Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဒုတိယသုံးလပတ်ကာလတွင် တောင်ကိုရီးယားနိုင်ငံ Hyundai Motor ကုမ္ပဏီ၏ အမြတ်ငွေများကျဆင်း

            တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Hyundai Motor ကုမ္ပဏီ၏ အမြတ်ငွေများသည် အမေရိကန်နိုင်ငံမှ အခွန်တိုးမြင့်ကောက်ခံမှု၏ အနုတ် သဘောဆောင်သော အကျိုးသက်ရောက်မှုများကြောင့် ကျဆင်းခဲ့ကြောင်း ဇူလိုင်လ ၂၄ ရက်နေ့ တွင် ထုတ်ပြန်သောကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ ဧပြီလနှင့် ဇွန်လကြားကာလ တွင် ၎င်း၏ ဝင်ငွေသည် နှစ်အစမှစ၍ ၇.၃ ရာခိုင်နှုန်းခန့် ဝမ် ၄၈.၂၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၃ ဘီလီယံ) အထိ  မြင့်တက်လာခဲ့ပြီး အဆိုပါ မြင့်တက်မှုသည် ၎င်းကုမ္ပဏီ၏ သမိုင်းတစ် လျောက်တွင် အမြင့်တက်ဆုံးဖြစ်ကြောင်း သိရပါသည်။ ၎င်း၏ လည်ပတ်မှု အမြတ်ငွေသည် ၁၅.၈ ရာခိုင်နှုန်းခန့်၊ ဝမ် ၃.၆ ထီရီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ) အထိ ကျဆင်းခဲ့ပြီး အသားတင်ဝင်‌ငွေသည် ၂၂.၁ ရာခိုင်နှုန်းခန့်၊ ဝမ် ၃.၂၅ ထီရီယံ (အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ) အထိ ကျဆင်းခဲ့ပါသည်။ ကုမ္ပဏီက ပြိုင်ဆိုင်မှု ပြင်းထန် လာခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး ပတ်ဝန်း ကျင်များ၏ အကျိုးသက်ရောက်မှုများကြား မက်လုံးများ ပိုမိုမြင့်မားလာခြင်းသည် လုပ်ငန်းလည်ပတ် အမြတ်ငွေကို ချိန်တွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Hyundai ကုမ္ပဏီသည် ယူနစ် ၁၀၆၅၈၃၆ ခုကို ဒုတိယသုံးလပတ်ကာလတွင် ကမ္ဘာတစ်ဝှမ်း ကို ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်တူညီသောကာလနှင့် နှိုင်းယှဥ်လျှင် ၀.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်း၏ ပြည်တွင်းမော်တော်ကားရောင်းချမှုသည် ၁.၅ ရာခိုင်နှုန်း ခန့် ယူနစ်ပေါင်း ၁၈၈၅၄၀ ခုအထိ‌ မြင့်တက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံပြင်ပ ရောင်းချမှုသည် ၀.၇ ရာခိုင်နှုန်းခန့် ယူနစ်ပေါင်း ၈၇၇၂၉၆ ခုအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းချမှုသည် ၃၆.၄ ရာခိုင်နှုန်းခန့် ယူနစ်ပေါင်း ၂၆၂၁၂၆ ခုအထိ မြင့်တက်စွာရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Source: Xinhua                                                                         

