Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အလားအလာရှိသော ခမာထုတ်ကုန်များကို တင်ပို့သူများအတွက် လေ့ကျင်ရေးအစီအစဉ်အသစ် များကို စတင်

   Khmer Enterprises သည် အလားအလာရှိသော ခမာထုတ်ကုန်များကို ပြင်ပဈေးကွက် များသို့ တင်ပို့ရောင်းချလျက်ရှိသော တင်ပို့ရောင်းချသူများအတွက် လေ့ကျင့်ရေးအစီအစဉ် အသစ်များကို စတင်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် အဓိကအားဖြင့် ပို့ကုန်များအတွက် အစား အသောက်ဘေးကင်းရေးနှင့် ထုတ်ကုန်တံဆိပ်ကပ်ခြင်းတို့ကို အဓိကထားလုပ်ဆောင် ပြီး  ပါဝင်သူများသည် ကမ္ဘာလုံးဆိုင်ရာပို့ကုန်ဈေးကွက်များတွင် ၎င်းတို့၏ ထုတ်ကုန်များကို မရောင်းချမီ နိုင်ငံတွင်းနှင့် နိုင်ငံတကာ အစားအစာဘေးကင်းရေး စံချိန်စံညွှန်းများကို သိရှိ နားလည်ရန် ရည်ရွယ်ထားကြသည်။ ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Khmer Enterprise သည် စွန့်ဦးတီထွင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် 'Small Package Exporter Champions (SPEC)' အစီအစဉ်ကဲ့သို့သော ပို့ကုန်အစီအစဉ်များအပါအဝင် လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးမည့် အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။  SPEC ပဏာမခြေလှမ်းသည် SME လုပ်ငန်းများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရန် လမ်းညွှန်မှုများနှင့် အရင်းအမြစ်များကို ပံ့ပိုးပေး လျက်ရှိသည်။ Khmer Enterprise ၏ အမျိုးမျိုးသော အစပျိုးမှုများတွင် စီးပွားရေး အစီအစဉ် ပြိုင်ပွဲများ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရန်အတွက် ကွန်ရက်ချိတ် ဆက်ပွဲများ၊ နိုင်ငံတကာ အစားအစာဘေးကင်းရေးစံနှုန်းများကဲ့သို့ အသိအမှတ်ပြုလက်မှတ်များ ရရှိရန် ပံ့ပိုးမှုများလည်း ပါဝင်သည်။

DOCA(ရန်ကုန်)

MEF သည် biz ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဒစ်ဂျစ်တယ် လိုက်နာမှုများကို တွန်းအားပေး

   ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် ဒစ်ဂျစ်တယ် အစီရင်ခံခြင်း၊ လိုက်နာမှုနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် စာရင်းအင်းနှင့် စာရင်းစစ်စည်းမျဉ်းစည်းကမ်း (ACAR) လိုက်နာရန် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MEF) မှ တိုက်တွန်းထားသည်။ Pornmoniroth က ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍနှစ်ခုစလုံးအတွက် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြခဲ့ပြီး စီးပွားရေး လုပ်ငန်းများအတွက်၊ ဒစ်ဂျစ်တယ်နည်းပညာသည် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ကုန်ကျစရိတ်များကို လျှော့ချပေးခြင်းနှင့် ထောက်ပံ့ရေး ကွင်းဆက်များကို အားကောင်းစေကာ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသည် ဟုဆိုသည်။ အစိုးရကဏ္ဍ အတွက် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရန်၊ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ် ကူစေရန်နှင့် ပိုမိုထိရောက်သော ပြည်သူ့ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် အရေးကြီးကြောင်း၊ လုပ်ငန်းတစ်ခုလုံးကို အားကောင်းစေပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားကောင်း စေကြောင်း Pornmoniroth က ဆက်လက်ပြောကြားခဲ့သည်။  Pornmoniroth က (Bureaucratic) ဗျူရိုကရက်တစ် ရှုပ်ထွေးမှုကို လျှော့ချရန်၊ ပြည်သူ့အုပ်ချုပ်ရေး စွမ်းဆောင် ရည်ကို မြှင့်တင်ရန်၊ စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုကို အားဖြည့်ရန်နှင့် ရင်းနှီးမြှုပ်နှံသူ များနှင့် လုပ်ငန်းများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် တုံ့ပြန်ရန် ကမ္ဘောဒီးယား၏ အလုံးစုံသော စီးပွားရေး ပတ်ဝန်းကျင်ကိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း Pornmoniroth က မှတ်ချက်ပြုခဲ့သည်။

