အောက်တိုဘာလအတွင်း ဂန့်ဂေါမြို့ရှိ စာသင်ကျောင်းများသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်လျက်ရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိသည့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇာဇာချိုဦး (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအားသိရှိစေရန်၊ အစားအသောက်များအား ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်ပြီး သတင်းအချက်အလက်ပြည့်စုံသောကုန်စည်များကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်အတွက် (၆.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၁၈)ဦးနှင့် (၉.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၃)ဦးတို့အား စားသုံး သူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဂန့်ဂေါမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ပြည်သူတိုင်းသည်စားသုံးသူဖြစ်ပြီး စားသုံးသူတိုင်းလည်း စားသုံးသူအခွင့်အရေးရှိကြောင်း၊ မိမိ၏အခွင့်အရေးကို သဘောပေါက်နားလည်မှသာ တောင်း ဆိုနိုင်မည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အ သားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ "CICC" ရုံးများဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ထို့အပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center (1535) သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင်ဖြေရှင်းဆောင်ရွက်ပေးလို့မရသည့် ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် တိုင်ကြားသူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)