Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မြို့နယ်တစ်မြို့နယ်လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တစ်လလျှင် ကျေးရွာ (၁၀)ရွာအား ရွေးချယ်ပြီး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖတ်ဌာနဆိုင်ရာများနှင့်အတူ လိုက်ပါဆောင်ရွက်လျှက်ရှိပါသည်။

                ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များ ၊  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊  စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုများ အခြေအနေများ ၊  ဆီစားသုံးမှု လျော့ချနိုင်ရေးအတွက် လိုအပ်သည့် ပမာဏထက်ပို၍ ဆီကို စားသုံးမိပါက ကိုယ်အလေးချိန် တိုးလာနိုင်သည်နှင့်အမျှ အဝလွန်ကာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ရောင်ရောဂါစသည့် နာတာရှည် ဝေဒနာများ ခံစားရနိုင်သည့်အတွက် ဆီစားသုံးမှုလျော့ချရေး အသိပညာပေး ဟောပြောမှုများ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

ပြည်ခရိုင်၌ ဒေသတွင်း ထုတ်လုပ်ဖြန့်ဖြူးလျှက်ရှိသော ကုန်စည်လုပ်ငန်းရှင်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇွန်လ(၃)ရက်၌ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ Kဝိုင်းဆန်စက်သို့လည်းကောင်း၊ ဇွန်လ(၇)ရက်၌ သဲကုန်းမြို့၊ ရွာမရပ် ပုတီးကုန်းနယ်ရှိ အောင်ဝေထူးဆန်စက်နှင့် ပေါင်းတည်မြို့ သိမ်ကြီး(၂၂)လမ်းရှိ ဓနသိဒ္ဓိဆန်စက်တို့လည်းကောင်း၊ ဇွန်လ(၉)ရက်၌ ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ Super Fine သောက်ရေသန့်စက်ရုံသို့လည်းကောင်း သွားရောက်၍ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ထုတ်လုပ်သည့် ကုန်စည်အပေါ်မူတည်၍ အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လိုက်နာရမည့် အချက်များအကြောင်း ၊ မိမိထုတ်လုပ်သည့် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်၊ ပမာဏနှင့် အလေး ချိန် မှန်ကန်မှုရှိစေရေးအတွက် ဖော်ပြရမည့်အာမခံချက်ပေးခြင်းဆိုင်ရာအချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

               ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင် ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများနှင့်အတူ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုအတွင်း ရန်ကုန်-မန္တလေးလမ်းပေါ်တွင် ဖွင့်လှစ်ရောင်းချသည့် OK စက်သုံးဆီအရောင်းဆိုင်၊ သရဖူစက်သုံးဆီအရောင်းဆိုင်နှင့် United Petro စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ အရောင်းဆိုင်များမှ တာဝန်ရှိသူများက ဆီဘောက်ဆာယာဉ်များ ရောက်ရှိမှုအခြေအနေများနှင့် ရောင်းချမှုအခြေအနေများကို ရှင်းလင်းပြသပါသည်။

              အုတ်တွင်းမြို့နယ်အတွင်းရှိ ၎င်းစက်သုံးဆီဆိုင်များတွင် စက်သုံးဆီဘောက်ဆာယာဉ်များ ရောက်ရှိပြီးဖြစ်ပါသဖြင့် ပုံမှန်အတိုင်း ရောင်းချနေကြောင်း၊ ဈေးနှုန်းမှာလည်း ယခင်နေ့က ထက် ကျပ် ၂၀၀ ခန့်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ ခရိုင်ဦးစီးမှူးက စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့ ဘဂဝါတိုင်းရင်းဆေးအား ကွင်းဆင်းလေ့လာ

                ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်၍ ခရိုင်ဦးစီးမှူး ရုံးမှ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံနှင့် ရေတာရှည်မြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ရေတာရှည်မြို့၊ အမှတ် ၂ ရပ်ကွက်၊ သုခလမ်းတွင်ရှိသော မဟာတိုင်းရင်းဆေးတိုက်မှ ထုတ်လုပ်သည့် “ဘဂဝါ” အမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းလေ့လာခဲ့ရာ ထုတ်လုပ်သူက ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပါသည်။

                ၎င်းဆေးသည် နှလုံး၊ သွေးတိုး၊ ဆီးချို၊ အစာအိမ်၊ လေးဖက်နာ၊ လေငန်း၊ ကျောက်ကပ်ဖောရောင်သူများအတွက် သောက်သုံးရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားပြီး ဘေးဥပါဒ်ဖြစ်စေသော ဓာတုဆေးဝါးများ “လုံးဝ”မပါဝင်ကြောင်း၊ တစ်လလျှင် အလေးချိန် ၃၀ ကျပ်သား ပါဝင်သော ဘူးပေါင်း ၁၅၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဆေးတစ်ဘူးကို ၅၅၀၀ ကျပ် ရောင်းချကြောင်း၊ ဒေသတွင်းတွင် ဖြန့်ဖြူးရောင်းချပြီး ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း ထုတ်လုပ်သူ ဦးနေမျိုးလင်း၏ ရှင်းလင်းပြောကြားချက်အရ သိရှိရပါသည်။ 

