Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ပြည်ပဆန်သတင်း (၂-၁၀-၂၀၂၃)ရက်နေ့မှ (၆-၁၀-၂၀၂၃)ရက်နေ့အထိ

    ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ် ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၉ကျဆင်းသွားပြီး  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၆ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၀၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

      ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂၊  ၂၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ဖြင့် စျေးနှုန်း မြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်း ဖော်ပြထားခြင်းမရှိပါ။

   အိန္ဒိယဆန်စျေးနှုန်းတို့တွင် ၅မှတ် ဆန်နှင့် ၂၅မှတ် ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၇ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်းသိရှိရပါသည်။

       ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂၊ ၂၅ မှတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၂ဖြင့် ဈေးနှုန်းကျဆင်းသွားပြီး ပေါင်းဆန် စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၇၇ဖြင့် စျေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲစျေးနှုန်းဖော်ပြထားခြင်းမရှိပါ။

အာရှဆန်ဈေးနှုန်း (Price Indications) အခြေအနေ ။ အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

(USD/ MT, FAO)

 

၂၀-၉-၂၀၂၃

၂၇ -၉-၂၀၂၃

၄ -၁၀-၂၀၂၃

၁၁-၁၀-၂၀၂၃

Thai White Rice 100% Grade B

၆၅၄

၆၂၁

၆၁၁

၆၀၉

Thai White Rice 25%

၅၈၀

၅၇၆

၅၆၆

၅၆၆

Vietnam White Rice 5%

၆၂၂

၆၁၇

၆၁၇

၆၂၂

Vietnam White Rice 25%

၆၀၇

၆၀၂

၆၀၂

၆၀၇

India White Rice 5%

-

-

-

-

India White Rice 25%

-

-

-

-

Pakistan White Rice 5%

၆၁၂

၆၀၂

၅၉၂

၅၂၂

Pakistan White Rice 25%

၅၄၂

၅၄၂

၅၂၂

၄၇၂

Source: Thai Rice Exporters Association တစ်ပတ်တစ်ကြိမ်ဖော်ပြသောစျေးနှုန်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆန်ဖြူ ၅% ၏ ကမ္ဘာ့ပေါက်ဈေးများအခြေအနေ၊

                                   ရက်သတ္တပတ်၊ ရက်စွဲအလိုက် နှိုင်းယှဉ်ဖော်ပြချက်

 

(USD/ MT, FAO)

 

၂၀-၉-၂၀၂၃

၂၇ -၉-၂၀၂၃

၄ -၁၀-၂၀၂၃

၁၁-၁၀-၂၀၂၃

Thai White Rice 100% Grade B

၆၅၄

၆၂၁

၆၁၁

၆၀၉

Thai White Rice 25%

၅၈၀

၅၇၆

၅၆၆

၅၆၆

Vietnam White Rice 5%

၆၂၂

၆၁၇

၆၁၇

၆၂၂

Vietnam White Rice 25%

၆၀၇

၆၀၂

၆၀၂

၆၀၇

India White Rice 5%

-

-

-

-

India White Rice 25%

-

-

-

-

Pakistan White Rice 5%

၆၁၂

၆၀၂

၅၉၂

၅၂၂

Pakistan White Rice 25%

၅၄၂

၅၄၂

၅၂၂

၄၇၂

Source: Thai Rice Exporters Association တစ်ပတ်တစ်ကြိမ်ဖော်ပြသောစျေးနှုန်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ဆန်ဖြူ ၅% ၏ ကမ္ဘာ့ပေါက်ဈေးများအခြေအနေ၊

                                   ရက်သတ္တပတ်၊ ရက်စွဲအလိုက် နှိုင်းယှဉ်ဖော်ပြချက်

DOCA(ရန်ကုန်)

                                        

ဝယ်လိုအားခိုင်မာခြင်းကြောင့် မလေးရှား စားအုန်းဆီကြမ်း ဈေးနှုန်းများ မြင့်တက်

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်း၊ ပြည်ပသို့တင်ပို့မှုပမာဏ တိုးတက်လာခြင်းနှင့် ချီကာဂိုဈေးကွက်၌ ပဲပုတ်ဆီဈေးနှုန်းများ အားကောင်းခိုင်မာမှုရှိခြင်းတို့ကြောင့် မလေးရှားနိုင်ငံ ဘာဆာဆင့်ပွားစတော့ဈေးကွက် (Bursa Malaysia Derivatives Exchange) တွင် ဇန်နဝါရီလ အတွက် သင်္ဘောတင်ပို့မည့် စားအုန်းဆီကြမ်းများ၏ ဈေးနှုန်းသည် ၁၈-၁၀-၂၀၂၃ နေ့၌ မက်ထရစ် ၁ တန်လျှင် ရင်းဂစ်ငွေ ၃၈၁၀ နှုန်း (၈၀၃.၄၆ ဒေါ်လာ) သို့ ရောက်ရှိလျက် ယခင်နေ့ထက် ၀.၆၉% မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း မလေးရှားနိုင်ငံ၏ စားအုန်း ဆီ တင်ပို့မှုသည် ယခင်လကာလတူထက် ၅.၆% တိုးတက်ခဲ့သည်ဟု AmSpec Agri Malaysia ကုန်ပစ္စည်းစစ်ဆေးရေး ကုမ္ပဏီက ၁၅-၁၀-၂၀၂၃ နေ့တွင် ပြောဆိုခဲ့သည်။ အခြား ကုန်ပစ္စည်း စစ်ဆေးရေးလုပ်ငန်းတစ်ခုဖြစ်သော Intertek Testing Services ကလည်း မလေးရှား၏ စားအုန်း ဆီတင်ပို့မှုမှာ ၇.၇% အထိ တိုးတက်လာကြောင်း ပြောကြားထားခဲ့သည်။ နယူးဒေလီမြို့ အခြေ စိုက် ကုန်သည်တစ်ဦးက ပြည်ပဈေးကွက်၌ စားအုန်းဆီအပေါ်ဝယ်လိုအားသည် လာမည့်ရက် သတ္တပတ် အနည်းငယ်ကြာအချိန်အထိ အားကောင်းနေဦးမည်ဟု ပြောဆိုပါသည်။

မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ၁၇-၁၀-၂၀၂၃ နေ့ သတင်းထုတ်ပြန်ချက်အရ မလေးရှား နိုင်ငံအနေဖြင့် နိုဝင်ဘာလတွင် စားအုန်းဆီတင်ပို့မှုများအတွက် ပို့ကုန်အခွန်ကို ပြောင်းလဲမှုမရှိပဲ ၈% ဆက်လက်ထားရှိပြီး ၎င်း၏ရည်ညွှန်းဈေးနှုန်းကို လျော့ချခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ဝေစုရယူမှုကို ယှဉ်ပြိုင်လျက်ရှိသည့်အတွက် ဆက်စပ်နေသည့် အခြားစားသုံးဆီများ၏ ဈေးနှုန်းများက စားအုန်းဆီဈေးနှုန်းအပေါ် သက်ရောက် မှုရှိကြောင်း၊ မလေးရှားနိုင်ငံရှိ တောင်ပိုင်းကျွန်းဆွယ်ဒေသ စားအုန်းဆီကြိတ်ခွဲထုတ်လုပ်သူများ အသင်း၏ အချက်အလက်များအရ လအလိုက်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမ လဝက်အတွင်း စားအုန်းဆီ ထုတ်လုပ်မှု ၀.၇၃% ကျဆင်းခဲ့ခြင်းကလည်း ဈေးနှုန်းခိုင်မာမှုကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုနှင့်အတူ ‌ရေနံစိမ်းဈေးနှုန်း များ မြင့်တက်လာခြင်းကလည်း စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် အသုံးပြုရန် အခွင့်အလမ်း များပြားလာစေခဲ့ကြောင်း Hellenic Shipping News သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

၁၈-၁၀-၂၀၂၃ နေ့၌ ချီကာဂို ကုန်သွယ်ရေးဘုတ်တွင် ပဲပုတ်ဆီ ဈေးနှုန်းများသည် ၀.၄% မြင့်တက်ခဲ့ပြီး ရေနံစိမ်းဈေးနှုန်းများသည်လည်း ၂% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Hellenic Shipping News, 19 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ် မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်

အာရှဒေသအတွင်း၌ ကြာမြင့်စွာ ပူပြင်းခြောက်သွေ့မှုများနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သမုဒ္ဒရာရေမျက်နှာပြင် ပူနွေးလာသည့် အယ်လ်နီညိုဖြစ်စဉ်သည် အနည်းဆုံး ၂၀၂၄ ခုနှစ် မေလအထိဖြင့် ဆက်လက်ဖြစ်ပွားနိုင်ကြောင်း အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ (NOAA) ၏ လက်အောက်ရှိ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center - CPC) က ပြောကြားခဲ့ပါသည်။

CPC ၏ အောက်တိုဘာလ ၁၆ ရက်၊ တနင်္လာနေ့က ထုတ်ပြန်ခဲ့သော သတင်းတွင် အယ်လ် နီညိုသည် ကမ္ဘာ့မြောက်ခြမ်း၌ ၂၀၂၄ ခုနှစ်တွင် နွေဦးရာသီကာလဖြစ်သည့် မတ်လမှ မေလ အတွင်း ၈၀ ရာခိုင်နှုန်းဖြင့် ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်းဖြင့် ဖော်ပြထားပါသည်။ အဆိုပါ ကာလအတွင်း၌ ENSO-Neutral ဟုခေါ်သည့် အယ်လ်နီညိုမဟုတ် လာနီညာမဟုတ်သည့် အခြေ အနေများဆီသို့ တိုက်ဆိုင်စွာပြန်ရောက်သွားနိုင်ကြောင်းဖြင့် သိရပါသည်။

