Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံခရိုင်၏ ဆောင်းပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှုအခြေအနေ

     မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် (၅၃၄၃)ဧကစိုက်ပျိုးပြီး  ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၅၃၄၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၁၂.၆၁)၊အထွက်တင်းမှာ(၆၇၃၉၄)တင်း ထွက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက်စိုက် ပျိုးမှု၊ရိတ်သိမ်းမှုနှင့်  တစ်ဧကအထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ဧက(၉၁)ဧက၊ ရိတ် သိမ်းဧက(၉၁)၊ ပျမ်းမျှအထွက်နှုန်း (၇.၇၀)၊ အထွက်တင်းမှာ(၇၀၁)တင်း၊  တောင်သာမြို့နယ်တွင် စိုက်ဧက (၈၀၄) ဧက၊ ရိတ်သိမ်းဧက  (၈၀၄) ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ  (၆.၅၅)၊  အထွက်တင်း    (၅၂၆၆) တင်းနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၄၄၄၈)ဧက၊ ရိတ်သိမ်းဧက(၄၄၄၈)ဧက၊ ပျမ်းမျှအထွက်နှုန်းမှာ(၁၃.၈၁)နှင့် အထွက်တင်းမှာ(၆၁၄၂၇)တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနဆိုင်ရာ စာရင်းများအရ သိရှိပါသည်။

      မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဆောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလတွင်စိုက်ပျိုး၍ မတ်၊ ဧပြီနှင့် မေလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကို ရိတ်သိမ်းချိန်လွန်တွင် သတိပြုရမည့်အချက်အနေဖြင့် သီးနှံများကို ရိတ်သိမ်းပြီးနောက် ပိုင်း ကိုင်တွယ်ထိန်းသိမ်းတတ်မှု အပေါ်တွင်မူတည်နေမှာဖြစ်ပြီး ရိတ်သိမ်းချိန်လွန်တွင် ပဲမျိုးစုံသီးနှံများအား ထိန်းသိမ်းရာ၌ သိုလှောင်ရုံနှင့်ပတ်ဝန်းကျင် ရေဝပ်မှုမရှိစေရန်၊သန့်ရှင်းမှု၊သိုလှောင်ရုံဧရိယာ သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ထုပ်ပိုးပစ္စည်းစသည်တို့ကို ဓါတုဆေးများဖြင့် ပက်ဖျန်းပေးရန် လိုအပ်မှာဖြစ်ပြီး ကြွက်အန္တရာယ်နှင့် သန့်ရှင်းရေး ထိခိုက်စေမည့် အခြားဇစ်မြစ်များကိုလည်း အထူး ဂရုပြုရမည်ဖြစ်ပါသည်။သို့မှသာအရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။အစိုဓာတ်ကို ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ဂရုပြုသိုလှောင်ပြီး မှန်ကန်စွာစစ်ဆေးနေရမည် ဖြစ်ပါသည်။၎င်းအပြင် ပဲသီးနှံများသည်အဓိက ရေငွေ့ပျံခြင်း၊စိုထိုင်းဆများပြားခြင်းကြောင့် ပျက်စီးလွယ်တတ်သည်ဖြစ်၍ ပတ်ဝန်းကျင်စိုထိုင်းဆ ၄၀ရာခိုင်နှုန်းထက် မပိုအောင်ဂရုစိုက်ရမည်ဖြစ်ပါသည်။ အထူးသဖြင့်ပိုးကျရောက်မှုမှ ကင်းဝေးစေရန် ကျရောက်တတ်သော ပိုးများနှင့်အသုံးပြုရမည့် ဆေးများကို စနစ်တကျ အချိန်ကာလအလိုက် ကာကွယ်နှိမ်နင်းရန်မှာလည်း များစွာအရေးကြီးကြောင်း ဖတ်ရှု့လေ့လာသိရှိရပါသည်။

       မြင်းခြံကုန်စည်ဒိုင်တွင် ယခုနှစ်တစ်ပိသာဈေးနှုန်းမှာ (၂၉၀၀)မှ (၃၀၀၀)ကျပ်ထိရှိကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူဈေးနှုန်းမှာ (၁၉၅၀)ကျပ်မှ (၂၀၅၀)ကျပ်ထိရှိပြီး၊ယခုနှစ်တွင် တစ်ပိသာလျှင် ပျမ်းမျှ (၉၅၀)ကျပ်ထိ ဈေးမြင့်တတ်ခဲ့ပြီး ထွက်ရှိသောပဲများအား မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ် (၂၉-၃-၂၀၂၃) ရက်နေ့တွင်  နှမ်းနက်(စမုံ) (၄၅)ပိသာဝင်(၁)အိတ်လျှင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၄-၄-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၅၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းပြာ(၁)အိတ်လျှင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၃၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းဖြူ(၁)အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၆၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းနီ(၁)အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၉၀၀)အိတ်၊ နှမ်းပြာ(၁၅၀)အိတ်၊ နှမ်းဖြူ(၇၅)အိတ်နှင့် နှမ်းနီ(၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

