင်လှိုင်ပေါ၍ ထန်းပင်ပိုင်ဆိုင်သူများနှင့် ထန်းလျက်ထုတ်လုပ် သူများအတွက် အကောင်းဆုံအချိန်ဖြစ်သည်။ နွေရာသီနှင့် မိုးရာသီများတွင် ထန်းလျက်ချက်လုပ်မှု အများဆုံးပြုလုပ်ကြသည်။ ထိုရာသီများသည် ထန်းရည်ပေါ်ချိန်ဖြစ်သောကြောင့် ကုန်ချောအများ ဆုံးထုတ်လုပ်နိုင်သည်။ မိုးနည်းသည့် နှစ်များတွင် ထန်းရည်အထွက်နည်းသည်။

       ထန်းလျက်ချက်လုပ်ရာတွင် ထန်းပင်မှကျသည့်အရည်သည် ပထမဦးရေဖြစ်ပြီး ၎င်းထန်းပင် မှကျလာသည့် ထန်းရည်ချိုအား ထန်းလျက်အဖြစ် စတင်ချက်လုပ်ရသည်။ ထန်းရည်ပိုချို၍ ထန်း လျက်ချက်လုပ်နိုင်စေရန် ထန်းရည်ခံမြေအိုးထဲသို့ တည်ခေါက် ထည့်ပေးရသည်။ ထန်းလျက်အညို ချက်လုပ်ရာတွင် ထန်းရည်ချိုအား အပူပေးထားသည့် သတ္ထုဒယ်ထဲတွင် ထန်းရည်များပွတ်လာ၍ အရည်ပျစ်လာသည်အထိ မီးအချိန်အဆပေါ်မူတည်၍မွှေပေးရသည်။ မွှေချိန်(၁၅) မိနစ်ခန့်ကြာပြီး ထန်းလျက်အလုံးများပြုလုပ်နိုင်သည့် အနေအထားမျိုးတွင် မီးဖိုမှချကာ (၁၀) မိနစ်ခန့် ပြန်မွှေပြီး ခပ်နွေးနွေးအနေအထားတွင် ထန်းလျက်အလုံးများ စတင်ပြုလုပ်နိုင်ပြီဖြစ်သည်။ ထန်းလျက်အဖြူ ချက်ရာတွင် ထန်းရည်ချို၏ အပေါ်ရည်ကိုသာခပ်ယူပြီး သေချာစွာသန့်စင်ကာ ကျိုချက်ရသည်။ ထန်းလျက်သည် ထန်းဖိုထန်းလျက်နှင့် ထန်းမထန်းလျက်ဟူ၍ နှစ်မျိုးရှိသည်။ ထန်းဖို ထန်းလျက် ဆိုသည်မှာ  အသီးမသီးသော ထန်းဖိုပင်၏အဖူးမှရရှိသော ထန်းရည်ချိုကို ကျိုချက်၍ ရလာသော ထန်းလျက်ကိုခေါ်သည်။ ထန်းမ ထန်းလျက်ဆိုသည်မှာ အသီးသီးသော  ထန်းမပင်၏ထန်းနုခိုင်တွင်  အသီးခိုင်ကိုထု၍ ရလာသောထန်းရည်ချိုကို ကျိုချက်ရသော ထန်းလျက်ကိုဆိုသည်။ ထန်းဖို ထန်းလျက်နှင့် ထန်းမထန်းလျက်တွင် ထန်းဖိုထန်းလျက်သည် ပို၍ဆေးဖက်ဝင်ကြောင်းသိရသည်။ ထန်းရည်ချို  ၁၂ ပိဿာ (မြေအိုး ၆) လုံးကျိုချက်လျင် ၂ ပိဿာနှုန်းထွက်ရှိပြီး ထန်းအပင် ၄၀ တွင် ထန်းလျက်အချိန်ပေါင်း ၂၅ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။

         ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်း ထန်းလျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ရှိပြီး  အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။  ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော ၍ချက်လုပ်မှုများလည်းရှိနေသည်။  သို့သော် ထန်းလျက်အစစ်နှင့် အတုမှာ စားကြည့်ရုံမျှနှင့် ကွဲပြား မှုရှိသည်။  ဆောင်းရာသီ အချိန်ကာလများ၌ ကုန်ကြမ်းရှားပါးခြင်းကြောင့်  သိုလှောင်ထားသည့် ထန်းလျက်များကိုသာ ရောင်းချနေရ၍ ဆောင်းရာသီသည် ထန်းလျက်ဈေးနှုန်းအမြင့် ဆုံးအချိန် ဖြစ်သည်။ ကုန်ကြမ်းပေါများချိန်တွင် ၁ပိဿာလျှင် ၁၈၀၀ ခန့်ပေးရသော်လည်း ကုန်ကြမ်းမရရှိနိုင် သည့် အချိန်တွင် ၁ပိဿာ ၃၀၀၀ ခန့်ပေးရကြောင်း သိရသည်။ ယခုနှစ် ထန်းလျက်ဈေးနှုန်းများမှာ  ရိုးရိုးထန်းလျက်နှင့် ထန်းပေါ်ဦးထန်းလျက်တို့သည် ၁ပိဿာ ၁၉၀၀-၂၀၀၀ ခန့်ရှိပြီး၊ အုန်းထန်း လျက်၊ ဇီးထန်းလျက်တို့သည် ၁ပိဿာ ၃၀၀၀ ဝန်းကျင်ရှိကာ နှမ်း၊ မြေပဲ ထန်းလျက်များကို ၅၀ ကျပ်သားနှင့် အထက်ကြိုတင်မှာယူမှသာ ပြုလုပ်ပေးပြီး ဈေးနှုန်းမှာ ၁ ပိဿာ ၄၀၀၀ ကျပ်ခန့် ရှိကြောင်းသိရသည်။                                                   

DOCA(စစ်ကိုင်း)                                                                                               

“မိတ္ထီလာမြို့ခရိုင်အတွင်းရှိ နွားနို့ခဲလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း’’

             စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂၁.၃.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့ သည် မိတ္ထီလာမြို့နယ်ရှိမွေ‌ကျေးရွာမှ ဒေါ်သန်းသန်းဆင့် နွားနို့ခဲလုပ်ငန်းသို့ သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

            နွားနို့ခဲလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း၊ နွားနို့ခဲကျိုရာတွင်နွားနို့ကိုရေစစ်နှင့် စစ်ပြီးအိုးသန့်သန့်နှင့်ကျိုရကြောင်း၊နွားနို့်ထဲသို့ မရိုးစေးအားထည့်ရကြောင်းနှင့် ပထမဆုံးမီးပြင်းပြင်းနှင့် ကျိုပြီးနွားနို့ပွက်လျှင် မီးအေးအေးနှင့် ထားရကြောင်း၊ နွားနို့ခဲကို (၁) နာရီခွဲ (၂) နာရီခန့် ကျိုရကြောင်း၊ နွားနို့အဖတ်နှင့်အရည်ကွဲသွားပြီဆိုလျှင် ပိတ်ပါးလေးများနှင့် အထုတ်ကလေးများထုတ်ပြီး ရေစစ်ထားရကြောင်း၊ ရေစစ်သွားလျှင် မီးအေးအေးနှင့်ကင်ရကြောင်း သိရှိရပါသည်။

