Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တရားမဝင်ကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ငပုတောမြို့နယ်တရားမဝင် ကုန်သွယ်မှုစစ်ဆေးရေးအဖွဲ့သည် အဖွဲ့ဝင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့်  မိတ်ဖက်ဌာနဆိုင်ရာများပါဝင်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချလျက်ရှိသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မိမိရောင်းချသော ကုန်စည်များတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး သတ်မှတ်ထားသော အရည်အသွေးပြည့်မီသော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ တာဝန်များအပြင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် တပ်မတော်ထုတ်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)

မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုူလက်မှုလုပ်ငန်း ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ် ၊စက်တင်ဘာလ(၁၅)ရက်နေ့တွင် အခြေခံပညာမူလတန်း(လွန်)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံး‌စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများ(ကုန်အညွှန်းအမှတ်အသားမပြည့်စုံသောစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အန္တရာယ်ရှိသော ဆိုးဆေးများ၊  တားမြစ်ထားသော စားသောက်ကုန်များ)၊ စားသုံးသူများအတွက် အခွင့်အရေးနှင့်တာဝန်များအပြင် နစ်နာဆုံးရှုံးမှုများကြုံတွေ့ရပါက တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များ၊ အစားအသောက်များ ချက်ပြုတ်မစားသောက်မီ သတိပြုဆင်ခြင်ရမည့်အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ကန်ခေါင်းရပ်၊ ပုလဲကမ္ဘာမုန့်တိုက်ရှိ မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၃.၉.၂၀၂၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်၊ ပုလဲကမ္ဘာမုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကို ဦးစားပေးထုတ်လုပ်နိုင်ရေးနှင့် သန့်ရှင်းလတ်ဆတ်သောမုန့်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်မုန့်များ မရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်နိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

မအူပင်ခရိုင် ဦးစီးမှုးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်း ဖွင့်လှစ်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၁.၉. ၂၀၂၃) ရက်မှ (၁၂.၉.၂၀၂၃) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ နေ့လယ်(၁၄:၀၀)နာရီအထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း (လက်ထောက်ညွှန်ကြားရေးမှူး)က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်း ဆိုင်ရာအခြေခံလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ် (၂၀၂၂)ခုနှစ် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်အတိုင်း သိရှိလိုက်နာ ကျင့်သုံးတတ်ရန်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမှာ ဖြစ် ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဌာနမှ ဦးဇော်မင်း(ခရိုင်ဦးစီးမှူး)က စီမံရေးရာဌာနခွဲဘာသာရပ်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)မှ စားသုံးသူရေးရာဌာနခွဲနှင့်၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးဝင်းမင်းစိုး(ဦးစီးအရာရှိ)မှ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊  ဦးအောင်လွင် (ရုံးအုပ်)မှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးမိုးနိုင်(ရုံးအုပ်) ငွေစာရင်းဌာနခွဲ ဘာသာရပ်ကိုလည်းကောင်း သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားခဲ့ကြပြီး သင်တန်းသား ဦးရေစုစုပေါင်း(၁၁)ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

 

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ဆန်ရောင်းချပေးလျက်ရှိ

     ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့တွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငပုတောမြို့နယ်မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်မထ ဆန်တစ်ပြည်လျှင် ၂၅၀ဝိ/-ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

   ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုတို့ဖြင့် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဧည့်မထဆန်အိတ်တစ်ပြည် ၂၅၀ဝိ/.ကျပ် ဈေးနှုန်းဖြင့် ဧည့်မထဆန်အိတ် ၅ အိတ် ရောင်းချပေးပါသည်၊၊

   အဆိုပါပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့၊ ငပုတောမြို့နယ် အုန်းပင်စုကျေးရွာတွင် ဆန်တစ်ပြည် ၂၅၀ဝိ/-ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆန်အိတ်ရေ (၅၀)အိတ် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုဝန်ကြီးဦးဆောင်သည့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု အစည်းအဝေးတက်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးစိုးဦးသည် ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားအုန်းဆီ ထုတ်ယူဖြန့်ခွဲရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကို Virtual စနစ်ဖြင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ကိုကိုတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

