Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ် မေလ(၁၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး   အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က ရောင်းချနေသော ကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ရေးသားဖော်ကြရန်၊ တားမြစ်ထားသော ကုန်စည်များရောင်းချမှုမရှိစေရန်၊လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များကို သိရှိစေရန် စားသုံးသူများ နစ်နာမှုဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအရလိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန်တို့အား အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းတွင် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၃:၀၀) နာရီအချိန်တွင် အေးချမ်းသာ (၁)လမ်း၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံမြို့ရှိ ရတနာရွှေပြည် သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ထားသည့် ဦးစားပေး ကုန်စည် (၁၀)မျိုး စာရင်းထဲမှ သောက်ရေသန့်လုပ်ငန်းဖြစ်သည့် ရတနာရွှေပြည် သောက်ရေသန့်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိကြောင်းနှင့် မိတ်ဖက်ဌာနများ၏ လုပ်ထုံး၊ လုပ်နည်းဥပဒေနှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

DOCA (ကရင်)

         

ဘားအံမြို့ရှိ “စေတနာ” သောက်ရေသန့်လုပ်ငန်း ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စံပြလမ်းနှင့် မဟူရာလမ်းထောင့်၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့ရှိ “စေတနာ” သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ တို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစားပေး ဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ သောက်ရေသန့်လုပ်ငန်းဖြစ်သည့် “စေတနာ” သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းရာတွင် ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်အရည်အသွေးဆိုင်ရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကိုလည်းကောင်း၊  ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးကိုလည်းကောင်း၊ မိတ်ဖက်ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ကရင်)                                                                

 

 

 

ဇလွန်မြို့ ကုန်မျိုးစုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    (၁၅.၅.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေနံချောင်းမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် (၁၈.၅.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ ငွေဘုံသာရပ်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စား‌သောက်ကုန်များနှင့်ဆေးဝါးများအား ဒေသခံပြည်သူများ သိရှိစေရန်၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအသိ၊ သတိဖြင့် မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ် အသားများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ နေလယ်(၁၃:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့၊ မြို့ပေါ်ရှိ  ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးကာ ဆိုရှယ်မီဒီယာ (Facebook) စာမျက်နှာပေါ် ရောင်းချနေသည့် ထောက်ခံချက်မရှိသည့် ဆေးဝါးများနှင့် တားမြစ် ထားသည့် ဆေးဝါးများအား ဆိုင်တင်‌ရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ရှိပြီး တရားဝင်တင်သွင်း ထုတ်လုပ်ထားသည့် ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအား လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာလာစေရန်တို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံတို့၏ စျေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

         မကွေးမြို့ ကုန်စည်ဒိုင်နှင့်ပွဲရုံများသို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မင်းဘူး(စကု)၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့မှ ရေသွင်းနှမ်းနှင့် မကွေးနယ်မှ တောင်သူများ၏ လက်ဝယ်သိုလှောင်ထားသည့် နှမ်းများ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မကွေးကုန်စည်ဒိုင်၌ (၁၅.၅.၂၀၂၃)မှ (၁၉.၅.၂၀၂၃) ရက်နေ့ အတွင်းနှမ်းနက်စမုံ (၁၅) ပိဿာ (၁)တင်းလျှင် ကျပ်(၂၈၀၀၀၀မှ ၂၈၃၀၀၀)၊ နှမ်းနက်(ရိုးရိုး) (၁၅) ပိဿာ (၁)တင်းလျှင် ကျပ် (၂၆၅၀၀၀မှ ၂၇၀၀၀၀)၊ နှမ်းဖြူ (၁၅) ပိဿာ (၁)တင်းလျှင် ကျပ်(၃၁၅၀၀၀မှ ၃၁၈၀၀၀)၊ နှမ်းနီ (၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၂၇၅၀၀၀) နှမ်းညိုကြား (၁၅) ပိဿာ (၁)တင်းလျှင် ကျပ်(၂၅၅၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၂၆၅၀၀၀)တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနက်စမုံ၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းနီ၊ နှမ်းညိုကြား၊ နှမ်းနီ(နယ်စ)တို့မှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပြီး နှမ်းဖြူမှာ ကျပ်(၄၅၀၀) စျေးနှုန်းမြှင့်တက်လာကြောင်း မကွေးကုန်စည်ဒိုင်မှသိရှိရပါသည်။

         မေလတတိယအပတ်တွင် နှမ်းနက်စမုံ တန်(၁၀၀)၊ နှမ်းဖြူ တန်(၅၀)၊ နှမ်းနီ တန်(၁၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ဟင်္သာတမြို့ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊မြို့နယ် တာဝန်ခံသည် (၁၅.၅.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူ ထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ရန်နှင့် သတ်မှတ် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာကြရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ဆေးမျိုးစုံအရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီး(ရွာသစ်)ကျေးရွာ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး  ဆွေးနွေးပွဲကျင်းပ

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော  ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ နှင့် ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ကျေးလက်ဒေသနေ မိဘပြည်သူများသိရှိစေရန်အတွက်ရည်ရွယ်၍ (၁၇.၅.၂၀၂၃)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီး(ရွာသစ်)ကျေးရွာ၌ စားသုံးသူမိဘပြည်သူ (၁၀၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

