Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရနေသော ဒေသထွက်ငှက်ပျောသီး

        လွိုင်ကော်မြို့နယ်အတွင်းရှိ ငှက်ပျောသီးကိုစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်အတွင်းမထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ၊ ကျောက်တောင်၊ လေးမိုင်စံပြကျေးရွာတို့ တွင်ရခိုင်ငှက်ပျောသီးကိုအဓိကစိုက်ပျိုးကြပါသည်။  ရခိုင်ငှက်ပျောသီးကိုအခိုင်ပြတ် ယူလျှင်အနည်း ဆုံး( ၈ )ဖီးမှ( ၁၂ )ဖီးအထိရှိကြပါသည်။ ယခင်၂၀၂၂ခန့်ကဒေသထွက် ဈေးကွက် အတွင်းလက်လီ တစ်ဖီးလျှင်( ၄၀၀ )မှ( ၈၀၀ )ကျပ်နှုန်းအထိအဖီးအကြီးအသေး ပေါ်မူတည်၍ ရောင်းချလျှက်ရှိကြပြီး ယခု၂၀၂၃ခုနှစ်ဇန်နဝါရီလအတွင်း ငှက်ပျောသီး အဖီးအကြီးအသေးပေါ်မူတည်၍ (၆၀၀)ကျပ်မှ (၁၂၀၀)ကျပ်အထိ ဈေးကောင်းရလျက်ရှိနေပြီး လွိုင်ကော်မြို့မှထွက်ရှိသော ငှက်ပျောသီးကို မိတ္တီလာ၊ ကျောက်ပန်းတောင်‌ဒေသများသို့ အဓိကတင်ပို့လျက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူ တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

ကရင်ပြည်နယ် ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးနှုန်းချိုသာစွာရောင်းချ

          ကရင်ပြည်နယ် ဘာအံမြို့တွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ ရေချိုငါးများ ပေါများစွာ ဝင်ရောက်လာလျက်ရှိကြောင်း တွေ့ရသည်။ အခြေခံကုန်ဈေးနှုန်းများ မြှင့်တက်လာခြင်းဖြစ်ပေါ်နေသော်လည်း ဒေသထွက်ရေချိုတောငါးများဖြစ်သည့် ငါးစင်ရိုင်း၊  ငါးဘဲဖြူ၊ ငါးစင်စပ်၊ ငါးခုံးမ၊ ငါးသံချိတ် စသည့် ငါးများမှာ တစ်ပိဿာလျှင် ပျမ်းမျှ ၅၀၀၀ ကျပ် မှ ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

           ထို့အပြင် ဘားအံမြို့ရှိ ငါးဒိုင်များသို့ ဝင်လာသည့် မွေးမြူရေးငါးနှင့်ချောင်းငါးများဖြစ်သော  ငါးတန်၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ် စသောငါးများမှာ  လတ်ဆတ်မှုရှိပြီး ဈေးနှုန်းမှာ ၆၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ အမျိုးအစားအလိုက် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အရွယ်အစားမှာ ပေါင်းစားစား၊ ချက်စားစား  ၃၀ ကျပ်သားမှ ၁ပိဿာကျပ်သား အရွယ်ရှိပြီး အရောင်းရသွက်လျက်ရှိကြောင်းနှင့် အမဲသား၊ ဝက်သား၊ ဆိတ်သားများဈေးနှုန်းကြီးမြင့်လာသောကြောင့် ငါးစားသုံးမှု သိသိသာသာ မြင့်တက်လာကြောင်း သိရှိရပါတယ်။  

DOCA(ကရင်)