Vietnam Ad& Fun Week 2025 တွင် အမှတ်တံဆိပ်ပေါင်း ၅၀၀ ကျော်ပါဝင်ဆင်နွှဲ

             ပြည်တွင်းနှင့် နိုင်ငံတကာအမှတ်တံဆိပ် ၅၀၀ ကျော်သည် ၎င်းတို့၏‌ နောက်ဆုံးထုတ်ကုန်များနှင့် နည်းပညာများကို ဟိုချီမင်းမြို့တော်ရှိ Quang Trung Software City တွင် ဇူလိုင်လ ၂၄ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည့်  Vietnam Ad & Fun Week 2025 တွင် ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ ထိုပွဲတော်ကို HCM City Advertising Association နှင့် Dong Nam Advertising and Commercial Promotion JSC တို့က ပူးတွဲကျင်းပခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းပွဲ‌တော်တွင် ပြခန်းများ၊ ယဉ်ကျေးမှုနှင့်အားကစားဆောင်ရွက်မှုများ၊ အလုပ်အကိုင်ရှာဖွေရေးနှင့် ဆွေးနွေးပွဲတို့ပါဝင်သည့် ကျယ်ပြန့်သောဆောာင်ရွက်မှုများပါဝင်ကြောင်း သိရပါသည်။ ၁၅ ကြိမ် မြောက် Vietnam International Advertising Equipment and Technology Exhibition နှင့် Vietnam Smart Display 2025 ကို ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရပါသည်။ ထိုပွဲ‌တော်တွင် ကြော်ငြာသည့်စက်ပစ္စည်းများ၊ LED နှင့် smart display နည်းပညာ များ၊ printing နှင့် ကြော်ငြာဝန်ဆောင်မှုများပါဝင်ကြောင်းသိရပါသည်။ Vietnam Advertising Association ၏အမြဲတမ်းဒုတိယဥက္ကဌနှင့် HCM City Advertising Association ၏ ဥက္ကဌဖြစ်သူ Nguyen Thanh Dao က ယခုပွဲတော်သည် Global Association of the Exhibition Industry က နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည်ဟု အသိအမှတ်ပြုသည့် ကြော်ငြာပစ္စည်းများနှင့် နည်းပညာပြပွဲဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာဖလှယ်ခြင်း၊ မိတ်ဖက်ရှာဖွေခြင်းနှင့် ၎င်းတို့၏ supplier ကွန်ယက်တိုးချဲ့ခြင်းတို့တွင် အဓိကစင်မြင့်တစ်ခု အဖြစ်ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ထို Vietnam Ad & Fun Week 2025 နှင့် EMA Vietnam 2025 တွင် နိုင်ငံနှင့်ဒေသပေါင်း ၁၀ ခုမှ ပြခန်းပေါင်း ၃၅၀ ကျော်ခင်းကျင်းပြသပြီး ပါဝင်ဆင်နွှဲလျှက်ရှိကြောင်းနှင့် လည်ပတ်သူ ၁၅၀၀၀ ပတ်လည်ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Vietnam Plus                                                                            

ဖိလစ်ပိုင်နိုင်ငံတွင် ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည့် I Squared Capital

ကမ္ဘာ့အခြေခံအ‌ဆောက်အဦရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီဖြစ်သော I Squared Capital သည် ဖိလစ်ပိုင်နိုင်ငံ၌ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦ စီမံ ကိန်းများတွင် ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးရာဆိုင်ရာ အထူးလက်ထောက် အကြံပေးရုံး (OSAPIEA) ၏ အဆိုအရ သိရပါသည်။ ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ OSAPIEA က I Squared Capital ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် ၎င်း၏ ထပ်ဆောင်းရင်းနှီးမြှုပ်နှံမှုအတွက် သမ္မတ Marcos နှင့်အတူ အဆင့်မြင့် အစည်းအဝေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံရှိ လုပ်ငန်းများတွင် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ခဲ့သော I Squared Capital ကုမ္ပဏီသည် စွမ်းအင် ရွေ့ပြောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း နှင့် ထောက်ပံ့ပို့ဆောင်းခြင်း နှင့် ဒစ်ဂျစ်တယ်အခြေခံ အ‌ဆောက်အဦများကဲ့သို့ အဆင့်မြင့် စီမံကိန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံရန်စီစဥ်ထားကြောင်း သိရပါသည်။ I Squared Capital ကဲ့သို့ ကမ္ဘာ့မိတ်ဖက် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ သည် အင်ဒို-ပိစိဖိတ်၌ အခြေခံအ‌ဆောက်အဦရင်းနှီးမြှုပ်နှံမှုများတွင် ဦးဆောင်ရပ်တည်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့၏ လူနေအိမ်များနှင့် လုပ်ငန်းများအတွက် စွမ်းအင်ပို့ဆောင်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည် ဖိလစ်ပိုင်နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းနှင့် အနာဂတ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း I Squared Capital ၏ ဥက္ကဌ၊ Sadek Wahba က ပြောကြားခဲ့ပါသည်။ အဆိုပါကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပြုစေမည့် လုပ်ငန်း ၇ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပါသည်။ I Squared Capital ၏ ရုံးချုပ်သည် Miami တွင်အခြေစိုက်ပြီး အခြေအခံအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများအတွက် အရေးပါသော ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုများ ပေး ဆောင်လျက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင်ရင်းနှီးမြှုပ်နှံမှုလျှောက်ထားချက် ၁၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်ထိုင်း

            ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမက်လုံးများအတွက် လျှောက်ထားချက်များမှာ စံချိန်တင် ဘတ် ၁.၀၆ ထရီလီယံဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BoI) က ပြောကြားခဲ့ပါသည်။ ဒေတာစင်တာစီးပွားရေးလုပ်ငန်းတစ်ခုတည်းပင် စီမံကိန်း ၂၈ ခုမှ ဘတ် ၅၂၁.၂ ဘီလီယံ တန်ဖိုးကိုဆွဲ‌‌ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ Amazon Web Services နှင့် Google အစရှိသည့် Hyperscalers နှင့် Tik Tok အစရှိသည့် ပလက်ဖောင်းများသည် ထိုင်းနိုင်ငံ နှင့် ဒေသတွင်းတွင် တိုးချဲ့ရန်အစီအစဉ်များကို ကြေညာခဲ့ပါသည်။ ဒစ်ဂျစ်တယ်ကဏ္ဍ၏အခြား ကဏ္ဍများတွင် cloud ဝန်ဆောင်မှုများမှ ဘတ် ၆၇၁ သန်းတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု လျှောက်ထားချက် ၂ ခုနှင့် ဆော့ဖ်ဝဲနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များမှ ဘတ် ၆၆၉ သန်းတန်ဖိုးရှိသော လျှောက်ထားချက် ၅၉ ခုတို့ပါဝင်ကြောင်း သိရပါသည်။ BoI ၏အတွင်းရေးမှူးချုပ် Narit Therdsteerasukdi က ၎င်းတို့၏မဟာဗျူဟာမှာ နည်းပညာမြင့်နှင့် တန်ဖိုးမြင့်ကဏ္ဍများဖြစ်သောကြောင့် လွန်ခဲ့သည့် ၆ လကျော်အတွင်း လျှောက်ထားချက်များမှာ အတည်ပြုပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အီလတ်ထရောနစ်နှင့် လျှပ်စစ်ကဏ္ဍမှာ တန်ဖိုးရရှိမှုတွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဘတ် ၁၂၅.၇ ဘီလီယံတန်ဖိုးရှိသော လျှောက်ထားချက် ၂၆၈ ခု ရရှိခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် ဘက်ထရီဆဲလ်များ၊ high-density ဘက်ထရီများ၊ supercapacitor များ၊ စမတ်လျှပ်စစ်ပစ္စည်းများ၊ စမတ်အီလတ်ထရောနစ်ပစ္စည်းများနှင့် printed circuit board များထုတ်လုပ်ခြင်းတို့ပါဝင်ကြောင်း သိရပါသည်။  မော်တော်ကားနှင့် ကားအစိတ်အပိုင်းကဏ္ဍမှ ဘတ် ၄၅.၂ ဘီလီယံတန်ဖိုးရှိသော လျှောက်ထားချက် ၁၇၂ ခုရရှိခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ၏ ပထမနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းအတွက် လျှောက်ထားချက် ၁၈၈၀ ခုရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ BoI ၏အဆိုအရ ယခုနှစ်၏ပထမနှစ်ဝက်တွင် ဘတ် ၇၃၇.၅ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက်လျှောက်ထားချက် ၁၃၆၉ ခုရရှိခဲ့ကြောင်း သိရပါသည်။ စင်ကာပူ သည် ဘတ် ၂၄၆.၉ ဘီလီယံဖြင့် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၎င်း၏နောက်တွင် ဟောင်ကောင်က ဘတ် ၂၁၈.၆ ဘီလီယံနှင့် တရုတ်က ဘတ် ၁၀၂.၂ ဘီလီယံအသီးသီးဖြင့် ရပ်တည်နေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Bangkok Post                                                                           

