Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

လျှင်မြန်စွာဖွံ့ဖြိုးလာသည့် ဗီယက်နမ်စျေးကွက်အပေါ်မျက်စိကျနေသည့် ကိုရီးယားနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ

           ဝင်ငွေမြင့်တက်လာမှုများ၊ သက်ကြီးရွယ်အိုလူဦးရေ များပြားလာခြင်းနှင့် လူမှုနေထိုင်မှု ဆိုင်ရာရောဂါများကြောင့် ဗီယက်နမ်နိုင်ငံ၏ ဝယ်လိုအားကို တွန်းအားပေးလျက်ရှိပြီး နိုင်ငံသားတစ်ဦးချင်းအသုံးစရိတ်မြင့် တက်မှုသည် ကျန်းမားရေးအသုံးစရိတ်များကို မြှင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အခွင့်အလမ်းများကို ရှာဖွေနိုင်ရန်အတွက် ကိုရီးယားနိုင်ငံ စက်ရုံများသည် ပြည်တွင်းလက်အောက်ခံကုမ္ပဏီများကို တည်ထောက်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာတရားရုံးများမှတစ်ဆင့် ကုန်ပစ္စည်းထောက်ခံပေးမှုများကို ရှာဖွေနေကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံမှ ဆေးဝါးနှင့်ဇီဝနည်းပညာစက်ရုံများသည် ၎င်းတို့၏ အာရုံစူးစိုက်မှုကို ဆေးဝါးစျေးကွက်လုပ်ငန်းများ၏ အလားအလာရှိသောနိုင်ငံများထဲမှတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှိနိုင်ငံများဘက်သို့ ကူးပြောင်းလာပြီဖြစ် ကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံဆေးဝါးနှင့် ဇီဝနည်းပညာ ထုတ်လုပ်သူများအဖွဲ့အစည်း၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်း စျေးကွက်တန်းသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံအထိ တန်ဖိုးရှိနေပြီဖြစ်ကြောင်းနှင့် ယခင်ဆယ်စုနှစ်ထက် ၇.၃ ရာခိုင်နှုန်း တိုးတက်လာမှုရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နေပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးကို အဆင့်မြှင့်တင်ရန်အတွက် နည်းပညာလဲလှယ်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။ Celltrion စက်ရုံသည် ၎င်းတို့၏ ဗီယက်နမ်လက်အောက်ခံကုမ္ပဏီကို ၂၀၂၄ ခုနှစ်တွင် စတင်တည်1ထောင် ခဲ့ပြီး တိုးချဲ့မှုများကို ဆက်လက်ပြုလုပ်သွားလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် လက်ရှိတွင် ဇွန်လနှင့် သြဂုတ်လတွင် စတင်ကြေညာခဲ့သော Remsima နှင့် Herzuma အမည်ရှိ သော ဆေးဝါးနှစ်မျိုးကို အတည်ပြုမှုရရှိခဲ့ပြီး ၂ နှစ်ကြာ ဖြန့်ဝေပိုင်ခွင့်စာချုပ်ကို ဗီယက်နမ်နိုင်ငံရှိ ဆေးရုံများနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါသည်။ တစ်ခြားသောစက်ရုံများသည် လက်ရှိ တွင် ထောက်ခံမှုများမှတစ်ဆင့် ဖြန့်ဝေမှုများပြုလုပ်နေကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် Dongwha Pharm ကုမ္ပဏီသည် ပြည်တွင်းဆေးဝါးရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော Trung Son Pharma မှ ရှယ်ယာများကို ရယူခြင်းဖြင့် စျေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကတည်းကစတင်၍ ၎င်း၏ ဆိုင်ခွဲများကို ၁၄၀ ဆိုင်မှ ၂၃၉ ဆိုင် အထိ ချဲ့ထွင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ၄၆၀ အထိ ဖွင့်လှစ်နိုင်ရန် စီစဥ်ထားကြောင်း သိရပါသည်။