မီယာမီတက္ကသိုလ်မှ ပညာရှင်တစ်ဦး၏ အဆိုအရ ပိုမိုအားကောင်းသည့် အယ်လ်နီညိုသည် ကမ္ဘာတစ်ဝှမ်းတွင် ဆောင်းရာသီ၏ အပူချိန်နှင့် မိုး/နှင်းများ ရွာသွန်းမှု၏ ပုံစံများအပေါ်တွင် သက်ရောက်မှု အားကောင်းနိုင်ကြောင်း၊ ဝါရှင်တန်တက္ကသိုလ်မှ လေထုသုတေသန သိပ္ပံပညာရှင် တစ်ဦးက ယခုနှစ်တွင် သမုဒ္ဒရာအပူချိန် မြင့်တက်လာရန် မျှော်လင့်ထားသလောက် လေထုသည် တုံ့ပြန်မှုမရှိသေးကြောင်း၊ ယခင်အယ်လ်နီညိုနှစ်များ၏ အစောပိုင်းကာလကဲ့သို့ မိုးဆီးနှင်းများ ရွာသွန်းမှုမှာ များပြားခြင်းမရှိသေးဘဲ အချိန်များစွာ ယူနေရသည့် အခြေအနေရှိနိုင်ကြောင်းဖြင့် ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မေလအထိ အယ်လ်နီညိုသည်  ဆက်လက်ဖြစ်ပွားနိုင်မှုသည် အိန္ဒိယနိုင်ငံတွင် မုတ်သုံအကြိုမိုးရွာသွန်းမှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း၊ အဓိကအားဖြင့် အရှေ့တောင် အာရှ ဒေသများတွင် ကာလကြာရှည်ခြောက်သွေ့သည့်ကာလကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆန်နှင့် စား အုန်းဆီကဲ့သို့သော အဓိကသီးနှံများ၏ ထုတ်လုပ်မှုအပေါ် ထိခိုက်ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း သိရ ပါသည်။

မိုးလေဝသအေဂျင်စီ CPC ၏ ထုတ်ပြန်ချက်အရ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အရှေ့ ဘက်တို့တွင် အီကွေတာ ပင်လယ်ရေမျက်နှာပြင်၏ အပူချိန်များ (Equatorial sea surface temperatures – SSTs) သည် ပျမ်းမျှအထက်တွင် ရှိနိုင်ကြောင်း၊ အယ်လ်နီညိုကြောင့် အပူပိုင်း ပစိဖိတ်ဒေသ၏ လေထုမှာ မူမမှန်မှုများဖြစ်ပေါ်နိုင်ကြောင်း၊ စက်တင်ဘာလ၏ နောက်ဆုံးအပတ် တွင် Date Line ဖြစ်သည့် ပစိဖိတ်ဒေသ၏ အလယ်ပိုင်းအနီးတွင် SST မူမမှန်များမှာ ပို၍ ဖြစ်ပေါ် ခဲ့ကြောင်းဖြင့် သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် ၄ ပတ်အတွင်း၌ အီကွေတာဆိုင်ရာ SST များသည် ပစိဖိတ် သမုဒ္ဒရာ၏ ဒေသအများစု၊ အနောက်အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ တစ်လျှောက် တွင် ပျမ်းမျှထက်ကျော်လွန်နေခဲ့ကြောင်း CPC အဖွဲ့က ပြောကြားခဲ့သည်။

CPC ၏ ပြောကြားမှုအရ Equatorial SSTs များသည် အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝိုက်တွင် ပျမ်းမျှအောက်ရှိနေခြင်းမှာ အိန္ဒိယအတွက် အားတက်ဖွယ်ကောင်း သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း၊ အဓိကအားဖြင့် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့ပိုင်းနှင့် အနောက် ပိုင်း (Indian Ocean Dipole) တို့တွင် SSTs ကွာဟချက်မှာ အားကောင်းလာပြီး ဒီဇင်ဘာလအထိ သာ ကြာမြင့်နိုင်ဖွယ်ရှိကြောင်းဖြင့် သိရပါသည်။

စက်တင်ဘာလနှောင်းပိုင်းမှစ၍ မြေအောက်အပူချိန် ပုံမှန်မဟုတ်မှုများသည် ဆက်လက် ရှိနေခဲ့ကြောင်း၊ အယ်လ်နီညိုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ - မတ်လမှတစ်ဆင့် ဆက်လက်ဖြစ်ပွား နိုင်ချေမှာ ၉၅ ရာခိုင်နှုန်းရှိကြောင်းဖြင့် အမေရိကန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

ထို့နောက်တွင် အယ်နီညိုသည် ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ENSO-Neutral ဟု ခေါ်သည့် အယ်လ်နီညိုမဟုတ် လာနီညာမဟုတ်သည့် အခြေအနေများသို့ ပြန်လည်ရောက်ရှိနိုင်သဖြင့် သက်ရောက်မှုဒဏ်များမှာ တဖြည်းဖြည်း လျော့နည်းသွားနိုင်ကြောင်း၊  အလယ်အလတ်မှ အားကောင်းသော အယ်လ်နီညိုမှာ ၂၀၂၄ ခုနှစ် မေလမှ မတ်လအတွင်း၌ ပိုမိုဖြစ်ပွားနိုင်ကြောင်း CPC မှ ပြောကြားခဲ့သည်။

Source: The Hindu Business Line, 17 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယနိုင်ငံ၌ သကြားတင်ပို့မှုကို ကန့်သတ်ကုန်စည်အဖြစ် ဆက်လက်ထားရှိမည်

