Main menu

HighLight News

Powered by Drupal

ဘားအံမြို့ရှိ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

                စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၈-၁၁-၂၀၂၄ ရက်၊ တနင်္လာနေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သူနာပြုသင်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

            အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို  Power Point ဖြင့် ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန်  ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၉) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၃၆)ဦး စုစုပေါင်း ဦးရေ(၁၄၅) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘီးလင်းမြို့နယ် အနိုင်းမွန်ကျေးရွာ (အ.မ.က) မူလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

            မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ် အနိုင်းမွန်ကျေးရွာ (အ.မ.က) မူလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

              ထိုဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသောကုန်စည်များ ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းထွေးနှင့် ဆရာ/ ဆရာမ (၁၁) ဦး ကျောင်းသား/ကျောင်းသူ (၉၅) ဦး တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် နိုဝင်ဘာလ ၁၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့ရှိ ကုန်စုံဆိုင်ကြီးများနှင့် ဆေးဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် “ဆွီ” ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ၁၈.၁၁.၂၀၂၄ ရက်နေ့တွင် “ဆွီ” အမှတ်တံဆိပ် ဟင်းမွှေးမဆလာထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

             ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကိုပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နှင့်အောင်သုခရပ်ကွက်အတွင်းရှိကုန်စုံဆိုင်များတွင် စားဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              ၁၄.၁၁.၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ မသမီးကုန်စုံဆိုင်နှင့် အောင်သုခရပ်ကွက်အတွင်းရှိ မေမေကုန်စုံဆိုင်တို့တွင် စားဆီအမျိုးမျိုးရောင်းချခြင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Mazin အမှတ်တံဆိပ်စားဆီနှင့် ပဲလုံးဆီတို့ကိုစစ်ဆေးခဲ့ပြီး အဆိုပါစားဆီအမျိုးမျိုးတို့တွင်  ကုန်အညွန်းအမှတ်အသားများဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသည့် ပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ် ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှပြုလုပ်သော “ကွန်ပျူတာသင်တန်း” ရှိ သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

              ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှပြုလုပ်သော “ကွန်ပျူတာသင်တန်း” ရှိ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရပါသည်။

              အဆိုပါ ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးခဲ့သည်။ ထို့နောက် မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသောကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း Call Center No. (1535) ဆက်သွယ် မေးမြန်းနိုင်ကြောင်းဟောပြောခဲ့ပြီး သင်တန်းသား/ သင်တန်းသူများမှ သိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် “အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုး” နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

               ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော  အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့် ကိုက်ညီမှု ရှိ/ မရှိစစ်ဆေးခဲ့ရာ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အား မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

                ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောစားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) တွင်ဖော်ပြထားသော ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှုမရှိပါကြောင်း၊ လုပ်ငန်းရှင်မျာအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

             မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များသည် ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်းတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များအား ဆန်ဈေးနှုန်းမတည်ငြိမ်စေမှုဖြစ်ပေါ်စေရန် သိုလှောင်မှု၊ ရောင်းချဖြန့်ဖြူးမှုမပြုရန်အတွက် အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

               မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅.၁၁.၂၀၂၄) ရက်နေ့ ညနေ (၁၅:၃၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် (၁၁.၁၁.၂၀၂၄) မှ (၁၆.၁၁.၂၀၂၄) ထိ (၁) ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၂၉) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

               အဆိုပါ စားအုန်းဆီများကို သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် ဘီးလင်းမြို့နယ်အတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/ လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူ ပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News