Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(၁၁/၂၀၂၃)လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို ကာကွယ်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်း များနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လိုက်နာရမည့်တာဝန်များအား သိရှိ လိုက်နာနိုင် စေရေးအတွက် စားသုံးသူများအားအသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းများ ကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအတွင်း အသိပညာပေးဆွေးနွေးခြင်း()ကြိမ်၊ လုပ်ငန်း ရှင်နှင့်တွေ့ဆုံခြင်း(၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ စာသင်ကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများသို့ သွားရောက်၍ စားသုံးသူအခွင့်အရေးများအား သိရှိပြီး ရယူတတ်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များအား သတိပြုဝယ်ယူသုံးစွဲရန်လိုအပ်ကြောင်း၊ အသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များအတွင်း ရှိ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံရောင်းချသည့်အရောင်းဆိုင်များနှင့်စတိုးဆိုင် များ၊ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံး သူကာကွယ်ရေးဥပဒေပါ အချက်အလက်များအား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ စားသုံးဆီရောင်းချ သည့်လုပ်ငန်းရှင်များအား ပဲဆီ၊ နှမ်းဆီများကို စားအုန်းဆီများနှင့်ရော၍ ရောဆီအဖြစ်ရောင်းချရာတွင် စားသုံးသူများအပေါ် လိမ်လည်လှည့်ဖျားခြင်းမရှိစေရန်အတွက် ရောစပ်သည့်အချိုးအစား ရာခိုင်နှုန်း အား  သိသာထင်ရှားစွာ သတင်းအချက်အလက်ပေး၍ ရောင်းချရန်၊ ဆီထည့်သည့်ပုံးများအား စတီးပုံး များဖြင့် အဖုံးများဖုံးအုပ်၍ရောင်းချသွားရန် ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပစ္စည်းပြတ်လပ်မှုမရှိ စေရေး အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)

 

ကော့သောင်းမြို့၊ အ.ထ.က (ခွဲ) အဏ္ဏဝါကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ အ.ထ.က(ခွဲ) အဏ္ဏဝါကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲသည့်အခါ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲဦးဗိုလ်(ဆေးဝါး)၊ ဒုကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်၊ ဒုကြီးကြပ်ရေးမှူးတို့ကလည်း အစားအသောက်နှင့်ဆေးဝါးဆေးပစ္စည်းနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအကြောင်းကို အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ ထိုနောက် အ.ထ.က(ခွဲ)အဏ္ဏဝါကျောင်းရှိ ကျောင်းမုန့်ဈေးတန်းရှိ သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ဝန်ထမ်းအင်အား (၂၇)ဦးတက်ရောက်ခဲ့ကြပြီး  ခရိုင်ဦးစီးမှူးရုံးများမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက တင်ပြရန်ရှိသည်တို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရပါသည်။

   ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့်အတူ နှစ်ပတ်လျှင်(၁)ကြိမ် ကျင်းပပြုလုပ်သည့် (Thursday Talk) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အသိပညာပေးဆွေးနွေးပွဲအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ တက်ရောက်ဝန်ထမ်းအင်အား(၂၇)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲ၌ စီမံရေးရာဌာနခွဲမှ ဒေါ်ခိုင်သင်းရီ၊ အငယ်တန်းစာရေးက ဦးရဲဦး- မြန်မာပြန်၏ “နှုတ်ချို သျှိုတစ်ပါး ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများက ပြန်လည်မေးမြန်းခြင်း၊ အမေးအဖြေကဏ္ဍများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)                                                 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးဆောင်၍ မရမ်းကုန်းမြို့နယ်(မြဂန္ဓမာဈေး) နှင့် (မြရတနာဈေး)၊ ဗဟန်းမြို့နယ် (Market Place)၊ ပန်းဘဲတန်းမြို့နယ် (သိမ်ကြီးဈေး D ရုံ)၊ လမ်းမတော်မြို့နယ်(ညောင်ပင်လေးဈေး) နှင့် လသာမြို့နယ်(သံဈေး)တို့၌ သောက်ရေသန့်အမျိုးမျိုးတို့တွင်ပါရှိရမည့် အချက်များပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး၍  စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းရှင်များအနေဖြင့်  လိုက်နာရမည့်အချက်များ၊ လုပ်ငန်းရှင်များ၏တာဝန်ယူမှု/ တာဝန်ခံမှုများကို သိရှိနားလည်စေရန် အသိပညာပေးဟောပြောခဲ့ပြီးနောက် စားသောက်ကုန်များနှင့်ပတ်သက်၍ စားသုံးသူများဝယ်ယူမသုံးစွဲမီ စားသုံးသူများ၏ အခွင့်အရေးများကို စားသုံးသူများသိရှိနားလည်နိုင်စေရန် ဟောပြောအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မင်းဘူးမြို့၊ ရှမ်းစုရပ်ရှိ ငွေလရိပ် အာလူးကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရေး အသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်သည်  (၂၃.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်၊ ရှမ်းစုရပ်ရှိ ငွေလရိပ် အာလူးကြော်လုပ်ငန်းရှင်အား မင်းဘူးခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မင်းဘူးမြို့နယ်တာဝန်ခံမှ ငွေလရိပ်အာလူးကြော်လုပ်ငန်းရှင်အား စားသုံး သူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းများ၏တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ မြို့မဈေးအတွင်း "ပုဇွန်"တံဆိပ်စားသုံးဆီများ ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည် နှင့်ဝန်ထမ်းများသည် (၂၈.၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မင်းဘူးမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးဆီရောင်းချနေသော ဆီဆိုင်များ၊ ကုန်စုံဆိုင်များတွင် တရားမဝင်တင်သွင်းလာသည့် "ပုဇွန်" အမှတ်တံဆိပ်ပါစားသုံးဆီများ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့မဈေးတွင်တ‌ရားမဝင်တင်သွင်းလာသည့်"ပုဇွန်" အမှတ်တံဆိပ်ပါစားသုံးဆီများ ဈေးကွက်အတွင်းရောင်းချခြင်းမရှိကြောင်းတွေ့ရှိခဲ့ရပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအား စားသုံးရန်သင့်/မသင့် ဓာတ်ခွဲစမ်းသပ်နိုင်ရေးအတွက် နမူနာဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ တွံတေးမြိုနယ်ရှိ စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများအနက် သောက်ရေသန့်အမျိုးမျိုး၊ စည်သွပ်ဘူးအမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာ၌ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ဈေးသစ်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသောက်ကုန်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း၊ အပြင်နှင့်ရပ်ကွက်ကုန်စုံဆိုင်၊ စတိုးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော သောက်ရေသန့်ဘူးများအပေါ်တွင် ဖော်ပြပါရှိရမည့် ထားသိုသိမ်းဆည်းပုံအညွှန်း၊ ထုတ်လုပ်ကုန်ဆုံးရက်၊ စည်သွပ်ဘူးများအနေဖြင့် ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်အမှတ်အသား၊ စတင်ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲတို့မဖြစ်မနေဖော်ပြပါရှိသော သောက်ရေသန့်အမျိုးမျိုး၊ စည်သွပ်ဘူးအမျိုးမျိုးနှင့် အခြားစားသောက်ကုန်ပစ္စည်းများကိုသာ မိမိတို့၏ခရိုင်များတွင် ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော စားသောက်ကုန်များ၊ စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်များမှာ စားသုံးသူပြည်သူများကို ဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့် မိမိတို့အနေဖြင့် သတိပြုဝယ်ယူဖြန့်ဖြူးရောင်းချကြရန်နှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ မိမိတို့၏ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းဈေးအတွင်းရှိ စားသောက်ကုန်များအား စစ်ဆေး

  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းဈေးအတွင်းရောင်းချနေသော အသင့်သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ)နှင့် အခြားစားသောက်ကုန်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါ သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ)နှင့် အခြားကုန်စည်များတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး နောင်တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ဈေးအတွင်းရှိ (အသင့်သောက်)ရေသန့်များအား စစ်ဆေး

  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရောင်းချနေသော အသင့်သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ဆက်လက်၍ နေ့လယ်( ၁၂ :၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ရန်ကင်မြို့မဈေး၌လည် အဆိုပါသောက်ရေသန့်အမျိုးမျိုးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်စည်များနှင့်ပတ်သက်၍လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေး”

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  နန်းတော်ကုန်းရပ်၊ မိတ္ထီလာမြို့၌ “ Queen ”  လူသုံးကုန်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ် တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံမှုအရ “Queen”  လူသုံးကုန်လုပ်ငန်းတွင် ရေချိုးဆပ်ပြာ၊ ကော်ဖီမျက်နှာ တိုက်ခရပ်၊ ခန္ဓာကိုယ်တိုက်ကင်းပွန်စခရပ်များကို ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများကိုပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉) အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