Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်၏ ကွမ်းသီးတင်သွင်းမှုအား တရုတ်နိုင်ငံမှ နှစ်ဆတိုးမြှင့်

တရုတ်နိုင်ငံသည် ဗီယက်နမ်မှ ကွမ်းသီးတင်သွင်းမှုကို ပထမကိုးလအတွင်း ကန်ဒေါ်လာ ၂၇.၃ သန်းသို့ နှစ်ဆတိုးကာ ဆိုးရွာသောရာသီဥတုအခြေအနေကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်း ထောက်ပံ့မှု သိသိသာသာကျဆင်းသွားမှုကိုကာမိစေရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံ၏ကွမ်းသီး ၉၀% ကျော်ကိုထုတ်လုပ်လျက်ရှိသော Haian ကျွန်းစီရင်စုတွင် မုန်တိုင်းဒဏ်ခံရပြီးနောက် ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများမှ အရင်းအမြစ်များကိုပိုမိုသုံးစွဲနေရကြောင်း ဗီယက်နမ်နှင့် အင်ဒိုနီးရှားကဲ့သို့သော အခြားနိုင်ငံများမှ အရင်းအမြစ်များကို ပိုမိုသုံးစွဲနေရကြောင်း ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အထွေထွေအတွင်းရေးမှူး Dang Phu Nguyen ကပြောကြားခဲ့သည်။ ရောဂါကပ်ဘေးကြောင့် တရုတ်နိုင်ငံ၏ ကွမ်းသီးထုတ်လုပ်မှုကို လျော့နည်းစေပြီး ဈေးနှုန်းများသည် ယခုလအစောပိုင်းတွင် ၀.၆ ကီလိုဂရမ်လျှင် ၄၅ယွမ် (အမေရိကန်ဒေါ်လာ ၆.၃၂) အထိဈေးတက်လာပြီး ၂၀၁၆ခုနှစ်ထက် ၆ဆနီးပါးမြင့်တက်လာခဲ့သည်။ ယခုနှစ် ဗီယက်နမ်တွင် ကွမ်းသီးဈေးသည် ၁ကီလိုလျှင် VND ၁၀၀၀၀၀ နီးပါးအထိမြင့်တက်ခဲ့သော်လည်း ယခုအခါ VND ၅၀၀၀၀ သို့ ထက်ဝက်နီးပါးကျဆင်းသွားခဲ့သည်။ ၎င်းကွမ်းသီးများအား သကြားလုံးထုတ်လုပ်ရန်အတွက် အသုံးပြုပြီး ၎င်းတွင် နိုးကြားမှုနှင့် ပေါ့ပါးသောခံစားမှုကို ဆောင်ကြဉ်းပေးနိုင်သည့် အရီကိုလင်းပါဝင်ကြောင်းသိရသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

ထိုင်းနိုင်ငံ၏ စားအုန်းဆီဈေးနှုန်းမြင့်တက်နေသောကြောင့် တင်ပို့မှုအား ရပ်ဆိုင်းထား

ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားအုန်းဆီအရေးပေါ်သိုလှောင်မှုကို တိုးမြှင့်ရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ထားပြီး လက်လီစတိုးဆိုင်များအား ဆီဘူးများ၏ဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်းသိရသည်။ လတ်ဆတ်သော စားအုန်းဆီကုန်ကြမ်းများ၏ ထောက်ပံ့မှုလျော့နည်းသွားသောကြောင့် ဒေသတွင်းပေါက်ဈေးမှာလည်း မြင့်တက်ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက လုံလောက်သော စတော်ဒ်များသေချာစေရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan ကပြောကြားခဲ့သည်။ ကုန်သွယ်ရေးဦးစီးဌာနသည် စားအုန်းဆီအသုံးပြုမှုကိုလျှေ့ချနိုင်ရန် ဘိုင်အိုဒီဇယ်ထုတ်လုပ်မှုတွင် စားအုန်းဆီအသုံးပြုမှုကိုလျှေ့ချနိုင်သည်။ စားအုန်းဆီပုလင်းဈေးနှုန်းများသည် မကြာသေမီးက ၁လီတာလျှင် ၁၀ဘတ်မှ ၉၀ဘတ်အထိမြင့်တက်လာခဲ့ကြောင်း ထိုင်းလက်လီ/ လက်ကား ရောင်းဝယ်ရေးအသင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ခြောက်သွေ့ရာသီကြောင့် ထန်းစေ့တစ်ကီလိုဂရမ်လျှင် ၈ဘတ်မှ ၉ဘတ်အထိဈေးတက်သွားသည်ဟု ယူဆထားကြသည်။ စားအုန်းဆီ ၁လီတာလျှင် ဘတ်၅၀ထက်မပိုသောဈေးနှုန်းဖြင့် ထိန်းသိမ်းထားနိုင်ရန် ဟင်းသီးဟင်းရွက်ဆီစက်ရုံများနှင့်လက်လီ/ လက်ကားဆိုင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ လက်ရှိတွင် တန်ချိန် ၂၀၀၀၀၀ ခန့်ရှိပြီး ရာသီသစ်တစ်ခုစတင်သည့် ဇန်နဝါရီလအထိ လုံလောက်သည်ဟု ဌာနမှဆိုသည်။ ဇန်နဝါရီလတွင် ထုတ်လုပ်မှုပုံမှန်အဆင့်ကို ပြန်လည်ရောက်ရှိသည်အထိတင်ပို့ခြင်းမှ ရှောင်ကြဉ်ရန် ထုတ်ယူသူများနှင့် သန့်စင်သူများထံမှ ပူးပေါင်းဆောင်ရွက်မှုကိုရရှိရန်ကြိုးပမ်းခဲ့သည်။ လက်ရှိစားအုန်းဆီဘူးများ၏ဈေးနှုန်းမှာ ၁လီတာလျှင် ၄၃ဘတ်မှ ၄၈ဘတ်အထိရှိကြောင်း Mr.Goranij ကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံမှ စားသုံးသူများသည် မမျှတသောဈေးနှုန်းများ သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများအတွက် ဌာန၏ hotline နံပါတ် ၁၅၆၉ သို့မဟုတ် ပြည်နယ်စီးပွားရေးရုံးများသို့ တိုင်ကြားနိုင်ကြောင်း Mr.Goranij ဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ စားအုန်ဆီကုန်ကြမ်းတန်ချိန် ၈၅၀၀၀၀ တင်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံသို့ ဒုတိယအများဆုံးတင်ပို့လျက်ရှိကြောင်းသိရသည်။
Source: Bangkokpost
DOCA(ရန်ကုန်)

ဗီယက်နမ်ဖိလစ်ပိုင်ကုန်သွယ်မှုသည် ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၈ဘီလီယံကျော်အထိရှိလာနိုင်

ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပိုငွေ ကန်ဒေါ်လာ ၃ဘီလီယံကျော်နှင့်အတူ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံအထိရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမကိုးလအတွင်း နှစ်နိုင်ငံအကြား သွင်းကုန်ပို့ကုန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံနီးပါးရှိပြီး ဗီယက်နမ်၏ ပို့ကုန်တင်ပို့မှုမှာ ၂၀.၇% တိုးမြင့်လာကာ တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်းသိရသည်။ ဖိလစ်ပိုင်သို့ ဗီယက်နမ်မှတင်ပို့သည့် ထုတ်ကုန် ၃၅မျိုးတွင် ယခုနှစ်၏ ပထမကိုးလတာကာလအတွင်း စံချိန်တင်တိုးတက်ခဲ့သော ထုတ်ကုန်များမှာ ဆန်စပါး ၅၃.၃%၊ ကော်ဖီ ၁၂၀.၇၂%၊ ငရုတ်ကောင်း ၃၇.၆%၊ ဓာတ်မြေဩဇာ ၂၁.၆%၊ သံမဏိထုတ်ကုန် ၇၁.၂%၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများ ၄၂.၈%နှင့် ကင်မရာ၊ ကမ်ကော်ဒါနှင့် အစိတ်အပိုင်းများ ၆၄.၆% တို့ဖြစ်သည်။ တစ်ချိန်တည်းတွင် ပြည်ပသို့ တင်ပို့မှုလျော့နည်းသွားသော ထုတ်ကုန်များမှာ ရေထွက်ကုန် ၂၁.၂%၊ တိရိစ္ဆာန်အစာနှင့် ကုန်ကြမ်း ၁၅.၆%၊ စက္ကူနှင့် စက္ကူထွက်ကုန် ၁၉.၃%၊ ကြွေထည်ပစ္စည်းများ ၁၇.၂%၊ ကလစ်ကာနှင့် ဘိလပ်မြေ ၁၅.၇% တို့ဖြစ်သည်။ အထူးသဖြင့် ဖိလစ်ပိုင်ဈေးကွက်သို့ ဗီယက်နမ်၏ အဓိကပို့ကုန်ဖြစ်သော ဆန်သည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံအထိ တိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့သည်။ ၂၀၂၄ခုနှစ်၏ ကျန်လများတွင် ဖိလစ်ပိုင်၏ နှစ်ကုန်သီးနှံမှာ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများရှိသော်လည်း ဖိလစ်ပိုင်၏ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှုအားကောင်းနေသောကြောင့် ဆက်လက်တိုးတက်လာမည်ဟုခန့်မှန်းထားကြသည်။
Source : VietnamPlus
DOCA(ရန်ကုန်)

စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကျော်နိုင်

ထုတ်လုပ်မှုနာလံထူလာမှုနှင့် ဆက်လက်ကြီးထွားလာမှုတို့ကြောင့် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကိုကျော်နိုင်ရန် အလားအလာရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန(MARD) ၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ ၉လတာကာလတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၆.၂၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၇၁.၂% မြင့်တက်ခဲ့ကာ နိုင့်စုစုပေါင်းကုန်သွယ်ရေးပိုငွေရရှိမှု၏ ၆၆.၈% ရှိကြောင်းသိရပါသည်။ ထိုတင်ပို့မှုစုစုပေါင်းဝင်ငွေရရှိမှုတွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄.၈၅ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး သစ်ထုတ်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂.၄၆ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၇.၂၃ ဘီလီယံအသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ ကော်ဖီ၊ ဆန်၊ သီဟိုဠ်စေ့၊ သစ်သီး၊ ပုစွန်၊ Pangasius ငါးနှင့် ငရုတ်ကောင်းစေ့ကဲ့သို့သော အဓိကထုတ်ကုန်များတင်ပို့မှုကြီးထွားမှုကို သိသာစွာမြှင့်တင်နိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Phung Duc Tien ကလည်း အကယ်၍ ကြီးထွားနှုန်းအဟုန်ကို ဆက်လက်ထိန်းထားနိုင်ပါက ယခုနှစ်ကုန်တွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တင်ပို့မှုမှ စံချိန်တင် အမေရိကန်ဒေါ်လာ ၆၀-၆၁ ဘီလီယံရရှိနိုင်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ထိုကဏ္ဍသည် တိုက်ဖွန်းမုန်တိုင်း Yagi ၏ သက်ရောက်မှုခံခဲ့ရသောကြောင့် စိန်ခေါ်မှုများရှိနေကြောင်းလည်းသိရပါသည်။ Yagi သည် ထိုကဏ္ဍအပေါ် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီံကျော်ထိခိုက်ပျက်စီးခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အပြင်းထန်ဆုံးထိခိုက်ခဲ့ကြောင်းသိရပါသည်။ Tien က ပြည်တွင်းထုတ်လုပ်မှုတည်ငြိမ်မှုရှိစေရန် မှောင်ခိုကုန်သွယ်မှုဆန့်ကျင်သည့် စီမံချက်များတင်းြပ်ခြင်း၊ တင်သွင်းမှု န့်သတ်ခြင်းနှင့် ကြီးထွားရန်အလားအလာရှိသည့် လူဦးရေ ၂.၂ ဘီလီယံရှိသော ဟာလာဈေးကွက်တွင် အားကောင်းစွာ စီးပွားရေးခြေကုပ်ယူထားသင့်ကြောင်းပြောကြားခဲ့ပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးသီဟိုဠ်ပြုပြင်ပြောင်းလဲထုတ်လုပ်သည့်စက်ရုံ မတ်လတွင် စတင်လည်ပတ်မည်