ကုန်စည်စီးဝင်မှုနှင့် စီးထွက်မှုအခြေအနေများ

     ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများနှင့် ကုန်စည်တင်ပို့မှု့များဖြင့် ကုန်သွယ်မှု့ ပြုလုပ်ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ ယခင်ပတ်အတွင်း ပြည်နယ်အတွင်းသို့ အခြေခံစားကုန်၊ အိမ်ဆောက်ပစ္စည်းနှင့် စိုက်ပျိုးရေးသွင်းအားစုများ စီးဝင်လျက်ရှိပြီး ပြည်နယ်အတွင်းမှ အခြေခံစားကုန်များ တင်ပို့မှုအနည်းငယ်သာရှိခဲ့ပါသည်။ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ကုန်စည်စီးဝင်မှုမှာ ကုန်စုံကား(၁၅)စီး၊ အချိုရည်(၈၀၉၅)ကဒ်၊ မြေဩဇာ(၁၄၃၀) အိတ်၊ ဘိလပ်မြေ (၅၄၇၀) အိတ်နှင့် ဆန်(၃၄၁၅) အိတ်၊ ငရုတ်သီးခြောက်(၂၆)အိတ်၊ မိတ္တီလာမှ ကြက်သွန်နီ (၁၆၀) အိတ်၊ တောင်ကြီးမှ ကြက်ဥ (၁၀၂၅၀) ဖာ စီးဝင်လျက်ရှိပြီး ၊လွိုင်ကော်မှ မိတ္တီလာသို့ ငှက်ပျော (၃၅၀၀) ဖီးနှင့်ပဲငုံ(၈၀၀)အိတ်၊ နှမ်း(၂၀၀)အိတ်၊ ပြောင်း(၉၅၂၁)အိတ်(၄၁၆)တန်တင်ပို့နိုင်ခဲ့ပြီး အခြေခံစားကုန် အနည်းငယ်သာ တင်ပို့မှုရှိခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။

DOCA(ကယား)

 

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

          စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  ယခုဇန်နဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်ဇန်နဝါရီလ တတိယပတ် (၂၀၀၀) ကျပ်ဖြင့် ဈေးနှုန်းပေါက်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်လျှင် ကျပ်(၅၀၀) ခန့်မြင့်တက်လာကြောင်း သိရှိရပါတယ်။ ဒေသထွက်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း  နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသောထောပတ်သီးဈေးနှုန်း

   ကယားပြည်နယ်တွင် ထောပတ်သီးကိုမိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပါသည်။ ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး အချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီးသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ်တွင် အသီးကုန်ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးကို တောင်ပေါ်ဒေသများဖြစ်သောရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုစသည့် ဒေသများမှမှာယူတင်သွင်းကြပါသည်။ ယခင်ဒီဇင်ဘာလအတွင်းဖြစ်ပေါ်နေသော ထောပတ်သီး ဈေးနှုန်းမှာ ထောပတ်သီးအလုံးသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံး လျှင်( ၂၅၀ ) ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်( ၃၀၀ )ကျပ်အထိသာရောင်းချလျှက် ရှိပြီး ယခုဇန်နဝါရီလအတွင်းဖြစ်ပေါ်နေသောထောပတ်သီးဈေးနှုန်းမှာ  ထောပတ်သီးအလုံးသေး တစ်လုံးလျှင် ( ၃၀၀ ) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ်လုံးလျှင်( ၃၅၀ ) ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်( ၅၀၀ )ကျပ်အထိသာရောင်းချလျှက်ရှိပြီး ယခင်လနှင့်ယခု လနှိုင်းယှဉ်လျှင် ထောပတ်သီးအလုံးသေးတစ်လုံးလျှင် (၁၀၀) ကျပ်၊ ထောပတ်သီးအလုံးလတ်တစ် လုံးလျှင်(၁၅၀)ကျပ်နှင့် ထောပတ်သီးအလုံးကြီးတစ်လုံးလျှင်(၂၀၀)ကျပ်အထိဈေးနှုန်း မြင့်တက်လျှက် ရှိသည်ဟု လွိုင်ကော်မြို့ပေါ်ရှိ သစ်သီးဝလံရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်းဖြစ်ပေါ်နေသောစပျစ်သီးဈေးနှုန်း

       ကယားပြည်နယ် သစ်သီးဝလံဈေးကွက်တွင် ဝင်ရောက်နေလာသောစပျစ်သီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း၊ ပျံကျဈေးတို့တွင်လည်းကောင်းများစွာ ရောင်းချလျက်ရှိပါသည်။ စပျစ်သီးကို ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့များမှ ဝင်ရောက်လျက် ရှိပါသည်။ ယခုဇန်နဝါရီလ စတုတ္ထပတ်အတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်းမှာ အညိုရောင်လုံး (ဝိုင်း) အလုံးကြီး နှစ်ဆယ့်ငါးကျပ်သားလျှင် (၅၀၀၀) ကျပ်၊ အညိုရောင်လုံး (ချွန်) အလုံးကြီး နှစ်ဆယ့်ငါးကျပ်သားလျှင် (၅၅၀၀) ကျပ်ရှိပြီး (ဝိုင်း)တစ်ပိဿာလျှင် ကျပ် (၁၉၅၀၀) ၊ ( ချွန်) တစ်ပိဿာလျှင် ကျပ် (၂၁၅၀၀)ကျပ်ဖြင့်ရောင်းချကြကြောင်း သိရပါသည်။

