မုဒုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးများ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၁၀.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မုဒုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသော Pabrinex IV/HV Injection ဆေးဝါးနှင့် ဘူးခွံ Design ဆင်တူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ် DRC No.နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)