စင်္ကာပူအခြေစိုက် CSNC ၏ အမေရိကန်ဒေါ်လာ ၁၂သန်းတန်ကြေးရှိသည့် ကမ္ဘောဒီးယား၏ အကြီးမားဆုံး သီဟိုဠ်စက်ရုံသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်မှုပြီးစီးမည်ဖြစ်ပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်လည်ပတ်မည်ဟုသိရပါသည်။ ထိုစက်ရုံသည် နှစ်စဉ်တင်ပို့ရန်အတွက် တစ်ရက်ကို သီဟိုဠ်စေ့ တန်၄၀နှင့် တစ်နှစ်ကို တန်၁၂၀၀၀ကျော်ထုတ်လုပ်နိုင်စွမ်းရှိကြောင်းသိရပါသည်။ သီဟိုဠ်ထုတ်ကုန်များသည် အဓိကဈေးကွက် ၄ခုဖြစ်သည့် တရုတ်၊ ဥရောပ၊ UAE နှင့် အမေရိကန်တို့တွင် အားကောင်းသည့်အလားအလာကို ပြသနေကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသီဟိုဠ်စေ့အသင်း(CAC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Suy Kokthean က စက်ရုံမှပြုပြင်ထုလုပ်ထားသော သီဟိုဠ်စေ့ ပထမဆုံးတင်ပို့မှုသည် တရုတ်နိုင်ငံဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၏ အရွယ်အစားအကြီးစား M23 သီဟိုဠ်စေ့များ၏ အဓိကဈေးကွက်သည် တရုတ်နိုင်ငံဖြစ်ကြောင်းနှင့် CNSC ၊ CAC နှင့် တရုတ်မှသက်ဆိုင်သူများနှင့် ဆွေးနွေးမှုအပြီးတွင် ၎င်းတို့သည် လုံလောက်စွာထုတ်လုပ်နိုင်စွမ်းရှိပါက တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ကြောင်းပြောကြားခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသသည် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်လာနိုင်ပြီး ဥရောပနှင့် အမေရိကန်ဈေးကွက်များသည် သီဟိုဠ်စေ့အကြီးထက်သေးငယ်သော သီဟိုဠ်စေ့များကိုအလိုရှိကြောင်း Kokthean ၏ အဆိုအရသိရပါသည်။ ထို့ပြင် Kokthean က နိုင်ငံ၏ သီဟိုဠ်စေ့လုပ်ငန်းသည် အစိုးရ၏ သီဟိုဠ်စေ့နိုင်ငံတော်မူဝါဒကြောင့် တောက်ပပြီး ကောင်းမွန်ကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယားသည် RCEP သဘောတူညီချက်နှင့် အာဆီယံ-တရုတ်သဘောတူညီချက်များမှ အကျိုးအမြတ်ရရှိနေကြောင်း၊ မူဝါဒသည် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေပြီး ရင်းနှီးမြှုပ်နှံသူအသစ်များကို ဆွဲဆောင်နိုင်ကြောင်းနှင့် နိုင်ငံသည် လာမည့် ၅နှစ်မှ ၆နှစ်အတွင်း ကမ္ဘာ့နံပါတ်တစ် သီဟိုဠ်စေ့ထုတ်လုပ်သူဖြစ်လာနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။ ထို CSNC သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်သည့် စက်ရုံသည် ၁၂၀၀၀စတုရန်းမီတာကျယ်ဝန်းပြီး ကနဦး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂သန်းရှိကာ စင်္ကာပူ CSNC နှင့် ကမ္ဘောဒီးယားရှယ်ယာရှင်များကြား ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနှင့် နော်ဝေနိုင်ငံတို့ အကောက်ခွန်မဲ့ကုန်သွယ်မှုတိုးချဲရန်စီစဉ်