DOCA(ရန်ကုန်)

TR နှင့် MBCC သည် ယုံကြည်မှုကဏ္ဍတွင် စီးပွားရေးပါဝင်မှုကို ချဲ့ထွင်ရန် အင်အားစုများ ပူးပေါင်းဆောင်ရွက်

  ကမ္ဘောဒီးယားရှိ Trust Regulator (TR) နှင့် မလေးရှားကုန်သည်ကြီးများအသင်း (MBCC) တို့သည် ယုံကြည်မှုကဏ္ဍတွင် အသိပညာနှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန်အတွက် စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ပွင့်လင်းမြင်သာမှုမြှင့်တင်ရန် နှင့်နားလည်မှုမြှင့်တင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘောဒီးယား နိုင်ငံ၏ ယုံကြည်မှုကဏ္ဍကိုအားကောင်းစေမည့်သဘောတူညီချက်ကို TR ၏ ညွှန်ကြားရေးမှူးချုပ် Sok Dara နှင့် MBCC ဥက္ကဋ္ဌ Tan Khee Meng တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ဖနွမ်းပင်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကမ္ဘောဒီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရာတွင် တက်ကြွစွာပါဝင်သည့် စီးပွားရေးတည်ထောင်သူများ၊ ပိုင်ရှင်များနှင့် စွန့်ဦးတီ ထွင်သူများ အပါအဝင် MBCC အဖွဲ့ဝင်များနှင့် မိတ်ဖက်များအတွက် အဆိုပါ ပဏာမခြေလှမ်း သည် ပွင့်လင်းမြင်သာမှု၊ ပိုင်ဆိုင်မှုကာကွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများတွင် ဘဏ္ဍာရေးဆိုင်ရာ အုပ်ချုပ်မှုတို့ကို ပံ့ပိုးပေးသည့် ယုံကြည်မှုကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ရန်ရည်ရွယ်ထားကြောင်း ထုတ်ပြန်ထားသည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအ နားသို့ FSA စည်းမျဉ်းစည်းကမ်းအဖွဲ့များ၊ TR အရာရှိများ၊ MBCC အမှုဆောင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အာမခံအော်ပရေတာများ၊ တန်ဖိုးဖြတ်ကုမ္ပဏီများနှင့် ကမ္ဘောဒီးယား၏ ယုံကြည်မှုကဏ္ဍရှိ စာရင်းစစ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

DOCA(ရန်ကုန်)

သြဂုတ်လတွင် ဗြီတိန်နိုင်ငံ၏ လျှပ်စစ်ကားရှယ်ယာများ အမြင့်ဆုံးစံချိန်ထိ မြင့်တက်လျက်ရှိ

  ဗြိတိန်နိုင်ငံလျှပ်စစ်ကား (BEV) မှတ်ပုံတင်ခြင်းများသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၉ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိရာ သြဂုတ်လတွင် ရှယ်ယာများသည်အမြင့်ဆုံးစံချိန်အဖြစ် ရောက်ရှိခဲ့ကြောင်း မော်တော်ကားထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးအဖွဲ့အစည်း (SMMT) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ စျေးကွက်ရှယ်ယာများသည် သြဂုတ်လ တွင် ၂၆.၅ ရာခိုင်နှုန်းဖြင့် ရပ်တည်လျက်ရှိပြီး ၄ ကြိမ်မြောက်အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း  SMMT အစီရင်ခံစာများအရ သိရပါသည်။ ယခုနှစ် ပထမ ၈ လအတွင်းတွင် ဗြီတိန်နိုင်ငံကားအသစ်စျေး ကွက်သည် ၂.၁ ရာခိုင်နှုန်းခန့် ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လလယ်တွင် ဗြီတိန်နိုင်ငံ အစိုးရသည် ဓာတ်ငွေ့ထုတ်လုပ်မှု ကင်းစင်သောမော်တော်ကားများအသွင်သို့ကူးပြောင်းမှုကို ထောက်ပံ့ရန်နှင့် ရေရှည်တည်တံ့သော မော်တော်ကားထုတ်လုပ်မှုများကို နှိုးဆော်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည် စုစုပေါင်းတန်ကြေး ပေါင် ၆၅၀ သန်း (အမေရိကန်ဒေါ်လာ ၈၇၈ သန်းခန့်) တန်ကြေးရှိသော ဓာတ်ငွေ့ထုတ်လုပ်မှုကင်းစင်သော မော်တော်ကားများကို တစ်စီး လျှင် ပေါင် ၃၇၀၀၀ အောက်တွင် ‌ရောင်းချနိုင်ရန်အတွက် စီစဥ်လျက်ရှိကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

