Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အသေးစားနှင့် အလတ်စားလုပ်ငန်းစင်တာများပိုမိုဖွင့်လှစ်ရန် ဘာလီအား ဝန်ကြီးတိုက်တွန်း

              အင်ဒိုနီးရှားစက်မှုဝန်ကြီး Agus Gumiwang Kartasamita က ပြည်တွင်းထုတ်လုပ်မှု အားကောင်းရန်နှင့် လက်မှုပညာသည်များကို ပံ့ပိုး‌ပေးရန်အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းစင်တာကွန်ယက်များတိုးချဲ့ရန် ဘာလီပြည်နယ်အစိုးရအား စက်တင်ဘာလ ၆ ရက်နေ့က တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Taman Budaya Art Center တွင် ကျင်းပပြုလုပ်သည့် IKM Bali Bangkit ပြပွဲတွင် ဝန်ကြီးက ဘာလီတွင် လတ်တလော ငွေထည်စင်တာနှင့် ဝါးထုတ်ကုန် စင်တာတို့ပါဝင်သည့် IKM စင်တာ ၄ ခုပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်း IKM စင်တာများစွာတည်ထောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘာလီတွင် ၄ ခုရှိသည်ကိုနားလည် သော်လည်း အုပ်ချုပ်ရေးမှူး Wayan Koster က ထပ်တိုးစင်တာများအတွက် ပြင်ဆင်မှုစတင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အသေးစားလုပ်ငန်းရှင်များသည် ပိုမိုကြီးမား သည့် ပံ့ပိုးမှုလိုအပ်ကြောင်း အထူးသဖြင့် ဘဏ္ဍာရေး၊ ဈေးကွက်ရောက်ရှိမှုနှင့် တပ်ဆင်သည့် စက်ပစ္စည်းများခေတ်မီရေးတို့တွင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် ထုတ်ကုန်အရည်အသွေးတိုးတက်ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးတွင် အလွန်အရေးပါသည့် ကဏ္ဍတွင်ရှိနေသည့် IKM ကဏ္ဍကြီးထွားမှုအတွက် အရေးပါကြောင်း သိရပါသည်။ ကျယ်ပြန့် သောဒေသလက်မှုပစ္စည်းများပါဝင်ပြသခဲ့သည့် Bali Bangkit ပြပွဲသို့လည်ပတ်မှုအတွင်း ဝန်ကြီး သည် ပန်းချီများ၊ လက်ဝတ်ရတနာများနှင့် အခြားလက်လုပ်ထုတ်ကုန်များပါဝင်သည့် များစွာ သောပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးသည် အရည်အသွေးမြင့် ကုန်ပစ္စည်း များ အရောင်းမြှင့်တင်ရန် ဒေသဆိုင်ရာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အမွှမ်းတင် ပြောကြားခဲ့ပြီး ထိုကနဦးဆောင်ရွက်မှုများသည် ဘာလီထုတ်ကုန်များ၏ပုံရိပ်ကိုမြှင့်တင်ရန် ကူညီပေးနိုင်ပြီး ကျယ်ပြန့်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးနှင့် ၎င်း၏ဇနီးသည် လည်ပတ်မှုအတွင်း အဝါရောင်အင်ဒိုနီးရှား endek အဝတ်အထည်၊ များစွားသောလက်ဝတ်ရတနာများနှင့် လက်မှုပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA (ရန်ကုန်)                                                                            

