Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့၊ အမှတ် (၁)ဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်

    ၁၇.၅.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးဓမ္မာရုံတွင် ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောဆွေးနွေးပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စီးပွားရေးလုပ်ငန်းရှင်များအား ဌာနနှင့်ပတ်သက်သော အကြောင်းအရာများ၊ Consumer Call Center နှင့် ပတ်သက်သော အကြောင်းအရာများ၊ website နှင့် ပတ်သက်သော အကြောင်းအရာများအပြင် ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ကြောင်း၊ ဦးစားပေးကုန်စည်သတ်မှတ်ထားသောကုန်စည် (၁၀) မျိုးအား စျေးကွက်အတွင်းစုံစမ်းစစ်ဆေးသွားမည်ဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြကြရန် ဆွေးနွေးဟောပြောခြင်း  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

      စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စေရေး၊ တိုင်ကြားမှုများအား စုံစမ်းစစ်ဆေးရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန်စွာဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် ဆက်စပ်ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သိရှိ နားလည်ခြင်းဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

    ယခင်ကျင်းပပြုလုပ်ခဲ့သည့် စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ပြီးစီးထားသည့် စစ်ဆေးရေးအရာရှိများအတွက် မွမ်းမံအဆင့်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။

     အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၄၀) ဦးတက်ရောက်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့်အချက်များကို ဌာနတွင်း ဘာသာရပ်တာဝန်ခံများမှလည်းကောင်း၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများမှလည်းကောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။

 

မုဒုံမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီအရာရှိဦးမျိုးလွင်နှင့် မုဒုံမြို့နယ် တာဝန်ခံဦးစည်သူသည် (၁၇.၅.၂၀၂၃)ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်ရှိ စိန်လူထုမေတ္တာဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင်ဦးမြင့်သိန်းအား တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လည်ပတ်နိုင်မှုအခြေအနေ၊ ကြိတ်ခွဲအင်အားနှင့် ဆန်စျေး၊ စပါးစျေး၊ သိုလှောင်ထားရှိမှုအခြေအနေ၊ ရောင်းဝယ်မှုအခြေအနေများနှင့် ကြုံတွေ့ရသော အခက်အခဲများအား တွေ့ဆုံမေးမြန်းခဲ့ရာ စိန်လူထုမေတ္တာဆန်စက်မှာ ၂၄ နာရီလျှင် တန် (၄၀) ကျဆန်စက်ဖြစ်ပြီး တစ်နေ့လျှင် (၆) နာရီလည်ပတ်ရသဖြင့် စပါးတင်း (၁၅၀၀) ကျော် ကြိတ်ခွဲရကြောင်း၊ ကုန်ကြမ်းများကို မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့မှ ဝယ်ယူစုဆောင်ပြီး ကုန်ချောများကို မုဒုံမြို့နယ်၊ ရေးနှင့် ထားဝယ်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ အခက်အခဲများအနေဖြင့် ယခုအချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုရှိသဖြင့် စက်လည်ပတ်ချိန် နည်းကြောင်း၊ လျှပ်စစ်မီးလာသည့်အချိန်တွင် စက်လည်ပတ်ရသဖြင့် ဆန်စက်လုပ်သားများ အချိန်ပိုဆင်းရသည့်အတွက် ကုန်ကျစရိတ်ပိုမိုများပြားကြောင်း  သိရှိရပါသည်။

   ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ အလေးချိန်ပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန်သော ဆန်များအား စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး ထုတ်လုပ်ကြရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မုဒုံမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

   (၁၉.၅.၂၀၂၃)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မုဒုံမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

   ဆွေးနွေးပွဲတွင် မုဒုံမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အကြောင်းအရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နည်းလမ်းနှင့် နေရာများအကြောင်း၊ website အကြောင်းနှင့် Call Canter အကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

  အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ သင်တန်းသူ (၅၃)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၌  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၌ (၁၈.၅.၂၀၂၃) ရက်နေ့ ၊နံနက် (၁၁:၀၀) အချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအဖွဲ့သည်   မော်လမြိုင်မြို့အတွင်းရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ လှိုင်ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က  စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများအပြည့်အဝရရှိစေရေး၊ စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူတတ်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များကလည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများအား လုပ်ငန်းဆောင်ရွက်ရာတွင်  တာဝန်ယူတတ်စေရေး၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစေရေး၊ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက စီးပွားရေးလုပ်ငန်းရှင်များကလည်း ပြည့်စုံစွာဖော်ပြနိုင်ရန် လိုအပ်သဖြင့်ဌာနသို့ လာရောက်ဆောင်ရွက်နိုင်ရေး၊  စားသုံးသူများ အခွင့်အရေး တစ်ရပ်ဖြစ်သော နစ်နာဆုံးရှုူံးမှုအပေါ် အရေးဆိုတင်ပြ တိုင်ကြားနိုင်ရေးအတွက်  စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ပါကြောင်း၊ ၎င်းတိုင်ကြားရာတွင် တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သည့် www.doca.gov.mm တွင်လည်းကောင်း၊ Consumer call Center (1535) သို့ ခေါ်ဆို၍လည်းကောင်း၊ CICC- Nay Pyi Taw Facebook Page တွင်လည်းကောင်း၊ Consumerwebsitedoca@gmail.com နှင့် ciccnpt@gmail.com တို့သို့လည်းကောင်း၊ Doca Myanmar Mobile Application တွင်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်)  စာဖြင့်ဖြစ်စေ၊   ဖုန်းဖြင့်ဖြစ်စေနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့်ဖြစ်စေ တိုင်ကြားရန် ဆွေးနွေး ဟောပြောခဲ့သည်။

      ထို့သို့ ဟောပြောပြီးနောက် အပြန်အလှန်ဆွေးနွေးခြင်းပြုလုပ်ခဲ့ရာ  တက်ရောက်သည့် ပြည်သူများက  မိမိတို့ရပ်ကွက်အခြေအနေနှင့် ကုန်စည်ပစ္စည်းဝယ်ယူရာတွင် စိတ်ကျေနပ်မှု မရှိမှုအား တင်ပြခြင်း၊ ကုန်စည်၏ အလေးချိန်မမှန်မကန် ရောင်းချနေမှုအား တွေ့ရှိရ၍ တင်ပြခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ တက်ရောက်သူ (၃၀)ဦးအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၌  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲဆောင်ရွက်

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၌ (၁၈.၅.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအဖွဲ့သည်   မော်လမြိုင်မြို့အတွင်းရှိ မြေနီကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မြေနီကုန်းရပ်ကွက်ရှိနေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

     အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးရာတွင်  စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်က  စားသုံးသူပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများအပြည့်အဝရရှိစေရေး၊ စားသုံးသူများက ကုန်စည် နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သိရှိရမည့်အကြောင်းအရာများနှင့် စီးပွားရေးလုပ်ငန်း ရှင်များကလည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်  တာဝန်ယူရမည့် ကိစ္စရပ်များ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ပြည့်စုံစေရေး၊ ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက စီးပွားရေးလုပ်ငန်းရှင်များကလည်း ပြည့်စုံစွာဖော်ပြနိုင်ရန် လိုအပ်ပါက ဌာနသို့ လာရောက်ဆောင်ရွက်သွားနိုင်ရေး၊  စားသုံးသူများ အခွင့်အရေး တစ်ရပ်ဖြစ်သော နစ်နာဆုံးရှုူံးမှုအပေါ် အရေးဆိုတင်ပြတိုင်ကြားနိုင်ရေးတို့အတွက်  စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ပါကြောင်း၊ ၎င်းတိုင်ကြားရာတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများဖြစ်သော www.doca.gov.mm တွင်လည်းကောင်း၊ Consumer call Center (1535)အား ခေါ်ဆို၍လည်းကောင်း၊ CICC- Nay Pyi Taw Facebook Page တွင်လည်းကောင်း၊ Consumerwebsitedoca@gmail.com နှင့် ciccnpt@gmail.com တို့သို့လည်းကောင်း၊ Doca Myanmar Mobile Application ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) စာဖြင့်ဖြစ်စေ၊   ဖုန်းဖြင့်ဖြစ်စေနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များမှတစ်ဆင့်ဖြစ်စေ တိုင်ကြားရန်ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဖြေကြား၍ တက်ရောက်သူ (၂၅)ဦးအား လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်းတို့  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ယခုကဲ့သို့ ရပ်ကွက်အတွင်းနေထိုင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းသည် စားသုံးသူ၏ လက်ရှိအခြေအနေများ၊ အခက်အခဲကြုံတွေ့နေရမှုများ၊ ဒေသပတ်ဝန်းကျင်တွင် အလေ့အထများ ပြုမှုခြင်းတို့အား သိရှိရသဖြင် ရပ်ကွက်အတွင်း စားသုံးသူ(ပြည်သူများ)အတွက် ပိုမိုကောင်းမွန်သောလူနေမှုပုံစံအား အထောက်အပံ့ဖြစ်စေမည်မှာ  ဖြစ်ပါကြောင်း သိရှိရသည်။