Source: VietnamPlus                                                                          

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု သြဂုတ်လတွင် ၃.၅ ရာခိုင်နှုန်းတိုးတက်

          တရုတ်နိုင်ငံ၏ ကုန်စည်တင်သွင်းမှုနှင့်တင်ပို့မှု စုစုပေါင်းသည် သြဂုတ်လတွင် ယခင်နှစ်ကထက် ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တင်ပို့မှုနှင့် တင်သွင်းမှုနှစ်ခုလုံးတိုးတက်ခဲ့ကြောင်း စက်တင်ဘာ လ ၈ ရက်နေ့ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရပါသည်။

          ဇန်နဝါရီ-သြဂုတ်လအတွင်း တရုတ်နိုင်ငံ၏ ကုန်စည်များကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အကောက်ခွန်ဌာန၏ ပြောကြားချက်အရ သိရပါသည်။

          ဇန်နဝါရီ-သြဂုတ်လအတွင်း တစ်ခုလုံး၏ တိုးတက်မှုကို တင်ပို့မှုက ဦးဆောင်ခဲ့ပြီး ယခင်နှစ်ကထက် ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တင်သွင်းမှုမှာ ၁.၂  ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ဂျပန်နိုင်ငံ၏ ဒုတိယသုံးလပတ် GDP တိုးတက်မှုနှုန်းကို ၂.၂ ရာခိုင်နှုန်းအဖြစ် ပြန်လည်ပြင်ဆင်

          ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဧပြီ-ဇွန် သုံးလပတ်အတွင်း နှစ်စဉ် ၂.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၎င်းသည် ကနဦးခန့်မှန်းချက် ၁.၀ ရာခိုင်နှုန်းမှ အထက်သို့ ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့ထုတ်ပြန်သည့် အစိုးရ၏ အချက်အလက်များအရ သိရှိရပါသည်။

          အဆိုပါ ပြန်လည်ပြင်ဆင်မှုသည် မျှော်မှန်းထားသည်ထက်ပို၍ တစ်ဦးချင်း၏ သုံးစွဲမှုနှင့် တိုးတက်လာသောကုန်ပစ္စည်း စာရင်းအချက်အလက်များကောင်းမွန်လာခြင်းကို ထင်ဟပ်စေခဲ့ပါသည်။

          တစ်ဦးချင်းသုံးစွဲမှုသည် GDP ၏ထက်ဝက်ကျော်ရှိပြီး စားသောက်ဆိုင်များတွင် သုံးစွဲမှု၊ ဂိမ်းကစားခြင်း၊ ကိုယ်ပိုင်ကွန်ပျူတာများ ပိုမိုသုံးစွဲမှုတို့ကြောင့် ၀.၂ ရာခိုင်နှုန်းတိုးတက်မှုမှ ၀.၄ ရာခိုင် နှုန်းတိုးတက်မှုအဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

          ပုဂ္ဂလိက ကုန်ပစ္စည်းစာရင်းများ တိုးတက်မှုမှ ၀.၃ ရာခိုင်နှုန်းလျှော့ချရန် ခန့်မှန်းထားသော်လည်း ၀.၀၄ ရာခိုင်နှုန်းသာလျော့ချရန် ပြင်ဆင်ခဲ့ရပါသည်။ သို့သော်လည်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုသည် ဆောဖ့်ဝဲလ်နှင့်ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍများတွင် သုံးစွဲမှုအားနည်းခြင်းတို့ကြောင့် ၁.၃ ရာခိုင်နှုန်း တိုးတက်မှုမှ ၀.၆ ရာခိုင်နှုန်းသို့ ‌လျှော့ချရန်ပြင်ဆင်ခဲ့ရပါသည်။ ပို့ကုန်နှင့်သွင်းကုန်များသည် ပြောင်းလဲမှုမရှိဘဲ ပို့ကုန် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန် ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ နိုင်ငံ၏ အမှန်တကယ် GDP သည် ငါးနှစ်ဆက်တိုက်အပြုသဘောဆောင်သော တိုးတက်မှုရှိခဲ့ကြောင်း ဝန်ကြီးရုံး၏ ပြောဆိုချက်အရ သိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်) 