အိန္ဒိယတွင်ထုတ်လုပ်သည့် VF 6 နှင့် VF 7 ကားများကို VinFast မိတ်ဆက်

                ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast  သည် အိန္ဒိယတွင် ထုတ်လုပ်သည့် ၎င်းတို့၏ အကောင်းစား လျှပ်စစ်ကားများဖြစ်သည့် VF 6 နှင့် VF 7 မော်ဒယ်များကို စက်တင်ဘာ ၆ ရက်နေ့က တရားဝင်ရောင်းချခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည့် အိန္ဒိယဈေးကွက်အတွက် ကုမ္ပဏီ၏ ပထမဆုံးထုတ်ကုန်များဖြစ်ပြီး တောင်အာရှနိုင်ငံအတွက် စိမ်းလန်းမှုကို အသွင်ကူးပြောင်းရန် ကုမ္ပဏီ၏ အားကောင်းသောကတိကဝတ်ရှိမှုကို ပြသနေကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် VinFast Asia ၏ CEO ဖြစ်သူ Pham Sanh Chau က စက်တင်ဘာ ၆ ရက် နေ့သည်  အိန္ဒိယနိုင်ငံတွင် အိန္ဒိယလူမျိုးများထုတ်လုပ်သည့် VinFastကားများစတင်ရောင်းချနိုင် သည့် သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း၊ အိန္ဒိယမိသားစုများအတွက် ဒီဇိုင်းဆွဲထားသည့် ပြီး ပြည့်စုံသော လျှပ်စစ်ရွေ့လျားမှုဂေဟစနစ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် VF 6 နှင့်  VF 7တို့သည် အိန္ဒိယ စားသုံးသူများကြိုက်နှစ်သက်မည့် အကောင်းစားအရည်အသွေး၊ ဒီဇိုင်းနှင့် နည်းပညာတို့နှင့် ပြည့်စုံစွာသဟဇာတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Modelama Group ၏ ဥက္ကဌ Anuj Pandey က ထိုမော်ဒယ်နှစ်ခုသည် အိန္ဒိယလျှပ်စစ်ကားဈေးကွက်သို့ အချိန်ကိုက်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း၊ ကဏ္ဍ၏ ကြီးထွားမှုအလားအလာတို့သည် VinFast ၏ကားများအား စားသုံးသူစိတ်ဝင်စားမှုရရှိစေရန် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ Manatec Electronics Pvt Ltd ရှိ Corporate Accounts & Regional Projects ၏ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ R.K. Ram က VF 6 နှင့် VF 7 နှစ်မျိုးစလုံးသည် အပေါင်းလက္ခဏာ ဆောင်သည့် အထင်အမြင်ကိုရရှိထားကြောင်းနှင့် အားသွင်းရုံအခြေခံအဆောက်အအုံအကန့်အသတ်ရှိသည့်အိန္ဒိယတွင် အခမဲ့အားသွင်းခွင့် ၃ နှစ် ပံ့ပိုးပေးမည့် VinFast ၏ ကတိကဝတ်ပြုမှု သည် သိသာထင်ရှားသောအားသာချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် အခြေခံအဆောက်အအုံဝေမျှသုံးစွဲခြင်းထက် ၎င်းတို့၏ကိုယ်ပိုင်အားသွင်းရုံကွန်ယက်တည်ထောင်ရန် အဓိကထားနေခြင်းက ဈေးကွက် အတွက် ရေရှည်မျှော်မှန်းချက်ကို ရောင်ပြန်ဟပ်နေကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ကုန်သွယ်ရေးပိုငွေအမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရရှိခဲ့သည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် ဗီယက်နမ်သည် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉၉ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် စာရင်းအင်းရုံး၏အဆိုအရ သိရပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇.၉၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၅.၉၆ ဘီလီယံဖြင့် ၁၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၁.၉၇ ဘီလီယံဖြင့် ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃.၃၉ ဘီလီယံဖြင့် ဇူလိုင်လ ကထက် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လထက် ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၄.၂၂ ဘီလီယံဖြင့် ပြည်တွင်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉.၁၆ ဘီလီယံ ပါဝင်ကြောင်း သိရပါသည်။ ၈ လတာကာလတွင် ရေနံစိမ်းပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍကတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၂၉.၉၇ ဘီလီယံရှိပြီး ၁၉.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၆.၆၉ ဘီလီယံဖြင့် ၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ထုတ်လုပ်မှုကုန်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၇၁.၀၆ ဘီလီယံရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၈၉ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်ပစ္စည်းများတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅.၉၂ ဘီလီယံ၊ ပင်လယ်စာ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံနှင့် လောင်စာနှင့် သတ္တုတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ပို့ကုန်အမျိုးအစား ၂၉ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုတန်ဖိုးထဲမှ ဖုန်းများ၊ အီလတ်ထရောနစ်များနှင့် အဝတ် အထည်များအစရှိသည့် ကုန်ပစ္စည်း ၇ မျိုးတင်ပို့မှုမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အသီးသီးကျော်ဖြတ်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသီးသီးတန်ဖိုးရှိသော ကုန်ပစ္စည်းအမျိုးအစား ၃၈ မျိုး တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကွန်ပြူတာ၊ အီလတ်ထရောနစ်နှင့် စက်ပစ္စည်းများတင်သွင်းမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ ၎င်းတို့သည် ကုန်ထုတ်လုပ်သည့်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၇၃.၉၁ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၉၉.၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ပြီး တရုတ်မှာ အမေရိကန်ဒေါ်လာ ၁၁၇.၉ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းရာဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နှင့် အမေရိကန် ဒေါ်လာ ၈၇ ဘီလီယံကုန်သွယ်ရေးပိုငွေရခဲ့ပြီး ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၂၅.၆ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ အသီးသီးကုန်သွယ်ရေးပိုငွေရခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်နှင့် အမေရိကန်ဒေါ်လာ ၇၅.၉ ဘီလီယံ၊ တောင်ကိုရီးယားနှင့် အမေရိကန်ဒေါ်လာ ၂၀.၁ ဘီလီယံနှင့် အာဆီယံနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ အသီးသီးကုန်သွယ်ရေးလိုငွေ ပြခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                            

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြန့်‌‌ဝေမှု အမေရိကန်ဒေါ်လာ ၁၅.၄ ဘီလီယံ ရရှိခဲ့သည့်ဗီယက်နမ်

           ဇန်နဝါရီ-ဩဂုတ် ကာလတွင် ဗီယက်နမ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဖြန့်ဝေမှု အမေရိကန် ၁၅.၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး(NSO) ၏ အဆိုအရ သိရပါသည်။ ၎င်းသည် ၅ နှစ်တာကာလအတွင်း အမြင့်ဆုံး ၈ လတာကာလရရှိမှုဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းပမာဏထဲမှ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် အမေရိကန် ဒေါ်လာ ၁၂.၅၇ ဘီလီယံဖြင့် အမြင့်မားဆုံး ‌ဝေစုရရှိခဲ့ပြီး စုစုပေါင်း FDI ဖြန့်‌ဝေမှုရရှိမှု၏ ၈၁.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် အိမ်ရာမြေကဏ္ဍက အမေရိကန်ဒေါ်လာ ၁.၂၄ ဘီလီယံ( ၈ ရာခိုင်နှုန်း) နှင့် လျှပ်စစ်၊ ဂတ်စ်၊ ရေထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့က အမေရိကန်ဒေါ်လာ ၅၆၃.၆ သန်း( ၃.၇ ရာခိုင်နှုန်း) ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ NSO ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၆.၁၄ ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း စုစုပေါင်း မှတ်ပုံတင်ခဲ့သည့် FDI ထဲမှ လိုင်စင်သစ်ချပေးသည့်စီမံကိန်း ၂၅၃၄ ခုမှာ အမေရိကန်ဒေါ်လာ ၁၁.၀၃ ဘီလီယံ၊ မတည်ငွေထပ်တိုးခြင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၆၅ ဘီလီယံနှင့် မတည်ငွေတွင် ပူးပေါင်းပါဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းမှာ အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံရှိကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြုင်ထုတ်လုပ်ခြင်း လုပ်ငန်းနယ်ပယ်မှာ အမေရိကန်ဒေါ်လာ ၁၃.၆၄ ဘီလီယံဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး စုစုပေါင်း တန်ဖိုး၏ ၅၉.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၎င်း၏နောက်တွင်အိမ်ရာမြေ ကဏ္ဍက စုစုပေါင်းတန်ဖိုး၏ ၂၁.၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုကာလအတွင်း လိုင်စင်သစ်ချပေးခဲ့သည့် နိုင်ငံနှင့်ဒေသပေါင်း ၇၈ ခုအနက် စင်ကာပူသည် အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံဖြင့် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ်ရပ်တည်နေပြီး ၎င်း၏နောက်တွင် တရုတ်က အမေရိကန် ဒေါ်လာ ၂.၆၅ ဘီလီယံ၊ ဆွီဒင်ကအမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ဂျပန်က အမေရိကန်ဒေါ်လာ ၈၇၈ သန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ထို ၈ လတာ ကာလအတွင်း ဗီယက်နမ်၏ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄၂၆.၅ သန်းတန်ဖိုးဖြင့် စီမံကိန်းအသစ်အရေအတွက် ၁၀၈ ခုရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃ ဆ နီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။  တည်ရှိပြီးစီမံကိန်း ၂၁ ခုတွင် မတည်ငွေပြင်ဆင်မှုမှာ ထပ်တိုးအမေရိကန်ဒေါ်လာ ၁၂၉.၇ သန်းတန်ဖိုးရှိကြောင်း သိရှိရပါသည်။

