လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာ၊ “ဖြိုးရတနာကြွယ်”ဆန်စက်သို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် လပွတ္တာမြို့နယ်၊ ဆာကျင်းကျေးရွာ၊ “ဖြိုးရတနာကြွယ်”ဆန်စက်သို့သွားရောက်၍ ဆန်/စပါး၊ ဈေးကွက်အခြေအနေနှင့် စီးဝင်/စီးထွက်မှုအခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးက ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ စီးဝင်/စီးထွက်အခြေအနေများကို မေးမြန်းစုံစမ်းခဲ့ရာ ဆန်စက်ပိုင်ရှင်က နွေစပါးပေါ်ချိန်တွင် ရာသီအမှီဝယ်ယူခြင်း၊ သိုလှောင်ခြင်းများစနစ်တကျပြုလုပ်လျက်ရှိကြောင်း၊ ဈေးနှုန်းမှန်ကန်မှုရှိစေရေးနှင့် အများနည်းတူ စက်ပိုင်များအနေဖြင့် ဝယ်ယူသိုလှောင်မှုများပြုလုပ်နေရကြောင်း သိရှိရပါသည်၊ ထို့နောက်ဆန်စက်လည်ပတ်မှုအခြေအနေနှင့် မီးဘေးလုံခြုံရေး စနစ်တကျထားရှိစေရေး၊ ဆန်/စပါးများသိုလှောင်ထားရှိမှု စနစ်တကျရှိစေရေး၊ တောင်သူများထံမှ စပါးများဝယ်ယူရာတွင်လည်း ဈေးနှုန်း၊ အလေးတင်း၊ တောင်း၊ အချိန်အတွယ်မှန်ကန်စွာဝယ်ယူနိုင်ရေးနှင့် မလိုလားအပ်သောပြသနာများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်ပေါ်လာပါက ဆန်စပါးများရေမစိုစေရေးအတွက် စီမံထားရှိရန် သဘာဝဘေးနှင့်ရင်ဆိုင်ရလျှင် မိမိတို့ဒေသအတွက် ကူညီဆောင်ရွက်ပေးကြစေရန်နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်ပိုင်၊ ကုန်သည်၊ တောင်သူတို့နှင့်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
DOCA(ဧရာဝတီ)