အိန္ဒိယပြည်ပကုန်သွယ်မှုဦးစီးဌာန (DGFT) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက  ရှိနေခဲ့ပြီးသော ကန့်သတ်ချက်များကို ဆက်လက်ထားရှိမည့် သကြားတင်ပို့မှု မူဝါဒများအား အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ မူဝါဒအရ အစိုးရ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တင်ပို့ခွင့်ပြုမည်ဖြစ်သော်လည်း စားနပ်ရိက္ခာဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ညှိနှိုင်းမှုအရ တင်ပို့မည့်ပမာဏမှလွဲ၍ အခြားတင်ပို့မှုများကို ခွင့်ပြုချက် ထုတ်ပေးမည်မဟုတ်ကြောင်းဖြင့် သိရပါသည်။

သကြားကြမ်း၊ သကြားဖြူ၊ သန့်စင်ပြီးသကြားနှင့် အော်ဂဲနစ်သကြားများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များမှာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ အလွန်တွင်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အခြားသော အခြေအနေများမှာ ပြောင်းလဲမှုမရှိကြောင်းဖြင့် DGFT က ပြောကြားခဲ့သည်။ အမိန့်ကြော်ငြာစာပါ ပို့ကုန်ကန့်သတ်ချက်များသည် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်နှုန်းခွဲတမ်းထားများ လျှော့ချလျက် တင်ပို့လျက်ရှိသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂသို့ တင်ပို့မည့် သကြားများနှင့် အကျုံးမဝင်ကြောင်းဖြင့် ရှင်းလင်းဖော်ပြထားသည်။

ပြည်တွင်းသကြားဈေးကွက်အတွင်း ရောင်းလိုအားအခြေအနေများ ကျပ်တည်းလာမည်ကို စိုးရိမ်၍ စားနပ်ရိက္ခာဝန်ကြီးဌာနအနေဖြင့် လက်ရှိ အောက်တိုဘာလမှ စက်တင်ဘာလအထိ သကြားတင်ပို့မှုရာသီအတွက် သကြားတင်ပို့မှု မည်သည့်ခွဲတမ်းကိုမဆို ခွင့်ပြုမည့်အလားအလာ မရှိကြောင်း၊ နှစ်စဉ် ခန့်မှန်းဝယ်လိုအား မက်ထရစ်တန်ချိန်မှာ ၂၇.၅ သန်းမှ ၂၈ သန်းထက် ပို၍ များပြားနေသော်လည်း ထုတ်လုပ်မှုတွင် ခန့်မှန်းထားသည့်အတိုင်း ကျဆင်းမှုများရှိခဲ့ကြောင်းဖြင့် သိရပါသည်။

သတင်းအရင်းအမြစ်တစ်ခုအရ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့အတွက် ပြည်တွင်း ဝယ်လိုအားမှာ အရန်သကြားအနေဖြင့် တန်ချိန် ၆ သန်းသည် လုံလောက်ရုံမျှသာရှိသဖြင့် လာ မည့်နှစ် ကြံသီးနှံအပေါ် အယ်လ်နီညို၏ ခြိမ်းခြောက်မှုများကြောင့် အစိုးရအနေဖြင့် ၂၀၂၄-၂၀၂၅ ရာသီအတွက် ပြည်တွင်း၌ အများအပြား သိုလှောင်နိုင်ချေရှိကြောင်း၊ ထို့အပြင် အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ အီသနောရာသီအတွက် ရောစပ်ပမာဏကို ၁၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့သဖြင့် ကြံသီးနှံ လိုအပ်ချက်မှာ များပြားလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ၏ ရောစပ်ပမာဏ ၁၂ ရာခိုင်နှုန်းထက် များပြားခဲ့ကြောင်းဖြင့် သိရသည်။

အိန္ဒိယသကြားစက်ရုံများအသင်းက ၂၀၂၂-၂၀၂၃ သကြားထုတ်လုပ်မှုရာသီတွင် သကြား မက်ထရစ်တန် ၃၂.၈ သန်း ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်တွင် အီသနောအဖြစ် ပြောင်းလဲပြီးနောက် သကြားထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၃၁.၆၈ သန်းသို့ ကျဆင်းဖွယ်ရှိကြောင်း သြဂုတ်လ ၂ ရက်နေ့၌ ခန့်မှန်းချက် ထုတ်ပြန်ထားခဲ့သည်။

Source: The Hindu Business Line, 18 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂ဝ% အိန္ဒိယအစိုးရက ဆက်လက်ကောက်ခံမည်

အိန္ဒိယနိုင်ငံ၌ ၁၅-၁၀-၂၀၂၃ နေ့တွင် သက်တမ်းကုန်ဆုံးမည့် ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံရန် ချမှတ်ထားရှိမှုကို ၂ဝ၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁၃-၁၀-၂၀၂၃ နေ့၌ အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