         နွားနို့ခဲပြုလုပ်ရာတွင် နွားနို့ကို နွားခြံများသို့ သွားရောက်ဝယ်ယူရကြောင်း၊ နွားနို့ (၁) ပိဿာလျှင် (၁၅၀၀) ကျပ်ဝယ်ယူရကြောင်း၊ တစ်နေ့နွားနို့အချိန် (၃၀) ခန့် ကျိုရကြောင်း၊ နွားနို့အချိန် (၁၀) ကျိုလျှင် နွားနို့ ခဲ (၂.၂၅) ပိဿာခန့်ထွက်ရှိကြောင်း၊ နွားနို့ခဲ (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ် ရောင်းချရပြီး၊ နွားနို့ခဲရေခြောက်လျှင် (၃) ရက်ခန့်အထားခံသဖြင့် အညာဒေသလက်ဆောင်အဖြစ် ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များသို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                                                                    

           

“မိတ္ထီလာမြို့ခရိုင်အတွင်း အရောင်းတွင်ကျယ်လျှက်ရှိသော မီးဖိုလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း ’’

           စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ၊ ဦးသန်းစိုးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မတ်လ (၂၃ ) ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) အဖြစ်လုပ်ကိုင်သော  မီးဖိုလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

           ထင်းမီးဖို၊ မီးသွေးမီးဖိုပြုလုပ်ရာတွင် မြေအမျိုးအစား (၂) မျိုးဖြစ်သည့် စေးကပ်သောမြေနှင့် သဲမြေတို့ကို အသုံးပြုကြပြီး တစ်ချို့မှာ မြေစေးတစ်မျိုးတည်းကိုသာ အသုံးပြုကြကြောင်း၊ မြေကို ရေနှင့်နှပ်ထားပြီး မြေနယ်စက်ထဲ လောင်း၍နယ်ထားရကြောင်း၊ မြေနယ်စက်မရှိသူများသည် ခြေထောက်နှင့် နင်းနှယ်ရကြောင်း၊ နှယ်ပြီးသောမြေကို ပုံစံခွက်(မို)ထဲတွင်ထည့်၍ ပုံကြမ်းလောင်းပြီး၊ ထွက်ရှိလာသော ပုံကြမ်းကို အတိုင်းအတာမှတ်၍ ဓါးဖြင့်လှီးကာ အချောကိုင် ပုံသွင်းရကြောင်း၊ တစ်နေ့လျှင် (၃၅) လုံးခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသော မီးဖိုများကို ပက်လက်ရိုးရိုး (၃) ရက်၊ မှောက်လျှက် (၃) ရက် အခြောက်လှန်းထားရကြောင်း၊ ထွက်ရှိလာသော မီးဖိုများကို တစ်ပတ်လျှင် တစ်ကြိမ်မီးဖုတ်ခြင်း လုပ်ငန်းကိုလုပ်ကိုင်ရကြောင်း၊ မီးဖုတ်ရာတွင် အောက်တွင် ထင်းခင်း၍ မီးဖိုများစီရကြောင်း၊ အလုံးရေ အုပ်စုံ (၂၁၀) ခန့်ဆန့်၍ ဘေးပတ်လည်တွင် ထင်းများစီ၍ မီးဖုတ်ရကြောင်း၊ မီးဖိုအလွတ်များကို မြေနီသုတ်ထည့်ပြီး၊ ပုံချောအထိသံပုံး၊သံကိုင်းတပ်ဆင်မည့်မီးဖိုများကို မြေနီမသုတ်အလွတ် မီးဖုတ်ကြောင်းသိရှိရပါသည်။

        မီးဖိုပြုလုပ်ရာတွင် အသုံးပြုသော မြေဝယ်ယူရာတွင် ထော်လာဂျီတစ်စီးလျှင် (၁၂၀၀၀) ကျပ်၊ ထင်း ထော်လာဂျီတစ်စီးလျှင် (၇၀၀၀) ကျပ်ဖြင့်ဝယ်ယူရပြီး၊ မီးဖိုတစ်လုံးလျှင် ပုံသွင်းလက်ခအနေဖြင့် (၂၀၀) ကျပ်၊ ဓါးလီးခ (၁၅၀) ကျပ်၊ဓါတ်ဆီဖိုး (၅၀) ကျပ်၊ ထင်း (၂၀၀) ကျပ် စုစုပေါင်း ကုန်ကျစရိတ် (၇၀၀)ကျပ်ခန့် ကုန်ကျကြောင်းနှင့် ၎င်းအကာမပါ မီးဖိုအလွတ်အလတ် (၈၀၀) ကျပ်၊ အကြီး(၁၀၀၀) ကျပ်နှုန်းဖြင့် ဖောက်သည်သွင်းရကြောင်း၊ ၎င်းအကာမပါမီးဖိုအလွတ်အား သံပြား၊ အကာ၊ သံကိုင်းတပ်၊ အင်းဂတေတို့ဖြင့် အဆင့်ဆင့်မွမ်းမံ ထားသော မီးဖိုတစ်လုံးလျှင် (၃၅၀၀) ကျပ်ဖြင့် စျေးဆိုင်များမှ လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။

       မီးတစ်ခါဖုတ်လျှင် တစ်ပတ်အလုံးရေ ၂၁၀ ခန့်ထွက်ရှိရာ၊ တလလျှင်အလုံးရေ (၈၄၀) ခန့်ထွက်ရှိပြီး တစ်လလျှင် ပျမ်းမျှဝင်ငွေ (၂၀၀၀၀၀) ကျပ်ခန့်ရှိကြောင်း ထွက်ရှိသောမီးဖိုများကို လွှိုင်ကော်၊ တီဂျစ် ၊ မြင်းခြံ၊ တောင်သာမြို့များသို့ ပို့ရကြောင်းနှင့် ထွက်ရှိသလောက်ဖြန့်ဖြူးရောင်းချရကြောင်း သိရှိရပါသည်။

      ယခုအခါ သာစည်မြို့နယ်၊ လှိုင်းတက်၊ မယ်ဇလီကန်ကျေးရွာတွင် တစ်ရွာလုံးနီးပါး အိုးလုပ်ငန်းနှင့် မီးဖိုလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ မီးဖိုမှာအလတ်စား ၊ အကြီးစား(၂) မျိုးထုတ်လုပ်ပြီး၊ ထင်းဖို၊ မီးသွေးဖို၊ထင်းမီးသွေးဖို၊ စံပြမီးဖိုစသည်ဖြင့် (၅) မျိုးထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။    

DOCA(မန္တလေး)                                             

ဈေးကောင်းရနေသည့် အစေ့ထုတ်ပြောင်း (မိုးကြိုး) များ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

          မုံရွာမြို့တဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် ဆောင်းသီးနှံ (မြေပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ပဲကြား) များရိတ်သိမ်းပြီးသည့် ရိုးပြတ်များတွင် မတ်လဆန်းမှစ၍ အစေထုတ်ပြောင်း (မိုးကြိုး)များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

          ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် လက်ပံတောင်၊ ကြီးဝဲကွဲ၊ နတ်ကျွန်း၊ ရွှေကုန်း၊ သဲတောကြီး၊ ထန်းတောကြီးကျေးရွာနှင့် ထန်းဇင်ကျေးရွာများသည် အစေ့ထုတ် ပြောင်း(မိုးကြိုး) ကို မြေအောက်ရေဖြင့် နှစ်စဉ်စိုက်ပျိုးလျှက်ရှိသည့် ဒေသများဖြစ်သည်။ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်မှုရှိသော်လည်း အစေ့ထုတ်ပြောင်း ဈေးကွက် ကောင်းရ ရှိနေသည့်အတွက် တောင်သူများစိုက်ပျိုးမှုများပြား လာကြောင်း သိရှိရပါသည်။ ဆောင်းသီးနှံများ ရိတ်သိမ်းပြီးသည့်ရိုးပြတ်များတွင် ထွန်စက်ဖြင့် ထွန်ယက်ပြီး ဘောင်ဆွဲကာ စိုက်ပျိုးခြင်းဖြစ်သည်။ ထွန်စက်ခအနေဖြင့် ယခင်နှစ်က တစ်နာရီကို (၁၈၀၀၀)ကျပ် ပေးရ သော်လည်း ယခုနှစ်တွင် တစ်နာရီကို (၂၅၀၀၀) ကျပ်ပေးချေနေရကြောင်း၊ တစ်ဧကလျှင် (၂) နာရီမျှ ထွန််ယက်ပြီး နွားထွန်ဖြင့် ဘောင်ဆွဲကာ ရေသွင်း၍ စိုက်ပျိုးရကြောင်း သိရှိရသည်။

          ယခုလက်ရှိ စိုက်ပျိုးနေသည့်မျိုးများမှ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် SP-888 မျိုးများဖြစ်ပြီး မျိုးစေ့ (၅)ကီလိုတစ်ထုပ်လျှင် (၄၅၀၀၀) ကျပ်ဖြင့် ဝယ်ယူရရပြီး တစ်ဧက( ၂)ထုပ်နှုန်းအသုံးပြုကာ စိုက်ပျိုးရကြောင်း သိရှိရသည်။ ယခုနှစ်တွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် (၅)သိန်းကျော်ခန့် ကုန်ကျမည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် တင်း( ၇၀-၈၀) ခန့်ထွက်ရှိနိုင်ကြောင်း လေ့လာ သိရှိရပါသည်။ ယခုစိုက်ပျိုးသည့် SP-888 မျိုးမှာ ရေငတ်ဒဏ်ခံနိုင်ခြင်း၊ အမြစ်နှစ် ထပ်ကုပ်ပြီး လေတိုက်သည့်ဒဏ်ကိုလည်းခံနိုင်ကြောင်း၊ အပင်ပေါ်တွင် အဖူးကြာ ရှည် အထားခံ ကြောင်း၊ အစေ့၏အတွင်းမှာ လိမ္မော်ရောင်တောက်ပြီး အလေးချိန်စီးကြောင်း တောင်သူများ၏ ပြောပြချက် အရ သိရှိရပါသည်။

          ယခုမတ်လတွင် မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ အစေ့ထုတ်ပြောင်း တစ်တင်းအနိမ့်ဈေး( ၁၆၅၀၀)ကျပ်နှင့် အမြင့်ဈေး(၁၈၃၀၀)ကျပ် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဒေသတွင်းတိရိစ္ဆာန်အစာ စက်ရုံများနှင့် ရန်ကုန်၊ မန္တလေးရှိ တိရိစ္ဆာန်အစာစပ် စက်ရုံများမှ ဝယ်ယူမှု များရှိနေသလို ပြည်ပနိုင်ငံများမှလည်း ဝယ်လိုအားရှိနေကြောင်း မုံရွာဈေးကွက်ရှိ ပြောင်းကုန် သည်များထံမှ သိရှိရပါသည်။ ယခင်နှစ်မတ်လအတွင်း အစေ့ထုတ်ပြောင်း တစ်တင်း အနိမ့်ဈေး (၇၉၀၀) ကျပ်နှင့် အမြင့်ဈေး (၈၂၀၀)ကျပ်သာ ပေါက်ဈေးရှိခဲ့သည့်အတွက် ယခုနှစ်တွင် အစေ့ထုတ် ပြောင်းတစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။

          ယခုလက်ရှိမုံရွာဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးကောင်းရနေသည့်အတွက် ဒေသတွင်း မှ ပြောင်းစိုက်တောင်သူများ အစေ့ထုတ်ပြောင်း (မိုးကြိုး) စိုက်ပျိုးရန်လည်း တောင်သူများ စီစဉ်ဆောင်ရွက်လျက်ရှိနေသည့်အတွက် ယခင်နှစ်ကထက် အစေ့ထုတ်ပြေင်း(မိုးကြို) စိုက်ပျိုးမှုများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း  တင်ပြလိုက်ရပါသည်။

အရောင်းအဝယ်ပါးသည့် မုံရွာအာလူး

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအာလူးပွဲရုံများသို့ ဒေသတွင်း အဝင်မရှိဘဲ အောင်ပန်း မှ တစ်ပတ်လျှင် ၁၂ဘီးကား ၂စီးဖြင့် တအိတ်လျှင် အချိန်၄၀ပိဿာပါ အိတ် ၈၀၀-၁၀၀၀ခန့် ပုံမှန် အဝင်ရှိနေပါသည်။ အောင်ပန်းအာလူး ဆိုဒ်စုံအဝင်ရှိပြီး အရည်အသွေး အလုံးအကြီးအသေးအလိုက် ပွဲရုံဈေး၁ပိဿာ လျှင်  ၁၅၀၀- ၁၆၀၀ -၂၀၀၀ ခန့်ဖြစ်ပြီး လက်လီဈေး ၁ပိဿာလျှင် ၂၄၀၀- ၂၅၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း အားလူးကြော်လုပ်ငန်း၊ စမူဆာကြော်လုပ်ငန်း၊ မုန့်လုပ်ငန်းရှင်များနှင့် လက်လီအရောင်းဆိုင်များမှ ဝယ်ယူသော်လည်း ယခုအခါတွင် အ‌ရောင်းအဝယ်ပါးလျက်ရှိကြောင်း သိရှိရပါသည်။