တရုတ်နိုင်ငံနိုင်ငံခြား ငွေလဲလှယ်နှုန်း သြဂုတ်လတွင် မြင့်တက်

          တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် သြဂုတ်လကုန်တွင် အမေရိကန်ဒေါ်လာ  ၃.၃၂၂၂ ထရီလီယံအထိ ရှိခဲ့ပြီး ဇူလိုင်လကုန်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၉.၉ ဘီလီယံ သို့မဟုတ် ၀.၉၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါသည်။

          နိုင်ငံခြားငွေလဲလှယ်ထိန်းချုပ်ရေးအဖွဲ့က ငွေကြေးလဲလှယ်နှုန်း ပြောင်းလဲမှုနှင့် ပိုင်ဆိုင်မှုစျေးနှုန်များ၊ ပြောင်းလဲမှုတို့ကြောင့် တိုးလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          သြဂုတ်လတွင် အဓိက စီးပွားရေးနိုင်ငံများ၏ ငွေကြေးမူဝါဒများနှင့် စီးပွားရေးအချက်အလက်များက စျေးကွက်ကို လွှမ်းမိုးခဲ့သောကြောင့် အမေရိကန်ဒေါ်လာ အညွှန်းကိန်းကျဆင်းခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာငွေကြေးပိုင်ဆိုင်မှုစျေးနှုန်းများ ယေဘုယျအားဖြင့် မြင့်တက်ခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ စီးပွားရေးသည် ခိုင်မာ၍တည်ငြိမ်သော တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းများ၏ တည်ငြိမ်မှုအတွက် ခိုင်မာသော အထောက်အပံ့ကိုပေးနေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Lao Cai မြို့ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရောက်ရှိ

          သြဂုတ်လ ၂၅ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ Lao Cai မြို့နယ်စပ်ဂိတ်များမှ စုစုပေါင်း ပို့ကုန် သွင်းကုန် လည်ပတ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိခဲ့ပြီး ပို့ကုန် အမေရိကန်‌ဒေါ်လာ ၃၃၉ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၅၆၂ သန်းတို့ရှိခဲ့ကြောင်း သိရပါသည်။

          ဗီယက်နမ်မြောက်ပိုင်း Lao Cai နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုလုပ်ငန်းများသည် တည်ငြိမ်နေပြီး၊ ယခုနှစ်အတွက် ပျမ်းမျှနေ့စဉ် ကုန်တင်ကား အစီး ၅၀၀ ခန့်သွားလာမှုရှိကာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ကျော် ဝင်‌‌ငွေရရှိခဲ့ကြောင်း Lao Cai နယ်စပ်ဂိတ် အကောက်ခွန်ဌာန ထုတ်ပြန်ချက်အရသိရပါသည်။