ရှန်ဟိုင်းပွဲအခမ်းအနားတွင် ထိုင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့သည့် The Mall

           ထိုင်းနိုင်ငံ၏ ထိပ်တန်းလက်လီလုပ်ငန်းကြီးဖြစ်သည့် The Mall သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်ရှိ Sunland Incity Mall တွင်ကျင်းပသည့် ၉ ကြိမ်မြောက် Super-V SCPG Hua Hua Festival: Kud-Thai Holiday တွင် ထိုင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါ သည်။ ထိုပွဲတော်သည် တရုတ်နိုင်ငံ၏ရှေ့ဆောင်လက်လီလုပ်ငန်းကြီးဖြစ်သည့် SCPG Group က နှစ်စဉ်ကျင်းပသည့် အဓိကနွေရာသီပွဲတော်ဖြစ်ကြောင်း သိရပါသည်။ ထိုပွဲတော်တွင် တရုတ် ခရီးသွားများကြိုက်နှစ်သက်ကြသည့် သစ်သီးခြောက်များ၊ အချိုရည်များ၊ ရိုးရာထိုင်းအစားအစာ များ၊ ဆန်မုန့်များ အစရှိသည့် ထိုင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ထို့ပြင် elephant pant များ၊ ယပ်တောင်များနှင့် THAITHAI အမှတ်တံဆိပ်မှ ထုတ်ကုန်များအစ ရှိသည့် ထိုင်းဖက်ရှင်ထုတ်ကုန်များကို ပြသခဲ့ကြောင်းလည်းသိရပါသည်။ ရှန်ဟိုင်းပွဲ‌တော်အပြင် SCPG Group သည် ၎င်းတို့၏ နွေရာသီပရိုဂရမ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ပွဲအခမ်းအနားများ ကို များစွာသော အခြားမြို့ များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက် မှုသည် တရုတ်-ထိုင်းကုန်သွယ်ရေးဆက်နွယ်မှုတွင် သိသာထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး နယ်စပ် ဖြတ်ကျော်လက်လီမဟာဗျူဟာများကို အားသစ်လောင်းပေးနိုင်ခဲ့ကာ တရုတ်နိုင်ငံတွင် ထိုင်း ထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရပါ သည်။ ယခုပွဲတော်မဖွင့်လှစ်မီ Mall Group သည် SCPG Group နှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။  နှစ်ဖက်စလုံးသည် ရေရှည်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် နယ်စပ်ဖြတ်ကျော်စီးပွားရေးပရိုဂရမ်များ ပူးတွဲတည်ထောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ The Mall Group ၏ ဥက္ကဌ Supaluck Umpujh က ကုမ္ပဏီ သည် ထိုင်းလုပ်ငန်းရှင်များအားလုပ်ပိုင်ခွင့်များပေးရန်နှင့် ထိုင်းနိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့စင်မြင့်ပေါ် တွင် မြှင့်တင်‌ပေးရန်ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ထိုပွဲ‌တော် သည် ထိုင်းနိုင်ငံ၏ ပါဝါပျော့နှင့် အကောင်းဆုံးထုတ်ကုန်များကို တရုတ်စားသုံးသူများနှင့် နိုင်ငံတကာခရီးသွားများကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ SCPG Group သည် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့နှင့်ပူးပေါင်း၍ ထိုင်းရိုးရာ ဖျော်ဖြေတင်ဆက်မှုများကို တရုတ် စားသုံးသူများအား တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရပါ သည်။