သဘာဝဓာတ်ငွေ့ကို ဦးစားပေးရန်အတွက် ကော်မတီဖွဲ့စည်းလိုက်သည့် ဖိလစ်ပိုင်နိုင်ငံမှ DOE

ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဦးစီးဌာန (DOE) သည် ပြည်ပတင်သွင်းထောက်ပံ့မှုထက် ပြည်တွင်း သဘာဝဓာတ်‌‌ငွေ့များအပေါ် အလေးထားလုပ်ဆောင်မှုအပေါ် ကြီးကြပ်ကွပ်ကဲရန် အတွက် အဆင့်မြင့် အကဲခတ်တွက်ချက်ရေးကော်မတီ (REC) အား ဖွဲ့စည်းတည်ထောင်လိုက် ကြောင်း သိရပါသည်။ REC သည် သတ်မှတ်ထားသော သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်း များနှင့်အညီ လိုက်လျောညီထွေရှိစေရန် ထောက်ပို့သူများမှ လက်ခံထားသော စျေးနှုန်းနည်း စနစ်များကို စောင့်ကြည့်ရန် ဆောင်ရွက်နေကြောင်း သိရပါသည်။ DOE ၏ လက်အောက်ရှိ စွမ်းအင်အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှု ဗျူရို (ERDB) နှင့် လောင်စာဆီခန့်ခွဲမှုဗျူရို (OIMB) တို့သည် အဆိုပါ ကော်မတီတွင် သဘာပတိအဖြစ် DOE မှ တစ်ခြားသော တရားဝင်စာ မထုတ်ပြန်ခင်အထိ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ‌ကော်မတီတွင် ERDB နှင့် OIMB တို့ကို ကြီးကြပ်ကွပ်ကဲသည့် DOE မှ လက်ထောက်အတွင်းရေးမှူးဆိုသူက ကိုယ်စားသဘာပတိအဖြစ် လည်းကောင်း၊ ERDB၊ OIMB တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း စသဖြင့် အသီးသီးပါဝင် ကြောင်းသိရပါသည်။ အဆိုပါ REC ကို နည်းပညာဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အ‌ထောက်အကူများ ထောက်ပံ့နိုင်ရန်အတွက် ERDB လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သော နည်းပညာ ဆိုင်ရာ အလုပ်သမားအဖွဲ့ ဖန်တီးမည့် ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်တင်ပို့မှု မှီခိုမှုအား လျော့ချနိုင်ရန် ဖြစ်ကြောင်းသိရပါသည်။ ပြည်တွင်းသဘာဝဓာတ်ငွေ့များ အသုံးချခြင်း သည် သန့်စင်သော လျှပ်စစ်ထောက်ပံ့မှုများကို ပြုလုပ်နိုင်ရုံသာမက ခရီးရှည်တင်ပို့ဖြန့်ဖြူးရ သည့် ကုန်ကျစရိတ်ကိုပါ သက်သာစေနိုင်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် လျှပ်စစ်ပစ္စည်း စျေးနှုန်းများကိုလျော့ကျ စေနိုင်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဝတ်အစားတင်ပို့မှုများ ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိ

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အစားတင်ပို့သူများသည် အမေရိကန်နိုင်ငံသို့ တင်ပို့မှုများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အဆုံးသတ်တွင် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတင် ခဲ့ပြီး အဆိုပါမြင့်တက်ခြင်းသည် အဓိကအားဖြင့် တရုတ်နိုင်ငံမှ အလုပ်အော်ဒါများလက်ခံရရှိခြင်း ကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင်နှစ် ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၇.၅၄ ဘီလီယံခန့်တန်ကြေးရှိသော အဝတ်အထည်များကို တင်ပို့ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း တင်ပြခဲ့ပါသည်။ အဆိုပါမြင့်တက်မှုများရှိသော် လည်း အမေရိကန်နိုင်ငံသို့တင်ပို့သော အဝတ်အထည်တင်ပို့မှုအားလုံး၏ ရှယ်ယာများသည် တစ်နှစ်ထက်တစ်နှစ် ၁၉.၁၈ ရာခိုင်နှုန်းခန့်သာ မြင့်တက်လျက်ရှိကြောင်း တင်ပို့မှုမြှင့်တင်ရေး ဗျူရို (EPB) ၏ ဖော်ပြချက်များအရ သိရပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသို့ တင်ပို့မှုများ၏ အများစုသည် ရက်လုပ်ထားသော အဝတ်အထည်များသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တစ်ခုတည်းသော အကြီးမားဆုံးစျေးကွက်ဖြစ်ကြောင်း သိရပါသည်။ ရက်လုပ်အဝတ် အထည် တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကာလအတွင် ဇာထိုးအထည် ပြုလုပ်သူများ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် အမေရိကန်ဒေါ်လာ ၂.၅၉ ဘီလီယံခန့် ၁၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ (EU) သည် တရုတ်နိုင်ငံပြီးနောက် ဒုတိယအကြီးမားဆုံး အဝတ်အထည် စျေးကွက်ဖြစ်သော တောင်အာရှနိုင်ငံများမှ ‌ရောင်းချသော အဝတ်အထည်များ၏ တစ်ဝက်ခန့်ကို ဝယ်ယူခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်တွင် EU သို့တင်ပို့သော အဝတ် အထည်တင်ပို့မှုသည် ၉ ရာခိုင်နှုန်းခန့် အမေရိကန်ဒေါ်လာ ၁၉.၇ ဘီလီယံခန့် မြင့်တက်လာ ကြောင်း သိရပါသည်။ EU စျေးကွက်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်းများသည် အခွန် ကင်းလွတ်ခွင့်များရရှိပြီး ဂျာမနီနိုင်ငံသည် အဓိကပန်းတိုင်ဖြစ်ပြီး တစ်ခြားအလေး ထားတင်ပို့သော နိုင်ငံများမှာ စပိန်၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံများဖြစ်ကြောင်း EFB ၏ ပြောကြားချက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝတ်အထည်ရောင်းဝယ်ရေး၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး ဆိုသူ Mohiuddin Rubel က ကနဦးလုပ်ဆောင်ချက်အနေဖြင့် ပြည်တွင်း အဝတ်အထည်နှင့် အထည်အလိပ်များကို မြှင့်တင်ရမည်ဖြစ်ကြောင်းနှင့် ပြည်ပ စျေးကွက်၏ ပြောင်းလဲမှု အခြေအနေများကို အမြဲစောင့်ကြည့်နေရန် ပြောကြားခဲ့ကြောင်း သိရပါသည်။ Rubel က အမေရိကန်နိုင်ငံ၏ စီးပွားရေးသည်  EU ထက်ပိုမိုလျှင်မြန်စွာ ပြန်လည်  ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကျိုးရှိစေ သည့် တရုတ်နိုင်ငံမှ ငြင်းပယ်လိုက်သောပစ္စည်းများကို ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံသို့တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၄၆ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိပြီး လက်လီရောင်းသူများ ယုံကြည်မှု ပြန်လည်ဖြစ်ပေါ်စေနိုင် ကြောင်း Envoy Textiles ကုမ္ပဏီမှ စီမံခန့်ခွဲ‌ရေးညွှန်းကြားရေးမှူးဆိုသူ Tanvir Ahmed က ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံသို့ TSMC ၏ ချစ်ပ်ထုတ်လုပ်ရေးကိရိယာတင်ပို့မှုကို ကန့်သတ်လိုက်သည့် အမေရိကန်နိုင်ငံ

