Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တစ်တန်တစ်အိတ်ဆန်များ အများပြည်သူထံ ပြန်လည်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးတက်ရောက်

    တစ်တန်တစ်အိတ်ဆန်များ အများပြည်သူထံပြန်လည်ရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Online မှ virtual စနစ်ဖြင့် Zoom Meeting ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြသည်။

   အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းဦးက တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆန်လိုအပ်ချက်တင်ပြမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ထောက်ခံမှုဖြင့် ဆန့်ဖြန့်ဝေရောင်းချပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ အစည်းအဝေးသို့တက်ရောက်လာသော စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဒေသအလိုက် ဆန်လိုအပ်ချက်အခြေအနေများကို တင်ပြခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အသင်းဥက္ကဋ္ဌများ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

       အဆိုပါတစ်တန်တစ်အိတ်ဆန်များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပပို့ကုန်လိုင်စင် လျှောက်ထားမှုအပေါ်အခြေပြုလျက် တစ်တန်လျှင် တစ်အိတ် နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူစုဆောင်ထားသော ဆန်များဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အနေဖြင့် အခြေခံစားကုန် ဆန်‌ဈေးနှုန်းတည်ငြိမ်စေရေး အတွက် စက်မှုဇုန်များမှ အခြေခံလုပ်သားများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများ၊ ဝင်ငွေနည်းပါးသည့် လုပ်သားပြည်သူများထံသို့ ကုန်စည်ဒိုင်များမှတဆင့်ရောင်းချပေးခြင်း၊ သိုလှောင်ရုံများမှ တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများ၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါးကုန်သည်များအသင်းသို့ ရောင်းချပေးပြီး လုပ်သားပြည်သူများထံသို့ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

 

နိုင်ငံဝန်ထမ်းများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန် ဆန်များ ရောင်းချပေး

   ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်မှုမရှိဘဲ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်သူများ၏နေ့စဉ်စားရေးကဏ္ဍတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် စီမံ‌ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်း (အမှုထမ်း/နေ့စား) များအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ကရင်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက ဧည့်မထ ၂၅%ဆန် တစ်အိတ်လျှင် ၆၄၀၀၀/ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၄ ပြည်နှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

      အဆိုပါရောင်းချပေးသောဆန်များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြည်ပပို့ကုန်လိုင်စင်လျှောက်ထားမှုအပေါ်အခြေပြုလျက် တစ်တန်လျှင်တစ်အိတ် နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူစုဆောင်ထားသော ဆန်များဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေဖြင့် အခြေခံစားကုန် ဆန်‌ဈေးနှုန်းတည်ငြိမ်စေရေးအတွက် စက်မှုဇုန်များမှ အခြေခံလုပ်သားများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများ၊ ဝင်ငွေနည်းပါးသည့် လုပ်သားပြည်သူများထံသို့ ကုန်စည်ဒိုင်များမှတဆင့် ရောင်းချပေးခြင်း၊ သိုလှောင်ရုံများမှတိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်စပါးကုန်သည်များအသင်းသို့ ရောင်းချပေးပြီး လုပ်သားပြည်သူများထံသို့ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်နှင့်ဆွေးနွေး

   အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည်များကို အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင်က ၂၄-၈-၂၀၃ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးသို့ လာရောက်မေးမြန်းစုံစမ်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးမှ လက်ခံတွေ့ဆုံ၍ လုပ်ငန်းရှင်သိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း  သိရသည်။

      ထိုသိုတွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အိမ်ခြံမြေအကျိုးဆောင် ဝန်ဆောင်မှုပေးသော လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် လုပ်ငန်း၏ အမှတ်တံဆိပ်( logo) အား မူပိုင်ခွင့်မှတ်ပုံတင် လိုပါကြောင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ရာတွင် ဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးမေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို  မူပိုင်ခွင့်ဦးစီးဌာနတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနသည် မိမိတို့၏ဝန်ကြီးဌာနဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် အောက်တွင်ရှိသော ဦးစီးဌာနတစ်ခုပင်ဖြစ်ပါကြောင်း၊ အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းတရားဝင်လက်ခံခြင်းကို ၂၀၂၃ခုနှစ် ဧပြီလ ၂၆ ရက်နေ့စ၍ ဖွင့်ခဲ့ပြီး လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် လည်းကောင်း၊ ရန်ကုန်၊နေပြည်တော်၊ မန္တလေးတို့ရှိ မူပိုင့်ခွင့်ဦးစီးဌာန ရုံးများမှလည်းကောင်း လက်ခံဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအတွက် လိုအပ်သောအချက်အလက်များနှင့် ဆောင်ရွက်ရန်များကို ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