 

Vietnam Plus

DOCA (ရန်ကုန်)                                                                            

ဗီယက်နမ်၏သကြားထုတ်လုပ်မှုဒေသတွင်းထိပ်တန်းအဆင့်တွင် ဆက်လက်ရပ်တည်

          ၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီတွင် ဗီယက်နမ်သည် သကြားအထွက်နှုန်း တစ်ဟတ်တာလျှင် ၆.၆၉ တန် ဖြင့် ဒေသတွင်းဦးဆောင်သူအဖြစ်ဆက်လက်ရပ်တည်နေကာ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အစရှိသည့် အဓိကထုတ်လုပ်သူများအား ကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီသီးနှံစိုက်ပျိုးမှုပြန်လည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ရာသီအတွက်  အစီအစဉ်များ ဆွေးနွေးခြင်း ကွန်းဖရန့်တွင် ဗီယက်နမ်ကြံနှင့်သကြားအသင်း (VSSA) ဥက္ကဌ Nguyen Van Loc က ဗီယက်နမ် ၏ သကြားစက်များသည် ဇွန်လတွင် ကြိတ်ခွဲမှုပြီးမြောက်ခဲ့ပြီးဖြစ်ပြီး သကြား တန်ချိန် ၁.၂၆ သန်း ကျော်ထုတ်လုပ်နိုင်ကာ ၂၀၂၃-၂၀၂၄ ရာသီနှင့်နှိုင်းယှဉ်ပါက ၁၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လည်ပတ်နေသည့်သကြားစက်များထံမှ အသင်းက စုဆောင်းထားသည့်အချက်အလက်များအရ ၂၀၂၄-၂၀၂၅ ရာသီတွင် စုစုပေါင်းကြံစိုက်ပျိုးခဲ့သည့် ဧရိယာမှာ ၁၈၉၃၆၀ ဟတ်တာအထိရောက်ရှိခဲ့ပြီး အထွက်နှုန်းမှာ တန်ချိန် ၁၂.၄၂၉ သန်းနီးပါးထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ နောက်ဆုံးအထွက်နှုန်းအရ စိုက်ပျိုးမှုနည်းစနစ်များတိုးမြှင့်ခြင်း ဆီသို့ဆက်လက်အသွင်ကူးပြောင်းနေခြင်းနှင့် မြင့်မားသောအထွက်နှုန်းနှင့် ပိုမိုကောင်းမွန် သောအရည်အသွေးအပေါ် အဓိကထားနေသည်ကို ပြသနေကြောင်း သိရပါသည်။ ပျမ်းမျှကြံ ဈေးနှုန်းတစ်တန်လျှင် ဗီယက်နမ်ဒေါင် ၁.၂-၁.၃ သန်းနှင့်အတူ လုပ်ငန်းနယ်ပယ်သည် ကြံစိုက်ပျိုး သည့်အိမ်ထောင်စုပေါင်း ၂၂၅၀၀၀ ကျော်၏လူမှုဘဝတိုးတက်ရေးကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါ သည်။ ထိုအချက်သည် စိုက်ပျိုးသည့်ဧရိယာတိုးချဲ့ရန်နှင့် လွန်ခဲ့သည့် ၅ ရာသီဆက်တိုက်ကြံနှင့် သကြားအထွက်နှုန်းစဉ်ဆက်မပြတ်မြင့်တက်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅-၂၀၂၆ ရာသီအတွက် အသင်းသည် စုစုပေါင်း တစ်ရက်လျှင်ကြံ ၁၂၄၀၀၀ တန်ကြိတ်ခွဲနိုင်စွမ်းရှိ သည့် သကြားစက် ၂၅ ခုဆက်လက်လည်ပတ်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ အထွက်နှုန်းမှာ ကြံတန်ချိန် ၁၃.၃၄ သန်းမှ သကြားတန်ချိန် ၁.၃၇ သန်းထွက်ရှိကာ ၂၀၂၄-၂၀၂၅ ရာသီထက် ၈.၂၄ ရာခိုင်နှုန်းမြင့်တက်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ကော်ဖီတင်ပို့မှုစံချိန်တင်ခဲ့သည့် ဗီယက်နမ်

          ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် ကော်ဖီတန်ချိန် ၁.၂ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၄၂ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၈.၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့သော်လည်း ဝင်ငွေရရှိမှုတွင် ၅၉.၁ ရာခိုင် နှုန်းထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအဟုန်နှင့်တူ ၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီအတွက် ကော်ဖီတင်ပို့မှုမှဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်နိုင်ပြီး ၂၀၂၄ ခုနှစ် ကစံချိန်တင်ထားသည့် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံကျော် ဖြတ်နိုင်ကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်ဦးဆောင်သူများက ထိုသို့ကြီးထွားမှုသည် ကမ္ဘာလုံးဆိုင်ရာဈေးနှုန်းများ မြင့်တက်မှုကြောင့်သာမက အရည်အသွေးအဆင့်မြှင့်တင်ရန်၊ ကော်ဖီ၏ထူးခြားမှုကိုတိုးချဲ့ရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီရန် ဗီယက်နမ်၏ ကြိုးပမ်းမှုမဟာဗျူဟာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကော်ဖီပျမ်းမျှတင်ပို့သည့် ဈေးနှုန်းများမှာ တစ်တန်လျှင် ၅၅၈၀ အမေရိကန် ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလထက် ၄၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့မှာထိပ်တန်းဝယ်ယူသူများအဖြစ်ဆက်လက်တည်ရှိနေပြီး မက္ကဆီကိုသို့ တင်ပို့မှုမှာ ၉၀ ဆနှင့် တရုတ်သို့တင်ပို့မှုမှာ ၁၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ပြုပြင်ထုတ်လုပ်ခြင်းနည်းပညာတွင် ကာလကြာရှည်ရင်းနှီးမြှုပ်နှံမှုများနှင့် ထောက်ပံ့မှု ကွင်းဆက်ပွင့်လင်းမြင်သာမှုရှိခြင်းက ဗီယက်နမ်ရိုဘတ်စတာကော်ဖီ ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လုပ်ငန်းများသည်လည်း အထူးပြုပြင်ထုတ်လုပ်ထားသည့်ကော်ဖီအစရှိသည့် တန်ဖိုးမြင့်ကဏ္ဍများသို့ ရွေ့လျားနေကြောင်း သိရပါသည်။ ပုဂ္ဂလိက လုပ်ငန်းများသည်လည်း မောင်းနှင်အားတစ်ခုအနေဖြင့် ပေါ်ထွက်လာကြောင်း သိရပါသည်။ Gia Lai ပြည်နယ်၏ Vinh Hiep ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်တန်ဖိုး တင်ပို့ခဲ့ပြီးဖြစ်ပြီး ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်ဖြတ်နိုင်ရန် မျှော်မှန်း ရကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Phuc Sinh Group က ဗီယက်နမ်ရိုဘတ်စတာ ကော်ဖီသည် တစ်ချိန်က ဈေးနှုန်းနည်းပါးသည်ဟု ယူဆခဲ့ရသော်လည်း ယခုအခါ အဆင့်မြင့်ပြု ပြင်ထုတ်လုပ်ခြင်း၊ ခေတ်မီစနစ်များနှင့် အသင့်သောက်သုံးနိုင်သည့်အထူး ထုတ်လုပ်မှုသို့တိုးချဲ့နို င်မှုတို့ကြောင့် ကမ္ဘာပေါ်တွင်ဈေးနှုန်းအမြင့်မားဆုံးထဲမှတစ်ခုဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့ ပါသည်။ ဗီယက်နမ်သည်လတ်တလောတွင် ကော်ဖီ ၇၃၂၀၀၀ ဟတ်တာ ပတ်လည်စိုက်ပျိုး ထားပြီး တစ်ဟတ်တာကို ပျမ်းမျှ ၂.၉ တန်ထွက်ရှိကြောင်း သိရပါသည်။ အဆင့်မြင့်စိုက်ပျိုးမှု မော်ဒယ်များနှင့်ဆိုပါက တစ်ဟတ်တာကို အထွက်နှုန်း ၅ တန်ထိရောက်ရှိနိုင်ပြီး ကြီးထွားမှုအတွက် သိသာထင်ရှားသောအလားအလာရှိကြောင်း သိရပါသည်။ ဥရောပသမဂ္ဂသစ်တော ပြုန်းတီးမှုစည်းမျဉ်းအစရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တင်းကျပ် သောစည်းမျဉ်းများထံမှ စိန်ခေါ်မှုများရှိနေသော်လည်း လုပ်ငန်းနယ်ပယ်ကျွမ်းကျင်ပညာရှင်များက ၎င်းကို စိမ်းလန်းပြီး စဉ်ဆက်မပြတ်တည်ငြိမ်သောမော်ဒယ်များဆီသို့ အသွင်ကူးပြောင်းရန် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

ဗီယက်နမ်သည် ၂၀၂၅ ခုနှစ် နောက်ဆုံးနှစ်တွင် ရေရှည်တည်တံ့သော ပို့ကုန်တိုးတက်မှုကို တွန်းအားပေးသွားမည်

      ဟနွိုင်း (VNA) - ပို့ကုန်အရှိန်အဟုန်ကို ထိန်းထားကာ နှစ်စဉ်ပစ်မှတ်ကို မကြာမီရောက်ရှိ စေရန်၊ စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်အာဏာပိုင်များသည် လွတ်လပ်စွာကုန်သွယ်မှု သဘော တူညီချက်များ၏ အားသာချက်များကို အသုံးချရန်၊ စျေးကွက်ခဲ့ထွင်ရန်၊ ထုတ်လုပ်မှုတွင် အစိမ်း ရောင်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုများ ကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ရန် တိုက်တွန်းထားသည်။

လျှို့ဝှက်စိန်ခေါ်မှုများ

          ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း ဗီယက်နမ်၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၆၀၀ နီးပါးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၃% တိုးမြင့်လာခဲ့သည်။ ယင်းတို့ အနက် ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၃၀၆ ဘီလီယံရှိပြီး ၁၄ ဒသမ ၈ ရာခိုင်နှုန်း တိုးလာ ကာ တစ်နှစ်တာ ရည်မှန်းချက်ကို ကျော်လွန်နေပြီဖြစ်သည်။ ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၁၄ ဘီလီယံ နီးပါးသည် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုသည်။