   အမေရိကန်နိုင်ငံ သမ္မတ Donald Trump ၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံသို့ လိုင်စင် မရှိဘဲ ချစ်ပ်ထုတ်လုပ်ရေးကိရိယာများတင်ပို့နေသည့် ထိုင်ဝမ်နိုင်ငံမှအကြီးစား Semiconductor ထုတ်လုပ်သည့် TSMC ၏ လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းခဲ့ပြီး အမေရိကန်နိုင်ငံတွင်း နည်းပညာဝင်ရောက်မှုများကို ကန့်သတ်မှုများပြု  လုပ်လျက်ရှိကြောင်း သိရပါသည်။  အဆိုပါ  လုပ်ဆောင်မှုသည် နိုင်ငံခြားလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သူများကို အမေရိကန်နိုင်ငံ ကုန်ပစ္စည်းများတင်ပို့ရန်နှင့် တရုတ်နိုင်ငံတွင် နည်းပညာလိုင်စင်များဖြင့် ချစ်ပ်ဆက်များ ပြုလုပ် ရန်အတွက် ခွင့်ပြုနိုင်မည့် တရားဝင်အသုံးပြုသူ (VEU) စီမံကိန်းကို အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အဆုံးသတ်ရန်အတွက် ဖြစ်ကြောင်းသိရပါ သည်။ TSMC သည် စမတ်ဖုန်းများ၊ Nvidia နှင့် Apple ကုမ္ပဏီများကဲ့သို့ ကုမ္ပဏီကြီးများတွင် အသုံးပြုသော ချစ်ပ်ဆက်များကို ထုတ်လုပ်သည့် ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကုမ္ပဏီသည် ၎င်း၏ ထိုင်ဝမ်နိုင်ငံတွင်သာ အဓိကထား၍ ထုတ်လုပ်လျက်ရှိ ကြောင်းသိရပါသည်။ ထိုင်ဝမ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံ ၏ လုပ်ဆောင်မှုသည် စက်ရုံများ၏ အနာဂတ်လည်ပတ်မှုများတွင် အကျိုးသက်ရောက်မှုများဖြစ် စေနိုင်မည်ဟု မျှော်မှန်းကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဝန်ကြီးဌာနသည် TSMC ၏ Nanjing စက်ရုံသည် ၎င်းတို့စုစုပေါင်းချစ်ပ်ဆက်ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်  နိုင်ခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဌာန၏ စက်မှုလုပ်ငန်းနှင့် လုံခြုံရေးဗျူရိုက VEU တွင် မူလပါဝင်သူများသည် ဖက်ဒရယ် မှတ်ပုံတင်ခြင်းတွင် တင်ပို့လိုင်စင် လျှောက်လွှာတင်ရန်နှင့် ခွင့်ပြုမိန့်ရရှိရန်အတွက် ရက်ပေါင်း ၁၂၀ ခန့် အချိန်ရရှိကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါဗျူရိုသည် လိုင်စင်များကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို တရုတ်နိုင်ငံအခြေစိုက်စက်ရုံများတွင် ဆက်လက်လည်ပတ်နိုင်ရန် အတွက်သာခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏ ထုတ်လုပ်မှုချဲ့ထွင်ရန်နှင့် နည်းပညာအဆင့်မြှင့်တင်ရန် အတွက် လိုင်စင်များကို ထုတ်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

လျှင်မြန်စွာဖွံ့ဖြိုးလာသည့် ဗီယက်နမ်စျေးကွက်အပေါ်မျက်စိကျနေသည့် ကိုရီးယားနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံများ

