Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဇူလိုင်လ အတွင်း  ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။  ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။

           ယခုဇူလိုင်လအတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ခရမ်းချဉ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးဆီနေကြာစျေးနှုန်းစျေးကွက်

   နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသကဲ့ သို့ နေကြာစေ့များအား လှော်၍ သရေစာအဖြစ်စားသုံးလျက်ရှိပြီး စျေးကောင်းရသည့်အမယ် ဖြစ်ကြောင်း သိရပါသည်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုး လျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု၁၈၄၂၂၇ ဧက၊အထွက် ၂၄.၂၆တင်းနှုန်းနှင့်အထွက်၄၄၆၉၃၅၁တင်းဖြစ်ကြောင်း သိရပါသည်။ နေကြာဆီသည်ကျန်းမာ ရေးအရ စားသင့်သည့်မပြည့်ဝ ဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ် လျက် ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၂၂၂ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၀၀ဝ ကျပ်နှင့် ၂၀၅ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ် ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှင့် ၁၄၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၅၁၈၅ ကျပ်နှင့် ၅၃၇၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ဆီနေကြာ ယခုနှစ် နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၈၅၂ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးနှမ်းစျေးနှုန်းစျေးကွက်

   ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့ တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက်နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိ သည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လ တတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၆၅၀၀၀ ကျပ်နှင့် ၃၈၀၀၀၀ကျပ်၊ နှမ်းဖြူ (ဗမာ) ၃၀၀၀၀ဝ ကျပ်နှင့် ၃၁၅၀၀ဝ ကျပ်၊ပန်းနှမ်း  ၃၁၅၀၀၀ ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ နှမ်းဖြူ(ဂျပန်) ၈၁၁၁ ကျပ်နှင့် ၉၀၀၀ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၇၀၀၀ ကျပ်၊ ပန်းနှမ်း ၇၀၀၀ ကျပ်နှင့် ၇၁၁၁ ကျပ်စျေးတို့ဖြစ် ပေါ်လျက် ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၂၈၉ ကျပ်နှင့် ၉၃၃၃ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၅၅၆ ကျပ်နှင့် ၈၇၇၈ ကျပ်၊ နှမ်းညို  ၇၁၁၁ ကျပ်နှင့် ၇၂၂၂ ကျပ်၊ ပန်းနှမ်း ၄၅၅၆ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်လျော့ နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကျွဲကောသီး ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ကျွဲကောသီးများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ ကျွဲကောသီး (အဖြူရောင်)နှင့်ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။

           မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး (ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသားပိုမိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။  ကျွဲကောသီး ကိုစားသုံးရာတွင် သူ့ချည်းအစိပ်လိုက်အခွံနွှာ၍ စားကြသည့်အပြင် ဖျော်ရည်အဖြစ် လည်းဖျော်သောက်ကြပါသည်။ အချဉ်ဓာတ်ကဲသောကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့နှင့်ရောစပ်၍ စားကြသည်။ ကျွဲကောသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီအလွန်ကြွယ်ဝသောကြောင့် ဝမ်းမှန်သည်၊ ဖျားနာမှုမှကာကွယ်ရန် အထောက်အကူပြု၍ သက်သာစေသောဓာတ်စာအာဟာရဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

             ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၆၅၀၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကျွဲကောသီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တာဟန်းဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ငရုတ်သီးစိမ်း ဈေးနှုန်းအနည်းငယ်မြှင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့ပေါ်တွင် ဈေးကြီး ( ၄ ) ဈေးရှိသည့်အနက် တာဟန်းဈေးသည် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ဈေးဟု လူသိများကြပါသည်။

       တာဟန်းဈေးအတွင်းတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကုန်ခြောက်များ စုံလင်စွာရောင်းချကြပြီး ၎င်းကုန်စိမ်းများအနက် ဆည်တော်ဦး၊ ကျောင်းတိုက်ကျေးရွာများမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းရောင်းဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် ( ၁၅၀၀၀ ) ကျပ် ငရုတ်စိမ်း ( ၁ ) ဗူးလျှင် ( ၁၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချသည့် အသင့်စား အကြော်အလှော်ဈေးနှုန်းများ

  ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြားသောကုန်စည်များအပြင် အသင့်စားအကြော်အလှော်များကိုလည်း ရောင်း ချကြပါသည်။ အသင့်စားအကြော်အလှော်များကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကြော် လှော်၍ ရောင်းချကြကြောင်း၊ အသင့်စားအကြော်အလှော်များမှာ အသားတုပဲငပိကြော်၊ အသားတု အစပ်ကြော်၊ အသားတုနှင့် ရွှေလရောင် အချိုကြော်၊  ရွှေလရောင်အစပ်ကြော်၊ ကြက်သွန်နီနှင့် လသာခြောက်အစပ်ကြော်၊  ကြက်သွန်ငရုတ်သီးကြော်ဟူ၍ အမျိုးမျိုးရောင်းချကြကြောင်း၊ အကြော် အလှော်အမျိုးအစားအလိုက် တစ်ထုတ်လျှင်(၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ အသင့်စား အကြော်အလှော်များကို နေ့စဉ်စားသည့် စားသုံးသူများသာမက ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြကြောင်း၊ ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှ ရွှေဘိုမြို့တွင်းအပြင် မြို့၏အနီးတဝိုက်ရွာများဖြစ်သည့် ထနောင်းဝင်းကျေးရွာ၊ မင်းကျောင်း ကျေးရွာ၊ ရွာသစ်ကျေးရွာများသို့ ပြန်လည်၍ ရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့် ဈေးသည်များမှ (၁)ထုပ်လျှင်(၁၂၀ဝိ/-) ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၆၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

    ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေပဲလုံးဆံဈေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၁၀၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၆၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၁၀၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံ ရောင်းချသည့် ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ (ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၇၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၁၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင် အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ (ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုပတ်တွင် ယခင်အပတ် အောက် မြေထောက်ပဲ(၁)ပြည်လျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ မြေထောက်ပဲ(ညို)(၁)ပြည် လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင် များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း