Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှု ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

               ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၅.၃၇ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် ဗီယက်နမ်သည် ဝင်ငွေခန့်မှန်း အမေရိကန်ဒေါ်လာ ၅.၇၁ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ဩဂုတ်လ နှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းခဲ့သော်လည်း ထုတ်ကုန်အုပ်စုအမျာစုမှာတင်ပို့မှုကြီးထွားခဲ့ခြင်းနှင့်အတူ စုစုပေါင်း ၈ လတာစွမ်းဆောင်ရည်မှာ ဆက်လက်အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်း သိရပါသည်။ ထို ၈ လတာကာလတွင် စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄.၄၂ ဘီလီယံဖြင့်အကြီးမားဆုံးဝေစုရရှိခဲ့ပြီး ၁၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှဝင်ငွေအမေရိကန်ဒေါ်လာ ၄၁၀.၇ သန်းဖြင့် ၂၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေထွက်ကုန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံဖြင့် ၁၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ သစ်တောထုတ်ကုန်တင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၁၁.၉ ဘီလီယံရရှိခဲ့ပြီး ၆.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အာရှသည် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်အဓိကဝယ်ယူရာဒေသဖြစ်ပြီး စုစုပေါင်း ဈေးကွက်ဝေစု၏ ၄၃.၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အာရှ၏နောက်တွင်အမေရိကက ၂၃.၂ ရာခိုင်နှုန်း၊ ဥရောပက ၁၄.၆ ရာခိုင်နှုန်း၊ အာဖရိကက ၃.၁ ရာခိုင်နှုန်းနှင့် သမုဒ္ဒရာပိုင်းဒေသက ၁.၃ ရာခိုင်နှုန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ဥရောပသို့တင်ပို့မှုမှာ ၃၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကသို့တင်ပို့မှုမှာ ၁၀.၆ ရာခိုင်နှုန်း၊ အာရှသို့တင်ပို့မှုမှာ ၁.၂ ရာခိုင်နှုန်း၊ အာဖရိကသို့တင်ပို့မှုမှာ ၂ ဆနှင့် သမုဒ္ဒရာပိုင်း ဒေသသို့တင်ပို့မှုမှာ ၂.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်နှင့်ဂျပန်တို့မှာ အကြီးမားဆုံးဈေးကွက်များဖြစ်ပြီး စုစုပေါင်းတန်ဖိုး၏ ၂၀.၉ ရာခိုင်နှုန်း၊ ၁၉ ရာခိုင်နှုန်းနှင့် ၇.၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ ကော်ဖီမှာပို့ကုန်အမျိုးအစား အားလုံးတွင်ကြီးထွားမှုအများဆုံးဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာ ကာလတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၂ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၆.၄၂ ဘီလီယံရရှိခဲ့ပြီး တင်ပို့သည့်ပမာဏတွင် ၈.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၅၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၈ လတာကာလတွင်ရာဘာတန်ချိန် ၁.၁ သန်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံ၊ သီဟိုဠ်စေ့တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံ၊ ငရုတ်ကောင်းတင်ပို့မှုမှ ဝင်ငွေအမေရိကန်‌ဒေါ်လာ ၁.၁၂ ဘီလီယံ၊ လက်ဖက်တန်ချိန် ၈၆၆၀၀ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၄.၇ သန်းရရှိခဲ့ကြောင်း သိရပါသည်။  သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၆၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၈ လနှင့်နှိုင်းယှဉ်ပါက ၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုမှာ ဗီယက်နမ်၏စုစုပေါင်းသစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုများ ၏ ထက်ဝက်ကျော်ရှိသည့် တရုတ်ဈေးကွက်သို့တင်ပို့မှု ၁၅.၁ ရာခိုင်နှုန်းကျဆင်းမှုက အဓိက နေရာတွင်ရှိနေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

                                                                      

ဂျပန်နိုင်ငံရှိ အိမ်ထောင်စုမျာ၏ သုံးစွဲမှုသည် ဇူလိုင်လတွင် ၁.၄ ရာခိုင်နှုန်းမြင့်တက်

        ဂျပန်နိုင်ငံရှိ အိမ်ထောင်စုများ၏ သုံးစွဲမှုများသည် ဇူလိုင်လတွင် ယခင်နှစ်ကထက် ၁.၄ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ ၄င်းသည် သုံးလဆက်တိုက် တိုးတက်လာခြင်းဖြစ်ကြောင်း အစိုးရ၏ စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရသိရှိပါသည်။

          ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အိမ်ထောင်စုနှစ်စု သို့မဟုတ် နှစ်ခုထက်ပိုသော အိမ်ထောင်စုများသည် ပျမ်းမျှ ယန်း ၃၀၅၆၉၄ (အမေရိကန်ဒေါ်လာ ၂၀၆၃) ခန့် သုံးစွဲခဲ့ကြပါသည်။

          ရာသီအလိုက် တွက်ထားသော လစဉ်အခြေခံအရ ဇူလိုင်လတွင် ပျမ်းမျှအိမ်ထောင်စုသုံးစွဲ မှုသည် ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်မီတာခနှင့် မော်တော်ကား စရိတ်များ မြင့်တက် မှုကြောင့် အသုံးစရိတ်တိုးလာခဲ့ခြင်းဖြစ်ပြီး ငွေကြေးဖောင်းပွမှုကြောင့် စားသောက်ကုန် အသုံးစရိတ်များ ကျဆင်းသွားကာ စားသုံးသူအသုံးစရိတ် ပြန်လည်ကောင်းမွန်လာသော်လည်း ခိုင်မာမှုမရှိ ကြောင်း ပြောကြားခဲ့ပါသည်။

          ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ထက်ဝက်ကျော်ကို အိမ်ထောင်စု အသုံး စရိတ်က ပံ့ပိုးပေးထားပြီး ၄င်းသည် နိုင်ငံ၏ ကိုယ်ပိုင်စားသုံးမှု၏ အဓိက တိုင်းတာမှုတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ၏ လက်လီရောင်းအား ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင်ကျဆင်း

         မလေးရှားနိုင်ငံ၏ လက်လီရောင်းချသော လုပ်ငန်းများသည် ၂၀၂၄ ခုနှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ခန့်မှန်းထားခြင်းတက်လျော့သော -၃ ရာခိုင်နှုန်းကို ရရှိခဲ့ကြောင်း Retail Group Malaysia (RGM) က စက်တင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

          နောက်ဆုံးသုံးလပတ်တွင် မလေးရှားရှိ အိမ်ထောင်စုများ၏ နေထိုင်မှုစရိတ်မြင့်မာလာ ခြင်း နှင့် ဝယ်ယူနိုင်စွမ်းကျဆင်းလာခြင်းတို့ကို ဖော်ပြနေကြောင်း RGM က‌ ပြေားကြားခဲ့ပါသည်။

          မလေးရှားစားသုံးသူများ၊ အထူးသဖြင့် မြို့ကြီးများတွင် နေထိုင်သူများသည် နေထိုင်မှုပုံစံကို ထိန်းသိမ်းရန်အတွက် လစဉ်အသုံးစရိတ်များကို ဂရုပြုကြရန် လိုအပ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း မရှိမဖြစ်လိုအပ်သော ကုန်စည်နှင့် ဝန်ဆောင်မှု များ၏ လက်လီဈေးနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပါသည်။ ဤကာလအတွင်း ထောက်ပံ့ရေး ကွင်းဆက်များ ပြတ်တောက်မှုကြောင့် သွင်းကုန်စရိတ် မြင့်တက်လာစေပြီး လက်လီဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

          ယခုနှစ်၏ ပထမ ၆ လအတွင်းတွင် မလေးရှားနိုင်းငံ၏ လက်လီလုပ်ငန်းများသည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ ထုတ်ပြန်ချက်အရ ၂၀၂၅ ၏ တတိယသုံးလပတ်အတွင်း နိုင်ငံ၏လက်လီရောင်းအားသည် ၂.၆ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားပါသည်။

          ၂၀၂၅ ခုနှစ် နောက်ဆုံးသုံးလပတ်အတွက် မလေးရှား၏ လက်လီလုပ်ငန်းသည် နှစ်ကုန်ပိုင်း အားလပ်ရက်များနှင့်အတူ ၃.၅ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို မျှော်လင့်ထားကြောင်း RGM မှ ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အတည်ပြု

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၉၁ ခုကို အတည်ပြုခဲ့ပြီး ယခင်နှစ် အလားတူကာလရှိ  စီမံကိန်း၂၈၇ ထက်ပို၍ တိုးတက်လာကာ အလုပ် အကိုင် ၃၃၉၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း CDC ကပြောကြားခဲ့ပါသည်။

                 ထိုစီမံကိန်းများသည် အဓိကအားဖြင့် ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

            တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅၂.၈၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။

          စီးပွားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ဒေသအတွင်း ပြည့်စုံသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)  သဘောတူညီချက်နှင့် ကမ္ဘောဒီးယား၏ တရုတ်၊ တောင်ကိုရီးယား၊ UAE တို့နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်စာချုပ် များသည် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ  ဆွဲဆောင်ရာတွင် အဓိကအကြောင်း အရင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ Xi Zang နယ်မြေနှင့် နီပေါနိုင်ငံတို့၏ ၂၀၂၅ ပထမခုနှစ်လ ကုန်သွယ်မှု အားကောင်းလာ

                တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Xi Zang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နီပေါနိုင်ငံ နှင့် ၂၀၂၅ ခုနှစ် ပထမခုနှစ်လအတွင်း နိုင်ငံခြားကုန်သွယ်မှုတွင် အားကောင်းလာကြောင်း အစီအရင် ခံတင်ပြခဲ့ပြီး ၎င်း၏စုစုပေါင်းပို့ကုန်နှင့် သွင်းကုန်တန်ဖိုးသည် ယန်ငွေ ၂.၅၇၈ ဘီလီယံ(အမေရိကန် ဒေါ်လာ ၃၆၂.၉ သန်း) ဖြင့်တစ်နှစ်ထက်တစ်နှစ် ၂၄.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ Xi Zang ၏ နီပေါသို့ စွမ်းအင်သုံးကားသစ်များတင်ပို့မှုသည် ၁၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁.၀၁၅ ဘီလီ ယံအထိရှိခဲ့သည်။ ကုန်သွယ်မှုတိုးတက်မှုသည် နီပေါ၏ ပြင်းထန်သော ဝယ်လိုအားနှင့် Lhasa အကောက်ခွန်မှ အကောင်အထည်ဖော်သော အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ချော့မွေ့စေ ခြင်းကြောင့်ဟု ယူဆထားကြပါသည်။ သွင်းကုန်ဘက်တွင် Xi Zang သည်နီပေါနိုင်ငံမှ ယွမ်း ၇၉၀၀၀၀ တန်ဖိုးရှိသော တိရိစ္ဆာန်အစာ ၁၁၀၄.၃ တန်ကို တင်သွင်းခဲ့ပြီး ပမာဏအားဖြင့် တိုးတက်မှု ၈၃ ရာခိုင်နှုန်းနှင့်် တန်ဖိုးအားဖြင့် ၈၄.၆၈ ရာခိုင်နှုန်း တိုးတက်မှုကို ကိုယ်စားပြုကြောင်းသိရသည်။ တိုးတက်လာသော ကုန်သွယ်မှုစွမ်းဆောင်ရည်သည် တရုတ်နှင့်နီပေါကြား ဆောင်ရွက်မှုကို ထင်း ဟပ်စေပြီး နိုင်ငံခေါင်းဆောင်များ ဖလှယ်ခြင်း၏ ရလဒ်များကို တည်ဆောက်သည့် သဘောလည်း သက်ရောက်ကြောင်းသိရသည်။

DOCA (ရန်ကုန်)

ခရီးစဉ်ပက်ကေ့ချ်များ ဖော်ဆောင်ရန်အတွက် ဗီယက်နမ်ကုမ္ပဏီနှစ်ခုသည် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်

      ထိုင်းနိုင်ငံလမ်းကြောင်းမှတစ်ဆင့် ခရီးသွားလာမှု ကျဆင်းလာချိန်တွင် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန (MoT) သည် ကမ္ဘောဒီးယား၏ ခရီးသွားလာရေး တိုးတက်မှုကို တည်တံ့စေရန် ရည်ရွယ်၍ ခရီးစဉ်ပက်ကေ့ချ်များ ဖော်ဆောင်ရန်အတွက် Saigontourist Group နှင့် Vietravel ခရီးသွား အကျိုးဆောင် ကုမ္ပဏီများနှင့် သီးခြားတွေ့ဆုံခဲ့သည်။  MoT ဝန်ကြီး Huot Hak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Saigontourist Group ဥက္ကဋ္ဌ Pham Huy Binh နှင့် ကမ္ဘောဒီးယား ခရီးသွားအေးဂျင့်များအသင်း (CATA) ဥက္ကဋ္ဌ Chhay Sivlin တို့နှင့်အတူ စက်တင်ဘာ ၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။  တွေ့ဆုံစဉ်တွင် Saigontourist Group မှ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက် အရေးပါသော ပံ့ပိုးကူညီမှုများ၊ အထူးသဖြင့် ဗီယက်နမ်နှင့် နိုင်ငံတကာဧည့်သည်များအတွက် ခရီးစဉ် အစီအစဉ်များ စီစဉ်ပေးခြင်းတို့ကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။  ဝန်ကြီးက ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရန် ကမ္ဘောဒီးယားအစိုးရ၏မက်လုံးများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဦးစားပေးဆောင်ရွက်မှုများစွာ ပေးထားကြောင်း ပြောကြားခဲ့သည်။ ဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် လုံခြုံစိတ်ချရသောနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ နိုင်ငံခြား သံရုံးများနှင့်ပူးပေါင်းကာ နိုင်ငံခြားခရီးသည်များ ဘေးကင်းရေးနှင့် အကာအကွယ်ပေးရေး တို့အတွက် ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ပြောကြားခဲ့သည်။    ဆွေးနွေးပွဲတွင် Hak သည် Vietravel ၏ ကမ္ဘောဒီးယား ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးသည့် မဟာဗျူဟာများကို တန်ဖိုးထားခဲ့ပြီး ဗီယက်နမ်နှင့် နိုင်ငံတကာ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန် ကမ္ဘောဒီးယား ခရီးစဉ်များကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်ရန် ကုမ္ပဏီအား တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားပုဂ္ဂလိကကဏ္ဍနှင့် ခရီးသွားကုမ္ပဏီများအတွက် အခွင့်အလမ်း များပေးဆောင်ရန်နှင့် အလားအလာရှိသော ခရီးသွားလုပ်ငန်းကို အနာဂတ်တွင် ပူးတွဲ လုပ်ဆောင်ကြရန် နှစ်ဖက်သဘောတူခဲ့ကြသည်။