 ဝင်ငွေမြင့်တက်လာမှုများ၊ သက်ကြီးရွယ်အိုလူဦးရေ များပြားလာခြင်းနှင့် လူမှုနေထိုင်မှု ဆိုင်ရာရောဂါများကြောင့် ဗီယက်နမ်နိုင်ငံ၏ ဝယ်လိုအားကို တွန်းအားပေးလျက်ရှိပြီး နိုင်ငံသား တစ်ဦးချင်းအသုံးစရိတ်မြင့် တက်မှုသည် ကျန်းမားရေးအသုံးစရိတ်များကို မြှင့်တက်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအခွင့် အလမ်းများကို ရှာဖွေနိုင်ရန်အတွက် ကိုရီးယားနိုင်ငံ စက်ရုံများသည် ပြည်တွင်းလက်အောက်ခံကုမ္ပဏီများကို တည်ထောက်လျက်ရှိပြီး ဗီယက်နမ် နိုင်ငံရှိ ဆေးဘက်ဆိုင်ရာတရားရုံးများမှတစ်ဆင့် ကုန်ပစ္စည်းထောက်ခံပေးမှုများကို ရှာဖွေနေ ကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံမှ ဆေးဝါးနှင့်ဇီဝနည်းပညာစက်ရုံများသည် ၎င်းတို့၏ အာရုံစူးစိုက်မှုကို ဆေးဝါးစျေးကွက်လုပ်ငန်းများ၏ အလားအလာရှိသောနိုင်ငံများထဲမှတစ်ခု ဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများဘက်သို့ ကူးပြောင်းလာပြီဖြစ် ကြောင်း သိရပါသည်။ ကိုရီးယားနိုင်ငံ ဆေးဝါးနှင့် ဇီဝနည်းပညာ ထုတ်လုပ်သူများအဖွဲ့အစည်း၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်း စျေးကွက်တန်းသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ အထိ တန်ဖိုးရှိနေပြီဖြစ်ကြောင်းနှင့် ယခင်ဆယ်စုနှစ်ထက် ၇.၃ ရာခိုင်နှုန်း တိုးတက်လာမှုရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြား မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နေပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်ရေးကို အဆင့်မြှင့်တင်ရန်အတွက် နည်းပညာလဲလှယ်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။ Celltrion စက်ရုံသည် ၎င်းတို့၏ ဗီယက်နမ်လက်အောက်ခံကုမ္ပဏီကို ၂၀၂၄ ခုနှစ်တွင် စတင်တည်1ထောင် ခဲ့ပြီး တိုးချဲ့မှုများကို ဆက်လက်ပြုလုပ်သွားလျက်ရှိကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် လက်ရှိတွင် ဇွန်လနှင့် သြဂုတ်လတွင် စတင်ကြေညာခဲ့သော Remsima နှင့် Herzuma အမည်ရှိ သော ဆေးဝါးနှစ်မျိုးကို အတည်ပြုမှုရရှိခဲ့ပြီး ၂ နှစ်ကြာ ဖြန့်ဝေပိုင်ခွင့်စာချုပ်ကို ဗီယက်နမ်နိုင်ငံရှိ ဆေးရုံများနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါသည်။ တစ်ခြားသောစက်ရုံများသည် လက်ရှိ တွင် ထောက်ခံမှုများမှတစ်ဆင့် ဖြန့်ဝေမှုများပြုလုပ်နေကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် Dongwha Pharm ကုမ္ပဏီသည် ပြည်တွင်းဆေးဝါးရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော Trung Son Pharma မှ ရှယ်ယာများကို ရယူခြင်းဖြင့် စျေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကတည်းကစတင်၍ ၎င်း၏ ဆိုင်ခွဲများကို ၁၄၀ ဆိုင်မှ ၂၃၉ ဆိုင် အထိ ချဲ့ထွင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ဆိုင်ခွဲပေါင်း ၄၆၀ အထိ ဖွင့်လှစ်နိုင်ရန် စီစဥ်ထားကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

IC-CEPA အကောင်အထည်ဖော်ပြီးချိန်မှစ၍ အင်ဒိုနီးရှား-ချီလီ ကုန်သွယ်ရေးဆက်လက်ကြီးထွား

               အင်ဒိုနီးရှားဒုတိယကုန်သွယ်ရေးဝန်ကြီး Roro Esti က အင်ဒိုနီးရှား-ချီလီဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IC-CEPA) အကောင်အထည်ဖော်ပြီးချိန်မှစ၍ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်လက်ကြီးထွားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့်ချီလီ-အင်ဒိုနီးရှားကုန်သွယ်ရေး ချိတ်ဆက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် Esti က နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဆက်ဆံရေးအားကောင်းခဲ့ကြောင်း၊ ၎င်းသည် မိတ်ဖက်ဖွဲ့မှုနောက်တွင် နှစ်နိုင်ငံကြားတင်ပို့မှုတန်ဖိုးများ မြင့်တက်လာမှု၏ သက်သေဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IC-CEPA သဘောတူညီချက်မရရှိမီက နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၃၀၄ သန်းသာရှိရာမှ အကောင်အထည်ဖော်ပြီးနောက်တွင် အမေရိကန်ဒေါ်လာ ၄၄၆ သန်းထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Esti က၎င်းသည် အပြန်အလှန်ဆက်ဆံ ရေးတွင် စာမျက်နှာသစ်တစ်ခုဖြစ်ခဲ့ပြီး ကုန်စည်နှင့်ဝန်ဆောင်မှုကို ကျော်လွန်၍ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာ၊ ဆောက်လုပ်ရေး၊ ကြေးနန်းဆက်သွယ်ရေးများ၊ ဖြန့်ဖြူးရေး၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်၊ သတ္တုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် ကဏ္ဍများသို့ ပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ချီလီ၏ ပို့ကုန်မြှင့်တင်ရေးအေဂျင်စီဖြစ်သည့် ProChile ကနှစ်နိုင်ငံစလုံးမှ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်ရေးဦးဆောင်သူများကြားကျင်းပသည့် အစည်းအဝေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များရှာဖွေရန် ရည်ရွယ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ၎င်းသည် စီးပွားရေးသံတမန်ရေးတွင် ယုံကြည်မှု၊ အရည်အသွေး နှင့် ဆန်းသစ်တီထွင်မှုတို့၏ အခန်းကဏ္ဍကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ProChile ၏ ညွှန်ကြားရေးမှူးချုပ် Ignacio Fernandez က အာဆီယံနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားနှင့် ကုန်သွယ်ရေးအားကောင်းခြင်းသည် အစားအစာ၊ အကောင်းစားဝိုင်၊ ဝန်ဆောင်မှုများ၊ နည်းပညာ နှင့် အနုပညာများအတွက် ချီလီ၏ပို့ကုန်ဈေးကွက်များကွဲပြားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇၁.၉ သန်း ရှိပြီး အင်ဒိုနီးရှားကကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၀၁.၉ သန်းရရှိခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