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် နော်ဝေနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုတိုးချဲ့ဆောင်ရွက်ကြရန် ကမ္ဘောဒီးယားပို့ကုန်များကို နော်ဝေအထွေထွေဦးစားပေးစနစ် (GSP) မှ အကျိုးကျေးဇူးများစွာရရှိစေမည် ပို့ကုန်များကို အကောက်ခွန်မဲ့သုံးစွဲခွင့်ပေးထားသည်။ “Norwegin Generalized System of Preferences (GSP)” နှီးနှောဖလှယ်ပွဲတွင် Cham Nimul ကဆွေးနွေးပွဲအတွက် အစပြုမှုနှင့် ပံ့ပိုးကူညီမှုတို့အတွက် နော်ဝေသံအမတ်ကြီးအား ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံအစိုးရများက ကုန်သွယ်မှုကိုတိုးမြှင့်လုပ်ဆောင်ကြရန် စိတ်အားထက်သန်နေသောကြောင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အရေးပါသည့် အကူးအပြောင်းမှုဖြစ်ခဲ့သည်ဟု သူမကပြောကြားခဲ့သည်။ Norwegin (GSP) မှတစ်ဆင့် ကမ္ဘောဒီးယားသို့ တင်ပို့ရောင်းချသူများသည် အကျိုးမြတ်များစွာရရှိမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ကုန်များအားလုံးကို နော်ဝေသို့တင်သွင်းသည့်အခါ အခွန်ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ကုန်သွယ်မှုဆက်ဆံရေးအရှိန်မြှင့်တင်ရန် အဓိကဦးစားပေးဆောင်ရွက်ရန် အလေးပေးပြောကြားသွားခဲ့သည်။ ဖနွမ်းပင်တွင် ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်နိုင်ငံရေးဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်ဘမည်သို့လုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြကြောင်းကို နော်ဝေသံရုံးက ဆိုရှယ်မီဒီယာတွင်ရေးသားထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)

ပထမဆုံး ကမ္ဘောဒီးယားဒီဂျစ်တယ်ကုန်သွယ်မှုဖိုရမ်ကို ဒီဇင်ဘာလတွင် ကျင်းပရန်ကြိုးပမ်း

ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလတွင် ပထမဆုံးဒီဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ထိုပွဲသည် ကမ္ဘောဒီးယားတွင် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကိုမြှင့်တင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံခြားဈေးကွက်သို့ထိုးဖောက်နိုင်ရန် ပံ့ပိုးမှုတစ်ခုဖြစ်မည်ဟုယုံကြည်ထားသည်။ ကမ္ဘောဒီးယားဒစ်ဂျစ်တယ်ကုန်သွယ်မှုဖိုရမ်နှင့် အွန်လိုင်းကုန်စည်ပြပွဲသည် နိုင်ငံအတွင်း ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့မှ ၁၆ရက်နေ့အထိ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖိုရမ်နှင့်ပြပွဲသည် ကမ္ဘောဒီးယားတွင် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ပြည်တွင်းထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာအရောင်းမြှင့်တင်ခြင်းကို ပံ့ပိုးကူညီနိုင်မည်ဖြစ်သည်။ ပြပွဲအတွင်း CambodiaTrade.com မှတစ်ဆင့် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ကမ္ဘောဒီးယားစွန့်ဦးတီထွင်သူများအားလုံး အမျိုးသားထုတ်ကုန်များခင်းကျင်းရောင်းချခြင်းတွင် ပါဝင်နိုင်သည်ဟု ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ ပါဝင်သူများသည် e-business အနာဂတ်အတွက် အဖိုးတန်သော အတွေ့အကြုံများကိုရရှိစေမည်ဖြစ်ပြီး သုံးစွဲသူများ၏ယုံကြည်မှုကို တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)

