ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းဦးဆောင်၍ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး) ဝန်ထမ်းများအဖွဲ့သည် တပ်ဦးသီတာရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင် ဉီးဗန်ဇမှုန်အား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။
မုန့်လုပ်ငန်းရှင် ဦးဗန်ဇမုန်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ ( ၂၀၁၉ ) အခန်း ( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
မုန့်လုပ်ငန်းရှင် ဉီးဗန်ဇမုန်အား ကုန်အမှတ်တံဆိပ်တွင် ပြည့်စုံစွာထည့်သွင်း ဖော်ပြပါက အခြားမုန့်လုပ်ငန်းရှင်များနှင့်နှိုင်းယှဉ်လျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူမှကုန်အမှတ်တံဆိပ် ပြည်စုံမှုရှိသောမုန့်များကိုသာ ရွှေးချယ်ဝယ်ယူစားသုံးမည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်မပြည့်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်ပါက ပြည်သူများအနေဖြင့် လုံခြုံစိတ်ချမှုရှိသော ကုန်စည်ကိုသာရွှေးချယ်ဝယ်ယူ စားသုံးကြမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဉီးစီးဌာနသို့ လာရောက်၍ လျှောက်ထားနိုင်ကြောင်းနှင့် လုပ်ငန်းရှင်များ၏လျှောက်ထားချက်များကို တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင် ဉီးဗန်ဇမုန်မှလည်း ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(စစ်ကိုင်း)