ဝင်ငွေရရှိနေသည့် ထန်းရွက်ခမောက်လုပ်ငန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ‌ငွေတွင်းကျေးရွာတွင် ထန်းရွက်ခမောက် လုပ်ငန်းကို ရှေးယခင်ကတည်းက မိရိုးဖလာလုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး ရက်လုပ်ရာတွင်ကုန် ကြမ်း အဖြစ်အသုံးပြုသည့် ထန်းရွက်ကို အရာတော်မြို့နယ်၊ ကျေးရွာများမှ ရရှိကြောင်း၊ အဆိုပါ ထန်းရွက်ခမောက်လုပ်ငန်းကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ်လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိသားစု တစ်နိုင်တစ်ပိုင်ဝင်‌ငွေရနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ကုန်ကြမ်း ထန်းရွက်ကို ကိုယ်တိုင်ခုတ်၍ ဈေးကွက်ရာသီဖြစ်သည့် နွေရာသီတွင် အဓိကရက်လုပ်ကြကြောင်း၊ မိမိတို့ မိသားစုဝင်ငွေကို အထောက်အကူပြုလျှက်ရှိသဖြင့် နှစ်စဉ်နွေရာသီကာလတွင် ပုံမှန်ရက်လုပ် သောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ခမောက်တစ်လုံးလျှင် (၁၀၀၀)မှ (၁၂၀၀)ကျပ် ဖြင့် ရောင်းချရပြီး ဒေသတွင်းကျေးရွာများ၊ မုံရွာမြို့နှင့်ဝက်လက်မြို့များသို့ တင်ပို့ရောင်းချလျှက်ရှိ ကြောင်းသိရပါသည်။

“ပြင်ဦးလွင်မြို့၏မက်မန်းစိုက်ပျိုးမှုနှင့်စျေးကွက်အခြေအနေ”

         ပြင်ဦးလွင်မြို့သည် တောင်ပေါမြို့ဖြစ်ပြီး ရာသီဥတုအနေဖြင့် အေးမြသောကြောင့် မြို့နေတောင်သူအများစုမှာ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့်ပန်းမာလ်၊နှစ်ရှည်သီးနှံများအား အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိပါသည် ။ ၄င်းသီးနှံများအနက်မှ မက်မန် စိုက်ပျိုးမှုအား ပြင်ဦးလွင်မြို့နယ်တွင်(၉၅၃)ဧကစိုက်ပျိုးထားကြောင်း သိရှိရပါသည်။အဓိကစိုက်ပျိုးသောကျေးရွာများမှာ ပန်းဦးတောင်၊ ကုန်ကော်၊ ဆင်ဖြူအင်း၊ အင်းထိပ်၊ ညောင်ကုန်း၊ မျှော့တော တို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးထွက်ရှိလျှက်ရှိပါသည်။ မက်မန်းပင်များကို ဇူလိုင်၊သြဂုတ်လများတွင်စတင်စိုက်ပျိုးပြီး မေ၊ဇွန်လများတွင်း အသီးခူးဆွတ်ကြပါသည်။ မက်မန်းပင်များမှာ ပင်လယ်ရေမြက်နှာပြင်အထက် ပေ(၃၀၀၀)ကျော်ပြီးအေး၍ စွတ်စိုသောရာသီဥတုတွင် စိုက်ပျိုးနိုင်သောအပင်အမျိုးအစား ဖြစ်ပါသည်။မက်မန်းပင်သည် မက်မွန်၊တရုတ် ဆီးသီး၊ချယ်ရီပင်များနှင့် မျိုးရင်းတူအုပ်စုဝင်ဖြစ်ပါသည်။မက်မန်းစိုက်ပျိုးစနစ်မှာ ပင်ခြား၊တန်းခြား (၂၀’×၂၀’)စိုက်ပျိုးပြီး(၁)ဧကလျှင် အပင်ရေ(၁၉၄)ပင်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် ရေစီးဝင်မှု ကောင်းအောင်ပြုလုပ်ရပြီး စိုက်ပျိုးမြေအမျိုးအစားမှာလည်း မြေကျစ်မဖြစ်သင့်ပါ ။ မက်မန်းပင် သက်တမ်း(၂)နှစ်သားကျော်လျှင် အသီးစတင်ခူးဆွတ်နိုင်ပြီး အသီးမသီးမီကာလတွင် အပင်ကို လိုအပ်သလိုပုံသွင်းပေးရပါသည်။လေဝင်/လေထွက်ကောင်းရန်နှင့် နေရောင်ခြည်ကောင်းစွာရရှိရန် ဆောင်ရွက်ရပါသည်။မက်မန်းပင်၏အဓိကလိုအပ်သောသွင်းအားစုများမှာ ယူရီးယား၊တီစူပါ၊ပိုတက် မြေသြဇာတို့ဖြစ်ကြောင်း၊ အပင်ကြီးထွားဆဲကာလတွင် ရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်း ၊ အသီးထွက်ရှိမှုပေါ်မူတည်ပြီး ရေလိုအပ်မှုအနည်းအများရှိကြောင်း၊ သန်စွမ်းသောအဖူးအပွင့်များမှ အသီးသီးလေ့ရှိပြီး ၄င်းကိုင်းများမှာ တုတ်ခိုင်သောကိုင်းများဖြစ်ပြီး အသီးမှာကိုင်း၏ ထိပ်ဖျားနေရာများတွင် သီးလေ့ရှိပါသည်။ မက်မန်းပင်အရွယ်ရောက်ပြီး အသီးခူးဆွတ်နိုင်သော အပင်တစ်ပင်၏ အထွက်နှုန်းမှာ(၀.၅၀)တင်းမှ(၁.၅၀)တင်းအထိထွက်ရှိပြီး မက်မန်း(၁)ဧကလျှင်ပျမ်းမျှတင်း(၂၄၀)ခန့် ထွက်ရှိကြောင်း၊ မက်မန်းစိုက်မည်ဆိုလျှင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊သွင်းအားစု အပါအဝင်(၁၅)သိန်းခန့်ကုန်ကျနိုင်ကြောင်း သိရှိရပါသည်။အပင်သက်တမ်းကြာရှည်စွာသီးနိုင်ရန်နှင့် အသီးအရွယ်အစားကောင်းမွန်စေရန် ဓါတုဆေးဖြန်းပေးရကြောင်း၊ ပိုးမွှားအနေဖြင့် ကျိုင်းများ၊ ဘောက်ဖတ်များကျရောက်တက်ပြီး ၄င်းပိုးမွှားများကျရောက်လျှင် အပင်ပုခြင်း၊အသီးနှင့်ပင်စည်တွင် ချိုင့်ခြင်း၊ပုပ်ခြင်းများဖြစ်တက်ပါသည်။ မက်မန်းကို သီးစားမျိုးနှင့် ဆားရည်စိမ်မျိုးဟူ၍ အကြမ်းအားဖြင့်ခွဲခြားနိုင်ပြီး သီးစားမျိုးတွင်အညိုရောင်ရှိ၍ အလုံးကြီးပြီး လတ်လတ်ဆက်ဆက်စားသုံးနိုင်ပါသည်။ ဆားရည်စိမ်မျိုးတွင် အညို၊အနီ၊အဝါဟူ၍ခွဲခြားထားရှိပြီး ဆားရည်စိမ်မျိုးမှ မက်မန်းဝိုင်၊ မက်မန်းဆားရည်စိမ်၊မက်မန်းတော်ဖီစသည်များ ပြုလုပ်နိုင်ပါသည် ။ ယခင်နှစ်များတွင် ကိုဗစ်-၁၉ ကာလမက်မန်းသီးထွက်ပေါ်ချိန်တွင် မက်မန်းအစိမ်းသီး (၁)တင်းလျှင်(၄၅၀၀-၆၀၀၀)ကျပ်စျေးနှုန်းရှိပြီးမက်မန်းဆားစိမ်(၁)တင်းလျှင်(၁၂၀၀၀-၁၃၀၀၀)စျေးရှိပါသည်။ယခုလက်ရှိကိုဗစ်-၁၉ပြေလျော့ ကာလတွင်မက်မန်းသီးစိမ်းမထွက်ပေါ်သေးသော်လည်းယခင်လက်ကျန် မက်မန်းဆားစိမ် စျေးနှုန်း မှာ(၁၆၀၀၀-၁၆၅၀၀)ကျပ်အထိရှိနေခြင်းကြောင့်မေလတွင် စတင်ထွက်ပေါ်မည့် မက်မန်းသီးစိမ်း စျေးနှုန်းမှာ (၁)တင်းလျှင်(၅၀၀၀-၈၀၀၀)ကျပ် စျေးအထိရှိနိုင်ကြောင်း မက်မန်းပွဲရုံလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် မက်မန်းယို၊ မက်မန်းပေါင်း၊ မက်မန်းတော်ဖီ၊ မက်မန်းဝိုင် ထုတ်လုပ်သည့်စီးပွားရေးလုပ်ငန်းရှင်ဦးရေ(၃၇)ဦးရှိပြီး မက်မန်းအသင်းအဖွဲ့ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များသည် မိမိ၏ကုန်ပစ္စည်းအမှတ်တံဆိပ်များအား တရားဝင်မှတ်ပုံတင်ထားရှိကာ(FDA) ၏စစ်ဆေးမှုထောက်ခံချက်ရယူပြီး ပြည်တွင်းစျေးကွက်နှင့် ပြည်ပသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 