DOCA(မွန်)

ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက် ၀၈:၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ အသားငါးစျေးတန်းအား သက်ဆိုင်ရာ ဌာနများဖြစ်သည့် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးကွက်အတွင်းရောင်းချနေသော အသား၊ ငါးနှင့် ပုစွန်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် အသား၊ ငါးနှင့် ပုစွန်များတွင် ​​​​​ဖော်မလင်ဆေးရည်များ ထိုးနှံရောင်းချခြင်း ရှိ/မရှိကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ mobile laboratory ယာဉ်ဖြင့် စစ်ဆေးခြင်းများနှင့် အချိန်အတွယ်အလေးချိန် ပြည့်မီမှန်ကန်စွာ ရောင်းချနိုင်စေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (တနင်္သာရီ)

ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ လုပ်ငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ၁၈-၅-၂၀၂၃ ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ စားသုံးသူစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း ၁၀ ပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကိုလည်းကောင်း တက်ရောက်လာသော လုပ်ငန်းရှင်များသို့ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီးဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

   ထို့နောက်တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ အခမ်းအနားကို နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ ၁၅ ဦး စီးပွားရေးလုပ်ငန်းရှင် ၉၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးနှင့်ဆေးအမျိုးမျိုး ရောင်းချနေသည့်ဆေးဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် Lutein Ester Blueberry Salt Alga ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Bilberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှု မရှိသူများ (Colour Blind) အတွက် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များ တရားမဝင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိဆေးဆိုင်များတွင် အဆိုပါဆေးတို့မှာ ဈေးနှုန်းအလွန်မြင့်မားခြင်း၊ ကုန်အညွှန်းအမှတ်အသားများမပါရှိခြင်းတို့ကြောင့် ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် တင်သွင်းရောင်းချခြင်း မရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Bilberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind) အတွက် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များ တင်သွင်းရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များနှင့် တရားမဝင် တင်သွင်းလာသည့်ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်း သတင်းရရှိပါသည်။

 DOCA (ကယား)

မိတ္ထီလာခရိုင်အတွင်း စားသုံးသူအညွှန်းကိန်းစစ်တမ်းများ ကောက်ယူခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးတို့အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရာတွင်  စားသုံးသူများ၏ အသိပညာနှင့်စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် မဟာဗျူဟာများကို ချမှတ်ရာတွင် အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်စေရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန် ၊စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများကိုချမှတ်ရာတွင်  အထောက်အကူဖြစ်စေရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်း ကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ မေလ (ဒုတိယပတ်)မှစ၍ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။

      မိတ္ထီလာခရိုင်အနေဖြင့် မြို့ပြနေစားသုံးသူပြည်သူ (၉)ဦး၊ ကျေးလက်နေစားသုံးသူ ပြည်သူ(၁၁)ဦးနှင့် ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင် (၁၇)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား လူကိုယ်တိုင်သွားရောက် တွေ့ဆုံ၍ ကောက်ယူပြီး Online မှ   စားသုံးသူပြည်သူ(၁၂)ဦးကိုလည်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်း ကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