ပြည်မြေပဲဆန်ဈေးမြင့်တက်လာ
ပြည်ခရိုင်တွင် ဆောင်းမြေပဲစိုက်ဧက ၃၄၃၆၉ ဧကရှိပြီး ယခုအချိန်ထိ ပန်းတောင်းမြို့နယ်နှင့်ရွှေတောင်မြို့နယ်တို့တွင်မြေပဲများနှုတ်သိမ်းနေပြီဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တင်း၆၀ခန့် ထွက်ရှိသည်ဟု သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ကံမ၊ ဥသျှစ်ပင်၊ ရွှေတောင်(ကျွန်းတဲ) ဘက်မှဆောင်းမြေပဲဆန်အိတ်များနေ့စဉ် အိတ် ၁၀၀၀ခန့်ဝင်ရောက်လာပြီး လုံးဆန်(အနီ)ရော (အဖြူ)ပါ ဒေသတွင်းလုပ်ငန်းရှင်များက ဝယ်ယူမှုရှိပါသည်။ ဆီဆန်ကိုဆီစက်လုပ်ငန်းရှင်သမားများက ဝယ်ယူမှုရှိသော်လည်း အနည်းငယ်သာဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းမှာ ကျဆင်းလာသည်ဟု သိရှိရပါသည်။ ယခုအပတ်မြေပဲဆန်ဈေးမှာ ဆီဆန်တစ်ပိဿာလျှင် ၄၇၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှုန်းနှင့် လုံးဆန်(အနီ)တစ်ပိဿာလျှင် ၆၆၀၀ကျပ်ဖြင့် လုံးဆန်ဈေးမှာ ယခင်အပတ်ထက်စာလျှင် ဈေးမြင့်တက်လာခဲ့ပါသည်။
DOCA(ပဲခူး)