DOCA (ရန်ကုန်)

Bangkok Post                                                                           

ဗီယက်နမ်၏ရေထွက်ကုန်များသည် စင်ကာပူဈေးကွက်ဝေစု၏ ၁၀ ရာခိုင်နှုန်းကျော်ရှိ

               ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတကာကာလတွင် ဗီယက်နမ်ရေထွက်ကုန်များသည် စင်ကာပူ ဈေးကွက်တွင် သိသာစွာမြင့်တက်ခဲ့ပြီး နော်ဝေးကိုကျော်ဖြတ်ကာ မလေးရှားနှင့် အင်ဒိုနီးရှား၏ နောက် တတိယနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ထို ၆ လတာကာလတွင် စင်ကာပူ၏ ဗီယက်နမ်ထံမှ ပင်လယ်စာတင်သွင်းမှု (code HS:03) တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၅၇.၂ သန်း ရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၀.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းဈေးကွက် ဝေစု၏ ၁၀.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ လတ်တလောတွင် ငါးအသားပြားနှင့် အေးခဲထား သည့်ငါးမှာ  စင်ကာပူဒေါ်လာ ၂၉ သန်းဖြင့် ဗီယက်နမ်ရေထွက်ကုန်များကြား တင်သွင်းမှုတန်ဖိုး အမြင့်ဆုံးအဖြစ်ရပ်တည်နေပြီး ဈေးကွက်ဝေစု၏ ၂၉.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ပြုပြင်ထားသောနှင့် မပြုပြင်ထားသောကမာနှင့် ပြုပြင်ထားသောနှင့် မပြုပြင်ထားသောခရု တို့မှာလည်း စင်ကာပူဒေါ်လာ ၁၂.၅ သန်းနှင့် စင်ကာပူ‌ဒေါ်လာ ၇.၁ သန်းတို့ဖြင့် ဗီယက်နမ်၏ စင်ကာပူသို့ တင်ပို့သည့်တန်ဖိုးအမြင့်ဆုံး အမျိုးအစားများတွင် ပါဝင်နေကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်‌ရေးအတိုင်ပင်ခံ Cao Xuan Thang ကလာမည့်အချိန်တွင် စင်ကာပူ၏ပင်လယ်စာတင်သွင်းသည့်ဈေးကွက်မှာ ဆက်လက်တည်ငြိမ်နိုင်ခြင်းနှင့်အတူ ဗီယက်နမ်သည် ငါးအသားပြားနှင့် အေးခဲထားသောငါးအမျိုးအစားတွင် မြင့်မားသောဈေးကွက် ဝေစုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ပြုပြင်ထားသော နှင့် မပြုပြင်ထားသော ကမာနှင့် ပြုပြင်ထားသောနှင့် မပြုပြင်ထားသောခရုအမျိုးအစားတို့တွင် ဗီယက်နမ်သည် မလေးရှားနှင့်အင်ဒိုနီးရှားသာမက တရုတ်၊ ဂျပန်နှင့် အိန္ဒိယအစရှိသည့် နိုင်ငံများထံမှ ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