ဆေးဘက်ဝင် ဈေးကွက်ဝင်နေသော ရှားစောင်းလက်ပတ်

         နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ်အပင်ကို ကျမတို့ စစ်ကိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိ ရပါတယ်၊ ရှားစောင်း လက်ပတ်အပင်သည် မြေကြီးအစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ် အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထား သင့်တဲ့ အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်စိုက်ပျိုးသင့်တဲ့မြေမျိုး

          ရှားစောင်းလက်ပတ်အပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံတွေကိုတော့ တော်တော် များများက သိရှိကြမှာဖြစ်ပါတယ်၊၊ ဒါကြောင့်မို့ ရှားစောင်းလက်ပပ်အပင်ကို စိုက်ပျိုးနဲ့နေရာမှာ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြချင်ပါတယ်၊ ရှားစောင်းလက်ပပ်အပင်ကို အဓိကအားဖြင့် ပြုစုပျိုး ထောင်တဲ့အခါမှာ နေရောင်ခြည်လုံ လုံလောက်လောက်ရရှိ ရပါမယ်၊ ရေလောင်းတဲ့အခါ အကြိမ်ရေကို လျော့လောင်း ရပါမယ်၊ ရှားစောင်းလက်ပပ် စိုက်ပျိုးသင့်တဲ့ အမျိုးအစားကတော့ လေဝင်လေထွက် ကောင်းစေတဲ့  မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး  ‌ရေဓာတ်သို မှီးထားနိုင်တဲ့ မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုင်ရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင်သင့် မြေတွေကို မြေဆွေးတွေနဲ့ရောမွှေ၍ စိုက်ပျိုးလည်းရ ပါတယ်၊ရှားစောင်းလက်ပပ်အပင်ကို မြေနီ၊ မြေကျစ်၊ မြေပွ များတွင် အစိုဓာတ်အသင့်အတင့်ရရှိရုံနှင့် စိုက်ပျိုးနိုင်ပါတယ်၊ စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်ဆွေးနည်းနည်း၊ မီးသွေးမှုန့်နည်းနည်း၊ ဖြည့်စွက်ရောနှော စိုက်ပျိုးလည်းရပါတယ်၊ သစ်ရွက်ဆွေးမြေထဲမှာ ဇီဝမြေသြဇာတွေ အများအပြားပါဝင်နေတဲ့အတွက် အကောင်းစား မြေမျိုးဖြစ်သွားမှာဖြစ်ပါတယ်၊ ရှားစောင်း လက်ပပ်အပင်က အက်ဆစ်အချည် ဓာတ်နဲပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကို နှစ်သက်ကြောင်းသိရှိရပါတယ်။

ရှားစောင်းလက်ပတ်အပင်စိုက်ပျိုးနည်းများ

          ရှားစောင်းလက်ပတ်အပင်ကို  ပန်းအိုးထဲစိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက်စိုက် နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊ မိမိတို့ကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုးလို့ရပါတယ် ၊စိုက်နည်း မတူညီတဲ့ အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြားမှုရှိ တတ်ပါတယ်။ မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်အပင်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပတ် ပင်ထက်ပိုပြီး အပေါက်မြန် ပြီး အကြီးထွားသန်မာ စေပါတယ်၊ရှားစောင်းလက်ပတ်အပင်ကို တစ်ပင်နှင့်တစ်ပင်(၅)ပေခြား စိုက်ပျိုး ရပါတယ်၊ စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်မှာ အပင်အလက်များ သန်မာထွားကျိုင်းကာ  ဖြစ်ထွန်း အောင်မြင်လာပါမှာဖြစ်ပါတယ်။

          ရှားစောင်းလက်ပတ်အပင်လက်များသည် ယခုနွေဥတုမှာ အတွင်းအနှစ်က အနည်းငယ် သာရှိပြီး မိုးဥတုနှင့်ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင် အလက်ကို ဓားဖြင့် လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့်  ဆေးဘက် ဝင်ပါတယ်။ ရှားစောင်းလက်ပတ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီ ပုံပေးပါက ပိုမို၍ ဖြစ်ထွန်း လွယ်ပါတယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးဖို့ အချိန်အခါကောင်းက ဆောင်းကုန်ပြီး မြူနှင်းကင်းစင်တဲ့ မတ်လတွင် အကောင်းဆုံးစိုက်ပျိုးချိန်ဖြစ်ကြောင်း သိရှိရပါတယ်။

နေရောင်ခြည်

          ရှားစောင်းလက်ပပ်ဟာ နေရောင်ခြည်ကို နှစ်သက်ပြီး အရွက်ထဲမှာ အသားလေးတွေ ပြည့်ဖောင်းရတဲ့အကြောင်းရင်းက နေရောင်ခြည်လုံလောက်စွာ ရရှိလို့ဖြစ်ကြောင်းသိရှိရပါတယ်၊ ဒါပေမယ့် ပျိုးပင်အစမှာတော့  ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကို မခံနိုင်ကြောင်းလည်း သိရှိရပါတယ်။