               ခရိုင်ဦးစီးမှူးက ကုန်စည်များ၌  ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားချက်အရ တိုင်းရင်းဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အတိအကျ ဖော်ပြထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့  စည်ပင်သာယာဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

             ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ရုံးမှ စားသုံး/ ထုတ်လုံတာဝန်ခံ၊ ရေတာရှည်မြို့နယ် တာဝန်ခံတို့နှင့်အတူ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရေတာရှည်ဈေးတာဝန်ခံရုံး၌ ရေတာရှည်ဈေးအတွင်းရှိ စားသုံးဆီရောင်းချသည့် ဆိုင်ပိုင်ရှင် ၁၀ ဦးအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် ဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ကုန်စည်များဝယ်ယူပါက ကုန်စည်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ ဖတ်ရှုရန်လိုအပ်ပုံများကိုလည်းကောင်း၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းမျာကိုလည်းကောင်း၊ စာသုံးသူတိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြား ပါသည်။

            ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို ထုတ်ပြန်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသော ဆီအမျိုးအစားများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင် ပစ္စည်းကိုအခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာ ဖြင့် ဖော်ပြရန်ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြော

               ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူသည် ဇွန်လ ၇ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သင်တန်းခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြော ခဲ့ပါသည်။

              တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူကပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ စားသုံးသူက ကုန်စည်နှင့်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်လက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့် ပြေစာ(သို့မဟုတ်)အထောက်အထား ရယူခွင့်ရှိခြင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက ယခင်က တောင်ငူမြို့တွင် ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်မှ ဆိုင်ကယ်အား အရစ်ကျဖြင့် ဝယ်ယူပြီး ငွေကြေလျှင် လိုင်စင်စာအုပ်ပေးအပ်မည်ဟု သဘောတူညီမှုအပေါ် ငွေအကြေပေးသွင်းပြီးဖြစ်သော်လည်း ဆိုင်ကယ်လိုင်စင်အားမပေးသဖြင့် ဝယ်ယူသူမှ တိုင်ကြားလာရာ စားသုံးသူရေးရာဦးစီးဌာနမှ လိုင်စင်ပြန်လည်ရရှိအောင် ဖြေရှင်းပေးခဲ့ကြောင်း၊ ယခုလိုစားသုံးသူနစ်နာဆုံးရှုံမှုများ ရှိလာပါက  စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး Consumer Information And Complaint Center (CICC) ရုံးခန်းများဖွင့်လှစ်၍ ဖြေရှင်းပေးနေကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ် သော www.doca.gov.mm သို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ကြောင်း၊ ၎င်း Website ထဲတွင် မိမိတို့ ဌာနမှ ဆောင်  ရွက်လျှက်ရှိသည့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သတ်သည့် ဆောင်ရွက်ချက်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား အချိန်နှင့် တပြေးညီ လွှင့်တင်လျှက်ရှိပြီး ဝင်ရောက်လေ့လာကြည့်ရှုစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

              ဟောပြောပွဲသို့ ကုန်းလမ်းပို့ ဆောင်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ယာဉ်မောင်းသင်တန်းတွင် တက်ရောက်သူ ၄၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ တိုက်ကွမ်ဒိုသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

                   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုသင်တန်းသို့ တက်ရောက်ကြသော ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

              အဆိုပါ သင်တန်းတွင် ဖြူးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အခွင့်အရေးများနှင့် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးနေသည့် အကြောင်း အရာများကိုလည်းကောင်း၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများကို ဦးစားပေး ဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက အလွယ်တကူ တိုင်ကြားနိုင်သည့်နည်းလမ်းများကို  ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ သင်တန်းသား ၊သင်တန်းသူ ၃၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှု ရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာလေမြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၈)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိသောက်ရေသန့်စက်ရုံများအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ် တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား စက်ရုံဝန်ထမ်းများ၏တစ်ကိုယ်ရေသန့်ရှင်းရေးအားဂရုပြုရန်၊ သောက်ရေသန့်များကို စနစ်တကျ ထုတ်ပိုး၍ ဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊ လုပ်ငန်းလိုင်စင်၊ FDAထောက်ခံချက်များ သက်တမ်းတိုးခြင်းနှင့် ရေသန့်ဓါတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ပုံမှန်ပေးပို့စစ်ဆေးကြရန်မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ‘‘ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်၊  အခန်း(၁၀)ပါ ‘‘စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦစီးဌာန၊ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၀.၆.၂၀၂၂ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကားကုန်စုံဆိုင်မျာသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့်ကိုက်ညီမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ လက်လီလက်ကား ရောင်းချနေသည့် ကုန်စုံဆိုင်ဆိုင်ပိုင်ရှင်များအား အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကချင်)