          Kin Thanh အပြည်ပြည်ဆိုင်ရာ ကုန်းတွင်နယ်စပ်ဂိတ်အမှတ် ၂ တွင် အကောက်ခွန်ပေး‌ ဆောင်ရေးလုပ်ငန်းများ ချော့မွေ့စွာဆောင်ရွက်လျှက်ရှိပါသည်။ အဓိက တင်ပို့ကုန်များမှာ သစ်၊ သစ်သီး၊ ကော်ဖီ၊ မုန့်ပဲသရေစာနှင့် ဖိနပ် များဖြစ်ပါသည်။ အဓိက သွင်းကုန်မှာ မြေသြဇာ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီး၊ ကိုကာကိုလာ၊ ဓာတုပစ္စည်းများ၊ မုန့်ပဲသရေစာနှင့် စက်ပစ္စည်းများ ဖြစ်ပါသည်။ ပျမ်းမျှနေ့စဉ် ကုန်တင်ကား အစီးရေ ၂၀၀ ခန့်ဖြင့် တင်ပို့မှုများဆောင်ရွက်ပြီး ကုန်တင်ကားအစီးရေ ၃၀၀ ခန့်ဖြင့် ဗီယက်နမ်သို့ တင်သွင်းမှုများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဒေသအမှတ် ၇ အကောက်ခွန်ဦးစီးဌာနခွဲမှ စာရင်းများအရ သြဂုတ်လ ၂၅ ရက်နေ့အထိ Lao Cai နယ်စပ်ဂိတ်များမှ စုစုပေါင်းပို့ကုန်သွင်းကုန်လည်ပတ်မှု အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် လွန်ခဲ့ပြီး ပို့ကုန်အမေရိကန်ဒေါ်လာ ၃၃.၉ သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ ၅၆၂ သန်းရှိခဲ့ကြောင်း သိရပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)                                                                            

နည်းပညာမြင့်ဆိပ်ကမ်းပုံစံများဖြင့် ဗီယက်နမ်-တရုတ် နယ်စပ် ကုန်သွယ်မှုကို မြှင့်တင်

          မကြာသေးမီနှစ်များအတွင်းတွင် ဗီယက်နမ်နှင့်တရုတ်နှစ်နိုင်ငံသည် နည်းပညာမြင့်နယ်စပ်ဂိတ်များ ပူးပေါင်းတည်ဆောက်မှုသည် အရေးပါသော လုပ်ဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး ကုန်စည်စီးဆင်းမှုနှင့် စိုက်ပျိုးရေးထုတ်ကုန်များပိတ်ဆို့မှုတို့ကို ဖယ်ရှားရန်ကူညီပေးခဲ့ပါသည်။

          ၎င်းသည် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသော နယ်စပ်စီမံ ခန့်ခွဲမှုကို ခေတ်မှီစေရန် နှစ်နိုင်ငံလုံး၏ ဆုံးဖြတ်ချက်ကိုလည်း ပြသခဲ့ခြင်းဖြစ်ပါသည်။

          ယခင် ထရပ်ကား တစ်စီး၏ လုပ်ငန်းစဉ်အားလုံးပြီးစီးရန် ၃ ရက်မှ ၅ ရက်အတွင်းကြာမြင့်ခဲ့သော်လည်း ယခုအခါ ၁၅ စက္ကန့်ခန့်သာကြာမြင့်ကြောင်း သိရပါသည်။ QR ကုဒ် စကင်ဖတ်ခြင်း၊ မျက်နှာမှတ်ထားခြင်းနှင့် လက်ဗွေမှတ်ပုံတင်ခြင်းတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်နိုင်ခြင်းကြောင့် ယာဉ်မောင်းများ၏ ဝင်ခွင့်လုပ်ငန်းစဉ်များကို လျင်မြန်စွာပြီးစီးစေနိုင်ခြင်းဖြစ်ပါသည်။ အထူးသဖြင့် သက်တမ်းတိုးသော သစ်သီးများဖြစ်သည့် တရုတ်နိုင်ငံ၏ ဒူရင်းသီးကဲ့သို့သော ထုတ်ကုန်များသည် ယခုအခါ နှောင့်နှေးမှုမရှိသောကြောင့် မပျက်စီးဘဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ပါသည်။

          ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်-တရုတ် နယ်စပ်ဂိတ်များတွင် အကောက်ခွန်ပေးဆောင်ခဲ့သည့် ထရပ်ကားအရေအတွက်သည် တစ်ရက်လျှင် ၃၃၀၀ စီးစံချိန်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၏ အရေအတွက်ထက် နှစ်ဆတိုးလာခဲ့ခြင်းဖြစ်ပါသည်။