အိန္ဒိယလယ်ယာထွက်ကုန်တင်ပို့မှုမှာ အနည်းငယ်ကျဆင်းသွားသော်လည်း ဆန်နှင့် အသားများတင်ပို့မှုတိုးတက်မှုကို ပြသလျက်ရှိ

အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာတင်ပို့မှုမှာ ၁% ကျဆင်းခဲ့ပြီး ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၁၂.၁၃ ဘီလီယံရောက်ရှိခဲ့သည်။ ယင်းသို့ကျဆင်းမှုသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှု ၁၇% သိသိသာသာကျဆင်းသွားခြင်းကြောင့်ဟု Financial Express ၏ အစီရင်ခံစာအရသိရသည်။ ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကျဆင်းနေချိန်တွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်၊ ကျွဲသားနှင့် သစ်သီးဝလံတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ခုနှစ် အလားတူကာလတွင် သိသိသာသာတိုးတက်ခဲ့သည်။ ဘာစမာတီဆန်တင်ပို့မှုမှာ ၁၁% သိသိသာသာမြင့်တက်လာပြီး ကန်ဒေါ်လာ ၂.၈၇ ဘီလီယံအထိရောက်ရှိခဲ့သည်။ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းသည် ၂၀၂၅ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် လယ်ယာတင်ပို့မှု ပြန်လည်ဦးမော့လာစေရန် အလားအလာရှိသည်ဟု အစိုးရတာဝန်ရှိသူများက အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။ ပြီးခဲ့သည့်လတွင် အိန္ဒိယအစိုးရသည် (MEP) ကိုဖယ်ရှားခြင်းနှင့် ပို့ကုန်ခွန်များအပါအဝင် ဘာစမာတီနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်အားလုံးဖြေလျော့ပေးခဲ့သည်။ အိန္ဒိယ၏ တင်းြပ်သော ကုန်သွယ်မှုမူဝါဒများကြောင့် ယမန်နှစ်က ဆုံးရှုံးသွားခဲ့သော ဈေးကွက်ဝေစုကို ပြန်လည်ရရှိရန် အိန္ဒိယ၏ဆန်တင်ပို့သူများမှ အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ ကျွဲသားတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁.၇၃ ဘီလီယံမှ ၂၀၂၅ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိတိုးမြင့်လာခဲ့သည်။ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ထားသော အရည်အသွေးအာဟာရနှင့် ဘေးကင်းမှုတို့အတွက် အသိအမှတ်ပြုထားသော အိန္ဒိယကျွဲသားများအတွက် တစ်ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများကြောင့် ထိုကဲ့သို့ တိုးမြင့်လာခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ဆိုသည်။ လတ်ဆက်သော သစ်သီးဝလံများ တင်ပို့မှုသည်လည်း ဘဏ္ဍာနှစ်ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၀.၄ ဘီလီယံအထိ အနည်းငယ်မြင့်တက်လာကြောင်းပြသခဲ့သည်။ ငှက်ပျောသီး၊ သရက်သီး၊ ပြုပြင်ထားသောသစ်သီးများ၊ သစ်သီးဖျော်ရည်များနှင့် အစေ့များကဲ့သို့သော အိန္ဒိယထုတ်ကုန်များအတွက် နိုင်ငံတကာမှ ဝယ်လိုအားတိုးလာကြောင်း တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့ကြသည်။
Source : business-standard
DOCA(ရန်ကုန်)

စင်္ကာပူ၏ ၅ခုမြောက်အကြီးမားဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ် ဗီယက်နမ်ဆက်လက်ရပ်တည်