မြေသြဇာမများစေနဲ့

          ရှားစောင်းလက်ပတ်အပင်က စင်စစ်မှာတော့ မြေသြဇာမကျွေးလည်း ရှားစောင်းလက်ပတ် အပင်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်း ကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်‌စေပါတယ်၊ မြေသြဇာအကျွေးများလွန်းပြန်လျှင်လည်း အမြစ်ပုတ်သွား တတ်ပါတယ်၊ မြေသြဇာကို သင့်ရုံလောက်သာကျွေးပါ၊ ကျမတို့ ရုံးဝန်းအတွင်းစိုက်ပျိုးထားသည့် ရှားစောင်းလက်ပတ်အပင်ကို မြေသြဇာမကျွေးပဲ ပြာအနည်းငယ်နှင့် သစ်ရွက်ဆွေးများကိုသာ ထည့် ပေးပါတယ်၊ ရုံးဝန်းအတွင်း ရှားစောင်းလက်ပတ်အပင်များဖြင့် လှပနေသည်ကိုလည်း တွေ့ရှိနိုင် ပါတယ်။

မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ

          မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပတ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်း လက်ပတ်ထက် ပိုမိုပြီး ကြီးထွားလေ့ရှိပါတယ်၊ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင် ခြည်ကောင်းကောင်း ရတဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာ ကောင်းတွေဖြစ်ပါတယ်၊ ရှားစောင်း လက်ပတ်ကို မိုးရေဝပ်တဲ့ နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပတ်က သဲကန္တာရဒေသဇာတိအပင်မျိုးဖြစ်လေတော့  ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။

အသစ်ပြန်စိုက်ပြီးတဲ့နောက် တစ်လ ရေမလောင်းပါနဲ့

          တခြားအပင်တွေကို အပင်ပြောင်းရွှေ့စိုက်ပျိုးတာပဲဖြစ်ဖြစ်၊ အသစ်စိုက်ပျိုးတာ ပဲဖြစ် ဖြစ်၊ရေကို လုံလုံလောက်လောက်လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပတ်ကတော့  တခြား အပင်တွေနဲ့မတူဘဲ အသစ်ကို ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး၊ တစ်လပြည့်ပြီးနောက်မှ ရေအဝ‌လောင်းရပါတယ်၊ အဲဒီအချက်ကို စိုက်ပျိုးမည့် သူများအနေနဲ့ အထူးဂရုပြုရမယ့်အချက်ဖြစ်ပါတယ်၊ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်း လက်ပတ်အပင်ကို အသစ်ပြန်စိုက်လို့ရပါပီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးရင်တော့ ပဲဖတ် (သို့)နှမ်းဖတ်ကို တစ်ကော်၊နှစ်ကော်(သို့)ကြက်ချေးခြောက်များကို မြေသြဇာအဖြစ် ကျွေးပေးရပါ တယ်၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

သားတက်ခွဲစိုက်နည်း

          သားတက်ခွဲစိုက်နည်းကတော့ မိခင်ပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ မိခင် ပင်မကြီး ရဲ့ဘေးကပေါက်နေတဲ့သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို  အမြစ်ပါ စိုက်တဲ့ နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့ နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုထည့်စိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေအသေအချာခိုင်မာလာမှ ရေလောင်းပါ ၊ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်ကနည်းနည်း အဝါရောင် သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့၊အမြစ်တဖြည်း ဖြည်းရှည် ထွက်လာရင် အရွက်လဲ ပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့ အရောင်ကလဲ အစိမ့်ရင့်ရောင် ပြောင်းလဲ လာတဲ့အခါမှ ရေလောင်းရမှာဖြစ်ပါတယ်။ကျမတို့ ရွာတွေမှာတော့ မြေပြင်ကိုသာ အများအပြားစိုက်ပျိုးကြပြီး ပန်းအိုးနဲ့ စိုက်ပျိုးကြတာနည်းပါတယ်၊ မြို့ကြီးများမှာတော့ ရှားစောင်း လက်ပတ်ကို ပန်းအိုးနဲ့ အလှပင် အဖြစ်၊ ဆေးလိုဝလိုအဖြစ် စိုက်ပျိုးထားရှိကြတာ ကိုလည်း တွေ့ရှိရ ပါတယ် ၊ယခုကို ဗစ်ကာလ အတွင်းမှာ မြို့ကြီးတွေမှာ ရှားစောင်းလက်ပတ်အပင်ကို ပန်းအိုးနဲ့ စိုက်ပျိုးလာကြ သည် ကိုလည်း တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပတ်အပင်ကို ပန်းအိုးနဲ့ စိုက်ပျိုးပြီး တစ်အိုး လျှင်၂၀၀၀မှ ၅၀၀၀ အထိ  အစားစားဈေးရှိသည်ကို သိရှိရပါတယ်။

ရှားစောင်းလက်ပပ်အစွမ်းအံ့မခန်း

          နတ်ဆေးပင်ကဲ့သို့ အဖက်ဖက်မှာ အသုံးဝင်တဲ့ဆေးဖက်ဝင် ရှားစောင်းလက်ပတ်အပင်ကို အစိမ်းစားမလား၊ လိမ်းမလား၊ မျက်နှာပေါင်းတင်မလား၊ အဖက်ဖက်က အသုံးပြုလို့ရပြီး ဘယ်လို ဘဲသုံးသုံးဘေး ထွက်ဆိုး ကျိုးမရှိတဲ့အတွက် ရောဂါလည်းပျောက်ပြီး လူတိုင်းအတွက် သုံးသင့်တဲ့ ဆေးဖက်ဝင်အပင် လည်းဖြစ်ပါတယ်။