DOCA (ရန်ကုန်)

MEF သည် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ဘတ်ဂျက်မူကြမ်းကို ပြန်လည်သုံးသပ်

           ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MEF) သည် ၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် အထွေထွေဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဖြေရှင်းရေးဥပဒေအား ပြန်လည်သုံးသပ်ရန် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးထိရောက်မှု၊ ဝင်ငွေ စီမံခန့်ခွဲမှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၃ ရက်တွင် MEF ဝန်ကြီးဌာန ၀န်ကြီး Aun Pornmoniroth က ဦးဆောင်ကျင်းပ ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ အကြီးတန်းခေါင်းဆောင်များနှင့် တာဝန်ရှိသူများ က Virual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။ ဘဏ္ဍာနှစ်ရလဒ်များကို အကဲဖြတ်ခြင်း၊ ဝင်ငွေနှင့် ခန့်မှန်းခြေ အသုံးစရိတ်ထိရောက်မှု မြှင့်တင်ခြင်းနှင့် ပြည်သူ့အသုံးစရိတ်၊ ဝင်ငွေစီမံခန့်ခွဲမှုနှင့် စီးပွားရေး တည်ငြိမ်မှုတို့အတွက် အစိုးရ၏ ကတိကဝတ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် တောင်အာဖရိကတို့သည် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အခွင့်အလမ်းသစ်များကို ရှာဖွေ

              ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီး Rath Saravuth သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ် Darkey Ephriam Africa နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်စီးပွားရေးဆက်ဆံရေး ပိုမိုမြှင့်တင် နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ Saravuth က သံအမတ်ကြီး အား နှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုကို အလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံ ကူးလူးဖလှယ်မှုကို တိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အလေးပေးပြောကြားခဲ့သည်။ သံအမတ်ကြီး Darkey Ephriam Africa က ပန်းသီး၊ အုန်းသီး၊ သစ်တော်သီးနှင့် ဘလူးဘယ်ရီ သီးများ အပါအဝင် တောင်အာဖရိကနိုင်ငံသို့ အလားအလာရှိသော လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးနှင့် နှစ်နိုင်ငံအကြား အလားအလာရှိသော ကုန်စည်ဖလှယ်ရေး တိုးမြှင့်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြရန် အဆိုပြုခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးက အဆိုပါအဆိုပြုချက်များကို ကြိုဆိုခဲ့ပြီး အထူးသဖြင့် တောင်အာဖရိက ဘက်မှ ဝယ်လိုအားရှိသော ဆန်ထွက်ကုန်များနှင့် စပ်လျဉ်းသည့် ပုဂ္ဂလိက ကဏ္ဍနှင့် စီးပွားရေး တွေ့ဆုံပွဲများနှင့် ကုန်သွယ်မှုပြပွဲများကြား ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလားအလာများကို နှစ်ဖက်စလုံးက စူးစမ်းသင့်သည်ဟု အကြံပြုခဲ့သည်။ နိဂုံးချုပ်အနေဖြင့် ကမ္ဘောဒီးယား၏ ဒေသတွင်းနှင့် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များမှ ကုန်သွယ်မှု အကျိုးကျေးဇူးများ ရရှိနိုင်စေရန် တောင်အာဖရိက ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အလားအလာများကို မြှင့်တင်ရာတွင် ကူညီပေးရန် သံအမတ်ကြီး Darkey Ephriam Africa အား တောင်းဆိုခဲ့သည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဂျပန်တို့သည် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံမှု တိုးချဲ့ရန် သဘောတူညီခဲ့ကြ