Vietnam Plus                                                                            

စင်ကာပူ၏ တတိယအကြီးမားဆုံးဆန်တင်သွင်းသူဖြစ်သည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် စင်ကာပူ၏ တတိယအကြီးမားဆုံး ဆန်တင်သွင်းသူအဖြစ်ရပ်တည်နေကြောင်း စင်ကာပူ၏ Accounting and Corporate Regulatory Authority ထံမှအချက်အလက်အရ သိရပါသည်။ ထို ၆ လတာကာလတွင် စင်ကာပူ သည် စင်ကာပူဒေါ်လာ ၆၀.၉ သန်းတန်ဖိုးရှိသော ဆန်များကို ဗီယက်နမ်ထံမှတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၂၄.၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ တင်ပို့သည့်ဈေးနှုန်းများ ကျဆင်းမှုကြောင့် တန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၇.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ၏အဆိုအရ ထို  ၆ လတာကာလပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် ၅၁၇.၅ အမေ ရိကန်ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၁၈.၄ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း သိရပါ သည်။ စင်ကာပူဈေးကွက်သို့တင်ပို့သည့်ဆန်အမျိုးအစား များတွင် ဆန်ဖြူသည် စင်ကာပူဒေါ်လာ ၃၈.၆ သန်းဖြင့် တန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတကာတင်ပို့သူ ၂၀ ကျော်ထံမှ ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဗီယက်နမ်သည် စင်ကာပူ၏ဆန်ဖြူတင်သွင်းမှုတွင် အိန္ဒိယ နောက်ဒုတိယနေရာတွင်ရပ်တည်နေကြောင်း သိရပါသည်။ ဆန်ဖြူအပြင် ဆန်မွှေးနှင့် ဆန်စေး တင်ပို့မှုမှာလည်း စင်ကာပူဒေါ်လာ ၁၅.၅ သန်းနှင့် စင်ကာပူဒေါ်လာ ၄.၇ သန်းတို့ဖြင့် သက်ဆိုင်ရာကဏ္ဍများတွင် စင်ကာပူဈေးကွက်ဝေစု ၏ ၅၇ ရာခိုင်နှုန်းနှင့် ၆၁ ရာခိုင်နှုန်း အသီးသီး ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် စင်ကာပူသည် စင်ကာပူ ဒေါ်လာ ၂၄၈.၉ သန်းတန်ဖိုးရှိသောဆန်များကို တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၈ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနှင့် ထိုင်းတို့သည် စင်ကာပူ၏ ထိပ်တန်း ဆန်တင်သွင်းသည့် နိုင်ငံများအဖြစ်ရပ်တည်နေပြီး ဗီယက်နမ်ကတတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါ သည်။ စင်ကာပူရှိဗီယက်နမ်ကုန်သွယ်ရေးရုံး၏အဆိုအရ စင်ကာပူ၏ ဆန်တင်သွင်းမှု ဈေးကွက် အရွယ်အစားသည် ဆက်လက်တည်ငြိမ်နေပြီး ဗီယက်နမ် သည် အိန္ဒိယ၊ ထိုင်းနှင့် ဂျပန် တို့ထံမှ ပြင်းထန်သည့်ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရ ပါသည်။ အဆိုပြုထားသည့် နှစ်နိုင်ငံကြားဆန်ကုန်သွယ်ရေးသဘောတူညီချက်သည် အနာဂတ် တွင် စင်ကာပူသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုတည်ငြိမ်စေရန်ကူညီပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါ သည်။

DOCA (ရန်ကုန်)

Vietnam Plus                                                                            

Great Eastern ၏ ဒုတိယသုံးလပတ်ကာလအမြတ်ငွေများ ဒေါ်လာ ၂၄၈.၂ သန်းခန့် ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းလာ

