Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲပြုလုပ်

        စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဉီးဆောင်၍ နိုဝင်ဘာလ(၂၄)နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း (၃၅)ဦး တက်ရောက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားရာ ယခုလို စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ လာရောက်ဟောပြောခြင်း သည် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး သိသင့်သိထိုက်သည့် အကြောင်းအရာများဖြစ်၍ ဝန်ထမ်း များအနေဖြင့် ဂရုတစ်စိုက်မှတ်သားကြရန်နှင့် တစ်ဆင့်ပြန်လည်ဖြန့်ဝေကြရန် ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ဌာန ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားပြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်မှာ “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာ ကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ” ဖြစ်ပြီး၊ ရည်မှန်းချက် (၃)ရပ်ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် မှာ “စားသုံးသူအခွင့်အရေးဦးစား‌ပေး” ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၉) ဖြင့်ပြဌာန်းခဲ့ရာ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းခဲ့ရာ အခန်း (၁၆) ခန်းနှင့် ပုဒ်မ (၁၂၆) ခုပါရှိ ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ(၂)၌ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်ကို သတ်မှတ် ပြဌာန်းထားရာ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပာယ်၊ ကုန်စည်၏ အဓိပ္ပာယ်နှင့် ဝန်ဆောင်မှု၏အဓိပ္ပာယ်တို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)တွင် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များပြဌာန်းထားပြီး စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံး၏တာဝန်(၄)ချက်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂)နှင့်အခန်း(၁၄) စားသုံးသူ က တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းရှင်းလင်းဆွေးနွေးပြီး၊ ပုဒ်မ (၄၃) အရ စီးပွားရေး လုပ်ငန်းရှင်းများသည် ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေ အခန်း(၂၀) စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊ အခန်း(၂၁) အယူခံဝင်ခြင်း၊ အခန်း(၂၂) အသင်းအဖွဲ့များနှင့် ဆောင် ရွက်ချက်များ၊ အခန်း(၂၃)တားမြစ်ချက်များ၊ အခန်း(၂၄) ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်း အရာတို့ကို Power Point ဆလိုက်များဖြင့် ရှင်းလင်းဆွေးနွေးဟောပြောပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း (၀၇၁-၂၁၁၇၉၊ ၀၉-၄၅၂၀၈၀၅၀၀) ဖြင့်ဖြစ်စေ တိုင်ကြား နိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 ၊ Website-www.doca.gov.mm နှင့် Facebook pageများတွင် တိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နယ် အထက(၁)အလုံအခြေခံပညာအထက်ကျောင်းတွင် စားသုံးသူအသိပညာပေး‌ ဟောပြောပွဲကျင်းပ

         စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ အလုံ အ-ထ-က (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကို (၂၉.၁၁.၂၀၂၂)ရက်နေ့တွင်   စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ ဆောင်ရွက်ခဲ့ရာ ဆရာ/ ဆရာမ (၂၅ )ဦး၊ ကျောင်းသားကျောင်းသူ (၁၂၅ )ဦး စုစုပေါင်း (၂၅၀) ဦး တက်‌ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်လမ်းများ၊ ဌာနမှဖြေရှင်း‌ဆောင်ရွက်ခဲ့သောဖြစ်စဉ်များအကြောင်းနှင့် ဌာနအနေဖြင့် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးရန်၊  စားသုံးသူနစ်နာမှုများအား ကုစားမှုရရှိရေး ဝန်ဆောင်မှုပေးရန်နှင့် စားသုံးသူများ၏အခွင့်ရေးနှင့်အကျိုးစီးပွားကိုကာကွယ်ပေးရန် ‌ဆောင်ရွက် လျှက်ရှိရာ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များနှင့် ပတ်သက်သော အသိပညာဗွီနိုင်း၊ပိုစတာကို တာဝန်ရှိဆရာမတစ်ဦးထံ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြာ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၌ (၂၅.၁၁.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀ )နာရီအချိန်တွင် ကျင်းပခဲ့သော မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာ သင်တန်းသား/ သူ (၄၀)ဦးနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်း (၁၀ )ဦး စုစုပေါင်း (၅၀) တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က သင်တန်းသူ သင်တန်းသားများအား စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားမှု များကို ဖြေရှင်းဆောင်ရွက်ခဲ့သည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်း၊ စားသုံးသူ ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသား/သူများက စားသုံးသူနစ်နာမှုများပတ်သက်၍ မေးမြန်းခြင်းအား ဒုတိယညွှန်ကြား‌ရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဦးစီးဌာနမှဖြေရှင်းပေးခြင်း၊ ကောမတီ၊ ကော်မရှင်မှ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပြစ်မှု၊  ပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဖြေကြားပေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့အကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Thursday Talk အခမ်းအနားတွင် ပဲစားသုံးမှုမြှင့်တင်ရေးအကြောင်း ဆွေးနွေးဟောပြော