          ကုန်သွယ်ရေးပဋိပက္ခများနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများသည် နိုင်ငံတကာ ထောက်ပံ့ ရေး ကွင်းဆက်များပေါ်တွင် ကြီးကြီးမားမား ဆက်လက်သက်ရောက်နေသဖြင့် ကမ္ဘာ့စီးပွားရေး၏ မရေရာမသေချာမှုများကြောင့် ဤရလဒ်များကို အထင်ကြီးလောက်စရာအဖြစ် ကျွမ်းကျင်သူများက ဖော်ပြကြသည်။

          အမေရိကန်သည် အဓိက ပို့ကုန်ဈေးကွက်အဖြစ် ၎င်း၏အခန်းကဏ္ဍကို ထပ်မံ အတည်ပြုခဲ့ သည်။ အမေရိကန်ရှိ ဗီယက်နမ်၏ ကုန်သွယ်ရေးအတိုင်ပင်ခံ Do Ngoc Hung ၏ ပြောကြားချက် အရ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတွင် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၄၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ဗီယက်နမ် ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံသာရှိကာ ပိုငွေဒေါ်လာ ၉၈ ဘီလီယံအထိ ရှိခဲ့သည်။

          သို့သော်လည်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က အပြုသဘော ဆောင်သော ပို့ကုန်ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် သိသာထင်ရှားသော အန္တရာယ်များ ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့တွင် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများမှ ကမ္ဘာလုံး ဆိုင်ရာ မသေချာမရေရာမှုများ၊ အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု၊ ပိုမိုတင်းကြပ်သော အမေရိကန် ကုန်သွယ်ရေးမူဝါဒများနှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ် တောက်မှု အန္တရာယ်တို့ ပါဝင်သည်။ ကမ္ဘာ့အပွင့်လင်းဆုံးစီးပွားရေးနိုင်ငံတစ်ခုနှင့်အတူ ဗီယက်နမ်သည် ပြင်ပ မှလှုပ်ခတ်မှုများ၏ဒဏ်ကို အလွန်ခံနိုင်ရည်ရှိနေဆဲဖြစ်သည်။ နှစ်စဉ် ပို့ကုန်တိုးတက်မှု ရည်မှန်းချက် ၁၂% ကိုရရှိရန် နိုင်ငံသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံကျော်နှင့် ညီမျှသော ၂၀၂၅ ခုနှစ် နောက်ဆုံးလေးလတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရရှိရန် လိုအပ် မည်ဖြစ်ပြီး၊ စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။

ရေရှည်တည်တံ့သော ပို့ကုန်တိုးတက်မှုအတွက် ဖြေရှင်းနည်းများ

          လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များကို အများဆုံးရရှိရန် ဗီယက်နမ်နိုင်ငံသည် စျေးကွက်တစ်ခုစီအတွက် ရှင်းလင်းပြတ်သားသော ရည်မှန်းချက်များ ချမှတ်ရန်၊ ဦးစားပေးများကို ခွဲခြားသတ်မှတ်ကာ အဓိက တင်ပို့သည့် ထုတ်ကုန်များကို တိကျသော တိုးတက်မှု ပန်းတိုင်များ သတ်မှတ်ရန် လိုအပ်သည်ဟု စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဘက်စုံ ကုန် သွယ်မှုမူဝါဒဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Ngo Chung Khanh က ပြောကြားခဲ့သည်။ ကုန်သွယ်ရေးရုံးများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများသည် အနီးကပ်ပူးပေါင်း ဆောင် ရွက်သင့်ပြီး၊ တာဝန်များကို ရှင်းလင်းစွာခွဲဝေပေးကာ ကွဲပြားနေသော သို့မဟုတ် ယေဘုယျချဉ်း ကပ်မှုကို ရှောင်ကြဉ်သင့်သည်။

          အမေရိကန်အတွက်၊ ဗီယက်နမ်၏အကြီးဆုံးပို့ကုန်ဈေးကွက်တွင် အခွင့်အလမ်းများသည် ကြီးမားသော်လည်း အကောက်ခွန်အတားအဆီးများ၊ ကုန်သွယ်မှုကာကွယ်ရေးစုံစမ်းစစ်ဆေးမှုများ တိုးမြှင့်ခြင်းနှင့် ထုတ်ကုန်အရည်အသွေး၊ ခြေရာခံနိုင်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကဲ့သို့သော စိန်ခေါ်မှု များနှင့် လာပါသည်။ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် စီမံဆောင်ရွက် သည့်နည်းပညာနှင့် ထုတ်ကုန်ဒီဇိုင်းမှ အမှတ်တံဆိပ်တစ်ခုအထိ ဘုတ်အဖွဲ့တစ်လျှောက် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရ မည်ဖြစ်သည်။

          တရုတ်ဈေးကွက်တွင် ကုမ္ပဏီများသည် အရည်အသွေးကို အားကောင်းစေခြင်း၊ ခြေရာခံ နိုင်စေရန် သေချာစေရန်၊ စီမံဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုပ်ပိုးခြင်းနှင့် အအေးခန်းသို လှောင်ခြင်းများတွင် ရင်းနှီးမြှုပ်နှံသင့်ပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက် မြောက်ပြည်နယ်များတွင် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်သင့်သည်။