          နောက်ထပ်ထူးခြားချက်မှ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာများကို အသုံးပြုထားခြင်းကြောင့် အလိုအလျှောက်စနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ တရုတ်-ဗီယက်နမ်ချစ်ကြည်ရေး ကုန်စည်ပို့ဆောင်ရေး စင်္ကြန် အဆင်မြင့်ဆိပ်ကမ်းစီမံကိန်း၏ ဒုတိယ အကြီးအကဲဖြစ်သူ Zhu Houdong က အဆင့်မြင့်ဆိပ်ကမ်းတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်မှာ အကောက်ခွန်များကို လျှင်မြန်စွာပေးဆောင်နိုင်ပြီး နန်နင်းနှင့် ဟနွိုင်းကို ကုန်စည်များ ၂၄ နာရီအတွင်း ကုန်သယ်မှုပြုနိုင် ရန်ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source : Vietnamplus

DOCA(ရန်ကုန်)                                                                            

VNPT သည် အခြေခံနည်းပညာများကို သုတေသနပြုလုပ်ရာတွင် ဦးဆောင်ရန်လိုအပ်

          ဗီယက်နမ်စာတိုက်နှင့် ဆက်သွယ်ရေးနည်းပညာအဖွဲ့ (VNPT) သည် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု တိုးတက်အောင် ဆောင်ရွက်ရာတွင် ထူးခြားသော တီထွင်ဆန်းသစ်မှုများနှင့် ဦးဆောင်မှုများအတွက် “လုပ်သား သူရဲကောင်း” ဘွဲ့ကို ဒုတိယအကြိမ် ချီးမြှင့်ခံခဲ့ရကြောင်းသိရှိရပါသည်။

          ဝန်ကြီးချုပ် Phan Minh Chinh  သည် ဗီယက်နမ်စာတိုက်နှင့် ဆက်သွယ်ရေးအဖွဲ့ (VZNPL) အားစက်တင်ဘာ ၆ ရက်နေ့တွင် အခြေခံကျသော နည်းပညာများကို သုတေသနပြုကာ ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးကို ခိုင်မာစေရန်အတွက်ဦးဆောင်ကြရန် တောင်းဆိုခဲ့ပါသည်။

          VNPT သည် ဗီယက်နမ်တွင်ထုတ်လုပ်သည့် ထုတ်ကုန်များ ဝန်ဆောင်မှုများဖန်တီးရာတွင် နည်းပညာများပံ့ပိုးကူညီပြီး အမျိုးသားဆန်းသစ်တီထွင်မှုကို တက်ကြွစွာ တည်ဆောက်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

          အစိုးရခေါင်းဆောင်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များနှင့်အညီ ဆောင်ရွက်ရန်ပြောကြားခဲ့ပြီး VNPT သည် ဆိုက်ဘာစစ်ဆင်ရေး တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရေးအတွက် အဓိကအင်အားစု ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံသားများ၏ ဒေတာနှင့် အစိုးရအချက်အလက်စနစ်များကို အွန်လိုင်းတွင် လုံခြုံစေရန် ကာကွယ်ရမည်ဟု အလေးအနက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Vietnamplus  

DOCA(ရန်ကုန်)                                                                          

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုသည် ၇ လ အတွင်းတွင်တိုးတက်

           တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၇ လအတွင်း ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှုတိုးတက်လာခြင်းနှင့်အတူ ခိုင်မာသော တိုးတက်မှုနှုန်းကို ပြသခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရသိရသည်။

          နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုပမာဏသည် ဤကာလအတွင်း ယွမ် ၄.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၄၄.၂ ဘီလီယံခန့်) သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

          ဝန်ဆောင်မှုဆိုင်ရာ ပို့ကုန်များသည် ယွမ် ၂ ထရီလီယံအထိ‌ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုဆိုင်ရာ သွင်းကုန်များမှာ ၃.၃ ရာခိုင်နှုန်းရှိခဲ့ကာ ယွမ် ၂.၅၈ ထရီလီယံသို့ မြင့်တက်ခဲ့သောကြောင့် ယွမ် ၅၈၁.၅၆ ဘီလီယံအရှုံးပေါ်ခဲ့ပါသည်။

          ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုသည် ခိုင်မာသော တိုးတက်မှုကိုထိန်သိမ်းနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၀.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ယွမ် ၁.၂၆ ထရီလီယံသို့ ရောက်ရှိခဲ့ပါ သည်။ အထူးသဖြင့် ပို့ကုန်များ ၆၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

          တစ်ချိန်တည်းတွင် ပညာရေးဝန်ဆောင်မှုသည် တစ်နှစ်ထက်တစ်နှစ် ၆.၈ ရာခိုင်နှုန်း တိုး တက်ခဲ့ပြီး ယွမ် ၁.၇၇ ထရီလီယံကျော်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source : Xinhua

DOCA(ရန်ကုန်)                                                                                    

ထိုင်းနိုင်ငံအတွင်း ရွှေစျေးတက်နိုင်မည်ဟု ခန့်မှန်း

           ကမ္ဘာ့ရွှေဈေးသည် Trump ၏အကောက်ခွန်နှင့် အမေရိကန်အတိုးနှုန်းလျှော့ချမှု တို့ကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ကမ္ဘာ့စျေးနှုန်းများ စံချိန်တင်မြင့်တက်သွားပြီးနောက် ယခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၆၀၀ အထိ စံချိန်တင်မြင့်တက်နိုင်ခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် သတ်မှတ်ထားသည့် ဈေးနှုန်းထက် ၅၄,၈၀၀ ဘတ် အထိ ကျော်လွန်သွားမည်ဖြစ်သည်။ ရွှေဈေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ၎င်းသည် စွမ်းဆောင်ရည် အကောင်းဆုံး အဓိက ကုန်စည်များထဲမှ တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ ပြည်တွင်းရွှေဈေးနှုန်းသည်  ဘတ် ၈၀၀ မှ ဘတ် ၅၄,၁၀၀ သို့ ခုန်တက်သွားသည်။ သီးခြားသတင်းများတွင် Trump က ၎င်း၏အစိုးရသည် ၎င်း၏အခွန်အကောက်အများအပြားကို တရားမဝင်ဟုယူဆရ သည့် ပြည်ထောင်စုတရားရုံး၏ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းရန် မျှော်လင့်ကာ အလျင်အမြန် စီရင်ချက်ချရန် တရားရုံးချုပ်ထံ တောင်းဆိုခဲ့သည်ဟု Mrs.Siriluck  ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး Exchange-Trade Funds (ETFs) ဖြစ်သော SPDR Gold Trust က ၎င်း၏ ပိုင်ဆိုင်မှုသည် ၁.၃၂ ရာခိုင်နှုန်းမှ ၉၉၁ တန်အထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်းနှင့် ဗဟိုဘဏ်၏ ရွှေဝယ်ယူမှုသည် ယခုနှစ်တွင် တန်ချိန် ၁,၀၀၀ ကျော်အထိ ဖြစ်နိုင်သည်ဟု Mrs.Siriluck  က ဆိုသည်။ ထိုအချက်များကြောင့် ရွှေဈေးသည် ၂၀၂၅ ခုနှစ်တွင် တစ်အောင်စလျှင် ၃၆၀၀ ဒေါ်လာထိ တက်နိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၃,၇၀၀ အထိ မြင့်တက်လာနိုင်မည်ဟုမျှော်လင့်ထားကြောင်း Mrs.Siriluck  က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

ငွေကြေးကဏ္ဍသည် ကြားဖြတ်အစိုးရ၏ စီးပွားရေးမူဝါဒများကို လေ့လာစောင့်ကြည့်ရန် စိတ်အားထက်သန်