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ဆောင်ရွက်ခဲ့

             ကယားပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွား သင်တန်း (၁/၂၀၂၂)ကို ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး ခန်းမ၌  ဇွန်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ၊နံနက်(၀၉:၃၀)အချိန်မှ ညနေ (၁၅: ၃၀)အချိန်ထိ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အဆိုပါသင်တန်းတွင် ကယားပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများ စုစုပေါင်း (၁၉ )ဦး တက်ရောက်ခဲ့ပါသည်။

             အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး တင်ရွှေက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့မှဆောင်ရွက်နေ မှုအခြေအနေများ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ကုန်သွယ်မှုနှင့် သက်ဆိုင် သည့် ဥပဒေ၊တရား မဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများ သင်ကြားပို့ချခြင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ညွှန်ကြားရေးမှူး ၊ဦးညိုဝင်းက အခြေခံလုံခြုံရေးသဘောတရားများ ပတ်သက်၍ ပို့ချသင်ကြားခြင်း၊ အကောက်ခွန်ဦးစီးဌာန ၊ ယာယီပြည်နယ်ဦးစီးမှူး၊ ဦးဝင်းနိုင်က အကောက်ခွန်ဌာန၏မူဝါဒနှင့်တာဝန်များ၊ တားဆီးဖမ်းဆီးစစ်ဆေးခြင်းများ၊ OSS များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ တင်သွင်း၊တင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်များ ၊ ဆုငွေဆိုင်ရာဘာသာရပ်များ ပို့ချခဲ့ကြောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းဗိုလ်က အခွန်နှင့်ပတ်သက်၍ သိမှတ် ဖွယ်ရာများ၊ အခွန်အယူခံအကြောင်း သိကောင်းစရာများ သင်ကြားပို့ချခြင်း၊ သစ်တောဦးစီးဌာန၊ ပြည် နယ်ဦးစီးမှူး၊ ဦးစောဗဟိဏ်းက သစ်တောဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ၊ တောရိုင်း တိရိစ္ဆာန်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆိုင်ရာနှင့် စပ်လျဉ်း၍ သင်ကြားပို့ချခဲ့ကြောင်း ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကိုကိုဦးက  ယစ်မျိုး  စီမံခန့်ခွဲ့မှုနှင့်   ပတ်သက်၍  သင်ကြားခြင်း၊   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ၊ ဒေါက်တာနွေဦးဆွေက မိမိတို့ဌာနအနေဖြင့် တရားမဝင်အစားအသောက်နှင့် ဆေးဝါးများစိစစ်ခြင်းနှင့် စပ်လျဉ်း၍ပို့ချခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဒေါက်တာဝင်းဦးက တိရိစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် တင်သွင်း/တင်ပို့မှု မရှိစေရန် ဆောင်ရွက်နေမှု အခြေအနေအား  သင်ကြားပို့ချခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးသန်းလှိုင်က တင်သွင်း/ တင်ပို့လာသည့် အပင်နှင့် အပင်ထွက်ပစ္စည်းများအား သီးနှံပိုးမွှားရောဂါပြန်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းသင်ကြားခြင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး၊ ဦးမြင့်စိုး က ပြည်ပမှတင်သွင်း ဖြန့်ဖြူးသည့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ရေနံထွက်ပစ္စည်းဆိုင်ရာ ၂၀၁၇ ဥပဒေ အကြောင်းနှင့် ပတ်သက်၍ သင်ကြားခြင်း၊  စားသုံးသူရေးရာဦးစီးဌာန ၊ ဦးစီးအရာရှိ၊ ဦးမိုးညွှန့်ဦးက တရားမဝင်ကုန်စည်များနှင့် ဘေးအန္တရာယ်ရှိ ကုန်စည်များမှ စားသုံးသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင် ရွက်မှု လုပ်ငန်းစဉ်များ၊ ယှဉ်ပြိုင်မှု ဥပဒေအကြောင်းသိကောင်းစရာများ၊ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေများအား အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့ပါကြောင်း ၊ ဆက်လက်၍ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးကျော်စွာဝင်းက မိမိဌာန၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ဗဟိုစက်ပစ္စည်း၊ စာရင်း အင်းနှင့် စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ၊ ကျောက်မျက်ရတနာ  ကဏ္ဍနှင့် သက်ဆိုင်သော အချက်အလက်များကို သင်ကြားပို့ချခဲ့ ကြောင်း၊ သင်တန်းသားများ အနေဖြင့် အဆိုပါ သင်တန်းမှ တရားမဝင်ကုန်သွယ်မှုပပျောက်စေရေးနှင့် စပ်လျဉ်း၍ အသိပညာများ ရရှိပါကြောင်း၊  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွား သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၀) ရက်နေ့ ၊ညနေ(၁၅ : ၃၀ ) အချိန်တွင် အောင်မြင်စွာ သင်တန်းဆင်းပွဲ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရပါသည်။

DOCA(ကယား)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