Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် မေလ တတိယပတ်၌ ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။ ‌

          ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင်(၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၆၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

          ယခု ၂၀၂၄ခုနှစ်၊ မေလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင်(၂၇၂၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင်(၂၈၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၄၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင်(၄၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို စားအုန်းဆီများရောင်းချပေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းမှ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလ ၁၈ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်ရှိ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို တစ်ဦးလျှင်(၁)ပိဿာနှုန်း စားအုန်းဆီ(၁)ပိဿာလျှင် ၅၉၅၀ကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဝန်ထမ်း(၁၁၈၄)ဦးအတွက် စားအုန်းဆီ ၁၁၈၄ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

      အဆိုပါ စားအုန်းဆီရောင်းချပေးရာတွင် စားသုံးသူများကိုကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့်တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်)

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မေလတတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၄၀၀၀၀၀၀၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ်၂၆၅၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၃၇၀၀၀၊ ဧရာမင်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင်စပါး၊ဆန်ဈေးနှုန်းမှာအနည်းငယ်မြင့်တက်လာကြောင်း အခြားတိုင်းဒေသကြီးများသို့ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ဆန်အိတ်ရေ၁၃၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၇၀၀စုစုပေါင်း ၂၀၀၀အိတ် တန်အားဖြင့် ၁၀၀တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင်အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ မေလတတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင်(၈၈၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင်(၈၂၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၃၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၂၀၀၀)ကျပ်နှင့် ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်လ်မုန်း(၅၀၀)စီစီတစ်ဘူးလျှင် (၂၉၀၀၀)ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၆၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း  စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စိုက်ပျိုးရေးသုံး မြေဩဇာဈေးနှုန်းများ

     မိတ္ထီလာခရိုင်တွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြား စိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု မြေဩဇာဈေးများ ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ဧပြီလတွင် GBS (50kg)  တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၄၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု မေလတွင် GBS (50kg)  တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ အာမို (50kg)  တစ်အိတ်လျှင် (၁၅၃၀၀၀) ကျပ်၊ GBS ပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg)  တစ်အိတ်လျှင် (၇၉၀၀၀) ကျပ်ဈေးရှိပြီး ယခင်လကာလတူ နှိုင်းယှဉ်ပါကမြေဩဇာဈေးနှုန်းများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

     မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည်ဒိုင်၌ မေလ ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၈၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၆၅၀-၂၇၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၅၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး၊ ဧပြီလ ၊ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်း များမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၅၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀) ကျပ်ဖြင့် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ယခုလကာလ တူနှိုင်းယှဉ်လျှင် ဆီထွက် သီးနှံဈေးနှုန်းမြှင့်တက်လျက်ရှိပြီး၊ ကုန်ချောဈေးနှုန်းများ တည်ငြိမ်လျက်ရှိပါသည်။

      ယခုမေလ တတိယပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းတွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ ပဲစဉ်းငုံ (သစ်) တစ်တင်း လျှင် (၁၃၀၀၀၀)ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ 929 တစ်တင်လျှင် (၈၀၀၀၀) ကျပ် စျေးရောင်းဝယ်လျက်ရှိပြီး၊ ယခင်ဧပြီ တတိယပတ်အတွင်း ကုလားပဲ (V2) တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀) ကျပ်၊ ပဲစဉ်းငုံ (သစ်) တစ်တင်း လျှင် (၁၂၃၀၀၀)ကျပ်၊ ထောဖြူ (သစ်) တစ်တင်းလျှင် (၈၅၀၀၀-၉၀၀၀၀) ကျပ်စျေးရှိခဲ့ရာ ယခင်လနှင့်ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲဈေးနှုန်း ဒေသတွင်း သုံးစွဲမှုများလာခြင်းကြောင့် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၂၀၀၀) ကျပ် ခန့်မြှင့်တက်ခဲ့ပြီး၊ ပဲစဉ်းငုံ ရာသီချိန်ဖြစ်သော်လည်း ပြည်ပလိုအပ်ချက်များရှိသဖြင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့် စျေးနှုန်း မြှင့်တက် လာကြောင်း သိရှိရပါသည်။

