ကျွန်တော်တို့နေထိုင်သည့် အမိမြန်မာနိုင်ငံတွင် လူဦးရေ သန်း (၅၀) ကျော်ရှိပါသည်။ လူမျိုး ပေါင်းစုံ၊ လူတန်းစားအလွှာပေါင်းစုံအသီးသီးရှိပြီး ထိုအထဲတွင်မှ နိုင်ငံတော်အကြီးအကဲများမှစ၍ အောက်ခြေလူတန်းစားအထိ အားလုံးဟာ နေ့စဉ်အစားအသောက်များ စားသောက်ကြရပါတယ်။ အသုံးအဆောင်ပစ္စည်းတွေ သုံးစွဲရပါတယ်။ ဝန်ဆောင်မှုတွေ ရယူကြရပါတယ်။ အဲဒီအခါမှာ ယနေ့ မျက်မှောက်ခေတ်အနေအထားအရ အစားအသောက်တွေမှာ ဓါတုဆေးဝါးတွေပါဝင်လာတယ်၊ အသုံး အဆောင်ပစ္စည်းတွေမှာ အာမခံချက်နဲ့ မကိုက်ညီတဲ့ ပစ္စည်းတွေပါလာတယ်။ ဝန်ဆောင်မှု တွေမှာ အလိမ်အညာတွေပါလာတယ်။ ဒါကြောင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုတွေ များပြား လာတာကြောင့် နိုင်ငံတော်မှ စားသုံးသူပြည်သူများလုံခြုံစိတ်ချမှုရှိစေရန်ဆိုတဲ့ မျှော်မှန်းချက်ထား ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀ ဖြင့် စားသုံးသူ ကာကွယ်ပေးရေးဥပဒေကို ပြဌာန်းပေးခဲ့ပါတယ်။ ဥပဒေပြဌာန်းပြီးတဲ့နောက်မှာတော့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာန (Department Of Consumer Affairs) ရယ်လို့ ခိုင်ခိုင်မာမာဖွဲ့စည်းနိုင်ခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ရပ်ကွက်၊ ဈေး၊ အခြေခံပညာကျောင်းများတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီး သီးကိုသွားရောက်ပြီး စားသုံးသူအသိပညာပေး (awreness) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စည်ပင်သာယာဈေးများနှင့် ရပ်ကွက် ဈေးဆိုင်များသို့ ကွင်းဆင်းပြီး ကုန်ပစ္စည်း၊ အစားအသောက်တွေမှာ ဓါတုဆေးဝါးများပါဝင်ခြင်း ရှိ/မရှိ FDA သို့ ပို့ဆောင်၍ စစ်ဆေး ခြင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ တိုင်ကြားမှုများကို ကွင်းဆင်းစီစစ်စစ် ဆေးခြင်း၊ မြို့နယ် ပြန်/ဆက်ရုံးများတွင် Talk Show အစီအစဉ်များပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ သို့သော်လည်း ၂၀၁၄ စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေမှာ အားနည်းချက်တွေ လိုအပ် ချက်တွေရှိနေတာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ နဲ့ စားသုံးသူကာကွယ်ရေးဥပဒေကို အသစ် ပြန်လည်ပြဌာန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ စားသုံးသူကာကွယ်ရေး ဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်များကို ဖိနှိပ်ချုပ်ချယ်ပြီး စားသုံးသူကိုကာကွယ်ပေးတာ မဟုတ် ပါဘူး။ စီးပွားရေးလုပ်ငန်းရှင်အပြုအမူ (Ethics) နှင့်အညီ ဂုဏ်သိက္ခာရှိစွာ၊ သမာသမတ်ကျစွာ လမ်းကြောင်းအမှန်ဆောင်ရွက်စေပြီး၊ စားသုံးပြည်သူများကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ထိုဥပဒေမှာ အခန်း (၂၅) ခန်း၊ ပုဒ်မ (၈၄) ခုပါဝင်ပါတယ်။
စီးပွားရေးလုပ်ငန်း ရှင်လိုက်နာရမည့် တာဝန် (၁၁) ချက်၊ စားသုံးသူတွေလိုက်နာရမည့် တာဝန် (၄) ချက်နဲ့ (Consumer Rights) စားသုံးသူအခွင့်အရေး (၈) ချက်ပြဌာန်းထားပါတယ်။ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၊ စားသုံးသူရေးရာကော်မတီ၊ ရုံးချုပ်နေပြည်တော် နယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနများ၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ အဆင့်ဆင့်ဖွဲ့စည်းပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြပါတယ်။ စားသုံးသူများအနေဖြင့် အခွင့်အရေးတွေကို မှန်ကန်တိကျစွာ ရယူနိုင်ဖို့ ဆိုလျှင် တာဝန်တွေကိုလည်း ကျေပွန်စွာ လိုက်နာ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
စားသုံးသူ၏တာဝန်များ
(က) ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊
( ခ) ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့် အညီပေးချေခြင်း၊