     ပဲမျိုးစုံဈေးကွက်တွင် ပဲစင်းငုံ(နီ)(၂၀)ပိဿာဝင်(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၅၅၀၀)၊ ယခင်အပတ်တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၆၄၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၄၅၀၀)၊ ယခင်အပတ်တွင် ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၄၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ(HL)(၁)တင်းလျှင်  ကျပ်(၇၂၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ ယခင်အပတ်တွင် ကုလားပဲ (မြကြေး)(၁)တင်းလျှင်  ကျပ်(၇၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၁၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပါသည်။ ယခုအပတ်တွင် ပဲကြီး(၁)တင်းလျှင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၀၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲစင်းငုံ(နီ) (၁၇၀၀)အိတ်၊ မတ်ပဲ(၁၂၀)အိတ်၊ ကုလားပဲ(HL) (၈၀၀)အိတ်၊ ကုလားပဲ (မြကြေး) (၆၅၀)အိတ်၊ ဘိုကိတ်ပြာ(၁၀၀)အိတ်နှင့် ပဲကြီး (၃၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

      မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၁၀၀)ဖြစ်ပြီး ယခုအပတ်၌ ကျပ်(၇၁၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊ ယခင်အပတ်တွင် မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ကျပ်(၆၁၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀)ဖြစ်၍ ကျပ်(၅၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ (၃၀)ပိဿာဝင်အိတ်ဖြင့် မြေပဲလုံးဆံ(နီ) (၂၅၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ) (၃၆၀)အိတ်နှင့်   မြေပဲတောင့်အစို (၄၃၀၀)တင်းအရောင်း အဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

 ယခင်အပတ်တွင် ဝါသီးနှံဈေး(၁)ပိဿာလျှင် ကျပ်(၂၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၁၈၀၀၀)ပိဿာခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။ ဘိုကိတ်ပြာ၊ ပဲစင်းငုံ(နီ)၊ ကုလားပဲ(မြကြေး)နှင့် ကုလားပဲ(HL)တို့အား ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေရပြီး ဝါသီးနှံ၊ ပဲကြီး၊ မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)၊ မြေပဲတောင့်(အစို)နှင့် မတ်ပဲ စသည့်သီးနှံတို့ကို မန္တလေးမြို့သို့ တင်ပို့ရောင်းချခြင်းနှင့် မြေပဲလုံးဆံ(နီ)၊ မြေပဲလုံးဆံ(ဖြူ)နှင့်  ကုလားပဲ စသည့်သီးနှံတချို့ကိုလည်း အောင်လံမြို့အတွင်း ပဲကြော်လုပ်ငန်းရှင်များနှင့် ကုလားပဲခြမ်းစက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၄.၂၀၂၃ )

    ၅.၄.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မရမ်းချိုသီး

     ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်ထဲသို့ ရာသီ‌ပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းချိုသီးများ ဈေးကွက်တွင်းသို့ ဝင်ရောက်လျက်ရှိပါသည်၊ မရမ်းချိုသီးများမှာ ရန်ကုန်၊ နေပြည်တော် စသည့်ဒေသများဘက်မှထွက်ရှိပြီး နှစ်စဉ် တန်ခူးလတွင် စတင်ထွက်ပေါ်လာပြီး ရာသီချိန်ခဏသာထွက်ရှိသည့်သီးနှံဖြစ်၍ တန်ခူးလကုန်ပြီးလျှင် သီးနှံအထွက်ရပ်သွားသည်ဟုလည်း သိရှိရပါသည်။ သီးနှံစတင်ထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်ရှိပြီး သီးနှံအဝင်များလာချိန်တွင် တစ်ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်ဈေးရှိကြောင်း၊ နေ့စဉ် ဈေးကွက်အတွင်းသို့ တစ်ခြင်းလျှင် (၁၃)ပိဿာဝင် ပလတ်စတစ်ခြင်းများဖြင့် ခြင်း(၂၀/၃၀)ခန့်အဝင်ရှိနေပြီး လူကြိုက်များ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်း(တောင်)၌ ရှမ်းကြက်သွန်ဖြူလှိုင်လှိုင်ထွက်ပေါ်

