Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၂) ရက်နေ့နံနက်(၁၁:၃၀)နာရီတွင် လပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်မျိုးစုံများသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်(၄)ဆိုင်မှပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီလိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာ တွင်လည်း ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၈.၁၂.၂၀၂၂)ရက်နေ့ မွန်းလွှဲ(၁၃:၀၀)နာရီက  ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်း/ပြင်ရှိ ကုန်မျိုးစုံဆိုင်များအား ကုန် အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ရတနာဈေးအတွင်း/ပြင်ရှိ ရောင်းချ နေသောကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ၂၀၁၉ ပါဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော    ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားခြင်းရှိ/မရှိကိုလည်း ဌာနမှ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် Thursday Talk အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်တိုးတက်လာစေရန် 15.12.2022 ရက်နေ့ 13:00 နာရီအချိန်တွင် Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ မှ ဦးရာမျိုး(ဦးစီးမှူး) က ပုံသေပိုင်ပစ္စည်း(၉)မျိုးစာရင်းနှင့် ဌာနပိုင်မြေ၊ သိုလှောင်ရုံ၊ အဆောက်အဦငှားရမ်းခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါသည်။ ThursdayTalkအသိပညာပေးဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၁)ဦး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကချင်ပြည်နယ်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ဘောမ်ဇုန်းသည် ၁၄.၁၂.၂၀၂၂ရက်နေ့ နံနက်၁၁း၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍   စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် xxx အမှတ်တံဆိပ်ပါ ပုဇွန်အရသာအကြော်နှင့် xxx အမှတ်တံဆိပ်ပါ ကုလားပဲချောင်းကြော်တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့်  ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်စသည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထား ရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)

ဓနုဖြူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၀.၁၂.၂၀၂၀) ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာရောင်းချလျက်ရှိသောဆိုင် (၆)ဆိုင်သို့ကွင်းဆင်း၍  မြင်းပျံအမှတ် တံဆိပ်ဓါတ် မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ ၊ အတုအပတံဆိပ်များရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ခဲ့ကြပါ သည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာရောင်းချသော ဆိုင်ရှင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သက်ဆိုင်ရာဌာန၏ခွင့်ပြုချက်မပါဝင်သောကုန်စည်များ၊ ထောက်ခံချက်မပါရှိ သောကုန်စည်များကို ဈေးကွက်အတွင်းမရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေး ဥပဒေအရ မိမိတို့ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချကြရန် ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ ပူးပေါင်းအဖွဲ့က မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူခြင်းကိုခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း သက်ဆိုင်ရာဌာနတို့၏ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း၊ ဆိုင်ရှင်များမှ သိရှိလိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး မှတ်တမ်းရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပေါင်မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် ပေါင်မြို့နယ်တာဝန်ခံရုံး၌ ပက်ပ်စီ ကုမ္ပဏီမှ ရောင်းချဖြန့်ဖြူးရေးတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်စာရင်းများ အား ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြပါရှိသော လက်ကမ်း စာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အထက (၂) ကျိုက်ထို ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးကော်မတီတို့နှင့် ပူးပေါင်း၍ အထက (၂) ကျိုက်ထို ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော တားမြစ်ထားသော စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား တားမြစ် ထားသောအစားအသောက်များကို ရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအသောက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော အစားအသောက်များကို ရောင်းချရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အထက (၂) ကျိုက်ထိုကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထို မြို့နယ်တာဝန်ခံတို့သည် ၁၃.၁၂.၂၀၂၂ ရက်နေ့တွင်    မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အထက (၂) ကျိုက်ထိုကျောင်း၊ စိန်ရတုခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျောင်းကျန်းမာရေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ်သစ်တောအရာရှိ မှ သစ်ပင်ပျိုးထောင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး အရာရှိမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ရွက်ဆွေး မြေဩဇာပြုလုပ်နည်းအကြောင်းကိုလည်းကောင်း၊ စည်ပင်သာယာရေးအမှုဆောင် အရာရှိမှ အမှိုက်စီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုဆိုင်ရာအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းကို လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄.၁၂.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားဝယ်ယူပြီး လက်လီလက်ကားပြန်လည်ဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ် စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေးရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