ကုန်သည်များ၏ပြောကြားချက်အရ ပို့ကုန်ခွန်ကောက်ခံမှု သက်တမ်းတိုးမြှင့်လိုက်ခြင်းမှာ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံရှိ အချို့ပြည်နယ်များ၌ ပြည်နယ်ရွေးကောက်ပွဲများ ပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပစဉ် ကာလအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများကို စစ်ဆေးစောင့်ကြည့်သွားရန်အတွက်ဖြစ်ကြောင်း သိရှိရပါသည်။

ပုံမှန်အားဖြင့် စက်တင်ဘာလ တတိယပတ် သို့မဟုတ် စတုတ္ထပတ်တွင် ထုတ်ပြန်လေ့ရှိ သည့် ဆန်စပါးထွက်ရှိမှု ခန့်မှန်းချက်ကိန်းဂဏန်းများကို အိန္ဒိယအစိုးရက ထုတ်ပြန်ခြင်းမရှိသေး ကြောင်း၊ ၂ဝ၂၃ ခုနှစ်ဇူလိုင်လတွင် ဘာစမာတီမဟုတ်သောဆန်ဖြူ တင်ပို့မှုကို တားမြစ်ပိတ်ပင် ခဲ့ပြီးနောက် ဩဂုတ်လ၌ ဘာစမာတီဆန် သင်္ဘောတင်ပို့မှုကို ထိန်းချုပ်နိုင်ရန် ဘာစမာတီဆန် တင်ပို့မှုအပေါ် ပို့ကုန်ခွန်ကောက်ခံခဲ့ကြောင်း၊ ဆန်ကွဲတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်မှုကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်အရ လက်ရှိ မိုးသီးနှံရာသီ၌ စပါးစိုက်ဧကမှာ ယခင်နှစ်ကာလထက် အနည်းငယ် ပိုမိုတိုးတက်လာသော်လည်း ဩဂုတ်လတွင် မိုးရွာသွန်းမှု လျော့နည်းခြင်းနှင့် ဟာရီယာနာနှင့် ပန်ဂျပ်ပြည်နယ်တို့၌ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ခြင်းတို့ ကြောင့် စပါးသီးနှံရိတ်သိမ်းထွက်ရှိမှုမှာ လျော့နည်းသွား နိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။ ဟာရီယာနာပြည်နယ်မှ အစိုးရအရာရှိတစ်ဦးက ပြည်နယ်အတွင်း ဘာစမာတီမဟုတ်သောစပါး စိုက်ဧကမှာ လျော့နည်းခဲ့ပြီး ဘာစမာတီစပါးစိုက်ဧကမှာ တိုးတက်လာသဖြင့် စပါးစိုက်ဧရိယာ တိုးတက်လာကြောင်း ပြောကြားခဲ့ပါသည်။

၂ဝ၂၂ ခုနှစ် မိုးသီးနှံရာသီ၌ အိန္ဒိယ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၁၁ဝ သန်းရှိခဲ့ပြီး ယခုနှစ် မိုးသီးနှံရာသီကာလတွင် ဆန်စိုက်ပျိုး ထုတ်လုပ်မှုမှာ မျှော်မှန်းထားသော တန်ချိန် ၁၁၁ သန်း အောက်သို့ လျော့နည်းကျဆင်းမည်ကို စိုးရိမ်လျက်ရှိကြောင်း Hindu Business Line သတင်းဌာန က ဖော်ပြပါသည်။

Source: The Hindu Business Line, 13 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီဆန်တင်ပို့မှု အနိမ့်ဈေးနှုန်းသတ်မှတ်ချက်အား အိန္ဒိယအစိုးရက ဖြေလျော့မှု မပြု

အိန္ဒိယနိုင်ငံ၌ ဘာစမာတီဆန် တင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် ဒေါ်လာ ၁၂၀၀ ချမှတ်ထားရာမှ ဒေါ်လာ ၉ဝဝ သို့ လျှော့ချပေးရန် ပို့ကုန်လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအား ပြည်ထဲရေးဝန်ကြီး Amit Shah ဦးဆောင်သော ဝန်ကြီးများပါဝင်သည့် ကော်မတီက ပယ်ချခဲ့သော်လည်း ဆက်လက်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စရပ်အဖြစ် ထားရှိ ကြောင်း အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

အစိုးရ၏ လယ်ယာထွက်ကုန်တင်ပို့မှု မြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သော APEDA သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ အင်တာနက်စင်္ကြန်မှ လျှောက်လွှာဖိုင် လက်ခံသည့်စနစ်ကို ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီးနောက် ၂၈-၈-၂၀၂၃ နေ့မှစတင်၍ တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ အောက် လျော့နည်းသော ဈေးနှုန်းဖြင့် ချုပ်ဆိုသည့် ဘာစမာတီဆန် ပို့ကုန် စာချုပ်များကို မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိတော့ကြောင်း သိရှိရပါသည်။

အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက အစိုးရအနေဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများကို ထိန်းညှိ နိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများအတွက် လုံလောက်သောဆန်များရရှိစေရန်အတွက် နည်းလမ်း များစွာကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါနည်းလမ်းများအနက် ဘာစမာတီဆန် တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ နှင့်အထက် စာချုပ်ချုပ်ဆိုမှုများကိုသာ မှတ်ပုံတင်မှုနှင့် ခွဲတမ်းချထားမှု လက်မှတ် (Registration-cum-Allocation Certificate - RCAC) ထုတ်ပေးသည့် နည်းလမ်းလည်း ပါဝင် ကြောင်း၊ အဆိုပါနည်းလမ်းကိုဆောင်ရွက်ရခြင်းမှာ အစိုးရသည် ဇူလိုင်လ ၂ဝ ရက်နေ့မှ စတင်၍ ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ၎င်းဆန်များကို ဘာစမာ တီဆန်၏ HS code ဖြင့် အမျိုးအစား ပြောင်းလွှဲလျက် တရားမဝင် တင်ပို့နေသည်ဟူသော အစီရင်ခံစာများကို လက်ခံရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိကျင့်သုံးနေသော အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း သတ်မှတ်မှုအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို ဝန်ကြီးများပါဝင်သော ကော်မတီကချမှတ်ခဲ့ပြီး ၁၄-၁၀-၂၀၂၃ နေ့တွင် စားနပ် ရိက္ခာဝန်ကြီးဌာနသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် APEDA အာဏာပိုင်အဖွဲ့တို့ ထံသို့ ဆက်လက်အကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယ ဆန်တင်ပို့သူများအသင်း (AIREA) က ၁၄-၁၀-၂၀၂၃ နေ့၌ အကြံပြုစာထုတ်ပြန်ရာ တွင် အစိုးရအနေဖြင့် ဘာစမာတီဆန်စာချုပ်များကို တစ်တန်လျှင် ဒေါ်လာ ၁၂ဝဝ အထက်ဖြင့် သာ RCAC အသိလက်မှတ်ထုတ်ပေးရေးအတွက် မှတ်ပုံတင်ခွင့်ပြုသွားမည်ဟူသည့် ကန့်သတ် ချက်များကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် AIREA အဖွဲ့ဝင်များအနေဖြင့် ဆန် ဝယ်ယူ သိုလှောင်ရာတွင် စီးပွားရေးအကျိုးသက်ရောက်မှုနှင့် ဘာစမာတီဆန်တင်ပို့မှု အလား အလာများကို သတိကြီးစွာထား၍ဆောင်ရွက်သွားကြရန် ဖော်ပြထားသည်။ AIREA ၌ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သော Vijay Setia က ဆန်တင်ပို့သူ အများစုသည် အဆိုပါအကြံပြုစာ ထုတ်ပြန်ပြီး သည့်နောက်ပိုင်း ဘာစမာတီဆန် ဝယ်ယူမှုမပြုတော့ကြောင်း ပြောဆိုပါသည်။

စက်တင်ဘာလ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ဘာစမာတီဆန်လုပ်ငန်းရှင်များနှင့် အစည်းအဝေးတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က ဘာစမာတီဆန် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်းကို တစ်တန်လျှင် ဒေါ်လာ ၈၅ဝ သို့လျှော့ချသတ်မှတ်သွားရန် သဘောတူညီခဲ့ ကြောင်း၊ APEDA ၏ ကိန်းဂဏန်းများအရ ပို့ကုန်တင်ပို့သူများမှဖော်ပြသည့် ဘာစမာတီဆန် တစ် တန်လျှင် ပျမ်းမျှဈေးနှုန်းများမှာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလတွင် ၁ဝ၄၈.၈၂ ဒေါ်လာ၊ နိုဝင်ဘာ လ၌ ၁ဝ၁၆.၂၉ ဒေါ်လာ၊ ဒီဇင်ဘာလတွင် ၉၉၈.၁၆ ဒေါ်လာနှင့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ၌ ၁ဝ၄၅.၂၁ ဒေါ်လာ အသီးသီးရှိခဲ့ကြောင်း၊ အိန္ဒိယ ဆန်တင်ပို့သူများအသင်းမှ ကိုယ်စားလှယ်အဖွဲ့ သည် APEDA အာဏာပိုင်အဖွဲ့၏ ဥက္ကဌနှင့် တွေ့ဆုံပြီး ဘာစမာတီဆန်အနိမ့်ဆုံးပို့ကုန် ဈေးနှုန်း သတ်မှတ်ချက်ကို လျှော့ချသတ်မှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: The Hindu Business Line, 15 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျပန်နိုင်ငံတွင် ဆန်လက်ငင်းရောင်းဝယ်မှု အွန်လိုင်းဈေးကွက် ဖွင့်လှစ်

ဂျပန်နိုင်ငံ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် အခြေခံ၍ ဆန်ဈေးနှုန်းများကို ပိုမိုပွင့်လင်းစွာ သတ်မှတ်နိုင်ရန် ရည်ရွယ်လျက် အင်တာနက်စင်္ကြန်မှတစ်ဆင့် ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်တစ်ရပ်ကိုဖွင့်လှစ်ခဲ့ရာ နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်များ ဝယ်ယူရောင်းချခြင်းကို ပိုမိုချောမွေ့လာစေမည်ဖြစ်ကြောင်း သိရှိရသည်။