    ယခုမေလတတိယပတ်အတွင်း ဝါတစ်ပိဿာလျှင် (၂၇၀၀-၂၈၀၀)ကျပ်၊ ငရုတ်သစ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်၊ မကျည်းတောင့် တစ် ပိဿာလျှင် (၂၄၅၀) ကျပ်၊ ယခင်ဧပြီတတိယပတ်အတွင်း ငရုတ်သီး(သစ်) တစ်ပိဿာလျှင် (၈၀၀၀-၉၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ မကျည်းတောင့် တစ်ပိဿာလျှင် (၂၆၀၀-၂၇၀၀) ကျပ်ရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

     မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် အပါချီဘိလပ်မြေကို သာစည်မြို့နယ် ပြည်ညောင်ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ အယ်ဖာနှင့်ကြံ့နှစ်ကောင် ဘိလပ်မြေကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများမှ တိုက်ရိုက်မှာယူရောင်းချကြောင်း၊ အချို့မှာ ရွှေမေတ္တာ ကုမ္ပဏီမှ မှာယူရောင်းချကြောင်း သိရှိရပါသည်။ မေလတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၉၂၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ် ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ယခင်ဧပြီလ တတိယပတ်အတွင်း၌ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၁၂၀၀၀ ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် ၁၁၅၀၀ ကျပ်၊ အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် ၁၁၀၀၀ကျပ် ဖြစ်၍ ယခင်လနှင့် ယခုကာလတူနှိုင်းယှဉ်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၂၈၀၀ ကျပ်၊ အပါချီဘိလပ်မြေတစ်အိတ်လျှင် ၂၂၀၀ ကျပ်၊အယ်ဖာ ဘိလပ်မြေတစ်အိတ်လျှင် ၂၂၀၀ကျပ် အသီးသီး ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်း ကျဆင်းလာရသည့်အကြောင်းရင်းမှာ ကုန်ကြမ်း၊ ကုန်သယ်ယူစရိတ်များ အနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်း ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် အပတ်စဉ်ရောင်းချပေး

        စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မေလတတိယအပတ် ၁၈ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု့ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ၊ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ(၅) ခုခွဲ၍ ဆီ(၃၃၀) ပိဿာနှင့် မုံရွာမြို့၊ (အ.ထ.က-၂)ကျောင်းတွင် တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းအများစုပေါင်းသန့်ရှင်းရေးတွင် ဆီ(၃၃၀) ပိဿာ၊ ဆန်တစ်ပြည်လျှင်၃၀၀၀ကျပ်၊ ဆန်(၂၄)ပြည်ဝင်အိတ်(၂၀) အိတ်၊  ကြက်ဥ(၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ အလုံး (၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မေလ တတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

       မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

         မုံရွာမြိုတွင် စက်သုံးဆီဆိုင်(၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မေလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၇၆၅)ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ယခု မေလတတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၂၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၈၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် မေလဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၄၀)ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ် ဈေးနှုန်းကျလျှက်ရှိပြီ   ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၅)ကျပ် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း  စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ စိန်တလုံးသရက်သီးများ စတင်ရောင်းချ

       မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်သရက်သီးအမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသောသရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

          သရက်သီးသည် အစားအသောက်အဖြစ်သာအသုံးဝင်သည်သာမက ကျန်းမာရေးအတွက် အဟာရဓာတ်များကြွယ်ဝစွာပါဝင်ကြောင်း သရက်သီးကိုစားသုံးပေးခြင်းဖြင့် ပျက်စီးသွားသောဆဲလ်များကို အစွမ်းထက်သော Antioxidantမှ ပြန်လည်ကောင်းမွန်စေခြင်း၊ သရက်သီးတွင် Vitamin A, Eနှင့်Seleniumတို့ပါဝင်သဖြင့် နှလုံးရောဂါနှင့် အဖျားရောဂါများကို ပျောက်ကင်းစေခြင်း၊ သရက်သီးတွင် Phenolic Compound ပါဝင်သောကြောင့် Antioxidantမှ ကင်စာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ သံဓာတ်များလုံလောက်စွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သွေးကင်ဆာရောဂါရှင်များအတွက် သက်သာပျောက်ကင်းစေခြင်း စသည့်ကျန်းမာရေးအကျိုးပြုမှုများကို ရရှိစေနိုင်ကြောင်းသိရှိရသည်။

          ကန့်ဘလူမြို့၊ သစ်သီးဆိုင်များတွင်ရောင်းချနေသော သရက်သီးဈေးနှုန်းအခြေအနေမှာ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် သုံးလုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှသိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း