Online Media တွင် ရောင်းချနေသော အစားအသောက်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အလှကုန်များ ဘားအံမြို့ရှိ ဈေးကွက်အတွင်း ရောင်းချ ဖြန့်ဖြူးမှု ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေး
Online Media တွင် ရောင်းချနေသော အစားအသောက်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အလှကုန်များ ဘားအံမြို့ရှိ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှု ရှိ၊ မရှိကို ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဘားအံမြို့မဈေး၊ စူပါမားကတ်၊ စတိုးဆိုင်များနှင့် ရပ်ကွက်လက်လီဆိုင်များသို့သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Regi –stration No.(IR) များ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများ၊ Online Media တွင် ရောင်းချနေသောအန္တရာယ်ဖြစ်စေမည့် တရားမဝင် အစားအသောက်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အလှကုန်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှု ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR) များ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများ၊ Online Media တွင် ရောင်းချနေသောအန္တရာယ်ဖြစ်စေမည့် တရားမဝင် အစားအသောက်၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အလှကုန်များ ဈေးကွက်အတွင်းဝင်ရောက် ရောင်းချဖြန့်ဖြူးမှု မရှိကြောင်း တွေ့ရှိရပြီး၊ ဈေးကွက်အတွင်းဝင်ရောက်ခဲ့ပါက ရောင်းချဖြန့်ဖြူးခြင်းမပြုကြရန် စီးပွားရေးလုပ်ငန်းရှင်များအား သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)