Main menu

HighLight News

Powered by Drupal

ဖြူးမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ဖြူးမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

              မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်နေများနှင့် ဈေးကွက်လေ့လာစောင့်ကြည့်ခြင်း ဆောင်ရွက်မှုများကိုလည်းကောင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် လူတိုင်းသိသင့်သည့် အရေးကြီးသည့် အချက်အလက်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ကုန်စည်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည်များကိုလည်းကောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ တိုင်ကြားနိုင်သည်များကို လည်းကောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဝင်များက သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းများကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

              အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဝင်များနှင့် တာဝန်ရှိသူများ ၁၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်တွင် တောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြော

                 စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ မေလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာမှ တောင်သူလယ်သမား ၃၀ ဦးအား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို ဟောပြောခဲ့ပါသည်။

              ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူအခွင့်အရေးနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ဆောင်ရွက်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်အကြောင်းများကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး အတွက်  ဈေးနှုန်းဈေးကွက် သတင်းများ၊ သီးနှံများ၏ စိုက်အောင်ထွက် စားသုံးပိုလျှံ သတင်းအချက်အလက်များ ရယူစုဆောင်း၍ တင်ပြဆောင်ရွက်ပေးသည့် အခြေအနေများ၊ သီးနှံအစုအဖွဲ့များ ဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်သည့် အလေ့အထများရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဌာနက အကြံပြုထားသည့် လူတစ်ဦး စားသုံးသင့် သည့် ဆီပမာဏထက်ကျော်လွန်၍ စားသုံးခြင်းမပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် မိသားစုစီးပွားရေးကိုလည်း အထောက်အကူပြုမည့်အခြေအနေများ၊ မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများကို စားရမည့်အပြင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက်လည်း အထောက်အကူပြုမည့် အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။

              ဆက်လက်၍ ရေတာရှည်မြို့နယ်တာဝန်ခံသည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ညနေ ၄ နာရီတွင် ဇလုတ်ကြီးကျေးရွာမှ တောင်သူလယ်သမား ၅၆ ဦးတို့အား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး မြို့နယ်တာဝန်ခံဦးဇော်ဇော်ထွေးက စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာများကို ဟောပြောခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မေ (၂)ရက်၌ ညောင်ကုန်းအုပ်စု၊ ညောင်ကုန်းရွာတွင် လည်းကောင်း၊ မေ (၃)ရက်၌ ဇလဲ့အုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာတွင်လည်းကောင်း၊ မေ (၄)ရက်၌ ကြို့ပင်သာ အုပ်စု၊ ဝက်ပုတ်ရွာမကျေးရွာတွင်လည်းကောင်း၊ မေ (၅)ရက်၌ ဆင်မြီးဆွဲမြို့၊ ရွာသာယာကြီး ကျေးရွာတွင်လည်းကောင်း၊ သဲကုန်းမြို့နယ်တာဝန်ခံမှ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ ဉပဒေအရ ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဌာန၏ website ၊FB page၊ CICC ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်း

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအလိုက် သက်ဆိုင်သောဌာနများမှ ခရိုင်/မြို့နယ်အလိုက် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါသဖြင့် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်၍ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါသည်။

        စိုက်ပျိုးထုတ်လုပ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း စားသုံးဆီ ဖူလုံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရန်ရှိသည့် အခြေအနေများအား စားသုံးသူသုံးစွဲမှု လျော့ချသုံးစွဲရန်နှင့် အလွန့်အကျွံသုံးစွဲပါက ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုး အသိပညာပေးရေးလုပ်ငန်းများနှင့် အစုအဖွဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းထားပါက ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

        ပြည်ခရိုင်အနေဖြင့် မေလ ပထမပတ်အတွင်း ပြည်၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်နှင့် ပေါက်ခေါင်းမြို့နယ်များရှိ ကျေးရွာအုပ်စု (၉)အုပ်စု၊ ကျေးရွာ (၉)ရွာနှင့် မြို့ (၁)မြို့အား ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြောဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် စားသုံးဆီများအား သယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်စေရေး ရည်ရွယ်၍ မေလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသုံးဆီ လုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးက စားသုံးဆီလုပ်ငန်းရှင်ကြီးများအနေဖြင့် စားသုံးဆီရောင်းချဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ ၂၀၂၂ ခုနှစ် မေလ ၁ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စားသုံးဆီများ သယ်ယူဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များဖြစ်သော ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အတိုင်း အဝါရောင် ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီးသော အဝါရောင်ပေပါများဖြင့် သာ ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများထုတ်ယူသယ်ဆောင်ရာတွင် Food Grade Clean Drum များဖြစ်စေရေး၊ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade (New Drum/ Clean Drum/Jerry Can/ Consumer Pack) များအသုံးပြုရေး၊ သက်ဆိုင်ရာကုမ္ပဏီများ၏ ကုန်အမှတ်တံဆိပ် (Logo) များတပ်နှိပ်ရေးနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ စားအုန်းဆီ လက်ကားဖြန့်ဖြူးသည့် ရည်ညွှန်းဈေးများသတ်မှတ်၍ ရောင်းချပေးလျှက်ရှိရာ သယ်ယူ စရိတ်၊ လုပ်သားခစသည့် ကုန်ကျစရိတ်နှင့် ၂% အမြတ်အပါအဝင် ပြန်လည်ဖြန့်ဖြူး ရောင်းချသင့်သည့် လက်လီဈေးနှုန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ စားအုန်းဆီသယ်ဆောင်ဖြန့်ဖြူးရာတွင် သတ်မှတ် Food Grade Clean Drum များဖြင့် သယ်ယူနိုင်ရေးနှင့် စားအုန်းဆီဖြန့်ဖြူးသည့် ရန်ကုန် ကုမ္ပဏီကြီးများမှ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင် စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားအား (၁၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်း‌ဒေသကြီး)