      ကမ္ဘောဒီးယားနှင့် ဂျပန်နိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ရုံးတွင် ၃-၉-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၃၀ မြောက် ကမ္ဘောဒီးယား-ဂျပန် ပူးတွဲကော်မတီ၏ အစည်းအဝေးအပြီးတွင် စီးပွားရေးဆက်ဆံမှု အားကောင်းလာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေမြှင့်တင်ရန် ကတိကဝတ်ပြုခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကို CDC ၏ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol   နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာဂျပန်သံအမတ် Ueno Atsushi တို့ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘောဒီးယားနိုင်ငံရှိ ဂျပန်စီးပွားရေးအသင်း (JBAC)၊ JETRO၊ JICA၊ AMEICC နှင့် ဂျပန်ကုမ္ပဏီများမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူညီချက် မူဘောင်အောက်တွင် တည်ထောင်ထားသည့် ပူးပေါင်းကော်မတီသည် ကမ္ဘောဒီးယားအစိုးရနှင့် ဂျပန်ရင်းနှီးမြှုပ်နှံသူများကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် အကောက်ခွန်၊ ထောက်ပံ့ပို့ဆောင်ရေး၊ စွမ်းအင်၊ ကုန်သွယ်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ၊ အလုပ်သမားနှင့် လုံခြုံရေး၊ အဓိကစီးပွားရေး စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဒုတိယ ဥက္ကဋ္ဌ Sun Chanthol   က ဂျပန်ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး ဂျပန်ရင်းနှီးမြှုပ်နှံသူများ ပြသခဲ့သည့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  သံအမတ်ကြီး Atsushi က ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဂျပန်နိုင်ငံ၏ ဆက်လက်ပံ့ပိုးကူညီမှုကို အလေးပေးပြောကြားခဲ့ပြီး ကမ္ဘောဒီးယားအစိုးရ၏ ရင်းနှီးမြှုပ်နှံသူများအပေါ် တုံ့ပြန် ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးအစီအစဉ် များကို တိုးချဲ့ဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြပြီး Chanthol က ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု မက်လုံးများနှင့် အခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်သော ဂျပန်စီးပွားရေးလုပ်ငန်းစုများကြားတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ဂျပန်သံရုံးအား ကမ္ဘောဒီးယားအစိုးရနှင့် လက်တွဲဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

DOCA (ရန်ကုန်)

တိုယိုတာသင်တန်းကျောင်း ကို ၂၀၂၆ ခုနှစ် အစောပိုင်းတွင် စတင်မိတ်ဆက်မည်ဟု တရားဝင် ထုတ်ပြန်ထား

        Toyota Tsusho ကော်ပိုရေးရှင်းသည် ၂၀၂၆ ခုနှစ်၊ အစောပိုင်းတွင် မော်တော်ယာဉ် အပိုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးအာရုံစိုက် ကာ ၎င်း၏သင်တန်းကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul သည် Toyota Tsusho ကော်ပိုရေးရှင်း၏ အကြီးတန်းအမှုဆောင်အရာရှိများနှင့် အတူ ၄-၉-၂၀၂၅ ရက်နေ့က ဂျပန်နိုင်ငံ၊ Osaka မြို့၌ ကုမ္ပဏီ၏ဌာနခွဲအမှုဆောင်အရာရှိချုပ် Harada Shigeru ဦးဆောင်သည့် အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Tuy Ry နှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံရှိ မော်တော်ကားကဏ္ဍ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအချက်ဖြစ်ကြောင်း Shigeru မှ ပြောကြားခဲ့ပြီး Toyota သည် ၎င်း၏ သင်တန်းကျောင်းကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ သတင်းရင်းမြစ်များအရ အဆိုပါသင်တန်းကျောင်းသည် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ Shigeru သည် နိုင်ငံအတွင်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအတွက် ဝန်ကြီး Cham Nimul နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ Nimul သည် ကမ္ဘောဒီးယားပြည်သူများအတွက် အလုပ်အကိုင် များစွာဖန်တီးပေးခဲ့ပြီး နည်းပညာလွှဲပြောင်းမှု လွယ်ကူစေသည့် ၎င်း၏မော်တော်ကားတပ်ဆင်စက်ရုံကို တည်ထောင်ခြင်းဖြင့် ကမ္ဘောဒီးယားကို ရင်းနှီးမြုပ်နှံမည့်နေရာအဖြစ် ရွေးချယ်သည့် အတွက် Toyota အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