( ဂ) စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊
(ဃ) အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ် နာစေရန် မဟုတ်မမှန်ပြောဆိုရေးသားပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။
စားသုံးသူ၏အခွင့်အရေးများ
(က) ကုန်စည် (သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေ နပ်မှုရရှိစေခြင်း၊
( ခ) ကုန်စည် (သို့) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊
( ဂ) ကုန်စည် (သို့) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊
(ဃ) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ် ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊
( င) စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင် ကြားခွင့်ရရှိနိုင်စေခြင်း၊
( စ) ကုန်စည် (သို့) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊
(ဆ) ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ၊ အခွင့်အရေးများ နှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊
( ဇ) ပစ္စုပ္ပန်တွင်သာမက အနာဂါတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်း တို့ဘဲဖြစ်ပါတယ်။
ယင်းစားသုံးသူအခွင့်အရေး (၈) ချက်အား အာဆီယံနိုင်ငံများနဲ့ တန်းတူအခွင့်အရေးဖြစ်ပါ တယ်။ အဲဒီအခွင့်အရေးများထဲမှ တစ်ခုခုမရရှိဘဲ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်ရပြီဆိုလျှင် စားသုံး သူရေးရာဦးစီးဌာနရဲ့ Website ၊ E-mail တွေမှာဝင်ရောက်တိုင်ကြားနိုင်သလို ရုံးချုပ်တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးဌာန CICC ရုံးတွေမှာ လူကိုယ်တိုင် သို့မဟုတ် စာနဲ့ တိုင်ကြားနိုင်ပါတယ်။ ဖုန်းနဲ့လည်း တိုင်ကြားလို့ရပါတယ်၊ နစ်နာဆုံးရှုံးသည့် စားသုံးသူဘက်မှ မိမိတိုင်ကြားလိုတဲ့ အချက်အလက်၊ တိုင်ကြားလိုသည့်လုပ်ငန်း၏ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ပြည့်စုံမှန်ကန်စွာ တင်ပြပေးရမှာဖြစ်ပါတယ်။ ပြည့်စုံမှန်ကန်မှုမရှိလျှင် တိုင်ကြားချက်ကိုဖြေရှင်းဆောင်ရွက်ရာမှာ အခက်အခဲများရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေမှာ စီးပွားရေးလုပ်ငန်းရှင် (Ethics) နှင့်အညီ ဆောင်ရွက်တာမျိုးရှိသလို အချို့အနည်းငယ်သော စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဝိသမလောဘ စိတ်ကြောင့် မသမာမှုဆောင်ရွက်တတ်ကြတာ အားလုံးအသိဖြစ်ပါတယ်။ စားသုံးသူတို့အတွေ့ အကြုံများအရ စားသုံးသူပြည်သူအချို့ဟာ ကိုယ်နှင့် သွေးမတော်သားမစပ် တစ်ကြိမ်တခါမှာ မမြင်ဖူးတဲ့လု်ပငန်းတွေမှာ ယုံကြည်မှုလွန်ကဲစွာဖြင့် ကျသင့်ငွေတွေအရင်ဦးဆုံးပေးချေပြီး FB- page တွေမှာ ပစ္စည်းတွေဝယ်ယူကြတဲ့အခါ ပစ္စည်းတွေသတ်မှတ် ရက်အတွင်း ရောက်မလာလို့ စားသုံးသူရေးရာဦးစီးဌာနကို ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားလာခဲ့ကြပါတယ်။ တိုင်ကြားချက် အရ ဖြေရှင်းဆောင်ရွက်ပေးရန် တိုင်ကြားချက်ပါလုပ်ငန်း၏ တယ်လီဖုန်းနံပါတ်၊ လိပ်စာများသို့ ကွင်းဆင်းစစ်ဆေးတဲ့အခါ တယ်လီဖုန်းကစက်ပိတ်၊ လိပ်စာကအမှားများဖြစ်လို့ အခက်အခဲတွေ ကြုံတွေ့ပြီး စားသုံးသူရေးရာဥပဒေနဲ့ဖြေရှင်းလို့မရပဲ ငွေကြေး လိမ်လည်မှုရာဇဝတ်ကြောင်းအရသာ ဆက်လက်ဆောင်ရွက်သွားရတော့မှာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်မှန်ကန်သော သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းအပါအဝင်၊ စားသုံးသူတာဝန်များကို တိကျစွာ လိုက်နာနိုင်ပြီး၊ စားသုံးသူအခွင့် အရေးနောက်ဆုံးအချက်ဖြစ်သည့် ကောင်းမွန်သာယာသော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိပါစေကြောင်း ရေးသားဖော်ပြအပ်ပါတယ်။
ကိုးကား= The Consumer Production Law (2019)
DOCA(ရန်ကုန်)