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချားမြို့နယ်တို့၌ ကြက်သွန်ဖြူကိုအဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင်လည်း အနည်းငယ်စီစိုက်ပျိုးကြပါသည်။ ကြက်သွန်ဖြူကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လအကြာ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးသောသီးနှံဖြစ်ပါသည်။ စိုက်ပျိုးချိန်ပေါ်မူတည်ပြီး သင်္ကြန်ကာလဖြစ်သော ဧပြီလသည် ကြက်သွန်ဖြူလှိုင်လှိုင်ထွက်ရှိသည့်ကာလဖြစ်ပါသည်။

      ကြက်သွန်ဖြူများကို လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ အဆင့်ခွဲပြီး ဈေးကွက်၌ ရောင်းဝယ်လျက်ရှိပါသည်။ လတ်ခြား ထူး-၁၊ ထူး-၂အား ဒေသတွင်း၌သာ အရောင်းအဝယ်လုပ်ကြပါသည်။ ယခင်နှစ်၏ ရှမ်းကြက်သွန်ဖြူအစိုအသစ်ရိတ်သိမ်းပြီးစတွင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ်၁၅၀၀၊ (ထူး-၁) ကျပ်၁၈၀၀၊ (ထူး-၂) ကျပ်၂၀၀၀၊ (ထူး-၃) ကျပ်၂၄၀၀၊ (ထူး-၄) ကျပ်၂၆၀၀၊ (ထူး-၅) ကျပ်၃၀၀၀ ရှိကြောင်း သိရှိရပါသည်။ ရှမ်းကြက်သွန်ဖြူအသစ်အခြောက်သည် ပွဲရုံဈေး၌  (လတ်ခြား) ကျပ်၁၈၀၀၊ (ထူး-၁) ကျပ်၂၀၀၀၊ (ထူး-၂) ကျပ်၂၂၀၀၊ (ထူး-၃) ကျပ်၃၀၀၀၊ (ထူး-၄) ကျပ်၃၅၀၀၊ (ထူး-၅) ကျပ်၄၀၀၀ ရှိကြောင်းသိရှိရပါသည်။

       ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်ကြက်သွန်ဖြူစိုက်ဧက (၃၀၀၀၀) နီးပါးစိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် စိုက်ဧက (၂၉၀၆၁) ဧကစိုက်ပျိုးကာ တစ်ဧကအထွက်နှုန်းမှာ (၁၈၀၀) ပိဿာရှိပါသည်။ ထွက်ရှိသောရှမ်းကြက်သွန်ဖြူအသစ်ကို မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းကြက်သွန်ဖြူများသည် ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူစိုက်တောင်သူများအကျိုးအမြတ်ရရှိကာ အဆင်ပြေနေကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကရင်ပြည်နယ်အတွင်း ဆန်စီးထွက်မှုအခြေအနေ

     ပြည်တွင်းကုန်သွယ်ဖွံ့ဖြိုးရေး အထောက်အကူပြုစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် ကုန်စည်စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ၂၀၂၃ခုနှစ်၊ မတ်လအတွက် ဆန်စီးဝင်စီးထွက်များကို စုစည်းဖော်ပြလိုက်ရပါသည်။                                                

    ကရင်ပြည်နယ်ရှိ ဘားအံမြို့၌ မတ်လ (တတိယပတ်) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၇၁၁၀အိတ်၊ သထုံသို့ အိတ်ရေ ၃၂၀၅အိတ်၊ ဝေါသို့ အိတ်ရေ ၆၅၀အိတ်၊ ပဲခူးသို့ အိတ်ရေ ၄၀၀အိတ်၊ စုစုပေါင်းအိတ်‌ရေ ၁၁၃၆၅အိတ်၊ တန်အားဖြင့် ၅၆၈တန်စီးထွက်ခဲ့ပါသည်။                                                                                              

     ယခုမတ်လ (စတုတ္တပတ်) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့မှ အခြားတိုင်းဒေသကြီးသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၉၂၅အိတ်၊ သထုံသို့ အိတ်ရေ ၂၈၁၅အိတ်၊ ဝေါသို့ အိတ်ရေ ၈၀၅အိတ်၊ ပဲခူးသို့ အိတ်ရေ ၁၅၂၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၀၆၅အိတ်၊ တန်အားဖြင့် ၅၅၃တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း အိတ်ရေ ၃၀၀အိတ်၊ တန်အားဖြင့် ၁၅တန်လျော့၍စီးထွက်ခဲ့ကြောင်း သံလွင်တံတားမှပေးပို့လာသော စာရင်းဇယားများအရ  သတင်းရရှိပါသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၂/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း