          အီးယူအတွက်၊ EU-Vietnam Free Trade Agreement သည် အကောက်ခွန် ၉၀ ရာခိုင်နှုန်း ကျော်ကို ဖျက်သိမ်းထားပြီးဖြစ်သည့်အတွက် ခိုင်မာသော တွန်းအားပေးမှုကို ပေးပါသည်။ ၎င်းသည် စျေးကွက်များ ကွဲပြားရန်၊ အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် ဥရောပတွင် ဗီယက်နမ်၏ တည်ရှိမှုကို ချဲ့ထွင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသည်။ သို့သော်လည်း တတိယ နိုင်ငံ ကုန်သွယ်မှု လွှဲပြောင်းမှု၊ တင်းကျပ်သော အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများနှင့် သံမဏိနှင့် သတ္တုစပ်များ ဆိုင်ရာ အကာအကွယ် တိုးမြှင့်မှုများကြောင့် ဘေးအန္တရာယ်များ ရှိနေသေးသည်။ ဘယ်လ်ဂျီယံနှင့် EU မှ ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Tran Ngoc Quan ၏ ပြောကြားချက်အရ ဗီယက်နမ်ကုန်စည်များသည် ရေတိုအတွင်း အကျိုးအမြတ်ဆက် လက်ရရှိမည် ဖြစ်သော်လည်း စိမ်းလန်းစိုပြေသည့် ထုတ်လုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိပါက ရေရှည်ဈေးကွက်တည်ရှိမှုကို ထိန်းထားရန် ခက်ခဲမည်ဖြစ်သည်။

          မသေချာမရေရာသော ကမ္ဘာလုံးဆိုင်ရာအခြေအနေတွင် တိုးတက်မှုအရှိန်ကိုထိန်းထားနိုင်ရန် အစိုးရ၊ ကုန်သွယ်ရေးရုံးများ၊ အသင်းအဖွဲ့များနှင့် ဒေသများအကြား အနီးကပ်ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီး Dien က အလေးပေးပြောကြားခဲ့သည်။ ၂၀၂၅ ၏နောက်ဆုံးနှစ် တွင်၊ စျေးကွက်များ ကိုအမျိုးအစားခွဲရန် နှင့်ရှင်းလင်းသောအလုပ်များ ကိုသတ်မှတ်ရန် အရေးကြီးသည်။ အနုတ်လက္ခဏာတိုးတက်မှုရှိသောစျေးကွက်များသည် အမှာစာများကိုပြန်လည်ရ ယူရန် နှင့် အတားအဆီးများကိုဖယ်ရှားရပါမည်။ ပျမ်းမျှ စွမ်းဆောင်ရည်ရှိသော စျေးကွက်များသည် ၎င်းတို့၏ တိုးတက်မှုကို ထိန်းသိမ်းထားသည်နှင့် တိုးတက်မှုမြင့်မားသော စျေးကွက်များသည် ပို့ကုန်တန်ဖိုးကို အထက်သို့ ဆွဲတင်သည့် “စက်ခေါင်း” အနေဖြင့် ဆက်လက်လုပ်ဆောင် ရမည်ဖြစ် သည်။

          စျေးကွက်ချဲ့ထွင်ခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများသည် ခံနိုင်ရည်အားတည်ဆောက်ရန်၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုမြှင့်တင်ရေးဂေဟစနစ်တွင်ပါဝင်ရန်၊ထောက်ပံ့ရေးကွင်းဆက်များကို ကွဲပြား စေခြင်း၊ အစိမ်းရောင်နည်းပညာများချမှတ်ခြင်းနှင့် ခြေရာခံနိုင်မှုစံနှုန်းများကို မြှင့်တင်ရန် လိုအပ် ပါသည်။ စက်မှုအသင်းအဖွဲ့များသည် စျေးကွက်အချက်အလက်၊ လမ်းညွှန်မှုနှင့် အမှတ်တံဆိပ် ထုတ်လုပ်ခြင်းဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် ပံ့ပိုးပေးသည့် “မဏ္ဍိုင်များ” အဖြစ် ဆောင် ရွက် သင့်သည်။

Source: vietnam Plus                                                      

DOCA(ပြည်ထောင်စုနယ်မြေ)

စင်္ကာပူသည် ကမ္ဘောဒီးယားတွင် AI ဆန်းသစ်တီထွင်မှုစင်တာ တည်ထောင်ရန် စူးစမ်းရှာဖွေ

          စင်္ကာပူနိုင်ငံ၊ အမျိုးသားတက္ကသိုလ် (NUS) သည် ကမ္ဘောဒီးယားတွင် ဉာဏ်ရည်တု ဆန်းသစ်တီထွင်မှုစင်တာ သို့မဟုတ် နိုင်ငံ၏ဆန်းသစ်တီထွင်မှုစွမ်းရည်ကို အားကောင်းလာစေရန်နှင့် ကမ္ဘာ့ဈေးကွက်များသို့ရောက်ရှိရန်နှင့် ကမ္ဘောဒီးယားလုပ်ငန်းများကို ပံ့ပိုးကူညီရန်ရည်ရွယ်၍ ကမ္ဘောဒီးယားတွင် ဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှုစင်တာ သို့မဟုတ် ဉာဏ်ရည်ထက်မြက်သော လုပ်ငန်းဆောင်ပစ္စည်းများအတွက် အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ဝန်ကြီးချုပ် Hun Manet ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည့် ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီး Hang Chuon Naron နှင့် NUS မှ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင် ပါမောက္ခ Konstantin Novoselov တို့အကြား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ Novoselov က အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်နှစ်ရပ်ကို ရှင်းလင်းပြောကြားခဲ့ပြီး NUS ၏ ပူးတွဲသုတေသန စီမံကိန်းများ၊ ကျောင်းသားဖလှယ်ရေးနှင့် ပညာသင်ဆုအစီအစဉ်များတွင် သိပ္ပံနည်းကျစွမ်းရည်ရှိသော ထူးချွန်သော ကမ္ဘောဒီးယားလူငယ်များကို ခွဲခြားသတ်မှတ်ရန်၊ ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာ့စင်မြင့်တွင် ကမ္ဘောဒီးယားလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည့် AI ဆန်းသစ်တီထွင်မှုစင်တာ တည်ထောင်ရန် အလားအလာများကို စူးစမ်းလေ့လာရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Hang Chuon Naron က ကမ္ဘောဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးစီးပွားအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။  အစိုးရကျောင်းများနှင့် တက္ကသိုလ်များရှိ သိပ္ပံနှင့်ပတ်သက်သည့် စီမံကိန်းများစွာကို ရှင်းလင်းပြေားကြားခဲ့သည်။  Chuon Naron က ပညာရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယား လူငယ်များအတွက် ဆန်းသစ်တီထွင်သော Project-Based Learning ချဉ်းကပ်မှုကိုအသုံးပြု၍ STEM သင်ရိုးညွှန်းတမ်းတွင် ပေါင်းစပ်ခြင်းဖြင့် သိပ္ပံပညာရေးမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်နေကြောင်းဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် နိုင်ငံတကာကုန်သွယ်မှုသည် အနှောင့်အယှက်ဖြစ်လာနိုင်