   အဆိုပါ အစည်းအဝေးကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှလည်း တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာ စားသုံးဆီအသင်းများမှ ကြီးမှူး၍ ဆောင်ရွက်နေမှုကို စားသုံးသူရေးရာဦးစီးဌာနမှ ထိန်းကျောင်းပေးလျက်ရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လက်ကားကုန်သည်များမှ ၎င်းတို့၏ အစီအစဉ်နှင့် တိုက်ရိုက်ရောင်းချမှု လက်ကားကုန်စုံဆိုင်များသို့ တစ်ဆင့်ရောင်းချမှုနှင့် ဈေးကားဖြင့် ရောင်းချမှုတို့ကို ကြီးကြပ်ဆောင်ရွက်ရန် ၊ စားအုန်းဆီ ထုတ်ယူသယ်ဆောင်ဖြန့်ခွဲမှုနှင့် ပတ်သက်၍လည်း အရေအတွက်၊ ပမာဏ၊ သတ်မှတ်နှုန်းထားဖြင့်  ရောင်းချပေးမှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်နှင့် စားသုံးသူ လက်ဝယ်တိုက်ရိုက်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦးတို့မှလည်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းနှင့် တိုင်းဒေသကြီးအဖွဲ့တို့ ပူးပေါင်း၍  စားသုံးသူများ လက်ဝယ်တိုက်ရိုက်ရောက်ရှိရေး အစီအစဉ်များ ရေးဆွဲတင်ပြရန် တင်ပြဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ အ.ထ.က (၃)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင်ဝန်ထမ်း တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အ.ထ.က(၃)ကျောင်းတွင် ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ဆေးရုံအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာ  မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅) ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်  နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ ဈေးကွက်မရောက်မီနှင့်ဈေးကွက်‌ရောက်ပြီး ကုန်စည်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အခန်း(၁၈)ပါမြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ စားသုံးသူပြည်သူတို့ဝယ်ယူသုံးစွဲသောကုန်စည်နှင့်ဝန်ဆောင်မှုတို့တွင် နစ်နာဆုံးရှုံးမှုရှိလာပါက ရေးဆိုတိုင်ကြားနိုင်သည့် CICC စင်တာများ ဖွင့်လှစ်ထားကြောင်းကို  အသိပညာပေး ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ဆရာ/ဆရာမ(၄၄)ဦး၊ ကျောင်းသား/ကျောင်းသူ   (၂၀၀)ဦး၊ စုစုပေါင်း(၂၄၄)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၃)ရပ်ကွက်၊ ဒုတိလမ်းရှိ ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းခဲ့ကြပါသည်။

      ထို့သို့ကွင်းဆင်းခဲ့ရာတွင် ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော ကုန်စည်၏ပါဝင်ပစ္စည်းများမှာ သကြား၊ ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်ဖြစ်ပြီး အငံမုန့်တွင်( ဂျုံ၊ သကြား၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီကြော်၊ ဆီ၊ ဆား၊ ရေသန့် ) များပါဝင်ပြီး အဆိုပါမုန့် တစ်နေ့ထုတ်လုပ်မှုအနေဖြင့်   ဘူးအရေအတွက်ပေါင်း (၆၀၀)ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းအားပေါ်မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့်(၆)ခုပါပြီး၊ အငံမုန့်(၈)ခုပါရှိပါသည်။ တစ်ဘူးဈေးနှုန်းမှာ လက်ကားအနေဖြင့် (၁၈၀၀)ကျပ်ဖြစ်ပြီး၊ လက်လီ(၁၉၀၀)ကျပ်ဖြင့်‌ ရောင်းချပါသည်။လုပ်သားဦးရေ(၇)ဦးရှိပြီး လစာအ‌နေဖြင့်  တစ်လလျှင် တစ်ဦးကို(၈၀၀၀၀)ကျပ် ပေးရပါသည်။ ဈေးကွက်အနေဖြင့် မြို့တွင်းသာမက အခြားဒေသများပါ ရောင်းချပေးပါသည်။

  ထို့နောက် မြို့နယ်တာဝန်ခံက  ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းရောင်းချကြရန်နှင့် ကုန်စည်အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ရန်  ဈေးနှုန်းဈေးကွက်အခြေအနေနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာတာဝန်ခံရုံးတွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ စားသုံးသူရေးရာတာဝန်ခံရုံးတွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၁၈ )ဦးအား စားသုံးသူကာကွယ်ရေး  အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များကို လိုက်နာကြရန်၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသောကုန်စည်များ ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားအုန်းဆီရောင်းချမှုကိစ္စရပ်များနှင့်  ပတ်သက်၍လည်း ဆွေးနွေးအသိပညာပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ်လမ်းမတော်(မ) ရပ်ကွက်၊ အခြေခံပညာမူလတန်း(ဦးသီလ)ကျောင်း၌  ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၁၀၅)ဦးအား (၄.၉.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ဇလွန်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