အနာဂတ်ဆန်ဈေးကွက် (Mirai Rice Market) ဟုခေါ်ဆိုသော အဆိုပါ ရောင်းဝယ်မှု စင်္ကြန်ကို ထူထောင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ဉာဏ်ကြီးရှင်အဖွဲ့အစည်းများနှင့် ဆန်လက်ကားရောင်းချသူများက ရန်ပုံငွေအများအပြား ထောက်ပံ့ပေးခဲ့သည်။ ဆန်စပါးထုတ်လုပ်သူများသည် ၎င်းတို့၏ အလိုရှိသောစျေးနှုန်းများဖြင့် ရောင်းချမည့်ပမာဏတို့ကို ကမ်းလှမ်းနိုင်ပြီး သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ၎င်းတို့၏ထုတ်ကုန်ကို အမြင့်ဆုံးဈေးနှုန်း ပေးအပ်များထံ လေလံတင် ရောင်းချနိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် လက်ရှိကာလအထိ ဆန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို လယ်သမားများကို ကိုယ်စားပြုသော စိုက်ပျိုးရေးဆိုင်ရာ သမဝါယမအသင်းများနှင့် ဝယ်ယူသူများအကြား ညှိနှိုင်းမှုဖြင့်သာ ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်ရာ ဆန်အတွက် စံဈေးနှုန်းများ သတ်မှတ်ရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး လယ်သမားများအနေဖြင့် ဈေးကွက်ဝယ်လိုအားကို ခန့်မှန်းအကဲဖြတ်ခွင့် ရရှိစေမည့် လက်ငင်းရောင်းဝယ်သည့် ဈေးကွက်တစ်ခု လိုအပ်ကြောင်း ဝေဖန်ထောက်ပြသူများက ပြောကြားထားခဲ့သည်။

Mirai Rice Market ၏ ဥက္ကဌဖြစ်သူ Orikasa Shunsuke က ဆန်၏ ထပ်တိုးတန်ဖိုး၊ လယ်သမားများ၏ ထုတ်လုပ်မှုအခက်အခဲများနှင့် ကုန်ကျစရိတ်များသည် အရောင်းအဝယ်ပြုသည့် ဈေးနှုန်းများ၌ ပါဝင်လျက်ရှိကြောင်းကို ထင်ဟပ်စေမည့် ပွင့်လင်းပြီး မျှတမှုရှိသော စျေးကွက်တစ်ရပ်အား ဖန်တီးရန် လယ်သမားများက လိုလားမှုရှိသည်ဟု ပြောကြားခဲ့သည်။ ဆန်ရောင်းဝယ်မှုစင်္ကြန်မှတစ်ဆင့် ပထမနှစ်အတွင်း ဆန်တန်ချိန် ၂၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ် ပေါ်ရန်နှင့် ၅ နှစ်အတွင်း ၅ ဆအထိ မြင့်တက်လာရန် ၎င်းကမျှော်လင့်ထားသည်။

အဆိုပါ ဆန်ရောင်းဝယ်မှုစင်္ကြန် စီမံကိန်းကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံပြုထားပြီး ယခုနှစ်ကုန်တွင် အခြားသော ဆန်စပါးလက်ငင်းဈေးကွက်တစ်ခုကို ထပ်မံဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရကြောင်း NHK သတင်းဌာနက ဖော်ပြပါသည်။

Source: NHK World - Japan News, 16 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ ဆန်အထွက် ၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိ

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ရာသီဥတုခြောက်သွေ့ကာ စပါးအထွက်နှုန်းအပေါ် ထိခိုက်စေခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ ဆန်ထွက်ရှိမှုမှာ ၂ ရာခိုင်နှုန်း လျော့နည်းလျက် မက်ထရစ်တန်ချိန် ၃၀.၉၀ သန်းသို့ ကျဆင်းနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား စာရင်းအင်းဗျူရိုမှ ခေတ္တအကြီးအကဲဖြစ်သူ Amalia Adininggar Widyasanti က ၁၆-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ခန့်မှန်းချက်သည် သြဂုတ်လ၏ အထွက်နှုန်းအချက်အလက်နှင့် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းနိုင်မည့် ခန့်မှန်းချက်တို့ကို အခြေခံထားခြင်းဖြစ်သည်။ ယခင်နှစ်၌ စိုက်ပျိုးဧရိယာ ဟက်တာ ၁၀.၄၅ သန်းမှ စပါးများ ရိတ်သိမ်းနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်အတွက် စပါးရိတ်သိမ်းဧရိယာသည် ဟက်တာ ၁၀.၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။

ဆိုပါ စာရင်းအင်းဗျူရို၏ စာရင်းများအရ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ဆန်တန်ချိန် ၁.၇၉ သန်း တင်သွင်းခဲ့ကြောင်း၊ ယခင်နှစ် ကာလတူ၌ တင်သွင်းမှုထက် ဆန်တန်ချိန် ၂၈၈၇၀၇ တန် ပိုမိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံထံမှ အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်၌ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့ထံမှ တင်သွင်းခဲ့ကြောင်း၊ ယခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့သည့် သွင်းကုန်ခွဲတမ်း ဆန်တန်ချိန် ၂.၃ သန်းအပြင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကို ထပ်မံတင်သွင်းရန်စီစဉ်လျက်ရှိကြောင်း စင်ကာပူ Business Times သတင်းဌာနက ဖော်ပြပါသည်။