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ၏ လူစွမ်းအားအရင်းအမြစ်တိုးတက်လာစေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို လွယ်ကူလျင်မြန် သွက်လက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ဌာန၏လုပ်ငန်းစဉ်များအကြောင်းကို နှစ်ပတ်တစ်ကြိမ်  Thursday Talk အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

          အခမ်းအနားတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က ပဲစားသုံးမှု မြှင့်တင်ရေး သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြော ခဲ့ရာတွင် ပဲမျိုးစုံများမှ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲ (၃)မျိုးတို့၏ မုန့်မျိုးစုံပြုလုပ်ပုံအဆင့်ဆင့်နှင့် ကျန်းမာရေးရှုထောင့်အရ အာဟာရပြည့် အသားဓါတ်သာမက အမျှင်ဓါတ်များပါဝင်ပြီး အခွံချွတ်ပဲအခြမ်းစားသုံးခြင်းဖြင့် ရောဂါကာကွယ်နိုင်ခြင်း အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် ဆွေးနွေးပြောကြားခြင်း၊ ပဲအမျိုးမျိုးမှ ပရိုတင်းအသားဓါတ်၊ သံဓါတ်အာဟာရပြည့်ပါဝင်မှုအပြင် ဟင်းချက်စားသုံးခြင်းဖြင့်လည်းကောင်း၊ မုန့်မျိုးစုံ၊ ဖျော်ရည်အဖြစ် အရည်အသွေးမီ နည်းစနစ် မှန်ကန်စွာ အသုံးပြုနိုင်သည့်အပြင် ကျန်းမာရေးရှုထောင့်အရ အကာအကွယ်ပြုနိုင်သော အရိုးပွ ရောဂါ၊ ဆီးချို၊ နှလုံး၊ ကိုယ်ခန္ဓာအဝလွန်ခြင်းအတွက် ထိန်းချုပ်နိုင်ကြောင်း ၊မိမိတို့ ဒေသထွက်ပဲမျိုးစုံများမှ အရည်အသွေးမြှင့် မုန့်မျိုးစုံပြုလုပ်နည်းစနစ်များ၊ အိမ်တွင်းမိသားစုစားသောက်နိုင်မှုနည်းပညာများ၊ အရသာရှိအာဟာရပြည့်အဆင့်မီ တန်ဖိုးမြှင့် (Value Added) ထုတ်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ခြင်းနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စားသုံးခြင်းအလေ့အထကောင်းများ ရရှိစေရး၊ ဟင်းချိုမှုန့်အစား အာဟာရပြည့်ဟင်းခတ်မှုန့် သုံးစွဲပြုလုပ်နိုင်ကြောင်း၊ အလှူ၊ မင်္ဂလာဆောင်၊ ဧည့်ခံပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ကြောင်းနှင့် ဒေသထွက်ပဲစားသုံးမှု မြှင့်တင်လာစေရေးအတွက် စားသုံးသူများ ဘေးကင်း လုံခြုံစိတ်ချရစေသော စားသောက်နည်းစနစ်၊ အရည်အသွေးမီ ရွေးချယ်စားသောက်တတ်သော နည်းလမ်းကောင်းများကို သိစေကြောင်းနှင့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား  “G to G” အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံရောင်းဝယ်မှု  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ  နားလည်မှု စာချွန်လွှာကို ၂၀၂၁ခုနှစ် ဇွန်လ ၁၈ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ (၂.၁၁.၂၀၂၂)ရက်နေ့တွင် မြန်မာ့ပဲများ တင်ပို့နိုင်ရေး လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အား အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ၂၀၂၃ခုနှစ်ပဲရာသီတွင် ဥရောပနိုင်ငံများသို့ မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ ပဲများကိုသာ အနှစ်သာရပြည့်၊ အာဟာရ ပြည့်ဝ၍ ပိုမိုကြိုက်နှစ်သက်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများ၏ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းကမ်းများနဲ့အညီ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်တင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

စုပေါင်းပြောင်းရောင်းချခြင်းစနစ် မိတ်ဆက်ဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

          ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ စုပေါင်းပြောင်းရောင်းချခြင်းစနစ် မိတ်ဆက်ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဒေါက်တာကြည်လွင်နှင့် အလုပ်အမှုဆောင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သည်မှုမြှင့်တင်ရေးအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနတို့မှ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ရှမ် (တောင်) ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ပြောင်းအသင်းဥက္ကဋ္ဌ ဒေါက်တာကြည်လွင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြောင်းအသင်းအထွေထွေအတွင်းရေးမှူး ဦးစိုင်းဖြိုးလွင်ဦးမှ စုပေါင်းပြောင်းရောင်းချခြင်းစနစ်၏ အသေးစိတ်အစီအစဉ်များနှင့်ပတ်သက်၍ အရောင်းဈေးနှုန်းများသတ်မှတ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ငွေပေးချေရေး၊ ဈေးကွက်ရှာဖွေရေး၊ ပဋိပက္ခဖြေရှင်းရေးကိစ္စရပ်များကိုလည်းကောင်း၊ ရောင်းသူ/ဝယ်သူများမှ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များအပေါ်  တက်ရောက်လာသော ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း အလုပ်အမှုဆောင်များမှ အကြံပြုပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

          စုပေါင်းပြောင်းရောင်းချခြင်းစနစ်၏ ရည်ရွယ်ချက်မှာ ဈေးကွက်ဈေးနှုန်း တည်ငြိမ်ခိုင်မာအားကောင်းလာစေရန်နှင့် စနစ်ကျပြီး ရေရှည်တည်တံ့သော အကျိုးအမြတ်ရှိသည့် ရောင်းဝယ်ရေးစနစ်တစ်ခုဖြစ်ပေါ် လာရေးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို        (၂၇-၁၁-၂၀၂၂)ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၊ မြို့မဈေးနှင့် ချယ်ရီဈေးတို့တွင်လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ဈေးနှင့် တပင်ရွှေထီး(တပ်ဈေး) တို့တွင်လည်းကောင်း၊ စုစုပေါင်း စည်ပင်သာယာဈေး (၅)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်နော်ကြူကြူ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပြီး စားသုံးရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃) ပါတားမြစ်ချက်များနှင့် အခန်း(၂၄)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

တရားမဝင်ကုန်သွယ်မှုပပျောက်ရေးနှင့်စပ်လျဉ်း၍ Thursday Talk  အသိပညာပေးဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတတိုးပွားစေရန် “တရားမဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့်နည်းလမ်းများခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၃) ဦးတက်ရောက်ခဲ့ပါသည်။

          အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးမြင့်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက တရားမဝင် ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ကုန်သွယ်ရေး၏ အခြေခံ သဘောတရားများ၊ ကုန်သွယ်ရေးအမျိုးအစားများ၊ တရားမဝင်ကုန်သွယ်မှု၏အဓိပ္ပါယ်၊ တရားမဝင် ကုန်သွယ်မှု၏ သဘောတရားများ၊ တရားမဝင်ကုန် သွယ်မှုဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ တရားမဝင်ကုန်သွယ်မှုဖြစ်ပေါ်ခြင်း၏ သက်ရောက်မှုများ၊ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စီးပွား ရေးနှင့် ကုန်သွယ်မှုသမိုင်းကြောင်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများ၊ တရားမဝင်ကုန်သွယ်မှုနှင့် ဆက်စပ်ဖြစ်ပေါ်နေသော တရားမဝင်စီးပွားရေးများ၊ တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ကုန်သွယ်မှုနှင့် စီးပွားရေးအပေါ်သက်ရောက်မှုများ၊ တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းစေရေး ဖြေလျော့ပေးရန်လိုအပ်သည့်အချက်များ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် တားဆီးကာကွယ်ရေးနည်းလမ်းများ စသည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ဝန်ထမ်းများက သိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၄:၀၀)နာရီအချိန် တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍  အသိပညာဗဟုသုတတိုးပွားပြီး ဌာနဆိုင်ရာများနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ် ကြောင်းသိရပါသည်။

DOCA(ကယား)

စည်ပင်သာယာဈေးများတွင် သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

   ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို (၂၆-၁၁-၂၀၂၂)ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးနှင့် မြို့မဈေး တို့တွင် လည်းကောင်း စုစုပေါင်း စည်ပင်သာယာဈေး (၂)ဈေးတွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့ ဖွဲ့စည်းခြင်း

       မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့ နံနက်(၁၀)နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အအေးခန်းစက်ရုံလုပ်ငန်းရှင်များ စုစုပေါင်း(၁၉)ဦး တက်ရောက်ပါသည်။

          အဆိုပါ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော အအေးခန်းစက်ရုံ လုပ်ငန်းရှင်များက မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ စာရင်းစစ်များ တင်မြှောက်ခဲ့ပြီး မော်လမြိုင်အေးခန်းစက်ရုံများ (Coldstore)  အစုအဖွဲ့အား အဖွဲ့ဝင်(၁၅)ဦးဖြင့် ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