ယခုနှစ်၏ ပထမ ၉လတာကာလတွင် ဗီယက်နမ်သည် စင်္ကာပူ၏ ၅ခုမြောက်အကြီးဆုံး ရေထွက်ကုန်တင်ပို့သူအဖြစ်ရပ်တည်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးကပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စင်္ကာပူသည် အမေရိကန်‌ဒေါ်လာ ၆၃၅.၂၄ သန်းတန်ဖိုးရှိသည့် ရေထွက်ကုန်များအား နိုင်ငံနှင့် ဒေသ၁၀၀နီးပါးမှတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၄.၅၁% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း စင်္ကာပူသို့ ရေထုတ်ကုန်များတင်ပို့သည့် ထိပ်တန်းနိုင်ငံများမှာ မလေးရှားက ဈေးကွက်ဝေစု၏ ၁၃.၄၂%၊ အင်ဒိုနီးရှား ၁၀.၉၈%၊ နော်ဝေ ၁၀.၃၄%၊ တရုတ် ၉.၈၁%၊ ဗီယက်နမ် ၉.၂၂% နှင့် ဂျပန် ၈.၄၂% တို့ဖြစ်ကြောင်းသိရပါသည်။ စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Cao Xuan Thang က အထက်ဖော်ပြပါအချက်အလက်များသည် စင်္ကာပူဈေးကွက်တွင် ဗီယက်နမ်ရေထွက်ကုန်များ၏ အရေးပါသောနေရာနှင့် အခန်းကဏ္ဍကိုသရုပ်ပြနေကြောင်း၊ စင်္ကာပူတွင် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် အသုံးစရိတ်လျှော့ချလာမှုသည် ဗီယက်နမ်အပါအဝင် တင်ပို့သူများအတွက် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်းနှင့် နိုင်ငံများသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချခြင်း၏ အားသာမှုကိုရယူခြင်းသည် စင်္ကာပူသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် ကြီးမားသောယှဉ်ပြိုင်နိုင်စွမ်းကို ဖန်တီးနိုင်မည်ဟုပြောကြားခဲ့ပါသည်။ သို့သော် ဈေးကွက်ဝေစုတည်ငြိမ်စွာမြင့်တက်ရန်နှင့် စင်္ကာပူသို့ ရေထွက်ကုန်တင်ပို့မှုတန်ဖိုးနှင့် အဆင့်ှင့်တင်ရန်အတွက် ဗီယက်နမ်သည် ထုတ်ကုန်အရည်အသွေး ဆက်လက်တိုးတက်ရန်လိုအပ်ကြောင်းသိရပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)

အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတန်ချိန်၄၃၀၀၀တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈.၃ သန်းရရှိခဲ့

နိုင်ငံတော်စာရင်းအင်းကော်မတီ၏ မကြာသေးမီက အပ်ဒိတ်သတင်းများအရ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတင်ပို့သည့် ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ တင်ပို့မှုများမြင့်တက်ခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံသည် ပန်းသီးတန်ချိန်၄၃၀၀၀တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၈.၃ သန်းရရှိခဲ့သည်။ ထိုပန်းသီးတန်ချိန်၄၃၀၀၀မှ တန်ချိန်၃၆၉၀၀အား ရုရှားနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောတန်ချိန်၄၀၀၀အား ဆော်ဒီအာရေဗျဈေးကွက်သို့တင်ပို့ခဲ့သည်။
ပို့ကုန်ဈေးနှုန်းများသည် ဦးတည်ရာအပေါ် မူတည်၍ သိသိသာသာကွဲပြားကာ ဆော်ဒီအာရေဗီယားအတွက် ပျမ်းမျှအမြင့်ဆုံးဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၁.၆၁ ဖြင့် မှတ်တမ်းတင်ထားသည်။ ဆန့်ကျင်ဘက်အားဖြင့် အီရတ်နှင့် တာမစ်နစ်စတန်သို့ ပို့ကုန်များသည် အနိမ့်ဆုံးပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၀.၄၀ သာရှိသည်။
Source : freshplaza
DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