            ဝန်ကြီးချုပ်သစ်ရွေးချယ်ပြီးနောက် ကြားဖြတ်အစိုးရ၏ စီးပွားရေးမူဝါဒများကို အမှုဆောင်အရာရှိများက စိတ်အားထက်သန်နေကြပြီး အရည်အချင်းရှိသော စီးပွားရေး ဝန်ကြီးများနှင့် မူဝါဒများသည် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ထိုင်းဘဏ်သို့ ပိုမိုဝင်ရောက်လာစေရန် မျှော်လင့်ထားကြသည်။ ထိုင်းစတော့အိတ်ချိန်း (SET) ဥက္ကဋ္ဌ Asadej Kongsiri က စီးပွားရေးအခြေခံများ၊ အရင်းအနှီးဈေးကွက်နှင့် စီးပွားရေးအဖွဲ့အစည်းများ၏ သဘောသဘာဝကို နားလည်သော ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် ဒေသတွင်း စွမ်းဆောင်ရည်နိမ့်ကျနေသော ထိုင်းစီးပွားရေးအတွက် အပြုသဘောဆောင်နိုင် ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ စီးပွားရေးဝန်ကြီးများသည် တူညီသောပန်းတိုင်သို့ ဦးတည်သော အဖွဲ့တစ်ခုအဖြစ် လက်တွဲမလုပ်နိုင်ပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေခံများကို ပံ့ပိုးပေးနိုင်မည်မဟုတ်ကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အဆိုပါအခြေခံများကို ခိုင်မာသည်ဟု ရှုမြင်ကြပြီး နိုင်ငံ၏ အမှန်တကယ် အလားအလားများကိုရရှိရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ SET ၏ အကြီးတန်းအမှုဆောင်ဒုတိယဥက္ကဋ္ဌ Soraphol Tulayasathien က ဘဏ်သည် ယခုနှစ်ဒုတိယနှစ်ဝက်တွင် စီးပွားရေးကို လှုံ့ဆော်ရန် ရည်ရွယ်ပြီး ဘဏ္ဍာနှစ် ၂၀၂၆ ဘတ်ဂျက်ကို အတည်ပြုပြီးနောက် အစိုးရအသုံးစရိတ်ကို တိုးမြှင့် လိုကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက SET အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာ ဈေးကွက်များကို Federal Reserve မှ ငွေကြေးမူဝါဒဖြေလျှော့မှု အချက်ပြမှုများကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell ၏ ပြောကြားချက်သည် ဇူလိုင်လတွင် လယ်ယာလုပ်ငန်း မဟုတ်သော လုပ်ခလစာများ အားနည်းပြီးနောက် စက်တင်ဘာလတွင် အတိုးနှုန်းလျှော့ချမှုများ ရှိလာနိုင်ကြောင်းကို ထောက်ပြခဲ့သည်။ စိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများ အားနည်းခြင်း တို့ကြောင့် အဓိကအားဖြင့် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုသည် ယခင်သုံးလပတ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းမှ ဒုတိယသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ SET ၏ ပျမ်းမျှနေ့စဉ် ကုန်သွယ်မှုတန်ဖိုးနှင့် ရင်းနှီးမြုပ်နှံမှုများအတွက် စျေးကွက်သည် တစ်နှစ်ထက် တစ်နှစ် ၁၀.၁ ရာခိုင်နှုန်းမြင့်တက်လာပြီး ဘတ် ၅၀.၇ ဘီလီယံအထိ တိုးလာကာ ကုန်သွယ်မှု တန်ဖိုးမှာ ၄၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃.၁ ကျဆင်းလာခဲ့သည်။ နိုင်ငံခြား ရင်းနှီး မြုပ်နှံသူများသည် ကုန်သွယ်မှုလုပ်ငန်းများကို ဆက်လက်လွှမ်းမိုးထားပြီး စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ ၅၁.၅ ရာခိုင်နှုန်းရှိသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