          ရှားစောင်းလက်ပတ်အပင်ဟာ ဘယ်လောက်တောင် ဆွေးအစွမ်းထက်တယ်ဆိုတာ လက်တွေ့ သုံးစွဲဖူးသူများ၊ ကိုယ်တိုင်သုံးစွဲခဲ့ခြင်းကြောင့်လည်း  သိရှိရခြင်းဖြစ်ပါတယ်၊ ၊ဘယ်ရောဂါ အတွက် စားရင်သက်သာ သလဲဆိုတော့ လိပ်ခေါင်းရောဂါဖြစ်နေသူများ ဝမ်းသွားရင် သွေးပါသူများ က ရှားစောင်းလက်ပပ် အစိမ်းကို မီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ၊နှစ်ကြိမ်လောက်စားလိုက်ရင် ပျောက်ကင်းသွား တယ်လို့ဆိုပါတယ်၊နောက်ပြီး သွေးတိုးရောဂါရှိသူများက ရှားစောင်းလက်ပတ်ကို အထဲက အသားအနှစ် ကလေးများ ခြစ်ယူ၍ သကြားနည်းနည်းထည့်ပြီး  သံပုရာသီးတစ်ခြမ်း လောက် ညှစ်ထည့်လိုက်ပြီးတော့ မွှေလိုက်ရေခဲ့ထည့်ပြီးပါက ၅ မိနစ်အတွင်း သွေးပေါင်ချိန်က Normal ပြန်ဖြစ် သွားတယ်လို့ဆိုပါတယ်၊ အရေးကြီးတဲ့အချက်ကတော့ ဘယ်ရွေ့ဘယ်မျှ သုံးစွဲသင့် တယ်ဆိုတာပါပဲ၊ ကျမတို့မိဘပြည်သူတွေအနေနဲ့  စားသုံးမယ်ဆိုရင် စစချင်း တစ်ခါတည်း အများကြီး မစားသုံး သင့်ပါဘူး၊ နည်းနည်းချင်း ကနေ စတင်စားသုံးသင့်ပါတယ်၊ ရှားစောင်းလက်ပတ်သည် အလွန်ပင် အစွမ်းထက် တာမို့   ယခု စာရေးသူ ကျမကိုယ်တိုင် ဓာတ်ချုပ်နေလို့ စားသုံးသူရေးရာ ဦးစီးဌာနရုံးဝန်းထဲတွင် စိုက်ပျိုးထားသည့်  ရှားစောင်းလက်ပတ်အပင်မှ အလက်များကို လှီးဖြတ်၍ အထဲမှ အနှစ်ကလေးများကို အစိမ်းစားလိုက်တာ  မနက်အိပ်ယာထ ဝမ်းသွားရပါဝယ်၊ မနက်အိပ်ယာ ထမှာပဲ စားစား၊ ညအိပ်ယာဝင်ခါနီးနီးမှာပဲစားစား အဆင်ပြေပါတယ်၊နောက်တစ်ချက်အနေနဲ့က အစာအိမ်သမားများ၊အစာအိမ်‌ရောင်တဲ့သူများ၊ ငရုတ်သီးအစားများတဲ့သူများ ဝမ်းပူတာပဲဖြစ်ဖြစ်၊ ရှားစောင်းလက်ပတ်စားလိုက်လျှင် ဝမ်းထဲမှာအေးသွားပြီး ပုံမှန်စားပေးပါက တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်၊ ဝမ်းကိုက်၊ ဝမ်းလျှော၊ မိမိလျှော့စားသင့်ပါတယ်၊ လျှို့ဝှက် ချက်ကတော့ မိမိခန္ဓာကိုယ်ရဲ့ အခြေအနေအရ သင့်တော်တဲ့နှုန်းဖြင့် လိုတိုးပိုလျှော့ လုပ်တတ်ဖို့ စားတတ်ဖို့ပါပဲ၊ တစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်မတူညီပါဘူး၊ ‌ရောဂါအခြေ အနေ လည်း မတူညီပါဘူး၊အဲဒီတော့ အကျိုးသက်ရောက်မှုကလည်း အများကြီး ကွာခြား သွားနိုင်ပါတယ်။ကျမတို့ မိန်းကလေးတွေအတွက်  ရှားစောင်းလက်ပတ်ကို အစိမ်းစားစား၊ ယိုထိုးပဲစားစား၊ အုန်းတစ်လုံး ဆေးချက်ပဲစားစား၊ ရှားစောင်းလက်ပတ်ထဲမှ အနှစ်ကို ဇွန်းလေးနဲ့ခြစ်ပြီး သကြားလေး နဲ့နေပူလှမ်းပဲ စားစား၊ ထန်းဖိုထန်း လျက်နဲ့ပဲစားစား အလွန်ပင်ကောင်းပါတယ်၊ သွေးသားမှန်ကန်ပြီး ကျန်းမာဝဖြိုး အလှတိုး လာကြမှာဖြစ်ပါတယ်။

တစ်ကြိမ်မှာ ဘယ်လောက်သုံးသင့်သလဲ........ဘယ်လိုအသုံးပြုကြသလဲ

          ရှားစောင်းလက်ပပ်ကို ယခုအခါ လူအများအပြားအသုံးပြုလာကြတာကို တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပပ်ကို စားသောက်ကုန်များ၊ လူသုံးကုန်များကို ဥပဒေနှင့် အညီ ထုတ်လုပ်လာကြတာ အများကြီးပါပဲ၊ ရှားစောင်းလက်ပပ်နဲ့ပြုလုပ်ထားတဲ့ စားသောက်ကုန်အနေနဲ့ ရှားစောင်းလက်ပပ် သကြားလုံး၊ လက်ဖက်ခြောက်၊ ရှားစားလက်ပပ်အမှုန့်၊ ရှားစောင်းလက်ပပ်လျက်ဆား၊ ရှားစောင်း လက်ပပ်ယို၊ ရှားစောင်းလက်ပပ်ခေါက်ဆွဲ၊ အုန်းတစ်လုံးဆေး၊ ရှားစောင်းလက်ပပ် အချိုရည်စတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲစုံနေအောင် ဝယ်လို့ရနေပြီဖြစ်ပါတယ်။

          တခြားလူသုံးကုန် အလှကုန် ပစ္စည်းအနေနဲ့ ရှားစောင်းလက်ပပ်ခေါင်းလျှော်ရည်၊ ရှားစောင်း လက်ပပ် ဆံပင်သန်ဆေး၊ အလှဆီ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရှားစောင်းလက်ပပ်မျက်နှာသစ်၊ မျက်နှာ ပေါင်းတင်ဆေး၊ ဆံပင်လိမ်းသည့်ဂျယ်၊ စနိုး၊ မိတ်ကပ်၊ ကိုယ်လိမ်းပေါင်ဒါ၊ လိုးရှင်း၊တိုနာ စတဲ့ နေ့စဉ်သုံးပစ္စည်းအလှကုန်တွေမျိုးစုံကိုလည်း ထုတ်လုပ်ထားတာတွ့ရှိရ ပါတယ်၊ မိဘပြည် သူများအနေနဲ့ ရှားစောင်း လက်ပပ်နဲ့ပြုလုပ်ထားတဲ့ Ready made တွေကို အသုံးမပြုချင် သူများအတွက် ရှားစောင်းလက်ပတ်ကို အိမ်တွင်စိုက်ပျိုးထားပြီး လိုအပ်သလို အသုံးပြုလို့ရပါတယ် ၊ ဘယ်လိုအသုံးပြုရမလဲ.....အရေးကြီးတဲ့အချက်က ဘယ်ရွှေ့ဘယ်မျှ သုံးစွဲသင့်သလဲ.....ဆိုတာပါပဲ၊ စားသုံးမယ်ဆိုရင် စစချင်း တစ်ခါတည်း အများကြီးမစားသင့်ပါဘူး၊ နည်းနည်းချင်းကနေ စပြီးစား သင့်ပါတယ်၊ ရောဂါကြောင့် ဝမ်းပူတာပဲဖြစ်ဖြစ်၊ အပူအစမ်စားလို့ပဲဖြစ်ဖြစ် ရှားစောင်း လက်ပပ်စား လိုက်လျှင် ဝမ်းအေးသွားပါတယ်၊ အစာအိမ်ရောင်လို့ စားလျှင် သက်သာစေပါတယ်။

ကျမတို့‌တောမှာဆိုင်ရင် ဘယ်သူခြံပဲသွားခူးခူးရတယ်၊ မြို့မှာတော့ ရှားစောင်း လက်ပတ်အပင်က ရှားတဲ့အတွက် ဝယ်ယူရပါတယ်၊ရှားစောင်းလက်ပတ်ပို မှီဝဲချင်တယ်ဆိုရင်တော့ တစ်နေ့တာ ၄စင်တီမီတာမှ ၅ စင်တီမီတာထိစားသင့်ပါတယ်၊ အဲဒီထက် ပိုမစားသင့်ပါဘူး၊ ရောဂါကို အမြန်ပျောက် ကင်းချင်တဲ့စိတ်နဲ့ လောဘကြီးပြီးတစ်ကြိမ်တည်း များများစားသောက်တာကို ရှောင်ကြဉ်ပါ၊ မိဘပြည်သူများ အနေနဲ့ ဘယ်ဆေး ဝါးပဲသုံးသုံး “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကား အတိုင်း တော်ယုံ သင့်ရုံပဲသောက်ရတယ်၊ လွန်ရင်းဘေးဖြစ်တတ်ပါတယ်။