ဖျာပုံမြို့ဆီကုန်သည်များနှင့် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

              ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း ဦးဆောင်၍ ဒုတိယ ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်သာယာရေး အဖွဲ့မှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးတို့နှင့်အတူ ဖျာပုံမြို့၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး တွင်ဧပြီလ(၃၀)ရက်နေ့၊နေ့လည်(၁၄:၀၀)နာရီတွင် မြို့နယ်စားသုံးဆီကုန်သည်များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်လုပ်ငန်းရှင်(၂၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက မြို့နယ်ဆီကုန်သည် လုပ်ငန်းရှင်များအနေဖြင့် စားဆီများဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် စားသုံးသူပြည်သူများ ဘေးဉပဒ်အန္တရာယ်ကင်းရှင်းစေ ရန်အတွက် မေလ(၁)ရက်နေ့မှစတင်ပြီး ဆီကန်မှထုတ်ယူသော စားဆီများအား Food  Grade အဆင့်ရှိ အဝါရောင်ပေပါအသစ်(သို့မဟုတ်)သန့်စင်ပြီး ပေပါအဟောင်း၊ စားသုံးဆီသီးသန့်သယ် ဆောင်သော ဘောက်ဆာယာဉ်များနှင့် သန့်စင်ပြီး Food  Grade  Tank များကိုသာ ဆီဖြည့်သွင်း ပေးမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပေပါများ၊  ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများထည့် သွင်းအသုံးပြုထားသည့် ပုံးများ၊ ပေပါများတွင် စားအုန်းဆီများထည့်သွင်းသုံးစွဲခြင်းမပြုဖို့လိုပါ ကြောင်း၊ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ပြည် သူများကျန်းမာရေးနှင့်ညီညွှတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ဈေး ကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှ စားသုံး ဆီတင် သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း ဌာနက ကွင်းဆင်းစစ် ဆေးကြပ်မတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းအသိပေးပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယခရိုင်ဦးစီးမှူးက ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ဟောပြောခြင်းဖြင့်လည်းကောင်း၊ မြို့နယ်တာဝန်ခံက ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုနှင့်အရေးယူ ဆောင်ရွက်မှုတို့ကို ရှင်းလင်း ဆွေးနွေးခြင်းဖြင့် လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးက စားသုံးသူရေး ဦးစီးဌာနသည် စည်ပင်သာယာရေးအဖွဲ့နှင့် မိတ်ဖက်ဌာနဖြစ်ပါကြောင်း၊ဈေးသူဈေးသားများအနေဖြင့် ပြဌာန်းထားသော ဥပဒေ၊ ညွှန်ကြားချက်၊ အသိပေးကြေညာချက်များအား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးပါသည်။

           ထို့နောက် တက်ရောက်လာသူများအား စားအုန်းဆီများဖြန့်ဖြူး၊ သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည်အသိပေးကြေညာချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

         

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရပ်ကွက်နေပြည်သူများအား မြန်မာနိုင်ငံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၄.၅.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၃;၀၀) နာရီတွင် မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား လည်းကောင်း၊  (၅.၅.၂၀၂၂)ရက်နေ့ နံနက်(၀၉;၃၀)နာရီတွင် ကွယ်လွယ်ကျေးရွာ မြဟေမာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် နံနက်(၁၁;၃၀)နာရီတွင် ကွယ်လွယ်ကျေးရွာ ၊မြစန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား မြန်မာနိုင်ငံစားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းကောက်ယူခြင်းအား ခရိုင်ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးပြီး စစ်တမ်းကောက်ယူခဲ့ ပါသည်၊

          (၅.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်း မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာအုပ်စု ရေကျော်ကုန်းကျေးရွာ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မြန်မာနိုင်ငံစားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်းအား ရှင်းလင်းဆွေးနွေးပြီး စစ်တမ်းကောက်ယူခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ဧရာဝတီ)

 

 

ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ဆန်စက်လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို (၅.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) မှ (၁၀:၁၅) နာရီအချိန်ထိ ညောင်တုန်းမြို့နယ် သခွတ်ချောင်းကျေးရွာ ခွန်အားဆန်စက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးများအကြောင်း၊  ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအကြောင်း ဟောပြောခဲ့ပါသည်။

          ဆက်လက်၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်းတိုင်ကြားနိုင်ပြီဖြစ်ကြောင်း၊ စားသုံးသူများသာမက ကုန်စည်၊ ဝန်ဆောင်မှု ထုတ်လုပ်ဖြန်းဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာ ကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍  သိရှိလိုသည်များကို မည်သူမဆို Call Center 1535  မေးမြန်းနိုင်ပါကြောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆန်စက်လုပ်သား (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဇလွန်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် တာဝန်ခံသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့မဈေးသစ်၊ ဈေးတာဝန်ခံရုံးတွင် (၃.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အလှကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၄) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် ဇလွန်မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အကြောင်း စသည့်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ  ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း  အသိပညာပေးဟောပြော အောင်မြင်စွာ ကျင်းပပြီးစီး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၉.၅.၂၀၂၂) ရက်နေ့ တွင် နံနက် (၁၀:၀၀) အချိန်မှ စ၍ မအူပင်မြို့ပေါ်ရှိ ဆီလက်ကားရောင်းချသူများအား ဖိတ်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေ၏ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း တို့အပြင် ပြည်ပမှ တင်းသွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များအား အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News