Source: Business Times, 16 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်စပါးအထွက်နှုန်းမြင့်မားသော ဒေသများကို ဆုချီးမြှင့်ရန် အင်ဒိုနီးရှားအစိုးရက စီစဉ်

၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃၅ သန်း ထုတ်လုပ်ရန် ရည်မှန်းချက်ကို အကောင်အထည် ဖော်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင်  ဆန်စပါး စံချိန်တင်ထွက်ရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးများကို အထူးဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆန်ဖူလုံမှုရှိရေးသည် ဒေသတိုင်းအတွက် တူညီသောတာဝန်ဖြစ်ပြီး  နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဆန်စပါးများ ပိုမိုထွက်ရှိစေရေး မျှော်လင့်လျက် စိုက်ပျိုးသူများသို့ တွန်းအားပေးသည့်အနေဖြင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်း ချက်ကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနရှိ စားနပ်ရိက္ခာသီးနှံများ ညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေး အခြေခံအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ  ညွှန်ကြားမှုဦးစီးဌာနနှင့် စိုက်ပျိုးရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့ အနေဖြင့် ရှေ့တန်းအဆင့်-၁ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ကူညီပံ့ပိုးသွားရန်ဖြစ်ကြောင်း ခေတ္တစိုက်ပျိုးရေးဝန်ကြီး Arief Prasetyo Adi က ၁၆-၁၀-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် ကျင်းပသည့် ဈေးနှုန်းသက်သာသော စားသောက်ကုန်များ ရောင်းချမှုပွဲတော်၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်သူလယ်သမားများသို့ အရည်အသွေးမီမျိုးစေ့များ ပံ့ပိုးပေးရေး၊ ဓာတ်မြေသြဇာ ရရှိ ရေးနှင့် အသိပညာပေး ကျွမ်းကျင်ပညာရှင်များ အလွယ်တကူ ရရှိစေရေးတို့အတွက် ၎င်းဌာနများက ပူးပေါင်းလုပ်ဆောင်ရန်နှင့် အဆိုပါ ကျွမ်းကျင်ပညာရှင်များအပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများအား ခေါ်ယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ရန် Arief Prasetyo Adi က တိုက်တွန်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ချိတ်ဆက်ဆောင်ရွက်မှုများကို တိုးတက်ကောင်း မွန်စေခြင်းဖြင့် ဒေသတွင်းစိုက်ပျိုးရေးဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုအထောက်အကူဖြစ်စေရန် လုပ်ဆောင်လျက်ရှိသည်။

Source: Antara News, 16 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

နိုင်ငံ ၇ ခုသို့ ဆန်တန်ချိန် ၁၀.၃၄ သိန်းတင်ပို့ရန် အိန္ဒိယအစိုးရက ခွင့်ပြု

အစိုးရချင်း ညှိနှိုင်းဆောင်ရွက်မှုများအရ အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁၀.၃၄ သိန်းကို နိုင်ငံပေါင်း ၇ နိုင်ငံသို့ အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှတစ်ဆင့် တင်ပို့ခွင့်ပြုလိုက်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁၈-၁၀-၂၀၂၃ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၂.၉၅ သိန်း၊ ကင်မရွန်းသို့ တန်ချိန် ၁.၉ သိန်း၊ မလေးရှားသို့ တန်ချိန် ၁.၇ သိန်း၊ ကို့ဒီအိုင်ဗရီသို့ တန်ချိန် ၁.၄၂ သိန်း၊ ဂီနီယာသို့ တန်ချိန် ၁.၄၂ သိန်း၊ နီပေါသို့ တန်ချိန် ၉၅၀၀၀ နှင့် ဆေရှဲလ်သို့ တန် ၈၀၀ အသီးသီးတင်ပို့မည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းရိက္ခာဖူလုံမှုနှင့် ဈေးနှုန်းသက်သာစေရေးအတွက် အိန္ဒိယအစိုးရသည် ၂၀-၇-၂၀၂၃ နေ့မှစ၍ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း၊ သို့ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် စားနပ်ရိက္ခာ ထိခိုက်လွယ်မှုရှိသော နိုင်ငံများမှ တောင်းဆိုလာပါက ဖြည့် ဆည်းပေးမည်ဖြစ်ကြောင်း ပြောဆိုထားရှိချက်နှင့်အညီ  အဆိုပါနိုင်ငံများ၏ ညှိနှိုင်းမေတ္တာရပ်ခံ လာမှုအပေါ် ဆန်တန်ချိန် ၁၀.၃၄ သိန်းတင်ပို့ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ် စိုက်ပျိုးထုတ်လုပ်မှုမှ ဆန်တန်ချိန် ၁၁၂ သန်းထွက်ရှိရန် မျှော်မှန်းထားကြောင်းဖြင့် Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

Source: The Hindu Business Line, 18 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