      မူပိုင်ခွင့်ဦးစီးဌာနသည် ယခု(ပညာရေးဝန်ကြီးဌာန) ယခင်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်တွင် မူပိုင်ခွင့်ဌာနအဖြစ်တည်ရှိခဲ့ပြီး ၂၀၂၃ခုနှစ်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် မူပိုင်ခွင့်ဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ကြောင်းနှင့်  မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ ကြောင်း သိရသည်။

DOCA(ကရင်)

 

 

“ပင်မ စာပေးစာယူ (Main Dispatch )အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများအား စီမံရေးရာဌာနခွဲ၏ အဓိက ပင်မစာပေးစာယူ (Main Dispatch )တွင် ဝင်စာ/ထွက်စာများမှတ်ပုံတင်ခြင်း၊ စနစ်တကျ ဖိုင်တွဲခြင်းများနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ “ပင်မ စာပေးစာယူ (Main Dispatch )အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာ ပေးဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း(၁၁) ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး၊ ဒေါ်အေးအေးမော်က ပင်မစာပေးစာယူ (Main Dispatch )အကြောင်း သိကောင်းစရာ အကြောင်းဆွေးနွေးရာတွင် ပင်မစာပေးစာယူမှဝင်စာများကို ဦးစွာမှတ်ပုံတင်ရေးသွင်း  ခြင်း၊ ရာဘာတံဆိပ်တုံးရိုက်နှိပ်ပြီး မှတ်ပုံတင်အမှတ် ၊ ရက်စွဲ၊ အချိန်တို့ကို တိတိကျကျရေးသွင်းခြင်း၊ စနစ်တကျရေးသွင်းမှတ်ပုံတင်၍ ပြည်နယ်ဦးစီးမှူးထံတင်ပြပြီး ဖတ်ရှု့လက်မှတ်ရေးထိုးထားသည့် ပြန်ကျစာအား မှတ်ချက်ချထားသည့် ဌာနခွဲများသို့ဆက်လက်ဖြန့်ဝေပေးခြင်း၊ သက်ဆိုင်ရာဌာနခွဲ အမှုတွဲကိုင်များကလည်း စနစ်တကျ ဖိုင်တွဲခြင်း၊ ဝင်စာများ လိုအပ်၍ တောင်းပါက တစ်ပတ်အတွင်း (၁၀)မိနစ်၊တစ်လအတွင်း(၂၀)မိနစ်၊သုံးလအတွင်း(၃၀)မိနစ်၊ခြောက်လ(၁)နာရီခန့်အတွင်းပြန်လည် တင်ပြနိုင်ရန်၊ ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၆၃ (န)နှင့် ရုံးလုပ်ငန်းလက်စွဲပါ အခန်း ၄ တို့အရ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ဝန်ထမ်းများကလည်း သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ ကြပြီး နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊စနစ်တကျဖိုင်တွဲထားရှိခြင်းတို့နှင့် စပ်လျဉ်း၍အသိပညာဗဟုသုတ များတိုးပွားပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ ရှမ်းပိုင်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ လောဓမ္မရပ်ကွက်များတွင် ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များသို့ စပ်ဆေးထုပ်များနှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No. (IR)များ ဖော်ပြထားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးတင်သွင်း ဖြန့်ဖြူးရောင်းချနေမှုမရှိစေရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း (၁၈)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်များအား အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးရောင်းချ ခွင့် လုပ်ငန်းလိုင်စင်များကို သက်ဆိုင်ရာဌာနတွင် လျှောက်ထားရယူပြီးမှသာ ဆေးဝါးရောင်းချခွင့်ရှိကြောင်း၊ အင်္ဂလိပ်ဆေးနှင့် ဗမာဆေးများအား ကောင်တာခွဲခြား၍ ရောင်းချရန်လိုကြောင်း၊ ဆေးဆိုင် များအနေဖြင့် ဆေးဝါးများ ရောင်းချနေခြင်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှု အထူးဂရုပြုရန်လိုကြောင်း၊ အချို့ဆေးဝါးများမှာ အပူချိန် ၃၀ ဒီဂရီဖာရင်ဟိုက်တွင် ထားသိုသိမ်းဆည်းရသည့် အတွက် ဆေးဆိုင်များတွင် အခန်းအပူချိန်တိုင်း ကိရိယာများတပ်ဆင်ထားရန် လိုအပ်ကြောင်း၊  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်း၊ ဆေးဝါးများနှင့်အတုအပပြုလုပ်၍ ပုံစံတူ ရောင်းချနေသော ဆေးဝါးများအား တင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုကြရန်နှင့် စပ်ဆေးများအား ဆရာဝန်ခွင့်ပြုချက်လက်မှတ်မပါရှိပါက မိမိသဘောဖြင့် ရောင်းချခြင်းမပြုရန်၊ ဆေးဆိုင်ပိုင်ရှင်များ၏ ဆေးဝါးအထားအသို  မမှန်ကန်မှုကြောင့် ဆေးဝါးများ အာနိသင်လျော့ကြမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် အသိပေးဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်းရှိ ဆေးပစ္စည်းနှင့် ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မပြုကြရန်နှင့် ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်၊ အခြားဒေသမှဆေးဝါးများမှာယူမည်ဆိုပါက ပြည်နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စိစစ်ကြပ်မတ်ရေးအဖွဲ့မှတဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၁၈)ဦးကလည်း သိရှိလိုသည်များ အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဇေယျာသီရိမြို့နယ်၊ (ဝဲကြီးကျေးရွာ) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

   စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတတိယပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂၂-၈-၂၀၂ ၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ (ဝဲကြီးကျေးရွာ) အခြေခံပညာမူတန်းလွန်ကျောင်း၌ နံနက် (၁၀:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေးဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၁၄၂)ခန့် တက်ရောက်ခဲ့ပြီး  ဟောပြာပွဲကို နေ့လယ်(၁၁:၃၀)နာချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဇေယျာသီရိမြို့နယ်၊ (သာယာကုန်းကျေးရွာ) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ ခု နှစ်၊ ဩဂုတ်လတတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၂၂-၈-၂၀၂ ၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ (သာယာကုန်းကျေးရွာ) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နေ့လယ် (၁၃:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေးဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့် အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူများနစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၁၈၇)ခန့် တက်ရောက်ခဲ့ပြီး  ဟောပြာပွဲကို နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဖျာပုံမြို့နယ် ဈေးကွက်အတွင်းရှိ အချိုရည်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁၈)ရက် နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

  ထိုသို့ဈေးကွက်ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါအရောင်းဆိုင်များ၌ ရောင်းချနေသည့် အချိုရည်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြနိုင်ရေး၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)(၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာ ဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊သက်တမ်းလွန် အချိုရည်များ ရောင်းချခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် အပတ်စဉ် “ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များအား ပလတ်စတစ်လျှော့ချအသုံးပြုစေရေး၊ ပလပ်စတစ်အစားထိုး အင်ဖက်ကိုအသုံးပြုစေရေး၊ သွေးလွန် တုပ်ကွေးရာသီဖြစ်သောကြောင့် ကျန်းမာရေးဂရုစိုက်ရန်နှင့် ကလေးများကိုခြင်မကိုက်စေရေး ဈေးတန်းတစ်လျှောက် လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး “သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ် စားသုံးသူဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၎င်းမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ  မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် ကုန်စည်များကိုသာဦးစားပေးရောင်းချစေရန်နှင့် ကုန်စည်များတွင် ကုန်ဆုံးရက်လွန်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ဆီလုပ်ငန်းရှင်များ၏ စျေးကားဖြင့် ဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကြောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၁-၈-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော‌ စားအုန်းဆီများကို မကွေးတိုင်းဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စျေးကားဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၄၄၅၀)ကျပ်နှုန်းဖြင့်ရောင်းချနေမှုအား မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဦးအောင်ဖြိုးဝေ (ဒု-ဦးစီးမှူး) တို့က သွား‌ရောက်စိစစ်ကြပ်မတ်ခဲ့ပါသည်။

     ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီများကိုဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအား စားသုံးသူပြည်သူများကိုယ်စား ဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