တစ်ဖက်တစ်လမ်းကဝင်ငွေးတိုး

          ကျမတို့စီမှာ ယခင်နှစ်များထက် ယခုနှစ်တွေမှာ တစ်ပိုင်တစ်နိုင် ပိုမိုစိုက်ပျိုး လာကြပါတယ်၊ ဈေးကွက်ကလည်း ယခင်နှစ်ထက် ဈေးကြွလာပါတယ်၊ စိုက်ပျိုးသူအနေနဲ့ ရှားစောင်းလက်ပတ်ကို အပင်လိုက်လည်းရောင်းချတယ်၊ အလှပန်းအိုးနဲ့ လည်းရောင်းချတယ်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးဆရာများ၊ ၊ ယိုထိုးပြီးရောင်းချသူများ၊ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်သို့ အလှကုန်၊ စားသောက်ကုန်၊လူသုံးကုန် ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များက  ရှားစောင်း လက်ပတ်အပင်ကို ဝယ်ယူရာ ယခုနှစ်တွင် အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်း တစ်ခုကို ကျပ် ၈၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပြီး အနိမ့်ဆုံးစိုက်ခင်းတစ်ခုကို အပင်ကိုကြည့်ပြီး ကျပ် ၃၀၀၀၀ ခွဲမှ ၄၀၀၀၀ ကျပ် ပေးဝယ်ကြောင်း၊ ယခင်နှစ်က အလျားပေ ၄၀ မှ ၆၀ ဝန်းကျင်ရှိ စိုက်ခင်းတစ်ခုကို  ကျပ် (၅၀၀၀)၊ အနိမ့်ဆုံးစိုက်ခင်းတစ်ခုကို ကျပ်(၁၅၀၀၀)မှ(၂၀၀၀၀) ဖြင့်ရောင်းချရပါ ကြောင်းသိရှိ ရပါတယ်၊ ဧကအလိုက် မဟုတ်ပဲ ပေနဲ့သာရောင်းချရပါကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အတော်လေးဈေးကြွလာကြောင်း သိရှိရပါတယ်၊ အဲဒီလို ဈေးကြွလာတဲ့အတွက် ဖွံ့ဖြိုးတိုး တက်နေ သော ခေတ်တွင်  များသောအားဖြင့် ခြံဝန်းများကို  အလဟဿ မထားပဲ တစ်ဖက် တစ်လမ်းက  မိသားစု ဝင်ငွေရဖို့ ရှားစောင်းလက်ပတ်အပင်ကို  ဘက်ပေါင်းစုံးအသုံးပြုလို့ရ တဲ့အတွက် ဆားလင်း ကြီးမြို့နယ် ၊ ပိုင်းတောင်ကြီးကျေးရွာတွင် ပိုမိုစိုက်ပျိုးလာကြပါတယ်။

          ရှားစောင်းလက်ပတ်ကို စိုက်ပြီး အသုံးပြုလိုကြတဲ့ သူများကအပင်မှ အလက်များကို ဓားဖြင့် လှီးဖြတ်၍ တစ်ထပ်ခြင်းအစီအရီထပ်ထည့်ပြီး ရှားစောင်းလက်ပတ် အတွင်းသားအနှစ်ကို အသာအဟာ ခြစ်ယူကာ အနှစ်ကိုပိဿာဖြင့် ရောင်းချရသလို အပင်လိုက်၊ အခင်းလိုက် ပုတ်ပြတ်လည်း ရောင်းချ ရပါသည်။ အခင်းလိုက်ပုတ်ပြတ်ဝယ်ယူသည့် ပွဲစားများက ကုန်ကြမ်းမှ ကုန်ချောသို့ တန်ဖိုး မြှင့်ထုတ်ကုန်ထုတ်လုပ်သူများထံ တဆင့်ရောင်းချပြီး  မိမိတို့ လိုသလောက် လာလာပြီးသာ လူငှား များဖြင့် လှီးဖြတ် တာကို တွေ့ရှိရပါတယ်။    

ရှားစောင်းလက်ပပ်ကို Value added ပြုလုပ်၍ စားသုံးနိုင်သည့်နည်းလမ်းများ

          ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းရှင်များသည် ရှားစောင်းလက်ပတ်ကို ရှားစောင်းလက်ပပ်ယို၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ်သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာပျောက်ကင်းစေတဲ့ဆေး၊ ဆီးပူခြင်း၊ အပူကန်ခြင်း အတွက်လည်း တကယ်စေးစွမ်းကောင်းတစ်လက်ဖြစ်သလို ကျန်းမာရေးနှင့် ကိုက်ညီ သည့် လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် Value added များ အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါတယ်၊ ရှားစောင်းလက်ပတ်ကို သဘာဝပစ္စည်းများဖြစ်သော ပျားရည်တို့ဖြင့် ကျိုချက်စားသုံးပါက အမျိုးသမီးများအတွက် အသားအရေလှပကာ ကျန်းမာဝဖြိုး အလှတိုးစေ ပါဖြစ်ပါတယ်၊ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးခြင်းဖြင့် လူတို့ရဲ့ကျန်းမာရေး၊ စားသောက် ရေးသုံးစွဲဖို့ရေး ထုတ်လုပ်တာဖြစ်တဲ့အတွက် “ ကုသိုလ်လည်းရ ဝမ်းလည်းဝ  ဆေးဘက်လည်းဝင် ဈေးကွက်ဝင် ” နေသော ရှားစောင်းလက်ပတ်အပင်သည့် အရင်းအနှီးမလိုဘဲ တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိပြီး ချွေတာခြင်းအစ မီးဖိုချောင်က ဆိုလိုသလို မီးဖိုချောင် အသုံးစရိတ်ရရှိနှင့် ယခုဆိုရင် Covid-19 ကာလအတွင်း ရှားစောင်းလက်ပပ်အပင်ကို လူတော်တော် များများက ဆေးဖြစ်ဝါးဖြစ် အသုံးပြုလာကြသည်ကို တွေ့ရှိရပါတယ်၊ ရှားစောင်းလက်ပတ်အပင်က အောက်ဆီ ဂျက်ဓာတ်ကို အပေးနိုင်ဆုံး အပင်လို့သုံးသပ်ကြပါတယ်၊ ရှားစောင်းလက်ပတ်အပင်သည် တစ်နှစ်ထက်တစ်နှစ် ဈေးကြွလာပြီး နောင်များတွင် ရှားစောင်းလက်ပတ်အလက်ထဲမှ အဖြူရောင် အနှစ် ဂျယ်လီလေးများသည် “ အနှစ်ကလေးကလည်းလှ ဈေးလေးကလည်းကြွ” လာနိုင်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း