        ကျေးရွာအုပ်ချုပ်ရေးမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသော လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုသည်မှာ စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးပြီး စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား သတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ယခုလို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခြင်းဖြင့်စားသုံးသူ၏အခွင့်အရေးကို သိရှိနားလည်ပြီးအပြည့်အဝ တောင်းဆိုတတ်ပြီး ကုန်စည်(သို့)ဝန်ဆောင်မှုများ၊ အစားအသောက်/ အသုံးအဆောင်များကို ဝယ်ယူ/အသုံးပြုသည့်အခါ ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်း/ အစားအသောက်များကိုရွေးချယ်ဝယ်ယူ တတ်ကြောင်း၊စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအပေါ်အကျိုးပြုကာကွယ်ပေးနေသောဌာန ဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ ကျေးရွာနေ မိဘပြည်သူများအနေဖြင့် စားသုံးသူ၏အခွင့်အရေးများကို နစ်နာဆုံးရှုံးသည်ဟု ထင်မြင်ယူဆမိပါက ပြေစာဖြတ်ပိုင်း၊ သက်သေအထောက်အထားများနှင့်တကွ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် CICC ရုံးများ၊ အင်တာနက်စာမျက်နှာ၊ မိုဘိုင်း Application၊ Facebook စာမျက်နှာ၊ www.doca.gov.mm Website စာမျက်နှာ၊ Consumer CallCenter (1535) တို့မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ မိမိတို့၏ ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့လည်း အချိန်မရွေးလာရောက်တိုင်ကြားနိုင်‌ကြောင်း၊ မိဘပြည်သူများထံသို့ ဖြန့်ဝေထားသောလက်ကမ်းစာစောင်များတွင် ရုံးဖုန်းနံပါတ်များပါရှိကြောင်း၊ ယခုလို စားသုံးသူအသိပညာပေးဟောပြောပွဲကို တက်ရောက်ခြင်းအားဖြင့် အသိပညာ ဗဟုသုတများ ရရှိမည်ဖြစ်ကြောင်း၊ ဟောပြောပွဲ မတက်ရောက်နိုင်သော မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများကို ပြန်လည်မျှဝေပေးပါက တစ်ဦးမှတစ်ဦးလက်ဆင့်ကမ်းရင်း အသိပညာများတိုးပွားလာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဘက်ပေါင်းစုံမှ ပြည်သူများကိုများ စွာအကျိုးပြုဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေးဟောပြောဆွေးနွေးပါသည်။

      ဒု-ဦးစီးမှူး ဒေါ်သူဇာကျော်က ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသည့်အတိုင်း စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို ဦးစားပေးရှင်းလင်းခဲ့ကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊  မိမိ၏အခွင့်အရေးကို သဘောပေါက်နားလည်မှသာ တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ အစားအသောက်/ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုလျှင် စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ကြောင်း၊ သတင်းအချက်အလက်ရယူခွင့်ရှိကြောင်း၊ စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ နစ်နာဆုံးရှုံးမှုကိုတင်ပြခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များရှိကြောင်း၊ အသိပညာဗဟုသုတများ သိရှိလေ့လာနိုင်ကြောင်း၊ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်များပါရှိကြောင်းရှင်းလင်းဆွေးနွေးပါသည်။

       စားသုံးသူ၏တာဝန်များဆွေးနွေးရာတွင် စားသုံးသူများသည် မိမိဝယ်ယူအသုံးပြုသည့် ကုန်ပစ္စည်း/ဝန်ဆောင်မှု/အစားအသောက်နှင့်ပတ်သက်၍ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ တန်ဖိုးနှင့်အညီပေးချေရန်၊ မဟုတ်မမှန်ပြောဆိုမှုများရှောင်ကြဉ်ရန်၊ အငြင်းပွားမှုညှိနှိုင်းနေစဉ် မဟုတ်မမှန် ပြောဆို/ရေးသားမှုများရှောင်ကြဉ်ရန် စသည့်အချက်များပါဝင်ကြောင်း၊ တက်ရောက် လာသူ ကျေးရွာသူ/သားများအနေဖြင့်  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကိုသိရှိ နားလည်ပြီး အခွင့်အရေးများကို တောင်းဆိုနိုင်ပါကြောင်း၊ တာဝန်များကိုလည်း လိုက်နာ၍ အသိပညာဗဟုသုတ များဆထက်ထမ်းပိုးတိုပွားပြီး ကောင်းကျိုးများစွာရရှိနိုင်ပါကြောင်း အသိပညာပေးဟော ပြော ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

အင်္ဂပူမြို့ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ် ၊မေ ၁၂ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည် အမှတ်(၁)ရပ်ကွက်ရှိ ကုန်စုံဆိုင်နှင့်မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ ဈေးရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၆.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင်  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေ သော စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်(၃)ဆိုင်တွင် ရောင်းချနေသော စေတနာခင် မြန်မာ့ငရုတ်ကောင်းမှုန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ သတ်မှတ်ချက်များ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