DOCA(ကယား)

ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင်ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ဧည့်မထဆန် တစ်ပြည်လျှင် ၁၈၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ကြက်သွန်နီ (မြစ်သား)လက်လီတစ်ပိဿာလျှင် ၂၅၀၀ ကျပ် နှင့် (မြင်းခြံ) ၂၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၅၅၀၀ ကျပ် မှ ၆၅၀၀ ကျပ်၊ ချင်း(ဂျင်း)တက် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အမျိုးစားအလိုက် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် မှ ၁၈၀၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၇၀၀ ကျပ်၊ အာလူး တစ်ပိဿာလျှင် ၂၅၀၀ ကျပ် မှ ၂၇၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိသာလျှင် ၁၃၀၀ ကျပ်၊ ပဲသီးအရှည် တစ်ပိဿာ ၂၇၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အသား/ငါးနှင့် ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ကြက်ဥလက်လီဈေးနှုန်း (အကြီး)တစ်လုံးလျှင် ၂၅၀ ကျပ်နှင့် (အသေး) တစ်လုံးလျှင် ၂၁၀ ကျပ်၊ ဘဲဥလက်လီဈေးနှုန်း (အကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (အသေး)တစ်လုံးလျှင် ၂၈၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသား/ငါး ဈေးနှုန်းများမှာလည်း ကြက်သား (CP ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ် မှ ၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၅၀၀၀ကျပ် မှ ၁၇၀၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ငါးတန် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးဖားမတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ 

DOCA(ကရင်)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(ဟောင်း)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊ ‌ရွှေဘိုပေါ်ဆန်း(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(ဟောင်း)(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၀၀၀၀ ကျပ်၊ ငစိန်ဆန်(ဟောင်း) (တစ်အိတ်) လျှင် ၄၅၀၀၀ ကျပ်၊ ငစိန်ဆန်(သစ်)(တစ်အိတ်) လျှင် ၃၇၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၉၉၅၀-၁၀၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၀၀၀၀ ကျပ်၊ နေကြာ ဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ)လျှင်၆၁၀၀-၆၁၅၀ကျပ်၊ ဆား(တစ်ပိဿာ) လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၆၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၂၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၄၈၀၀-၅၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ)လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၂၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်းသိရသည်။

       ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ ဈေးအနည်းငယ်တက်နေပါကြောင်း၊ ဆန်ဈေးနှုန်းတက်ရခြင်းမှာ ဆန်(အဟောင်း)များ လက်ကျန်မရှိသလောက် နည်းပါးလာခြင်း၊ စပါးထွက် ပေါပြီး ယခုအချိန်သည် သိုလှောင်ထားရန် ရည်ရွယ်သူများက ဝယ်ယူသည့် အချိန်ဖြစ်ခြင်းကြောင့် စပါး/ဆန်ဈေးနှုန်းများ တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(သစ်)ဈေးနှုန်းများ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။      

DOCA(စစ်ကိုင်း)

                                                                                        

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

       မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ရှစ်ထောင်ငါးရာ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ရှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၆၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ ဈေးနှုန်း အနည်းငယ် ကျဆင်းနေကြောင်း သိရှိရပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ပဲတစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၂၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် ဇန်နဝါရီလတွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၉၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၈၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၁၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော်မှ လေးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

 

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇန်နဝါရီလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၈၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၇၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် မှ လေးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၄၀မှ ၈၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွက်အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၄၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၂၆၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ် (၂၁၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၆၂၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာ လျှင် (၅၃၀၀)ကျပ်မှ (၅၈၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၉၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက် (၁၈၀၀၀) ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၁၀၀)ကျပ်မှ (၂၂၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှ ကြီးတစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး)တစ်လုံး(၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏သား/ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၀၀၀)ကျပ်မှ  (၉၅၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၄၀၀၀) ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ဇန်နဝါရီလ ဒုတိယပတ်တွင် အခြေခံစားကုန်များဖြစ်သည့် စားအုန်းဆီ၊ နှမ်းဆီ၊ ပဲဆီ ၊ချင်းနှင့်ငရုတ်ခြောက် ဈေးနှုန်းများသည် ယခင်ပတ်ထက်  ဈေးအနည်းငယ်တက်ပြီး အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီနှင့် အမဲသားဈေးနှုန်းများသည် ယခင်အပတ်ထက်ဈေးအနည်းငယ်ကျ ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း