     ဗီယက်နမ်၏ ကုန်ထုတ်လုပ်ငန်းသည် ယခုအခါ အချက်အချာကျသော အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်မှုသည် စျေးကွက်ချဲ့ထွင်ရန် လမ်းကြောင်းတစ်ခုအဖြစ်သာမက လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို အသွင်ပြောင်းရန်နှင့် အဆင့်မြှင့်တင်ရန် အားကောင်းမောင်းသန် အဖြစ်လည်း ပေါ်ထွက်လာပါသည်။

    ဟနွိုင်း (VNA) – ဗီယက်နမ်၏ ကုန်ထုတ်လုပ်ငန်းသည် ယခုအခါ အချက်အချာကျသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်မှုသည် စျေးကွက်ချဲ့ထွင်ရန် လမ်းကြောင်း တစ်ခုအဖြစ်သာမက လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို အသွင်ပြောင်းရန်နှင့် အဆင့်မြှင့်တင် ရန်အတွက် အားကောင်းမောင်းသန်အဖြစ် ပေါ်ထွက်လာပါသည်။

    “နှစ် ၈၀ မြောက် လွတ်လပ်ရေး ခရီးစဉ် – လွတ်လပ်မှု – ပျော်ရွှင်ခြင်း” ပြပွဲအပြီးတွင် စီးပွားရေး အသိုင်းအဝိုင်းသည် ဟနွိုင်းမြို့ရှိ Vietnam Exposition Center (VEC) တွင် ကျင်းပမည့် Factory Network Business Conference (FBC ASEAN 2025) အတွက် ပြင်ဆင်နေပါသည်။

     ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းပေါင်း ၂၃,၀၀၀ ခန့်ကို ဖိတ်ခေါ်ထားသည်ဟု အဆိုပါ အခမ်းအနားတွင် မျှော်လင့်ထား သည်။ ၎င်းသည် သိပ္ပံဆိုင်ရာအောင်မြင်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် စက်မှုအင်ဂျင်နီယာ၊ အလိုအလျောက်စနစ်၊ အီလက်ထရွန်းနစ်နှင့် တိကျမှုအင်ဂျင်နီယာဆိုင်ရာ နောက်ဆုံးပေါ်စက် ပစ္စည်း များနှင့် စက်ကိရိယာများကို ပြသမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် Mitsubishi Electric၊ Panasonic၊ Samsung၊ Toto၊ Fujifilm နှင့် Tiger ကဲ့သို့သော အဓိကဝယ်လက်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ရေရှည်ရောင်းချသူများနှင့် မိတ်ဖက်များကို ရှာဖွေနေစဉ် နည်းပညာများနှင့် ထုတ်ကုန်များကို တင်ဆက်ပေးမည်ဖြစ်သည်။

     ဗီယက်နမ်စက်မှုလုပ်ငန်းပံ့ပိုးကူညီရေးအသင်းဥက္ကဋ္ဌ Phan Dang Tuat က နိုင်ငံ၏ကုန် ထုတ်လုပ်မှုကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ထောက်ပံ့ပို့ဆောင်ရေးနှင့် မူဝါဒကဲ့သို့သော နယ်ပယ်များတွင် ကုမ္ပဏီများသည် အတည်မပြုနိုင်သေးသောကြောင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

     စီးပွားရေးလုပ်ငန်းများကို ကမ္ဘာ့ဈေးကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် အရည်အသွေး လက်မှတ်များရရှိစေရန် စမ်းသပ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထူထောင်ခြင်းကဲ့သို့သော ပံ့ပိုးမှုမူဝါဒများကို ဦးစားပေးဆောင်ရွက်ရန်နှင့် အစမ်းသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဖွံ့ဖြိုးတိုး တက်မှုအတွက် မျှဝေသုံးစွဲနိုင်သည့် အဆောက်အအုံများ ဖန်တီးပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက် ပေးကြောင်း သတိပြုမိကာ ၎င်းတို့ကို အခကြေးငွေပေးဆောင်ရမည့်အစား အခကြေးငွေပေး ချေမှုဖြင့် လုပ်ဆောင်နိုင်ကြောင်း အကြံပြုထားသည်။ ဗီယက်နမ်တွင် ထိုသို့သော ယန္တရားများ မရှိသေးကြောင်း ၎င်းက မှတ်ချက်ပြုသည်။