အရည်အသွေးမြင့်သစ်တော်သီးများ ဗီယက်နမ်သို့တင်ပို့ခဲ့သည့် တောင်ကိုရီးယား

               တောင်ကိုရီးယား၏ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် ဗီယက်နမ်သို့ ၂၀၂၅ ရာသီသစ်တော်သီး ပထမအသုတ်တင်ပို့သည့် အခမ်း အနားကို စက်တင်ဘာလ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ပမာဏ ၁၆.၂ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၀၀၀ ရှိသည့် ပထမအသုတ်တင်ပို့မှုကို ဟိုချီမင်းမြို့တော်နှင့် ဟနွိင်း အစရှိသည့် ဗီယက်နမ်၏ အဓိကမြို့တော်များတွင် ဖြန့်ဖြူးမည်ဟု သိရပါသည်။ အေးမြသော ရာသီဥတုနှင့် မြင့်မားသောအရပ်ရှိသည့် Lai Chau ၊Lao Cai ၊ Ha Giang နှင့် Cao Bang ကဲ့သို့သော မြောက်ပိုင်းရှိ တောင်တန်းထူထပ်သောပြည်နယ်များတွင် အနည်းငယ်စိုက်ပျိုးနိုင်သော်လည်း ဗီယက်နမ်၏ရာသီဥတုသည် သစ်တော်သီးစိုက်ပျိုးရန် ယေဘူရအားဖြင့် မသင့်တော်ကြောင်း သိရပါသည်။  သို့သော် ပြည်တွင်းစိုက်ပျိုးသည့်သစ်တော်သီးများမှာ ရိတ်သိမ်းရာသီတိုတောင်းခြင်းနှင့် အအေးခန်းသိုလှောင်မှုမရှိပါက ပုပ်သိုးလွယ်သောကြောင့် အရွယ်အစားသေးငယ်ကြောင်း သိရပါသည်။ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် လည်း ၎င်းတို့၏သစ်တော်သီးများအား ဗီယက်နမ်ဈေးကွက်တွင် အရည်အသွေးမြင့်သစ်သီး အဖြစ် ရပ်တည်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ တင်ပို့သူများသည်လည်း သစ်သီး၏ အထူးချိုမြိန်မှု၊ လတ်ဆတ်မှုနှင့် တင်းကျပ်သည့်စံနှုန်းများလိုက်နာမှု အပေါ် အသားပေးပြောကြား ခဲ့ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်း cooperative များသည် တန်ချိန် ၂၀၀ ရှိသော သစ်တော်သီးများကို ထိုင်းနှင့် အင်ဒိုနီးရှားအစရှိသည့် အခြားအရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ကာ ဒေသတွင်းတိုးချဲ့ရန် စီစဉ်နေကြောင်း သိရပါသည်။ Jeonju Horticultural Cooperative ၏ ဥက္ကဌဖြစ်သူ Lim Jong-gyeong က ထိုတင်ပို့မှုသည် စိုက်ပျိုးရေးသမားများနှင့် cooperative များကြား ပူးပေါင်းအားထုတ်မှုကိုရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ ပြင်းထန်သောယှဉ်ပြိုင်မှုရှိနေသော်လည်း Jeonbuk သစ်တော်သီးများသည် ၎င်းတို့၏ မြင့်မားသောအရည်အသွေးနှင့် အစားအစာလုံခြုံစိတ်ချရမှုတို့ကြောင့် အရှေ့တောင်အာရှ ဈေးကွက်တွင် ဦးဆောင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