Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

၂၀၂၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီ လုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၈)ဆိုင်အား စက်သုံးဆီ အခြင်အတွယ်ပြည့်ဝမှု ရှိ/မရှိ အခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေမှု ရှိ/မရှိအခြေအနေနှင့် စက်သုံးဆီ လက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီလက်ကျန်အနေဖြင့် လုံလောက်စွာသိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အခြင်အတွယ် ပြည့်ဝမှန်ကန်မှုရှိသည်ကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများအား အခြင်အတွယ် မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန်တို့အား မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA (ရှမ်း)

မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတု ရောင်းချမှု ရှိ/ မရှိနှင့် မြန်မာဘာသာ ကုန်အညွှန်းအသား ပြည့်စုံစွာ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးစီးဌာနတို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဆိုင်(၂)နှင့် ဦးဝါရဓာတ်မြေဩဆိုင်တို့အား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတုများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသာဖော်ပြခြင်း မရှိသော ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ထားသည့် ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

ထိုနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် တရားမဝင်တင်သွင်းလာသော ဓာတ်မြေဩဇာများကို  ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)

လားရှိုးမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်‌စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် (၁၀.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လားရှိုးမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရွှေမေတ္တာ Mart၊ Ha Ha Mart နှင့် five Star ကုန်စုံဆိုင်၊ ဂျက်(စ်)မင်ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများ၏ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA (ရှမ်း-တောင်)

ဘိုကလေးမြို့(၄)ရပ်ကွက်(၆)လမ်းရှိ မမိုးကြီးကုန်မျိုးစုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ မေလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မ (၄)ရပ်ကွက်၊ (၆)လမ်းရှိ    မကြီးမိုးကုန်မျိုးစုံဆိုင်သို့ ဈေးကွက်ရောက်ကုန်စည် များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ  ပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ရောင်းချနေသော ကုန်စည်အမျိုးအစားများအနက်မှ   အသင့်စားခေါက်ဆွဲခြောက်ထုပ်များဖြစ်သော WahLah (မလိုင်ချဉ်စပ်) ခေါက်ဆွဲခြောက်ထုပ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အခြားကုန်စည်အမျိုးအစားများထဲတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်နေကြောင်း စိစစ်တွေ့ရှိရပါသည်။ တရားမဝင်ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပါရှိသော ကုန်ပစ္စည်းများကိုရောင်းချကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဖျာပုံမြို့တွင် စက်ဆီ၊ ချောဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ပါပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် အတွင်းရှိ စက်ဆီချောဆီအရောင်းဆိုင်များသို့    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါစက်ဆီချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်ဆီချောဆီအရောင်းဆိုင်များတွင် စက်ဆီချောဆီများဈေးကွက်အတွင်း ‌ရေနံထွက်ပစ္စည်းကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန (PPRD)၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ အရည်အသွေး မမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆီချောဆီများအား ရေသန့်ဘူးများ၊ ပြည်တွင်းထုတ်ဘူးများတွင် ထည့်သွင်း၍လည်းကောင်း၊ တရားဝင်တင်သွင်းသည့် ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူယိုးမှားကပ်နှိပ်၍လည်းကောင်း၊ အရည်အသွေး စံမမီ သည့် စက်ဆီချောဆီများ ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ‌ရေနံထွက်ပစ္စည်းကြီးကြပ်စစ်‌ဆေးရေးဦးစီးဌာန (PPRD) ၌ မှတ်ပုံတင်ထားသော စက်ဆီချောဆီများကိုသာ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖျာပုံမြို့နယ် စပါးခွံလောင်စာတောင့် ထုတ်လုပ်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စီမံကိန်းဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးတို့ပါ ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ချောင်းတွင်းကျေးရွာရှိ စပါးခွံလောင်စာတောင့်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းခဲ့ကြပါသည်။

      ထို့သိုကွင်းဆင်းရာ ပူးပေါင်းအဖွဲ့သည် အဆိုပါလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှု၊ လုပ်သားနှင့် စွမ်းအင် သုံးစွဲမှု၊ နည်းပညာ၊ ဈေးကွက်နှင့် တွက်ခြေကိုက်မှုအခြေအနေများ၊ ကုန်ပစ္စည်းများစနစ်တကျ ထုပ်ပိုးထားမှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များ၊ မှတ်ပုံတင်ဆောင်ရွက်ထားရှိမှုတို့အား စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များအား အသိပညာပေးဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ညောင်ပင်ဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ကုန်စုံဆိုင်နှင့်မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြေညာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို သိရှိလိုက်နာစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်မျိုးစုံ အရောင်းဆိုင် (၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ်၊ မေလ (၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရွာသစ်ရပ်ကွက်ရှိ ဧရာဦးခန်းမ၌ စက်မှု၊ စိုက်မွေးနှင့် နည်းပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင်စားသုံးသူ‌‌‌ရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံက  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်း စရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက် အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာရန်အကြောင်းများ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ၂၀၂၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့၊ ဒု-ခရိုင်ဦးစီးမှူးသည် စိုက်တိုးမြင့်အဖွဲ့နှင့် ပူးပေါင်း၍ တောကျွဲလူးကျေးရွာအုပ်စုရှိ ဘုန်ကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ (၂၀၀) ဦးအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

       ဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ရောင်းချနေသောကုန်စည်နှင့် ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ရန်၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိစေရန် နှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကို သိရှိစေရန်၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ရန် စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများကလည်း သိရှိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာပြီး စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၉-၅-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်အတွင်း ထုတ်လုပ်လျက်ရှိသော "ငွေတံခါး" သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြလာစေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက   ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်း မိမိတို့၏ထုတ်ကုန်များမှာ စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံစွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်အပေါ် ယုံကြည်မှုရှိပြီး အကျိုးစီးပွားများပိုမိုရရှိမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သောက်ရေသန့်အမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ပြစ်မှုပြစ်ဒဏ်တို့ကို သိရှိလိုက်နာစေရန်အကြောင်းတို့အား ဆွေးနွေးခဲ့ပြီး   စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