  စင်္ကာပူနိုင်ငံမှ Great Eastern ကုမ္ပဏီသည် ယခုနှစ်ဒုတိယသုံးလပတ်ကာလတွင် ၎င်း၏ အသားတင်အမြတ်ငွေသည် ယခင်နှစ်ကာလတွင် ရရှိခဲ့သော ဒေါ်လာ၂၈၀.၄ သန်းမှ ဒေါ်လာ ၂၄၈.၂ သန်း အထိ ကျဆင်းသွားကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကုမ္ပဏီက ၎င်း၏အာမခံလုပ်ငန်းများမှ အမြတ်ငွေများသည် ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့ပါ သည်။ ယခုနှစ်ဒုတိယသုံးလပတ်ကာလအဆုံးတွင် ၎င်း၏ အသားတင် အမြတ်ငွေများသည် ယခင် နှစ်တွင်ရရှိခဲ့သော ဒေါ်လာ ၅၈၇.၁ သန်းမှ ဒေါ်လာ ၅၉၃.၇ သန်းအထိမြင့်တက်ခဲ့ပြီး ၎င်း၏ တစ်ခု ချင်းရှယ်ယာဝင်ငွေသည် ဒေါ်လာ ၁.၂၄ မှ ဒေါ်လာ ၁.၂၅ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Great Eastern ရှယ်ယာများ၏ ပြန်လည်စတင်ခြင်းအတွက် လွယ်ကူချော့မွေ့စေရန် ဖြေရှင်းချက် များကို ဇူလိုင်လ ၈ ရက်နေ့က ၎င်း၏ အထွေထွေအစည်းအဝေးပွဲတွင် အတည်ပြုခဲ့ကြောင်း နှင့် သြဂုတ်လ ၁၉ ရက်နေ့ဝန်းကျင်တွင် ဘောနပ်စ်ပုံမှန်ရှယ်ယာ ၄၇၃.၃ သန်းအထိ ဘောနပ်စ်ထုတ် ပေးမည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အပိုစုရှယ်ယာများကို ကြားဖြတ်အစု အမြတ်ငွေ ထုတ်ပြန်မည့် သြဂုတ်လ ၂၈ ရက်နေ့မတိုင်ခင်တွင် ထုတ်ဝေ‌ပေးရန် မျှော်မှန်း ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ချေးငွေများ ပီဆို ၁.၅၉ ထရီလီယံ ၁.၃ ရာခိုင်နှုန်း အထိ ရှိလာ

   ပြင်ပဘဏ္ဍာရေးကြွေးမြီများ သိသာထင်ရှားစွာ တိုးလာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတော် အစိုးရသည် ယခုနှစ်ပထမနှစ်ဝက်တွင် ၎င်း၏ ချေးငွေများ တိုးမြင့်ခဲ့ကြောင်း သိရပါသည်။ ဘဏ္ဍာ ရေးဗျူရိုဌာန (BTr) မှ ထုတ်ပြန်သော အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ ဇန်နဝါရီလမှ ဇွန်လ အထိ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏသည် ပီဆို ၁.၅၉ ထရီလီယံအထိ ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလချေးငွေ ပီဆို ၁.၅၇ ထရီလီယံထက် အနည်း ငယ် မြင့်တက်နေကြောင်း သိရပါသည်။ ယခင်နှစ်တွင် ပြင်ပချေးငွေ ပီဆို ၂၆၇.၄ ဘီလီယံ မှ ယခုနှစ်တွင် ပီဆို ၄၀၂.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပါသည်။ ပြင်တွင်းချေးငွေသည် ပီဆို ၁.၂ ထရီလီယံ သို့ ၇.၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း နှင့် ပထမနှစ်ဝက်တွင် စုစုပေါင်းချေးယူမှု ၏ လေးပုံသုံးပုံကျော်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ ပြင်ပရင်းမြစ်များဖြစ်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Ralph Recto က အစိုးရ၏ ဘဏ္ဍာရေးအစီအစဥ်သည် သတ်မှတ်ထားသည့် ပီဆို ၂.၅၅ ထရီလီယံမှ ပီဆို ၂.၆ ထရီလီယံအထိ တိုးလာမည်ဟု အစောပိုင်းက ပြောကြားခဲ့ပါသည်။ အမျိုးသား ဘဏ္ဍာရေးမှုး  Sharon Almanza က ၂၀၂၅ ခုနှစ် တတိယသုံးလပတ်ကာလတွင် အစိုးရ၏ ချေးငွေအစိအစဥ်တွင် ၆.၁ ရာခိုင်နှုန်းဖြတ်တောက်မည်ဟု အစောပိုင်းက ပြောကြား ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ၎င်း၏ ချေးငွေအစီအစဥ်ကို ဇူလိုင်လ မှ စက်တင်ဘာ လအထိ ယခင်သုံးလပတ်ကာလတွင် ချေးယူခဲ့သော ပီဆို ၇၃၅ ဘီလီယံမှ ပီဆို ၆၉၀ ဘီလီယံသို့ လျော့ချမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းသည် ၃နှစ်မှ ၂၅ နှစ်အတွင်းတွင် သက်တမ်းရင့် အစိုးရချေးငွေစာချုပ်များမှ ပီဆို ၃၆၅ ဘီလီယံခန့် ထုတ်လုပ်ရန် ရည်မှန်းထား ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဂျုံနှင့် ပဲပိစပ်ကိုအဓိကထားသည့် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသော အမေရိကန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်သွင်းရန် အင်ဒိုနီးရှားစီစဉ်

  အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Sulaiman က အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်တန်ဖိုးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်သွင်း ရန် အင်ဒိုနီးရှား၏အစီအစဉ်သည် ဂျုံနှင့် ပဲပိစပ်များကို အဓိကထားကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက တင်သွင်းမည့်ဆုံးဖြတ်ချက်များသည် ပြည်တွင်းစိုက်ပျိုးမွေးမြူ ရေးသမားများအား ကာကွယ်ရန်ဦးစားပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာ နထံမှ  ထောက်ခံချက် များသည် ခွင့်ပြုချက်အတွက် အဓိကအခြေခံဖြစ်မည်ဟု ပြောကြားခဲ့ ပါသည်။ အင်ဒိုနီးရှားသည် အမေရိကန်ထံမှ နို့နှင့် အမဲသားအစရှိသည့် ထပ်တိုးကုန်ပစ္စည်းများ တင်သွင်းရန်ဖြစ်နိုင်ချေ ရှိသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်များသည် နိုင်ငံတော်ဝယ်လို အားနှင့် ပြည်တွင်းရောင်းလို အားအပေါ်ဘက် ပေါင်းစုံချင့်ချိန်တွက်ချက်ခြင်းအပေါ် မူတည် ကြောင်း သိရပါသည်။ တင်သွင်းရန် အခွင့်အလမ်းသည် အမေရိကန်က ချမှတ်ထားသည့် ကုန်သွယ်ရေးအကောက်ခွန်များ ချိန်ညှိပြီးနောက် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး ကတင်သွင်းမှုများကို ပြည်တွင်း ထုတ်လုပ်မှုက နိုင်ငံ၏လိုအပ်ချက်ကိုပြည့်မီရန် မစွမ်းဆောင် နိုင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ ထရမ့်၏အဆိုအရ သဘောတူညီချက်သည် အမေရိကန် သို့ အင်ဒိုနီးရှား၏ဈေးကွက်တစ်ခုလုံးကို တံခါးဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ သဘော တူညီချက်အောက်တွင် အင်ဒိုနီးရှားသည် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိသောစွမ်းအင် ထုတ်ကုန်များ၊ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံတန်ဖိုးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ နှင့် ဘိုးရင်းလေယာဉ် အစီး ၅၀ ဝယ်ယူရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။ အိမ်ဖြူတော် ၏ ထုတ်ပြန်ချက်တွင် အမေရိကန်သည် အင်ဒိုနီးရှားပို့ကုန်များအပေါ် အကောက်ခွန် ၁၉ ရာခိုင်နှုန်းချမှတ်မည် ဖြစ်ကြောင်း သိရပါသည်။ အပြန်အလှန်အနေဖြင့် အင်ဒိုနီးရှားသည် အမေ ရိကန်မူရင်းကုန် ပစ္စည်းများအားပြည်တွင်းပါဝင်မှုလိုအပ်ချက်များကင်းလွတ်ခွင့်ပေးခြင်း၊ ဆေးဝါးနှင့်ကျန်းမာရေးကုန်ပစ္စည်းများအတွက် FDA အသိအမှတ်ပြုလက်မှတ် အသိအမှတ်ပြုခြင်းတို့ ပါဝင်သည့် များစွာသောအကောက်ခွန်အတားအဆီးမဟုတ်သည်များကို ဖယ်ရှားပေးရန် သဘော တူညီခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