   အဆိုပါစိုးရိမ်မှုများကို ပဲ့တင်ထပ်ကာ TCI စက်မှုလုပ်ငန်း JSC ၏ ဒါရိုက်တာ Dang Thanh Binh မှ အတွေ့အကြုံနှစ် ၂၀ နီးပါးရှိသော တိကျသောစက်နှင့် အလိုအလျောက်စနစ်ဆိုင်ရာ အထူးပြုပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အထူးသဖြင့် ချေးငွေများ၊ အခွန်မက်လုံးများနှင့် နည်းပညာစံနှုန်းများကို လိုက်နာမှုတွင် အတားအဆီးများနှင့် ရင်ဆိုင်ရလေ့ရှိသည့် အသေးစားကုမ္ပဏီများဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယင်းကဲ့သို့ပင်၊ TCI သည် ပြီးပြည့်စုံသော အလိုအလျောက်စနစ်ဆိုင်ရာ ဖြေရှင်းချက်များကို တင်ပို့မှုတိုးမြှင့်နေစဉ်တွင် ဥရောပနှင့် US ရှိ မိတ်ဖက်အသစ်များထံ ဂျပန်နှင့် FDI ဖောက်သည် များကို ကျော်လွန်၍ ချဲ့ထွင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ FBC ASEAN 2025 တွင် ပါဝင်ခြင်းသည် ဖောက်သည်အသစ်များနှင့် ချိတ်ဆက်ရန် ခြေလှမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    ဝန်ထမ်းပေါင်း ၅၀၀ ကျော်ဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ နိုင်ငံတွင်းလည်ပတ်နေသော Japan's TKR Manufacturing Vietnam ၏ အထွေထွေဒါရိုက်တာ Ogawa Tsuyoshi က ကုမ္ပဏီသည် အဆိုပါပွဲမှတဆင့် ကမ္ဘာလုံးဆိုင်ရာ တပ်ဆင်သူများနှင့် ပေးသွင်းသူများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

     ညီလာခံတွင် ကုမ္ပဏီတစ်ခုတည်းက ထောက်ပံ့ရန်ခက်ခဲမည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု များ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများကို ရှာဖွေရန် ကုမ္ပဏီများကို အခွင့်အလမ်း ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

    အလားတူ Daiwa Vietnam ၏ အထွေထွေဒါရိုက်တာ Hamada Shogo က မြန်မာနိုင်ငံ၏ ပို့ကုန်စွမ်းဆောင်ရည်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော်လည်း ပြည်တွင်းကုမ္ပဏီများ၏ ဆန်းသစ်တီထွင်မှုစွမ်းရည်ကို အားကောင်းစေရန် ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအလေးပေးဆောင်ရွက်သင့်ကြောင်း သုံးသပ်ခဲ့သည်။

     ဗီယက်နမ်ထုတ်လုပ်သူများသည် ဥရောပ၊ အမေရိကန်နှင့် ဂျပန်တို့ရှိ မိတ်ဖက် အဖွဲ့အစည်းများ၏ တင်းကြပ်သောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်နေပြီဖြစ်ပြီး အရည်အသွေးအပေါ် ဆက်လက်အာရုံစိုက်ခြင်းဖြင့် နိုင်ငံ၏ ပံ့ပိုးပေးသည့်စက်မှုလုပ်ငန်းများ ပိုမိုတိုးတက်မှုအတွက် ကောင်းမွန်သောအနေအထားရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

     နိုင်ငံတကာကုန်သွယ်မှုသည် ကုန်စည်ဖလှယ်မှုတစ်ခုမျှသာမဟုတ်တော့ဘဲ ဗီယက်နမ် လုပ်ငန်းများကို စွမ်းဆောင်ရည်မြှင့်တင်ရန်၊ လုံခြုံသောမိတ်ဖက်ဆက်ဆံရေးများနှင့် ကမ္ဘာအနှံ့ ချဲ့ထွင်နိုင်စေမည့် မဟာဗျူဟာမြောက် တွန်းအားတစ်ခုဖြစ်သည်။

Source: Vietnam Plus                                                      

DOCA(ပြည်ထောင်စုနယ်မြေ)

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ခေတ်သစ်တစ်ခုဖြစ်သည့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ဖွင့်လှစ်

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်တွင်းပြည်ပခရီးသည်များအား တရားဝင်စတင်ဝန်ဆောင်မှုပေးသည့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ငန်းများ အောင်မြင်စွာစတင်နိုင်ရေးအတွက် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet မှ ဦးဆောင်းဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင်  လေကြောင်းကဏ္ဍသည် ခရီးသွားများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံရေးကွန်ရက်များနှင့် ဘက်စုံလုပ်ငန်းဆောင်ရွက်ခြင်းများကို ချိတ်ဆက်ရန် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း Hun Manet က ပြောကြားခဲ့သည်။  နိုင်ငံတော်ဝင်ငွေ၏ အဓိကရင်းမြစ်တစ်ခု အနေဖြင့် အဆိုပါ လေဆိပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ သံတမန်ဆက်ဆံရေး ခိုင်မာစေရန်နှင့် အခြားနေရာများကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလာသူများ အထူးသဖြင့် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သူများအတွက် ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေရန်အတွက် ၎င်း၏ နိုင်ငံတကာလေဆိပ်များကို တိုးချဲ့ပြင်ဆင်ကာအဆင့်မြှင့်တင်ခဲ့ကြောင်း ထပ်လောင်းပြောကြား ခဲ့သည်။ Kandal ခရိုင်နှင့် Takeo ခရိုင်တွင်နှစ်ခုအကြားတွင်တည်ရှိသော Techo အပြည်ပြည် ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင် အသစ်တစ်ခုဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့် အကုန်အကျခံကာ တည်ဆောက်ထားကာ လေဆိပ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းကွန်ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရပ်တည်ချက်ကို အားကောင်းစေမည့် ကမ္ဘာ့တံခါးပေါက်သစ်ဖြစ်လာရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ် Hun Manet  ကဆက်လက်ပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ လေကြောင်း ပို့ဆောင်ရေး၀န်ကြီး Dr.Mao Havannal နှင့် ခရီးသွား၀န်ကြီး Huot Hak တို့တက်ရောက်ခဲ့ကြသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