Main menu

HighLight News

Powered by Drupal

ပြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ (၂၂.၄.၂၀၂၂)ရက်နေ့ နံနက်  (၁၁:၃၀)အချိန်တွင် ပြည်မြို့ပေါ်ရှိ စက်သုံးဆီ လက်လီ/လက်ကားအရောင်းဆိုင် (၁၀)ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် ပြည်မြို့တွင်းရှိ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆီဆိုင်များ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချမှုရှိစေရေးစစ်ဆေးခဲ့ရာ စက်သုံးဆီဆိုင်များအနေဖြင့် နေ့စဉ် ပုံမှန် ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ကုမ္ပဏီမှ တိုက်ရိုက်တင်သွင်းရောင်းချသည့် ဆီဆိုင်ကြီးများတွင် (92) တစ်လီတာလျှင် ၁၉၅၀ကျပ် ၊ (95) တစ်လီတာလျှင် ၂၀၅၀ကျပ်၊ (ဒီဇယ်)တစ်လီတာလျှင် ၂၂၁၀ကျပ်၊ (ပရီမီယံဒီဇယ်) တစ်လီတာလျှင် ၂၂၄၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး တစ်ဆင့် ဝယ်ယူရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များတွင်  ဆီဈေးနှုန်း အနည်းငယ်ကွာဟနေသော်လည်း နေစဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အနာဂတ်တွင် ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရေး၊ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြားညီညွတ်မျှတသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကြီးကို ဖေါ်ဆောင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်း၌ ဧပြီ (၂၀)ရက်တွင် သဲကုန်းမြို့နယ်၊ ညောင်ဝင်းအုပ်စု၊ ဘုရားပြိုကျေးရွာတွင်လည်းကောင်း၊ ဧပြီ (၂၂)ရက်တွင် ပန်းတောင်းမြို့နယ်၊ သရက်လိန် အုပ်စု၊ ကရင်စု ကျေးရွာတွင်လည်းကောင်း၊ ဧပြီ (၂၅)ရက်တွင် ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးအုပ်စု၊ ကညမ်းကျေးရွာတွင်လည်းကောင်း၊ ဧပြီ (  ၂၈ )ရက်တွင် ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်အုပ်စု၊ ကညွတ်ကွင်းကျေးရွာတွင်လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များအကြောင်း စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ၊ နည်းလမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် လိပ်စာတို့အား အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့နှင့် ပေါက်ခေါင်း စည်ပင်သာယာဈေးများအတွင်း စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူတို့ စားသုံးသူရေးရာကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေး ရည်ရွယ်၍ ဧပြီလ(၂၆) ရက်နေ့တွင် ပြည်မြို့ရှိ အောင်မင်္ဂလာစည်ပင်သာယာဈေးတွင်လည်းကောင်း ၊ ဧပြီလ (၂၇)ရက်နေ့တွင် ပေါက်ခေါင်းမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများမှ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြခြင်းဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် ဆွေးနွေးဟောပြောပွဲသို့ စည်ပင်သာယာဈေးများအတွင်း ရောင်းချနေသော ဈေးသည်များနှင့် ဈေးဝယ်လာကြသော အများပြည်သူများ တက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဗန်းမော်မြို့၊လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာ စာတွေ့လက်တွေ့သင်တန်းသား(၂၅)ဦးအား ၂၀၂၂ခုနှစ်၊ ဧပြီလ၂၉ရက် နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့်ဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၉၊ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၈ရက်နေ့တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေများ ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသည့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက် နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်မှုများ၊ Digital ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကရင်ပြည်နယ်၊ ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

        ကရင်ပြည်နယ်၊ ပြည်နယ်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၁-၅-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁၂: ၀၀ နာရီအချိန်၌ ကျင်းပရာ အခမ်းအနားတွင် ဖိတ်ကြားထားသော မိတ်ဖက်ဌာနဆိုင်ရာများ၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး   စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ််ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

          ဆက်လက်၍ ကရင်ပြည်နယ် ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ ဖွဲ့စည်းခြင်း အခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသော   ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များက Open’ing Vote စနစ်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေး၍ ဥက္ကဌနှင့် အမှုဆောင် (၉)ဦး၊ အဖွဲ့ဝင် (၈) ဦး စုစုပေါင်း (၁၇) ဦးဖြင့် ကရင်ပြည်နယ် ပြည်နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခမ်းအနားကို နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းပြန်လည်ဖွဲ့စည်းခြင်း

ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို၂၈.၄.၂၀၂၂ရက်နေ့နံနက် (၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြောင်းလုပ်ငန်းအသင်းသူ/သား(၂၇)ဦးတက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစန်းလွင်ဉီးက အဖွင့်အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အနေဖြင့် အသင်းအဖွဲ့ဖွဲ့စည်းပြီးသည့်အခါ အသက်ဝင်ရန်လိုကြောင်း၊ အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပါက အကျိုးသက်ရောက်မှုပိုရှိကြောင်း၊ ဌာနအနေဖြင့်အများအကျိုးအတွက် ဆောင်ရွက်ရမှာဖြစ်လို့ နိုင်ငံတော်အတွက် အသင်းအဖွဲ့များဖွဲ့စည်းရာတွင် အကူအညီတောင်းပါက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များတိုးလာအောင် အသင်းအဖွဲ့ကကူညီပေးခြင်းဖြင့် အသင်းဝင်အသစ်များတိုးလာနိုင်ကြောင်း၊ ယခုပြောင်းလုပ်ငန်းအသင်း ပြန်လည်ဖွဲ့စည်းရာတွင်လည်း ထိထိရောက်ရောက်အကျိုးများရှိအောင် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီရန်အသင့်ရှိပြီး လုပ်ငန်းရှင်များမှလည်း အကူအညီတောင်းပါက ကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ပြောင်းစိုက်ပျိုးထုတ်လုပ်သူအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်အောင်ကြည်ဦးမှ လုပ်ငန်းစဉ်များအား ချပြဆွေးနွေးရာတွင် ပြောင်းလုပ်ငန်းအသင်းသည် ပြောင်းစိုက်တောင်သူများကို အခြေပြုဖွဲ့စည်းထားသောအသင်းဖြစ်ပြီး ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား ပြန်လည်ဖွဲ့စည်းရခြင်းမှာလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ညွှန်ကြားချက်နှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း ဥက္ကဋ္ဌ၏လမ်းညွှန်မှုအရ မြန်မာနိုင်ငံပြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် ပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းချ ရာတွင် အသင်းအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် အခက်အခဲများကိုဖြေရှင်းအောင်မြင် နိုင်မည်ဖြစ်၍ ပြောင်းအသင်းကိုစနစ်တကျပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်းပြောကြား ခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ အလုပ်အမှုဆောင်များရွေးချယ်ခြင်း၊ အတည်ပြုခြင်း၊ အမှုဆောင်အမည်နှင့်လုပ်ငန်းတာဝန်များအား ကြေငြာခြင်းအစီအစဉ်များကို ဆောင်ရွက်ခဲ့ရာ အသင်းဖွဲ့စည်းပုံအရ အသင်း၏နယက(၃)ဦး၊ အလုပ်အမှုဆောင်(၁၀)ဦး၊ အမှုဆောင် (၁၇)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို (၁၁:၃၅)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
DOCA(ကချင်)

အသင်းအဖွဲ့များလိုက်နာဆောင်ရွက်ရမည့်အချက်များရှင်းလင်းဆွေးနွေး

၂၈.၄.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအားပြန်လည်ဖွဲ့စည်းသည့် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်မြမြမွန်က အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များဖြစ်သည့် နိုင်ငံတော်ကချမှတ်ထားသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့အဖြစ်ဖွဲ့စည်းထားပြီးဖြစ်ပါက ဥပဒေအရ အကာအကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများတွင် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်း၊ UMFCCI နှင့်ညီနောင်အသင်းများ၌ ချိတ်ဆက်ဆောင်ရွက်ပြီး မှတ်ပုံတင်ထားခြင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အစိုးရအဖွဲ့များ အသိအမှတ် ပြုထားခြင်းများရရှိရန်လိုအပ်သဖြင့် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များအတွက် မှတ်ပုံတင်ရာတွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)

FDA မှစားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်အတွင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅-၄-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သံတွဲခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်လျက် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များသို့သွားရောက်၍ ကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ FDAမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသည့် အစားအသောက်များအား ဈေးကွက်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း‌ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးအတွင်းရောင်းချနေသော စားသောက်ကုန်ပစ္စည်များ၊ ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ပစ္စည်းများ၌ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် သတင်းအချက်အလက်များအား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲနိုင်စေရေး၊ ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ၏ တည်ဆဲဉပဒေနှင့်ညီညွတ်သော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး ဈေးကွက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်  ဧပြီလ(၂၈)ရက်နေ့၊ နေ့လည် (၁:၀၀)အချိန်၌ ဝက်လက်မြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည်  ဌာနမှ ဝန်ထမ်းများနှင့် တက်ရောက်လာသူ ပြည်သူများကို  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန (DOCA) ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ဌာနဟု ထင်သူများ၊ ကွဲကွဲ ပြား ပြားမသိသူများအတွက် ဌာန(၂)ခု၏ခြားနားချက်များ၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်း ချက်မှာ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ဖြစ်ပြီး ရည်မှန်းချက်တာဝန်များမှာ စားသုံးသူအခွင့်အ ရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည် နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန် ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွား ရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားနိုင်သည့် နေရာများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း (၅)ဦးနှင့် လေ့လာသူပြည်သူ (၁၀)ဦး၊ စုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ပါသည်။

    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကြောင့် စားသုံးသူပြည်သူ များအနေဖြင့် ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများသိရှိသည့်အပြင် စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာများကို သိရှိနားလည်ပြီး မိမိတို့၏လိုက်နာရမည့်တာဝန်နှင့်  မိမိတို့၏အခွင့်အရေး များကို တောင်းဆိုနိုင်မည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

တရုတ်နိုင်ငံသို့ ပြောင်းဆံ တင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် အဖွဲ့ဝင်များသည် (၂၇.၄.၂၀၂၂) နေ့တွင် ညောင်တုန်းမြို့နယ်ရှိ United Agricultural Products Processing and Trading Co.Ltd မှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ပြောင်းဆံများ၊ သိုလှောင်ထားရှိမှု၊ အခြောက်ခံမှုနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် သတ်မှတ်အရေအသွေး စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်းချနိုင်ရေးတို့ ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News